Sunday, January 30, 2011

A special message from Daw Aung San Suu Kyi at World Economic Forum 2011 at Davos

Read more...

Voice Of Burma Journal Issue No.798

Voice Of Burma Journal

Read more...

Saturday, January 29, 2011

ဒိုက်ဦးမြို့ နယ် တွင် နှစ် ၄၀ ကျော် ချုပ်နှောင် ခိုင်းစားခံရသူ အမျိုးသမီး ပြန်လွတ်ပြီ


(အေးနိုင်/DVB)
လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၃ နှစ်ခန့်က အသက် ၉ နှစ်သမီး အရွယ်သာ ရှိသေးတဲ့ မတင်တင်အေးဟာ ပဲခူးတိုင်း ဒိုက်ဦးမြို့နယ်အတွင်း လူစည်ကားရာ ဈေးရှေ့က အိမ်ကြီးတလုံးထဲမှာ အပြင်ထွက်ခွင့် မရဘဲ ချုပ်နှောင် ခိုင်းစေခံရတာကို သူ့အကိုဝမ်းကွဲက ဖော်ထုတ်နိုင်ခဲ့ပါတယ်။

အသက် ၅ဝ ကျော်တန်းကို ရောက်နေပြီ ဖြစ်တဲ့ မတင်တင်အေးကို အဲဒီအိမ်ကြီးထဲမှာ ပိတ်လှောင်ခိုင်းစေ နေသူတွေဟာ အခုအခါ အသက် ၇ဝ ကျော် အရွယ် ရှိပြီ ဖြစ်တဲ့ ပဲခူးမြို့က ပူဇော်ခံ ကျောင်းဆရာမကြီးဟောင်း ဒေါ်ကျင်လွမ်တို့ ညီအမသုံးဦးလို့ ဆိုပါတယ်။

ဒီလို နှစ်ပေါင်းများစွာ ချုပ်ခြယ် ခိုင်းစေခဲ့တာကို တရားရုံး၊ ရဲနဲ့ အမျိုးသမီးရေးရာအဖွဲ့ စတဲ့ ဌာနဆိုင်ရာ အသီးသီးက တရားစွဲဆိုတာကို လက်မခံဘဲ အမျိုးသမီးရေးရာအဖွဲ့က ကြားဝင်ဆောင်ရွက်ညှိနှိုင်းမှုနဲ့ ပြီးပြတ်အောင် ဆောင်ရွက်ခဲ့ပါတယ်။

အိမ်နီးချင်းများ လုံးဝ သတိမပြုမိ

ပြန်လည်လွတ်မြောက်လာသူ ဒေါ်တင်တင်အေးဟာ ငယ်စဉ်ဘဝ ကိုးနှစ်သမီးအရွယ်ကစပြီး အဲဒီအိမ်အိုကြီးရဲ့ နောက်ဘက်ခြမ်းမှာပဲ နေထိုင်ခဲ့ရပြီး အိမ်ပြင်ထွက်ခွင့် မရှိ၊ ပေးတာယူ၊ ကျွေးတာစား၊ ခိုင်းတာလုပ်နဲ့ နှစ်ပေါင်းများစွာ ဖြတ်သန်းခဲ့ရတာဖြစ်ပြီး ပြီးခဲ့တဲ့ နှစ် ရှစ်လပိုင်း အသက် ၅ဝ ကျော်ကျမှ သူ ဒီအိမ်မှာ ရှိနေတယ် ဆိုတာ အကိုဝမ်းကွဲ ဦးလှမြင့်က ဦးဆောင် ဖော်ထုတ်နိုင်ပြီး မိသားစုဝင်တွေနဲ့ အတူ ပြန်နေခွင့်ရတာ ဖြစ်ပါတယ်။

သူဒီအိမ်မှာ ရှိနေတယ်ဆိုတာကို အိမ်ဘေးအိမ်တွေက လုံးဝ သတိမပြုမိကြဘူး လို့ ဆိုပါတယ်။ ဒါပေမယ့် နှစ်ပေါင်း များစွာ အလုပ်လုပ်ခဲ့ရပေမယ့် ဘာလျော်ကြေးမှလည်း မရဘူးလို့ ဆိုပါတယ်။

ဒေါ်တင်တင်အေးဟာ ပုံမှန် မဟုတ်တဲ့၊ လူမြင်ရင် ကြောက်ပြီး ပုန်းကွယ်တဲ့ အကျင့် ရှိနေတုန်းပဲ လို့ ဆိုပါတယ်။ သူ့ရဲ့ ညာဘက်မျက်စိ ကွယ်နေသလို နောက်တဖက်ကိုလည်း ကူးစက်ပြီး ကွယ်မဲ့ အခြေအနေကို ရင်ဆိုင်နေရပြီး ဆရာဝန်နဲ့ ပြသဖို့ ငွေ ကြေးအကူအညီ အပူတပြင်း လိုနေပါတယ်။ သူဟာ ကလေးတယောက်လို အသိ ဉာဏ်မျိုးနဲ့ လူ့လောကကြီးရဲ့ ဖြစ်ထွန်းတိုးတက်မှု မှန်သမျှ ဘာမှ မသိတဲ့ပုံစံ ဖြစ်နေပါတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။

စတင် ပျောက်ဆုံးခြင်း

ဖြစ်ပွားပုံအစကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ ကျော်က ဒိုက်ဦးမြို့နယ် သပြေတန်းကျေးရွာက ဦးညွန့်နဲ့ ဒေါ်လှမင်းတို့ရဲ့သမီး မတင်တင်အေးဟာ ၉ နှစ် သမီး အရွယ်မှာ ဖခင် ဆုံးပါးခဲ့သလို မိခင်က နောက်အိမ်ထောင်ပြုရင်း ဘောလယ်ရွာကို အပြောင်းမှာ ဦးအာဖျံရဲ့ ဇနီး ဒေါ်အုန်း ဆိုသူက သူနဲ့ ထည့်လိုက် ထောက်ပံ့မယ် ဆိုလို့ ထည့်လိုက်တာကနေ အဆက်အသွယ် မရတော့ဘဲ ပျောက်သွားတာလို့ ဆိုပါတယ်။

ဦးအာဖျံ-ဒေါ်အုန်းတို့ကနေ သူတို့လက်ထက်ထိ ပုံစံ သွင်းထားပြီး တောက်လျှောက် ခိုင်းနေတာလို့ ဆိုပါတယ်။ မတင်တင်အေးရဲ့မိခင် ဆုံးချိန်မှာ ဆွေမျိုးတွေက သွားမေးတော့ မရှိဘူးလို့ ဖြေပြီး အစရှာလို့ မရတော့ဘူးလို့ ဆိုပါတယ်။

နှစ် ၄၀ အကြာမှာ ပြန်လည်စုံစမ်း

ဒီလိုနဲ့ နှစ်ပေါင်းကြာလာပြီးတဲ့နောက် မတင်တင်အေးရဲ့ အကိုဝမ်းကွဲ ဦးလှမြင့်နဲ့ သူ့မိတ်ဆွေတွေဟာ လွန်ခဲ့တဲ့ သုံးနှစ်လောက်ကစပြီး ပြန်လည် စုံစမ်းဖော်ထုတ်ခဲ့တာပါ။

အဲဒီအိမ်မှာ သံစည်ပိုင်းပြတ်တွေ၊ ဂုံနီအိတ်တွေ အရောင်းအဝယ် လုပ်တော့ အဝင်အထွက် လုပ်ပြီး စုံစမ်းခဲ့ပေမယ့် အိမ်အတွင်းပိုင်း ဝင်ခွင့် မသာသလို မတွေ့ခဲ့ပါဘူး။ ဦးလှမြင့်တို့က အသက် ၇ဝ ကျော် ကျောင်းဆရာမဟောင်းတွေ ဖြစ်တာကြောင့် တိုင်ကြားချက် မမှန်ရင် အသရေဖျက်မှုနဲ့ ပြန်အရေးယူခံရမှာကို စိုးရိမ်တာကြောင့် ရဲကို မတိုင်ဖြစ်ဘူးလို့ ဆိုပါတယ်။

ဒါနဲ့ အဲဒီအိမ်က အငယ်ဆုံး ဆရာမ ဒေါ်နိုင်နိုင်ဆွေက အိမ်မှာ ကျူရှင်ဖွင့်တော့ ဦးလှမြင့်က သူ့သမီး ၉ တန်း ကျောင်းသူကို ကျောင်းတက်ခိုင်းပြီး ဖော်ထုတ်ခဲ့တာလို့ ဆိုပါတယ်။

တွေ့ပြီ

ကလေးမလေးက ကျောင်းတက်ရင်း အိမ်နောက်ဘက်ကို သွားစုံစမ်းတဲ့အခါ ဒေါ်တင်တင်အေးကို မမျှော်လင့်တဲ့အချိန်မှာ အခန်းတခန်းထဲမှာ တွေ့လိုက်ရပြီး သူ့အဖေ သင်ကြားထားတဲ့အတိုင်း ငယ်နာမည် ခေါ်လိုက်ရာမှာ အဲဒီအမျိုးသမီးက သူ့ရင်ဘတ်လေး ပုတ်ပြပြီး ငါပါလို့ ဖြေတယ်လို့ ဆိုတယ်။

ဒီအကြောင်းကို ရွာသားတဦးက ခုလို ပြောပါတယ်။

“ဦးအဖြန် ဒေါ်အုန်း မိသားစု နေထိုင်ကြတဲ့ ဒေါ်ကြင်လွှမ်း၊ ဒေါ်ကြင်မြစိန်၊ ဒေါ်နိုင်နိုင်ဆွေတို့ အိမ်မှာတော့ ဒီကလေးမလေး ရှိတယ်ဆိုတာကို ထပ်မံပြီးတော့ သတင်းလေး နည်းနည်းပါးပါးပေါ့လေ တိတိကျကျလေး ရလာတယ်။ ကိုလှမြင့်ကနေပြီးတော့ အဲဒီအိမ်ကို သူ့သမီးကို ကျူရှင်တက်ခိုင်းတာ။ ကလေးမလေးက ကျောင်းသားဆိုတော့ နောက်ဖေးတွေ ဘာတွေ အပေါ့အပါး သွားတော့ အဲဒီမှာ မမျှော်လင့်ဘဲနဲ့ သူတွေ့လိုက်တဲ့ အချိန်မှာ အခန်းတခန်းမှာ တွေ့လိုက်တော့မှ အဲဒီမှာ တင်တင်အေးဆိုတဲ့ နာမည်ကို ခေါ်လိုက်တယ်။ ခေါ်လိုက်တော့မှ သူက ရင်ဘတ်ကလေး ပုတ်ပြပြီး ငါပါဆိုတော့ ဒီကလေးမကလည်း သူ့အဖေကို နည်းပရိယာယ်နဲ့ပေါ့ ခေါင်းကိုက်လို့ ဗိုက်နာလို့ ဆိုပြီးတော့ ကျောင်းချိန်မပြီးခင်လေးမှာ ပြန်သွားပြီး သူ့အဖေကို ပြောပြတယ်”

နှစ် ၄၀ ကျော် ကျွန်ပြု၊ အကျဉ်းချခံရသူ၏ လက်ရှိ အခြေအနေ


ဒေါ်တင်တင်အေးရဲ့လက်ရှိအခြေအနေနဲ့ပတ်သက်လို့လည်း သူက ခုလို ပြောပါတယ်။

“ပေတရာလမ်းပေါ် ချထားရင် ဘယ်မှ မသွားတတ်ဘူး။ ၅ဝဝ တန် တခု လက်ထဲ ထည့်ပြီးတော့ ကဲ ညီး လွတ်လွတ် လပ်လပ် သွားဝယ်စား ဆိုပြီး လွှတ်လိုက်လဲ ဘာမှ ဝယ်မစားတတ်ဘူး။ နောက် တိုတို ပြောရရင်ဗျာ မြန်မာနိုင်ငံသား တယောက်ဖြစ်ပြီး ဘုရားစင် ဆိုတာလည်း သူ အခုမှ တွေ့ဖူးတယ်။ ရှစ်တောင် မခိုးတတ်ဘူး။ ငါးပါးသီလတို့၊ ဆွမ်းကပ်တာ၊ ရေကပ်တာ၊ ဆီမီးကပ်တာ ဘာမှ မသိဘူး။ အဲဒါ အခု ညီမလေးက သင်ပေးနေရတယ်။ နောက် သူ့ကြည့်ရတာ နောက်ဆုံး ပြောရရင် ဘယ်လောက် အဖိအနှိပ် အချုပ်အချယ် ခံရတယ် မသိဘူးခင်ဗျ လူတယောက်ကို တွေ့တာနဲ့ သူက သုတ်ဆို နောက်ဖေးသွားပြီး ဟိုး ချောင်ထဲမှာ သွားထိုင်နေတယ်။ သွားတဲ့အချိန်မှာလည်း သိမ်သိမ်မွေ့မွေ့လေး လက်ကလေး နှစ်ချောင်း ပေါင်ကြားထဲ ညှပ်ပြီး ကုန်းပြီးတော့ အဲဒီလို တော်တော်ကို နှိပ်ကွပ်ခံထားရတဲ့၊ အကျပ်ကိုင်ပြီး လုပ်ထားတဲ့ ပုံစံကတော့ အခုထက်ထိ မပျောက်သေးဘူး”

ပြန်လွတ်လာတဲ့ ဒေါ်တင်တင်အေးရဲ့ ပြန်လည် ပြောဆိုချက်အရ သူ့ကို အိမ်နောက်မှာ မီးဖိုဆောင်၊ ထင်းတဲ၊ ရေတွင်း၊ အိမ်သာ အဲဒီပတ်ဝန်းကျင်မှာပဲ သူက ကြီးပြင်းလာရပြီး အပြင်ထွက်ခွင့် လုံးဝ မရှိဘူး လို့ ဆိုပါတယ်။ မနက်ကို သုံးနာရီခွဲ အိပ်ရာ ထရပြီး တနေ့ကို ပဲ ရှစ်ပြည် ပြုတ်ရတယ် လို့ ဆိုပါတယ်။ သူပြုတ်တဲ့ ပဲနဲ့ ပဲပုတ် လုပ်ပြီး ရောင်းချ စီးပွားလုပ်တာ လို့ ဆိုပါတယ်။

အကိုဦးလှမြင့်က သူ့ညီမ ဒီအိမ်မှာ ရှိမှန်းသိတဲ့အခါ ရယကရုံးကို တိုင်ကြားလို့ အဲဒီ ကျောင်းဆရာမကြီးတွေနဲ့ မတင်တင်အေးကို ရဝတ ရုံးမှာ ဆင့်ခေါ်ပြီး ဦးလှမြင့်တို့ကို ပေးတွေ့တာကြောင့် ဦးလှမြင့်ဟာ ဆယ်စုနှစ်ပေါင်း များစွာ ကွဲကွာနေတဲ့ညီမကို ပြန်တွေ့ပါတယ်။

စောင့်ရှောက်ထားတယ် ဟု ဆို

ဒီတွေ့ဆုံပွဲမှာ ဒေါ်တင်တင်အေးကို ငွေကြေးနဲ့ ဝယ်ထားတာ မဟုတ်ဘဲ မိသားစုလို ကျွေးမွေး စောင့်ရှောက်ထားတယ် ဆိုတဲ့ဘက်က ရပ်တည်ပြီး အိမ်ရှင်ဘက်က ပြောဆိုပါတယ်။

ဦးလှမြင့်ဘက်က သူ့ညီမ စာရေးစာဖတ် မတတ်ပုံ၊ မှတ်ပုံတင် လုံးဝ မရှိပုံ၊ အိမ်ထောင်စုဇယားထဲမှာ မပါပုံ၊ ပိုက်ဆံတွေကို ဘာတခုမှ မသိပုံ စတာတွေကို ထောက်ပြပြီး ကျွေးမွေး စောင့်ရှောက်တယ်လို့ ပြောတာကို လက်မခံကြောင်း ပြောဆိုပြီး တရားရုံးမှာ တရားစွဲဆိုပါတယ်။

ရဲစခန်းရဲ့ ပြောဆိုချက်

တရားရုံးမှာ ပြီးခဲ့တဲ့နှစ် ၈ လပိုင်း ၃ ရက်နေ့မှာ ဦးတိုက် လျှောက်တဲ့အခါ ရဲအရေးပိုင်ကိစ္စ ဆိုပြီး လွဲခဲ့ပါတယ်။ အဲဒီနောက် ရဲက တာဝန်ယူ မဖြေရှင်းဘဲ အမှုတွဲကို မြို့နယ် အမျိုးသမီးရေးရာ အဖွဲ့ ဥက္ကဋ္ဌက ကြားဝင် ကိုင်တွယ် ဆောင်ရွက်ခဲ့တယ်လို့ ပြောပါတယ်။

ဒီနောက် မိသားစုချင်း ပြန်တွေ့ရတာ ဝမ်းသာတယ် ဆိုတဲ့ လက်မှတ် ထိုးခိုင်းပြီး ၈ လပိုင်း ၂၆ ရက်နေ့ ၂ဝ၁ဝ မှာ မိသားစုတွေ ပြန်လည် ပေါင်းစည်းမိပါတယ်။ အိမ်ရှင်ဆရာမကြီးတွေဘက်က နှစ်ပေါင်း ၄၀ ကျော် ပြုကျင့်ခဲ့သမျှကို ဘာအရေးယူ ဆောင်ရွက်မှု၊ ဘာလျော်ကြေးမှ မပေးတော့ဘဲ ဆက်ဆံရေး ပြတ်တောက်သွားတယ် လို့ ဆိုပါတယ်။

ဒိုက်ဦးမြို့နယ် ရဲစခန်း တာဝန်ရှိသူတွေကို မေးမြန်းကြည့်ရာမှာတော့ အဲဒီကျောင်း ဆရာမဟောင်းကြီး နေအိမ်မှာ ဒေါ်တင်တင်အေး နှစ်ပေါင်း ၄၀ ကျော်ကြာ ချုပ်နှောင် ခိုင်းစေခံရတယ် ဆိုတာကို လာတိုင်ပါကြောင်း၊ ဒီအမှုကို ရဲက အမှုမဖွင့်ဘဲ ဦးလှမြင့်ဘက်က ညီမလေး ပြန်ရရင် ကျေနပ်ပါပြီလို့ ပြောလာလို့ ပြန်အပ်လိုက်ပြီးပါပြီ၊ အမှု မဖွင့်ပါဘူးလို့ ပြောပါတယ်။ ဒိုက်ဦးရဲစခန်းမှူး ဒုရဲအုပ် ဦးလှမိုးအောင်က ဒီအမှုကိစ္စကို မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ထံ လွဲပြောင်းပေးအပ်လိုက်တာ ဖြစ်တယ်လို့ ပြောပါတယ်။

“ဒီဥစ္စာက ကျနော်တို့ဆီက သူတို့က လာဦးတိုက်လျှောက်တင်တော့ ဦးတိုက် လျှောက်ချက်က သူတို့က ဒီဥစ္စာဆိုရင် ကျနော်တို့က ကျေကျေနပ်နပ် အမှုမဖွင့်တော့ဘူး ဆိုတော့ သူညီမ ရရင် ပြီးပြီ ဆိုပြီး သူ့ကို နှစ်သိမ့်တယ်။ ထိန်းထားတဲ့ ဥစ္စာပေးလိုက်တယ် သူတို့ ညီမကို”

အဲဒီကိစ္စက အမျိုးသမီးရေးရာအဖွဲ့ကနေ ပြီးတော့ ကိုင်လိုက်တယ်ဆို ဟုတ်လား။

“ဟုတ်ကဲ့ — သူတို့က ဒီလိုပဲ ကျနော်တို့ စခန်းမှာ ဒီလိုပဲ ဖြစ်သွားတာ ကျနော်တို့ ဆီမှာက။ စခန်းမှူးလည်း ဒီဥစ္စာပဲ တွေ့ပေးလိုက်တာ ဒီဥစ္စာက သူတို့ဆီမှာ”

အဲဒီတုန်းက အခြေအနေအရ ဒိုက်ဦးရဲစခန်းမှူး ဦးလှမိုးအောင်ဟာ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌထံ အမှုလွဲအပ်တာနဲ့ပတ်သက်လို့လည်း ဦးလှမြင့်တို့ဘက်က မကျေမချမ်း ဖြစ်ခဲ့ပါတယ်။ ဥပမာအားဖြင့် ဒေါ်ကျင်လွမ်းတို့ တတွေဟာ တရုတ်နွယ်ဖွားတွေဖြစ်ပါတယ်။ အမျိုးသမီးရေးရာ ဥက္ကဋ္ဌဟာ မယက ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းရဲ့ ဇနီးသည် ဒေါ်နွေမိုးအေး ဖြစ်ပြီး ဝ လူမျိုးဖြစ်တာကြောင့် တရုတ်သွေးစပ်တဲ့ ဆရာမကြီးတို့ ကိစ္စကို အရေးယူ ဆောင်ရွက်ချက်တွေ မလုပ်အောင် ဘက်လိုက် ဆောင်ရွက်တယ်လို့ ဦးလှမြင့်ဘက်က ယူဆပြီး တရားဥပဒေအတိုင်း ဖြေရှင်းစေချင်ကြပါတယ်။

အခုတော့ မယက ဥက္ကဌ ဦးထွန်းထွန်းဝင်း တာဝန် အပြောင်းအလဲနဲ့အတူ ဒီကိစ္စကို ကိုင်တွယ်ခဲ့တဲ့ဒေါ်နွေမိုးအေးလည်း ဒိုက်ဦးက အမျိုးသမီးရေးရာအဖွဲ့ဥက္ကဌ တာဝန် မရှိတော့ပါဘူး။

ဆေးကုသရန် အကူအညီ လိုသည်

ဒေါ်တင်တင်အေးဟာ ဘာကြောင့်မှန်းမသိရဘဲ ညာဘက်မျက်စိ ကွယ်နေပြီး ဘယ်ဘက်မျက်စိပါ ကွယ်မယ့် အခြေအနေ ရင်ဆိုင်နေရပါတယ်။ ဒါကြောင့် ဦးလှမြင့်က (မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေး အထူးတပ်ဖွဲ့) ရဲမှူးကြီးစစ်အေးဆီ ကိုင်တွယ် အရေးယူဖို့ တိုင်ခဲ့ပါတယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွေ၊ ILO တွေကိုလည်း မိတ္တူ ပို့ခဲ့သလို ပြည်တွင်းက ဌာနဆိုင်ရာ ၁၈ ခုစလုံးကို လူသိရှင်ကြားဖြစ်အောင် မိတ္တူပေးထားပြီး ဒီကိစ္စကို သနပ်ပင်နဲ့ ဒိုက်ဦးမှာ နှစ်ကြိမ် စစ်ဆေး ကိုင်တွယ်မေးမြန်းမှုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ဒေါ်တင်တင်အေးရဲ့ လက်ရှိအခြေအနေကို အဲဒီ ရွာသားက ခုလို ပြောပါတယ်။

“လတ်တလောမှာတော့ ဒေါ်ကျင်လွမ်းတို့ကို အရေးယူခြင်း မယူခြင်းထက် ဒေါ်တင်တင်အေးရဲ့ ဘယ်ဘက်မျက်လုံး ကုသနိုင်အောင် ငွေကြေး အကူအညီ ဦးလှမြင့်တို့မှာ အထူး လိုအပ်နေပါတယ်။ နှစ် ၄၀ ကျော်ကြာ နေအိမ်တွင်း ချုပ်နှောင် ခိုင်းစေတဲ့ လုပ်ရပ်အပေါ် ရဲမှုးကြီး စစ်အေး ဦးဆောင်တဲ့ မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေး အထူးတပ်ဖွဲ့က ဘယ်လို ကိုင်တွယ် ဆောင်ရွက်မယ် ဆိုတာကလည်း စောင့်ကြည့်ရမှာပါဗျာ”

မူရင်း – DVB အသံလွှင့်ဌာန www.dvb.no
ယခု စာစု ကို မူ မိုးမခ မီဒီယာ www.moemaka.com မှ ကူးယူဖော်ပြပါသည်

Read more...

Monday, January 24, 2011

ဗုဒ္ဓနှင့် တွေ့ဆုံခြင်း

ဗုဒ္ဓနှင့် တွေ့ဆုံခြင်း

(ဆရာတင်မိုး)

smk
ဘာမဟုတ် ညာမဟုတ်နဲ့
ငါဗုဒ္ဓဘုရား ကိုတောင်မှ
ရှေးဟောင်းပစ္စည်းတွေ အကြားမှာ
ရောင်းစားခံရ
စီးပွားရေးမျက်စီ စူးရှတဲ့
ဒီလိုဥရောပမှာ
မင်းက ဘာလာလုပ်သလဲတဲ့
ဗုဒ္ဓက မေးတော်မူတယ်။

ကိုယ်တော် မသိလို့နော်
ကိုယ်တော်သာ မြန်မာနိုင်ငံမှာရှိရင်
ပူဇေမိ အမျိုးမျိုးနဲ့
ရှိခိုးခံရမှာတော့ အမှန်ပါပဲ။
ဒါပေမယ့်
မမှန်တာတွေပြော၊ မမှန်တာတွေဟောနေရ
ကိုယ်တော်က ဗုဒ္ဓေါတ,မိပြီး
ပြေးကြွချင်မှာ သေချာတယ်။
မမှန်တာတွေ ပြောတော့လဲ
သံသရာတကြောမှာ
အဖန်တရာ မောနေဦးမှာကိုး ဘုရာ့။

လက်နက်ကိုင်စစ်တပ်က
အရပ်ရပ်နေပြည်တော်
ကြားလို့မှ မလျော်အောင်
အော်ဒါတွေထုတ် မတော်တာတွေလုပ်နေတော့
ဗုဒ္ဓကိုကြိုးတုပ်
အချုပ်ထဲသွင်းရင် မခက်ပါလား။

ဒီကောင်တွေက ဉာဏ်လည်းမရှိ
အမှန်လဲ မသိ
ကတိလဲ မတည်
အပလီ အမျိုးမျိုးနဲ့
အ၀ိစီအိုးကလဲ ပုတ်စော်နံ
နိုင်ငံကိုလဲ မလေးစား
ကလေးကလားစိတ်ဓါတ်နဲ့
သိပ်ပြီးညစ်ပတ်ကြပါတယ်။

စစ်တပ်ဆိုတာ ပြည်သူကိုအနိုင်ကျင့်ဖို့
မြှောက်ပင့်အားပေး
ဓားသွေးခိုင်းထားတဲ့
အရိုင်းများရဲ့ ခိုလှုံရာ
ဗိုလ်တကာတို့ရဲ့ ဘုရင်ပါဘုရား။
ဗိုလ်နေ၀င်းစစ်တပ်ဆိုတာ
ပစ်ခတ်ဖို့နဲ့ ညစ်ပတ်ဖို့ပဲ သိတာမဟုတ်လား။

ပြည်သူတွေကတော့ တက်တက်မွဲ
ရဟန်းကောင်းတွေက ခွက်လက်စွဲ
ဒင်းတို့တတွေကက သဘက်သရဲ
လက်နက်ပဲ အဓိက
လက်နက်ပဲ ပဓာန
လက်နက်စိုးမိုးတဲ့ စစ်ဝါဒပါ။

ကိုယ်တော့်အဖို့ကတော့
ဥရောပ စူပါမားကတ်မှာ
ငြိမ်သက်စွာ စံပယ်တာကမှ
အန္တရာယ်ခပ်သိမ်း၊ ကင်းပျောက်ငြိမ်းပြီး
သိန်းသန်းမက တန်ဖိုးတက်
ဗုဒ္ဓ ဗုဒ္ဓ ဆိုပြီး
နှုတ်ဟလို့ အမြွက်ခံရဦးမယ်။
စိတ်လက်မသာ ရှိတော်မမူပါနဲ့ ဘုရား။

မြန်မာစစ်ဗိုလ်တွေ လုပ်သမျှနဲ့တော့
ဗုဒ္ဓ ဗုဒ္ဓ အချုပ်ကမတက်
ဒုက္ခဖက်ရရင်
မုချ မသက်မသာဖြစ်နေရမှာပါ။

တပည့်တော် ငပါမွှားက
တရားချတယ်မထင်ပါနဲ့
တိုင်းပြည်က ဒကာဒကာမအပေါင်း
အထောင်းခံရတာ များလွန်းလို့
ပြားပြားမှောက် နေရင်းက
တရားပေါက်ရခြင်း ဖြစ်ပါတယ်။
ခွင့်လွှတ်တော်မူပါ
အရှင်ဘုရား…။ ။

တင်မိုး
(ဧပြီ ၁၂၊ ၂၀၀၀)

ရွှေမော်ကွန်း မဂ္ဂဇင်း
၂၀၀၃၊ မတ်လ၊ အမှတ်-၃၇


Read more...

အဟာရစာစောင် အမှတ်စဉ် (၁၁၉) ဇန်န၀ါရီ၊ ၂၀၁၁

Aa Ha Ra Sa Zaung No. 119

Read more...

PDC Monthly News Commentary

PDC Monthly News Commentary - January 2011

Read more...

Friday, January 21, 2011

ဂျပန်လာမယ်ဆိုရင်

“အစ်မ စကားမစပ် ကျွန်တော့် သူငယ်ချင်းက ဂျပန်လာချင်တာ ပွဲစားနဲ့ ပြောထားတယ်လို့ ပြောတာဗျ။ ပွဲစားရဲ့ တူမအဖြစ်နဲ့ လာရမှာတဲ့။ အဲဒီပွဲစားက စိတ်မချရမှာစိုးလို့ ကျွန်တော်က ခဏစောင့်ဦးလို့ ပြောထားတယ်။ အစ်မသိတဲ့ ဂျပန်ကို ကျောင်းလာတက်နည်းလေးဖြစ်ဖြစ် အားတဲ့အချိန် ပြောပြပါဦး”

တကယ်တော့ အဲလိုမျိုး ပွဲစားရဲ့ တူမဆိုတာမျိုးနဲ့ လာတာ တကယ်တော့ အန္တရယ်များပါတယ်။ ဒီရောက်ပြီး စစချင်း ရပ်ကွက်ရုံးမှာ မှတ်ပုံတင်ရတာကစပြီး ထိုသူရဲ့မိသားစုဝင်အဖြစ်နဲ့ မှတ်တမ်းတင်ပြီး အတူတူနေဖို့ ဖြစ်လာတယ်။ ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့် အတူတူနေဖို့ မဖြစ်နိုင်တဲ့အတွက် ပြဿနာစပါတယ်။ အဲဒီအကြောင်းတွေက ကြားဖူးသမျှပြောရရင် အများကြီးမို့ အချိန်မရလို့ အသေးစိတ် မပြောပြတော့ပါဘူး။

ဖြစ်ရပ်မှန်လေး တစ်ခုကိုပဲ ကြားဖူးသလောက် ပြောပြချင်တယ်။ တခါက ဖေဖေရယ်၊ မေမေရယ်၊ ရှစ်နှစ်အရွယ် သမီးငယ်လေး တစ်ယောက်ရယ် ရှိတယ်။ ဖေဖေရော မေမေပါ ဆရာဝန်ပါ။ ထိုက်သင့်သလောက် ချမ်းသာကြပါတယ်။ မေမေ့နာမည်က “မေ” ဆိုပါတော့။ တခါမှာ သူငယ်ချင်း “ဝေ”က ဂျပန်ကို သွားရတယ်။ နောက် “ဝေ”က ဂျပန်အမျိုးသားနဲ့ အိမ်ထောင်ကျတယ်။ နောက်တော့ ကလေးမွေးတော့ ကလေးထိန်းဖို့ ညီမကို ခေါ်တယ်ဆိုပြီး “မေ”က “ဝေ”ရဲ့ ညီမအဖြစ်နဲ့ ဂျပန်လာဖို့ လှမ်းခေါ်တယ်။ မိသားစုဘ၀ ပိုတိုးတက်ချင်တဲ့ မေ ဟာ အခွင့်အရေးရတုန်း ကြိုးစားဖို့ ဝေတို့မိသားစုရဲ့ အိမ်ထောင်စုဇယားကညီမ နာမည်နဲ့ ညီမအတုလုပ်လို့ ဂျပန်ကို လိုက်လာတယ်။ (ဝေ့ကို ပိုက်ဆံ မြန်မာငွေ သိန်း ၉၀ ပေးရတယ်။ လွန်ခဲ့သော ၁၀ နှစ်ကျော်က သိန်း၉၀ ပါ။)

နောက်တော့ ဝေတို့အိမ်မှာပဲ ကလေးထိန်းရင်း အလုပ်ရှာသလိုလို၊ ဂျပန်စာသင်သလိုလိုနဲ့ ရက်ကြာလာတယ်။ စားစရိတ်၊ နေစရိတ်ကလည်း လိုတယ်ဆိုတော့ ဝေကလည်း ကြာတော့ ငြိုငြင်လာတယ်။ အိမ်မှာ အိမ်ဖော်သာသာလုပ်နေတာတောင် ရပ်တည်ဖို့ ပြဿနာအမျိုးမျိုး ကြုံခဲ့တယ်။ အပြင်ထွက်ပြီး အလုပ်ရှာလုပ်ခဲ့တယ်။ အလုပ်ကရှား၊ အလုပ်လုပ်ခွင့်ပါမစ်ကလည်း တော်တော်နဲ့မရ၊ ဒီလိုနဲ့ အမျိုးသားနဲ့ သမီးငယ်ကို လွမ်းလည်းပဲ သူမပြန်နိုင်ခဲ့ဘူး။ နောက်တော့ သူရဲ့ ဗီဇာသက်တမ်းပြည့်သွားတယ်။ ဒီအတိုင်းပြန်ရမှာ မြန်မာပြည်က အသိုင်းအ၀ိုင်းကြားမှာ မာနအခံနဲ့ ရှက်တာကြောင့် သူက အာ (Refugee) ခံယူလိုက်တယ်။

နောက်တော့ အနေဝေးတဲ့ အိမ်ထောင်ရေးမှာ မြန်မာပြည်နှစ်ဖက်မိဘ၊ (ယောက္ခမတွေ)ကြားထဲမှာ အတင်းစကား၊ ကောလဟလတွေနဲ့ လင်မယား အဆင်မပြေဖြစ်လာတယ်။ သမီးလေးကလည်း သူမကို စိမ်းလာတယ်။ နောက်တော့ မြန်မာပြည်ကို အလည် ပြန်လို့ရအောင် စဉ်းစားတယ်။ (R နဲ့က မြန်မာပြည်ပြန်လို့ မရဘူး။ ) နောက်တော့ အများ ၀ိုင်းစဉ်းစားပေးလို့ ရတဲ့ အကြံက ဂျပန်ယောက်ျားကို အဌားယူပြီး (ဂျပန်အမျိုးသားကို ပိုက်ဆံပေးပြီး လက်ထပ်စာချူပ် အတုလုပ်တာ) အလည်ဗီဇာနဲ့ ပြန်တဲ့နည်းတဲ့။ ဒါနဲ့ လက်ထပ်စာချူပ်အတု အသေအချာလုပ်တယ်။ ဂျပန်မှာ အဲလိုလုပ်ရတာ ပိုက်ဆံအများကြီး ကုန်သတဲ့။ စလုပ်တုန်းကတော့ မြန်မာပြည်ကို ပြန်ဖြစ်ရုံ ဂျပန်အမျိုးသားကို ပိုက်ဆံပေးပြီး လက်ထပ်စာချူပ် အတုလုပ်ပြီး သွားခဲ့တာဖြစ်ပေမယ့် မြန်မာပြည်ရောက်တော့ အားလုံးက လက်မခံတော့ဘူး။

ကိုယ့်အိမ်လည်း သွားတည်းလို့ မရဘူး။ ဟော်တည်မှာ တည်းရတယ်။ လင်မယားချင်းကလည်း အဆင်မပြေ၊ အသိုင်းအ၀ိုင်းက လက်မခံတော့ ဂျပန်ကို ပြန်ပြီး ဂျပန်ကြီးနဲ့ အတည်ယူဖြစ်သွားတယ်ဆိုလား။ သူ့သမီးလေးကိုတော့ ချစ်လွန်းလို့ အခုထိ လစဉ် ထောက်ပံ့တုန်းတဲ့။ သူမ ထားခဲ့တဲ့ သမီးငယ်လေးက အခု နိုင်ငံတစ်ခုမှာ ကျောင်းတက်နေပြီ။ သူမက “မေမေ့အကြောင်းကဆို လာမပြောနဲ့”လို့ ငိုပြောလေ့ ရှိတယ်တဲ့။

ဒါကတော့ “မေ”ဆိုသောသူတစ်ဦးက ပြောပြတဲ့ ဖြစ်ရပ်မှန်လေးပါ။ အခုဖြစ်ရပ်ကို တဆင့်ပြောပြတာက ကာယကံရှင်“မေ”ကို ဝေဖန်ချင်တာ မဟုတ်ပါဘူး။ (ကျွန်မမှာ ဝေဖန်နိုင်တဲ့ အစွမ်းလည်း မရှိပါဘူး။ သူမရဲ့ တွေ့ကြုံရတဲ့ အခက်အခဲကို သူမပဲ သိမှာကိုး။) ကျောင်းတက်ချင်လိုပဲဖြစ်ဖြစ်၊ အလုပ်လုပ်ချင်လို့ပဲ ဖြစ်ဖြစ်၊ အဲဒီလို သူများရဲ့ မိသားစုအဖြစ်နဲ့ လာရင် နောက်ဆက်တွဲ သောကတွေ၊ အခက်အခဲတွေ အများကြီး ဖြစ်နိုင်တယ်ဆိုတာလေးကို ပြောပြချင်တာပါ။ ယောက်ျားလေးဆို တော်သေးပါတယ်။ မိန်းကလေးဆိုရင်တော့ ပိုပြီး ခက်ခဲနိုင်တယ်လို့ ထင်မိတယ်။ (ကျွန်မရဲ့ အထင်ပါ)

တကယ်လို့များ ကျောင်းတက်လာချင်တယ်ဆိုရင်.. ဂျပန်အစိုးရက ပေးတဲ့ ထောက်ပံ့ကြေးရတဲ့ ပညာတော်သင် လျှောက်တာ အကောင်းဆုံးလို့ ထင်ပါတယ်။ (ကျွန်မလည်း အဲလို လျှောက်ပြီး လာတာပါ)။

ပညာတော်သင်လျှောက်တာလည်း လွယ်တော့မလွယ်ဘူးပေါ့။ အခက်အခဲတော့ ရှိနိုင်ပါတယ်။ ဒါပေမယ့် မြန်မာပြည်မှာ အဲဒါကို ကြိုးစားကြည့်စေချင်တယ်။ သူနဲ့ ပတ်သက်ပြီး သိချင်ရင် အောက်ကလင့်ခ်တွေမှာ ခေါင်းစဉ်ကို ကလစ်ပြီး ဆက်လက် သွားလေ့လာနိုင်ပါတယ်လို့...။
...........................................................................


ဒီပိုစ်ကို ရေးတဲ့ ရည်ရွယ်ရင်းကတော့ Monbusho scholarship လို့ ခေါ်တဲ့ ဂျပန် အစိုးရက ပေးတဲ့ ထောက်ပံ့ကြေးနဲ့ ဂျပန်ကို ပညာတော်သင် လျှောက်လိုသူများ သိသင့်တဲ့ အချက်အလက်များ ဗဟုသုတ ရစေဖို့ ဖြစ်ပါတယ်။
............................................................
မိုးမိဂျိ (မြတ်နိုး)

ဂျပန်ကို ပွဲစားနှင့်လုံးဝ (လုံးဝ) မလာသင့်ပါ။ စကော်လာရအောင်ရှာ။ ဒါမှမဟုတ် မိဘက တတ်နိုင်ရင် ကျောင်းကို သေချာလှမ်းလျှောက်ပြီး ဒီဖက်က ဆရာက လက်ခံပြီဆိုမှ လာပါ။ ဖြစ်နိုင်လျှင် ဂျပန်မှာ ပညာသင်ခြင်းထက် အခြားနိုင်ငံများက ပိုသင့်တော်မယ်လို့ထင်ပါတယ်။ ဂျပန်မှာ အင်္ဂလိပ်လို ဘယ်သူမှ မသုံးကြတော့ စကားအခက်အခဲ ရှိပါတယ်။

ပွဲစားတွေကို မယုံပါနဲ့။ ပွဲစားတွေကိုပေးရတဲ့ ပိုက်ဆံက ဒီမှာ ဂျပန်စာသင်တဲ့ကျောင်းကို ၂နှစ်စာပေးရတဲ့ ပိုက်ဆံနဲ့တူတူပါပဲဆိုတာ...သိစေချင်ပါတယ်။ (မှတ်ချက်။ ဟိုးတနေ့ကတင် ကောင်မလေးတယောက် ပြောပြချက်အရ) ပြီးတော့ ခု ဂျပန်မှာ အလုပ် ရှားလို့..မိဘဆီကပိုက်ဆံပြန်တောင်းနေရတယ်တဲ့။
..................................................


ဂျပန်နိုင်ငံတွင် နိုင်ငံတကာကျောင်းသားများအတွက် တရားဝင် အချိန်ပိုင်း အလုပ်လုပ်ခွင့် တစ်ရက်လျှင် လေးနာရီနှင့် တစ်ပတ်လျှင် ၂၈ နာရီ လုပ်ခွင့်ရကြောင်း၊ ပြီးခဲ့သည့်နှစ်အတွင်းမှစ၍ အလုပ်အကိုင်ရှားပါးမှုများ ဖြစ်ပေါ်ခဲ့သည့်အတွက် ယခုနှစ်ပိုင်းတွင် ဂျပန်သို့ ပို့ဆောင်ပေးသော ဂျပန်ဘာသာစကား ကျောင်းများနှင့် ၎င်းတို့ဖွဲ့စည်းထားသောအဖွဲ့အချို့မှ အလုပ်အကိုင်ရှာဖွေ ပေးနိုင်ရေးကိုပါ လုပ်ဆောင်ပေးရန် စီစဉ်လာကြသည်ဟု သိရသည်။

"အရင်နှစ်တွေက ဂျပန်ကိုကျောင်း သွားတက်ဖို့အတွက် ဗီဇာခက်ခဲပါတယ်။ အခုနောက်ပိုင်းမှာ ကျောင်းတက်ဖို့ ပညာသင်ယူဖို့ဆိုရင် ၁၀၀ ရာခိုင်နှုန်းနီးပါး သွားခွင့်ရကြတယ်။ ကျောင်းသား ဗီဇာလျှောက်ထားတာ နှစ်ပတ်လောက် နဲ့ ကျနိုင်ပါတယ်။ နောက်ပြီး ဒီ တစ်နှစ် နှစ်နှစ်အတွင်းမှာ မြန်မာကျောင်းသားတွေ ဂျပန်ကို ကျောင်းသွားတက်တာ ၂၀ ရာခိုင်နှုန်းလောက် မြင့်တက်လာတယ်"ဟု Galaxy Matrix Interna-tion Co., Ltd အုပ်ချုပ်မှု ဒါရိုက်တာ ဦးမြင့်သူက ပြောကြားသည်။
...................................................
(လသာည)
ပြည်ပမှ ပညာတော်သင်များကို တိုးခေါ်နေသော်လည်း ပြည်တွင်းရှိ ပညာတော်သင်ထောက်ပံ့ကြေးနဲ့ ပညာတော်သင်ဦးရေကိုတော့ နောက်နှစ်ကစပြီး လျှော့ချနေပါတယ်။

.........................................................

ကျောင်းတက်နေရင်းနဲ့ Japanese government scholarship နဲ့ private scholarships တွေလျှောက်နိုင်ပေမယ့် အပြိုင်အဆိုင်များပါတယ်။ သုတေသနအတွေ့အကြုံရှိသူတွေ၊ စာတမ်းဖတ်ကြား၊ တင်သွင်းဖူးသူတွေက အမှတ်ပိုရပြီး စကောလားရှစ်ရလွယ်ပါတယ်။ Japanese government scholarship ရရင်တော့ ကျောင်းလခအားလုံး-လုံးဝသွင်းစရာမလိုတော့ပါဘူး။ private scholarships တွေထဲက ရရင်တော့ ကျောင်းလခဆက်သွင်းနေရမှာဖြစ်ပါတယ်။

အမျိုးသားတက်နေတဲ့ကျောင်းအပါအ၀င်၊ တချို့ကျောင်းတွေမှာ Global Center of Excellence Program ဆိုတဲ့အစီအစဉ်ကို ဂျပန်အစိုးရကချပေးထားပါတယ်။ အဲဒီအစီအစဉ်က ထူးချွန်တဲ့ကျောင်းသားတွေကို super-students အဖြစ်ရွေးပြီး ကိုယ့်စားရိတ်နဲ့ကိုယ်ကျောင်းတက်နေရတဲ့သူကို တစ်လ ၁၆ သောင်း၊Japanese government scholarship ကျောင်းသားကို တစ်လ ၅သောင်းပညာသင်ဆုပေးပါတယ်။ အများကြီးအထောက်အကူရတာမို့ အဲလိုအစီအစဉ်မျိုး ကိုယ်လျှောက်မယ့်ကျောင်းမှာရှိမရှိလည်း home page မှာစုံစမ်းထားသင့်ပါတယ်။
.....................................................

ဂျပန်ပညာတော်သင် အကြောင်း တခြား လေ့လာစရာ လင့်ခ်များ
  1. ၂၀၁၀ ဂျပန်ဘာသာ အရည်အချင်းစစ် စာမေးပွဲ
  2. ကျော်နှင်းဆီလွင် နိုင်ငံရပ်ခြားပညာသင်
  3. မြရွက်ဝေ ဂျပန်မှာ ကျောင်းတက်မယ်ဆို
  4. ကိုကလိုစေးထူးရဲ့ ဂျပန် ပညာရေး ပို့စ်

ဂျပန်မှာ နေထိုင်စားသောက်ရေးအကြောင်း လေ့လာစရာ လင့်ခ်များ
  1. မြန်မာတိုင်း(မ်)ဂျပန်မှာနေမယ်ဆိုရင်
  2. Megumi ရင်မှအထီးကျန်ခံစားမှုများ
  3. Megumi ဂျပန်နှင့်မြန်မာ ကွာခြားချက်
  4. မမ၀ါ ဂျပန်လာမယ်ဆိုရင်
ဂျပန်အကြောင်း အတွေ့အကြုံလေးများကို မှတ်တမ်းတင်ပေးတတ်သော အခြားဘလော့များ
  1. ကိုပီတိ ဘလော့
  2. ကိုလုံးတုံး ဘလော့
  3. ကိုနေ၀သန် ဘလော့
  4. ကိုဧည့်သည် ဘလော့
  5. မနုစံဘလော့
  6. မကောင်းမွန်ဝင်း ဘလော့
  7. မိုးမိဂျိ ဘလော့
  8. ခွန်သဒ္ဒါ ဘလော့
  9. မီးငယ်လေး ဘလော့
  10. ချင်းတွင်းသူ ဘလော့
လက်လှမ်းမှီရာ သိသလောက် ပြောပြတာပါ။ တခြားလည်း ရေးတဲ့သူတွေ ရှိနိုင်ပါတယ်။ သိတဲ့သူ ရှိရင် ဖြည့်စွက်ပြောပြပေးကြပါ။ ဂျပန်မလာခင် ဂျပန်နိုင်ငံအကြောင်း အရင်လေ့လာထားတာ ကိုယ့်အတွက် အများကြီး အကျိုးရှိမယ်လို့ ထင်ပါတယ်။
ပိတ်သတ်လေးရေ အဲလောက်ဆို အဆင်ပြေပြီထင်ပါတယ်နော်။

လသာည ဖြစ်ပါတယ်..

Read more...

တစ်နှစ်ထက် တစ်နှစ်၊ တစ်လထက် တစ်လ၊ တစ်ရက်ထက် တစ်ရက်၊ တစ်နာရီထက် တစ်နာရီ....


တစ်နှစ်ထက် တစ်နှစ်၊ တစ်လထက် တစ်လ၊ တစ်ရက်ထက် တစ်ရက်၊ တစ်နာရီထက် တစ်နာရီ
နာရေးကူညီမှုအသင်း(ရန်ကုန်) ၂၀၁၁ ခုနှစ် ဇန်န၀ါရီလ (၁) ရက်နေ့မှစ၍ နှစ်သစ်တွင် လူမျိုးမရွေး၊ ဘာသာမရွေး၊ ဆင်းရဲချမ်းသာမရွေးလူသားတို့၏ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ နာရေးကိစ္စအ၀၀တို့ကို အင်တိုက်အားတိုက် အရှိန်အဟုန်မြင့်စွာဖြင့် အများပြည်သူတို့အတွက် ပေးဆပ်နိုင်ရန် သင်းလုံးကျွတ် အစည်းအဝေးပွဲ ကျင်းပပြီးစီးခဲ့ပြီ ဖြစ်သည်။ ယခု နှစ်သစ် ဇန်န၀ါရီလတွင် ကလေးသူငယ်များ၏ ပညာရေးအတွက် အင်္ဂလိပ်စာအခြေခံသင်တန်းများ၊ လူငယ်မျိုးဆက်သစ်များအတွက် အဆင့်မြင့် အင်္ဂလိပ်စာ သင်တန်းများ၊ သုခအလင်းစာကြည့် တိုက်မှလည်းစာပေဗဟုသုတများ ရရှိရန်အတွက်၎င်း၊ သုခကုသိုလ်ဖြစ်ဆေးခန်းမှလည်းအများပြည် သူတို့ လှူဒါန်းထားသော မျက်စိခွဲစိတ်ခန်းသုံး အာရုံကြောစမ်းသပ်သည့် စက်ကိရိယာဖြင့် စတင်ကာ အများပြည်သူတို့၏ မျက်စိဝေဒနာများကို အချိန်တိုအတွင်းကုသပေးလျှက်ရှိသည်။ မျက်စိခွဲစိပ်ခန်း အဆောင်ကိုလည်း ဖွဲ့စည်း တည်ဆောက်လျှက်ရှိသည်။ ဂျပန်နိုင်ငံမှ မှာယူထားသော ခွဲစိတ်ခန်းသုံးကိရိယာများ ပြည့်စုံမှုရှိပါက ဧပြီလအတွင်းစတင်၍ ဖွင့်လှစ်ခွဲစိပ်မှုများကို ပြုလုပ်နိုင်တော့မည် ဖြစ်ပါသည်။ နာရေးနှင့် ပတ်သက်၍လည်း (၉၆) ပါး ရောဂါဝေဒနာများဖြင့် ဘ၀ကူးပြောင်းသွားသော ပြည်တွင်းရှိ (၇) ရက် သားသမီးတို့၏ ရုပ်အလောင်းများကို(အခမဲ့) သယ်ဆောင် သဂြိုလ်ပေးခြင်းတို့အပြင် နိုင်ငံရပ်ခြား၌ ဆုံးပါးသွားသော ရုပ်အလောင်းများကိုလည်း သယ်ဆောင် သဂြိုလ်ပေးခြင်းတို့ကို ပြုလုပ်ပေးလျှက်ရှိသည်။

ထို့အပြင် ရဲမှုခင်းဆိုင်ရာ (ရထားကြိတ်၊ ဆွဲကြိုးချ၊ ရေနစ်၊ လမ်းဘေး) အစရှိသည့် သေဆုံးမှုများကိုလည်းနာရေးကူညီမှုအသင်း(ရန်ကုန်)မှ (အခမဲ့) ထမ်းရွက် သဂြိုလ် ပေးလျှက်ရှိသည်။ ထိုသို့ အခမဲ့ ပေးဆပ်ကူညီမှုများ ရှိသလို နာရေးကူညီမှုအသင်း (ရန်ကုန်)သို့လည်း စေတနာသဒ္ဒါတရား ထက်သန်စွာဖြင့် ငွေကြေး၊ နာရေး အထောက်အကူပြု ပစ္စည်းများ၊ စာအုပ်စာပေများ၊ နာရေးကူညီမှုအသင်း (ရန်ကုန်)တွင် လိုအပ်သောရုံးသုံးပစ္စည်းပရိဘောဂများ၊ သုခကုသိုလ်ဖြစ် ဆေးခန်းတွင် အသုံးဝင်သော ဆေးဝါးကုသရေးဆိုင်ရာ ဆေးပစ္စည်းများ၊ ဆေးဝါးများ စသဖြင့် လာရောက်လှူဒါန်းမှုများလည်းရှိခဲ့ပါသည်။ ထို့ကြောင့် အများပြည်သူတို့အတွက် အများပြည်သူတို့၏ ကောင်းမှုများကြောင့် နာရေးကူညီမှု အသင်း(ရန်ကုန်)၏ ပေးဆပ်မှုများ၊ ဖေးမမှုများတို့သည် တစ်နှစ်ထက် တစ်နှစ်၊ တစ်လထက် တစ်လ၊ တစ်ရက်ထက် တစ်ရက်၊ တစ်နာရီထက် တစ်နာရီအရှိန်အဟုန်မြင့်မားစွာဖြင့် ပေးဆပ်ထမ်းဆောင် လျှက်ရှိပါသည်။

အကိုကြီး ကိုကျော်သူအား ကျေးဇူးတင်ပါသည်...။

နာရေးကူညီမှုအသင်း(ရန်ကုန်)
အမှတ် (၁၃/က)၊ ၄၂ ရပ်ကွက်၊ ဗိုလ်မှူးဗထူးလမ်း၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
၅၈၁၃၆၃၊ ၅၈၀၁၃၃၊ ၀၉ ၈၆၄ ၀၂၂၀၊ ၀၉ ၈၅၀ ၁၆၅၆
သုခကုသိုလ်ဖြစ်ဆေးခန်း
၅၈၃၅၁၄

Read more...

0 ဒေါ်အောင်ဆန်းစုကြည် နေအိမ်မှာ အင်တာနက် တပ်ဆင်ခွင့်ရ

photo create by dawnmanhon
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြည်တွင်းပြည်ပ ထောက်ခံသူတွေနဲ့ အလွယ်တကူ ဆက်သွယ်နိုင်ဖို့ အင်တာနက် တပ်ဆင်ခွင့် လျှောက်ထားခဲ့ရမှာ ဇန်န၀ါရီ (၂၀) ရက် ဒီကနေ့ ညနေမှာတော့ သူမရဲ့ နေအိမ်မှာ အင်တာနက် ဆက်သွယ် တပ်ဆင်ခွင့် ရသွားပြီလို့ သိရပါတယ်။

အင်တာနက် တပ်ဆင်ခွင့်ရနိုင်ဖို့ လွန်ခဲ့တဲ့ တစ်လ၀န်းကျင်ကတည်းက သက်ဆိုင်ရာကို လျှောက်ထားခဲ့တာ ဖြစ်ပြီး ပြီးခဲ့တဲ့ (၃) ရက်လောက်ကမှ အာဏာပိုင်တွေရဲ့ ခွင့်ပြုမိန့် ကျလာတာကြောင့် NLD ပါတီတွင်းက ကွန်ပျူတာ ကျွမ်းကျင်သူတွေရဲ့ အကူအညီနဲ့ ဒီကနေ့ ညနေမှာ တပ်ဆင်လိုက်ပြီလို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရုံးအဖွဲ့မှူး ဦးဝင်းထိန်က ပြောပါတယ်။ လက်ရှိမှာ Facebook နဲ့ Twitter အဆင့်ကို လုပ်နိုင်အုန်းမှာ မဟုတ်ဘဲ သာမန် အင်တာနက်နဲ့ ဆက်သွယ်တဲ့ စနစ်ကိုသာ လုပ်သွားမှာ ဖြစ်တဲ့အကြောင်း ဦးဝင်းထိန်က ပြောပါတယ်။

Twitter အင်တာနက် လူမှုကွန်ယက်က တဆင့် ပြည်တွင်းပြည်ပ လူငယ်တွေနဲ့ ဆက်သွယ်ပြီး လူငယ်တွေရဲ့ သဘောထားကို သိလိုကြောင်း နေအိမ်အကျယ်ချုပ်က ပြန်မလွတ်ခင်ကတည်းက ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့ဖူးပါတယ်။
(RFA)

Read more...

ပျံသန်းသွား

ဆောင်းဦးလှိုင်ရဲ့ ပျံသန်းသွား
ဂီတပညာရှင်များ သီဆိုပေးထားသော လူမှုရေး၊ ငြိမ်းချမ်းရေး သီချင်းများကို အလှူရှင်များ အတွက် (ကန့်သတ်) အခွေအဖြစ် ဂုဏ်ပြုပေးအပ်ရန်အတွက် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ လုပ်ဆောင်ချက်၊ ပေးဆပ်မှု အရုပ်မြင်ကွင်းများအပြင် အဆိုတော်များ၏ သီဆိုမှုပုံရိပ်လွှာများပါရှိရန် သီးခြားရိုက်ကူးမှုများ ပြုလုပ်လျှက်ရှိရာ ယနေ့ ၁၉.၁.၂၀၁၁ (ဗုဒ္ဓဟူးနေ့) တွင် မြောက်ဒဂုံမြို့နယ်ရှိ နာရေးကူညီမှုအသင်း(ရန်ကုန်) အဆောက်အဦးအသစ်ပေါ်တွင် တေးရေး/ဆို ဆောင်းဦးလှိုင် သီဆို တီးခတ်ထားသော “ပျံသန်းသွား” အမည်ရှိ တေးသီချင်းအား ရိုက်ကူးမှုများ ပြုလုပ်ခဲ့သည်။
“ပျံသန်းသွား”
ရေး/ဆို/တီး - ဆောင်းဦးလှိုင်
ပျံသန်းသွား/ကြမယ် မမောနိုင်ဘူး xxx ဘယ်လိုခက်ခဲ လူသားတို့အတွက် xxx သယ်ဆောင်လာခဲ့ မြင့်မြတ်တဲ့နှလုံးသားတွေနဲ့ xxx ယုံကြည်ချက်အတိုင်း xxx ခရီးဆက်လာ/နေမယ်
အမှန်တရားဘက်က ရပ်တည်နေမယ် xxx မလွယ်ကူနိုင်လည်း ဖြတ်သန်းရဲတယ် xxx ရှင်သန်ချိန် ခဏ လူ့ဘ၀ရဲ့နေ့ရက်များ xxx စာနာစိတ်ထား အများအတွက်ကူမယ်
(ငါ့လက်ကိုတွဲ ခွန်အားပေးမယ့် xxx လိုနေတာ ဂရုဏာများနဲ့ မေတ္တာတရားပဲ xxx လောကရဲ့အကျိုး တစ်ထောင့်တစ်နေရာကနေ xxx သယ်ဆောင်ကာပျံသန်းသွားစို့ လက်တွေတွဲလို့)

မေတ္တာ၊ ဂရုဏာ၊ မုဒိတာ၊ ဥပေက္ခာ ဗြဟ္မစိုရ်တရားလေးပါးကို လက်ကိုင်ပြု၍ အမှန်တရားနှင့် ငြိမ်းချမ်းရေးလမ်းကြောင်းကို ဦးတည်လျှောက်လှမ်းနေကြသော ကျွန်တော်တို့ နာရေးကူညီမှုအသင်း (ရန်ကုန်)နှင့် လူမှုရေးသမားစစ်စစ်များအတွက် ဤ “ပျံသန်းသွား” တေးသီချင်းသည် မဟာအားဆေး တစ်ခွက်ပင် ဖြစ်တော့သည်။ ဆောင်းဦးလှိုင်၏ သီချင်းစာသားထဲကအတိုင်း ကျွန်တော်တို့ လူမှုရေး သမားများ လက်ချင်းတွဲကာ အများပြည်သူလူထုဘက်မှ မားမားမတ်မတ် ရပ်တည်ဖေးမ ကူညီပေး ကြရန် လိုအပ်ပေတော့သည်။






ပေးပို့သောကိုကျော်သူအားကျေးဇူးတင်ရှိပါသည်.

Read more...

Daw Aung San Suu Kyi: At the Crossroads (Al Jazeera- English)

Read more...

မဲပေးခွင့်


ကိုးတိုင်းကိုးဌာနသာသနာပြုစေလွှတ်တဲ့အထဲမှာပါဝင်တဲ့
သီရိလင်္ကာနိုင်ငံလို့ခေါ်တဲ့ သီဟိုဠ်ကျွန်းမှာ
ဗုဒ္ဓဘာသာအခြေကျပြီး ပြန့်ပွါးလာခဲ့တာ ယနေ့တိုင်အောင်ဘဲ။

သီဟိုဠ်ကျွန်းမှာ ပညာရေးကိစ္စနဲ့
၁၉၉၉-၂၀၀၀ နှစ်တွေတုန်းက နေခဲ့ဘူးတယ်။
သီဟိုဠ်ကျွန်း၊ ကိုလံဘိုမြို့က တက္ကသိုလ်တစ်ခုမှာ
ပညာသင်ကြားရင်း အဲ့နိုင်ငံမှာရှိတဲ့ သီဟိုဠ်ရဟန်းတော်တွေရဲ့အခန်းကဏ္ဍ၊
ဘာသာရေး သာသနာရေးအခြေအနေတွေကို လေ့လာဖြစ်ခဲ့တယ်။

သီဟိုဠ်နိုင်ငံမှာရှိတဲ့ဗုဒ္ဓဘာသာရဟန်းတော်တွေဟာ
မြန်မာနိုင်ငံမှာရှိတဲ့ ဗုဒ္ဓဘာသာရဟန်းတော်တွေထက်
လူမှုရေးမှာ တက်တက်ကြွကြွပါဝင်ကြတယ်။

၂၀၀၄ - ခုနစ်တုန်းက သီဟိုဠ်နိုင်ငံ ဆူနာမီဒဏ် အတော်ခံရတယ်။
အိုးအိမ်တွေပျက်စီး၊ အသက်တွေဆုံးရှုံးတယ်ပေါ့။

ဒီလိုအခြေအနေမျိုးမှာ နိုင်ငံခြားကို ရောက်နေတဲ့ သီဟိုဠ်ရဟန်းတော်တွေ
ကိုယ်နဲ့နီးစပ်တဲ့ဒကာ ဒကာမတွေထံက အလှူခံပြီး
သီဟိုဠ်နိုင်ငံပြန်ထောက်ပံ့ကြတယ်။

အဲ့ဒီအချိန်တုန်းက မြန်မာပြည်က ရဟန်းတော်သံဃာတော်တွေ
ကိုယ့်ဗုဒ္ဓဘာသာနိုင်ငံတစ်နိုင်ငံဖြစ်တဲ့သီဟိုဠ်နိုင်ငံ ဆူနာမီဒဏ်ထိတာ
ကိုယ်နဲ့မဆိုင်သလိုပဲ နေခဲ့ကြတယ်။

၂၀၀၈ - ခုနစ် မြန်မာပြည်၊ ဧရာဝတီတိုင်းဘက်မှာ နာဂစ်မုန်တိုင်းတိုက်ခိုက်ခံရတယ်။
သီဟိုဠ်ရဟန်းသံဃာတော်တွေက နာဂစ်မုန်တိုင်းဒဏ်ခံရတဲ့နေရာဒေသကို သွားပြီး
အိမ်တွေ တည်ဆောက်ပေးတယ်။ တကယ်လိုအပ်တဲ့နေရာတွေမှာ
လိုအပ်တဲ့အရာတွေကို ထဲထဲဝင်ဝင်ဆောက်ရွက်ပေးတယ်လို့ သိရတယ်။
မေတ္တာတရား ကရုဏာတရားစတဲ့ဗြဟ္မစိုရ်တရားတွေကို
အလုပ်နဲ့သက်သေပြလိုက်တာပဲ။

မြန်မာဆရာတော်သံဃာတော်အများစုကတော့
မေတ္တာအကြောင်း၊ ကရုဏာအကြောင်း ရွှန်းရွှန်းဝေအောင်
ဟောလွန်း ပြောလွန်းလို့ သူတို့ဟောပြီး ပြောပြီးရင်
မိုက်ကိုတောင် နေပူပူမှာ နှစ်ရက်လောက် နေလှန်းလိုက်ရတယ်။

အပြောနောက်မှာ Action လိုက် မလာပါဘူး။
Action လိုက်ပါတယ်ဆိုရင်လဲ အတော်နည်းပါးတာကို တွေ့ရပါတယ်။

သီဟိုဠ်နိုင်ငံမှာရှိတဲ့ရဟန်းသံဃာတော်တွေ
နိုင်ငံရေးမှာကော ဘယ်လိုပတ်သက်မှုရှိလဲ။

သီဟိုဠ်နိုင်ငံမှာ နေစဉ်အတောအတွင်း
ပါတီစုံရွေးကောက်ပွဲကျင်းပတာနဲ့ ကြုံဘူးတယ်။
အဲ့တုန်းက သီဟိုဠ်ဘုန်းကြီးကျောင်းတစ်ကျောင်းမှာနေတယ်။
ရပ်ကွက်မဲရုံကို ဘုန်းကြီးကျောင်းထဲက အဆောင်တစ်ဆောင်ရဲ့ အောက်ထပ်မှာ လုပ်ကြတယ်။
မဲပေးချိန်မှာ သီဟိုဠ်ဘုန်းကြီးက ထွက်လာပြီး မဲရုံကို သွားဘို့ ပြင်ဆင်တယ်။
ဒီတော့ အဲ့ဘုန်းကြီးကို စပ်စုဖြစ်တယ်။

“အရှင်ဘုရား၊ ဘယ်သွားမလို့ပါလဲဘုရား”

“မဲရုံကို”

“မဲရုံကို ဘာသွားလုပ်မှာလဲဘုရား”

“မဲသွားပေးမလို့ပေါ့ဟ”

“ဘုန်းကြီးတွေ မဲပေးလို့ ရလို့လား”

“အော်၊ ဒို့ဘုန်းကြီးတွေလဲ ဒီနိုင်ငံသားတွေပဲဟ၊ ဒီနိုင်ငံသားဆိုတော့ နိုင်ငံသား တစ်ယောက်အနေနဲ့ သူကြိုက်တဲ့သူကို ရွေးချယ်ပိုင်ခွင့်ရှိရမှာပေါ့။ ဒို့ဘုန်းကြီးတွေလဲ တက်လာတဲ့အစိုးရနဲ့ ပတ်သက် နေရတာ၊ ဆက်ဆံနေရတာ၊ တိုင်းလူကြီးနဲ့ပတ်သက်နေရတာ၊ ဆက်ဆံနေရတာ၊ မြို့နယ်လူကြီးနဲ့ ပတ်သက်နေရတာ၊ ဆက်ဆံနေရတာ၊ နောက်ဆုံး ရပ်ကွက်လူကြီးနဲ့ ပတ်သက်နေရတာ၊ ဆက်ဆံနေရတာ။ ဆိုတော့ ဒို့ပတ်သက် ဆက်ဆံနေရတဲ့လူကြီးတွေဟာ ဒို့ကြိုက်နှစ်သက်တဲ့ ဒို့ရွေးချယ်လိုက်တဲ့ ဒို့မဲပေးလိုက်တဲ့ လူကြီးတွေပဲဖြစ်ရမှာပေါ့။ ဒီလိုမှ ရွေချယ်ခွင့်မရရင် မဲပေးခွင့်မရရင် တက်လာတဲ့အစိုးရ၊ တိုင်းလူကြီး၊ မြို့နယ်လူကြီး၊ ရပ်ကွက်လူကြီး ဒို့နဲ့ပတ်သက်စရာ အကြောင်း မရှိဘူး။ ဒို့နဲ့မဆိုင်ဘူး။ သူတို့ထုတ်တဲ့ဥပဒေလဲ ဒို့လိုက်နာစရာမလိုဘူး။”

ဒါသီဟိုဠ်ဘုန်းကြီးမဲပေးခါနီး ပြောပြသွားခဲ့တဲ့စကားလေးတွေပါ။
စဉ်းစားစရာတွေ အများကြီးပဲ။

ဒီနေ့ဒီအချိန်အခါမှာ သီဟိုဠ်ဘုန်းကြီးတွေ ရွေးကောက်ပွဲမှာတောင်
ဝင်ရောက်ယှဉ်ပြိုင်လို့ အနိုင်ရဘုန်းကြီးတွေ ပါလီမန်ထဲအထိ
ရောက်ကုန်ကြပြီတဲ့။

Photo: google search

Read more...

Tuesday, January 18, 2011

ဆရာတော် သံဃာတော်အပေါင်းနှင့် ဗုဒ္ဓဘာသာဝင် အပေါင်းတို့အား သတိပေးနှိုးဆော်လွှာ


Read more...

လူလိမ်ကြီးများ…

အခုတလော အသံဗလံတွေ ဆူညံနေတယ်။ ကုလားလိုလို ဘာလိုလို ဘုန်းကြီးတစ်ပါးက အဆိပ်ထုပ် စိတ်ဓာတ်မြှင့်တင်ရေးဆိုပြီး သင်တန်းပေးတယ်။ အဲဒီဗီဒီယိုခွေက အင်တာနက်လောကမှာ ပေါ်လာခဲ့တာကိုး။ အရှင် အဲဒါဘယ်လိုလဲ နားမလည်နိုင်ဘူး..တဲ့.. မေးသူတွေကလဲ များသား။ မေးလဲ မေးလောက်ပါရဲ့… သင်တန်းပြသူရော သင်တန်းတက်သူတွေရော ဘာတွေလဲတော့ မသိ။ တစ်စုံတစ်ယောက်ရဲ့ တွန်းအားတွေနဲ့များ သာသနာညိုးနွမ်းအောင် ဖန်တီးနေသလားလို့ တွေးမိတယ်။

သေချာတာကတော့ သင်တန်းပြသူဟာ ဘုရားစကားကို နားမထောင်တဲ့သူလို့ သတ်မှတ်နိုင်ပါတယ်။ ဘုန်းကြီးအစစ် ဟုတ်ချင်လဲ ဟုတ်မယ်။ ဟုတ်ချင်မှလဲ ဟုတ်မယ်။ လောကကြီးကလဲ အရှုပ်တွေက တယ်ပေါသကိုး။ ကိုယ့်အတွက် ဆိုတဲ့ စာတန်းရဲ့အောက်မှာ မကောင်းမှုမှန်သမျှ အကုန်လုပ်နေကြပြီပဲ။

မြတ်စွာဘုရားရှင်ရဲ့ သာသနာမှာနေတဲ့ သံဃာတစ်ပါးဟာ ဘုရားစကားကို အတတ်နိုဆုံး ဥာဏ်မှီသလောက် နားထောင်ခဲ့ကြတယ်. နားထောင်နေကြတယ်။ နားထောင်ကြလိမ့်အုံးမယ်။ ကိုယ့်သဘောနဲ့ကိုယ် ဘာမှမလုပ်ဘူး.. ဘုရားမျက်နှာ သံဃာမျက်နှာကိုကြည့်တယ်.. ဘယ်သူ့မျက်နှာမှ မကြည့်ဘူးဆိုရင် အဲဒါ သံဃာ ရဟန်းလို့ ပြောဖို့ခက်ပါတယ်။

ရဟန်းမှန်ရင် သံဃာမှန်ရင် ဘုရားစကားကို လိုက်နာချင်ချင် မနာချင်ချင် အားနားပါးနားတော့ လိုက်နာကြရတာ ဓမ္မတာပဲ။ အခုတော့ ဘုရားရှင်ရဲ့ လမ်းညွှန်ချက်မှာမပါတဲ့ ပုံစံတွေ ပို့ချချက်အသစ်တွေ ထွင်တရားတွေကို သင်တန်းပေးနေတာဆိုတော့ ဒီသင်တန်းပြသူ(အကျွန်ုပ်ကဘုန်းကြီးဟု မသုံးလို)ဟာ ဘုရားကိုစော်ကားတယ် မျက်နှာပြောင်တိုက်တာပဲ။

ကိုယ့်စိတ်ကူးထဲက တရားကိုပြနေ သင်တန်းပေးနေတယ်ဆိုတော့ ဘုရားတရားမဟုတ်ဘူးပေါ့။ ပိဋကတ်သုံးပုံ နိကာယ်ငါးရပ်က လွတ်တဲ့တရားလို့ ပြောရမယ်။ ဘုရားသားတော်တွေကတော့ ဘုရားတရားတော်ကိုပဲ ဖြန့်ဝေကြတာပါ။ ဒီနေရာမှာ သတိထားဖို့ ကောင်းတာက ဒေ၀ဒတ်လောင်းလို အရေခြုံတွေလဲ ရှိတတ်တာကို သတိပြုရပါမယ်. သင်္ကန်းဝတ်ထားတိုင်း ဘုန်းကြိးလို့တော့ ပြောလို့မဖြစ်နိုင်ပါဘူး။

ဘာလုပ်ရင်ကောင်းမလဲဆိုတော့ နိုင်ငံတော် သံဃမဟာနာယကကိုလဲ တင်ပြရမယ်(အရေးယူတာ မယူတာ အသာထား)ပေါ့။ ဗုဒ္ဓဘာသာဝင်တွေ ကိုယ်တိုင်ကလဲ ဒီသင်တန်းပြသူကို ဆန့်ကျင်ရမယ်။ သံဃာတွေ စုပေါင်းပြီး ဒီကိုယ်တော်ကို ဆန့်ကျင်ကြရမယ်။ လောလောဆယ် လုပ်နိုင်တဲ့နည်းလမ်းတွေပါပဲ။ ဒီထက်ပိုကောင်းတွေ နည်းလမ်းတွေကိုလဲ ၀ိုင်းပြီး စဉ်းစားကြရအုံးမယ်။

စိတ်မပျက်နဲ့ ဘာသာဝင်အပေါင်းတို့ !! ဗုဒ္ဓဘာသာမှာ ဒီလိုတွေ မကြာခဏကြုံခဲ့ရဖူးတယ်။ ကိုယ်တိုင်တီထွင် ယူဆထားတဲ့ အယူအဆ အသစ်တွေသွတ်သွင်းမှုတွေနဲ့ မကြာခဏ လုပ်ကြံခံနေရတယ်။ မြန်မာမှာ ထင်ရှားတဲ့ ကျောက်သင်္ဘော၊ ကြောင်ပန်း၊ မိုးပြာဂိုဏ်းနဲ့ နောက်ဆုံးပေါ်နေတဲ့ ခေတ်သစ် ပညတ်သမားကြီးများ၊ သူတို့ရဲ့ တပည့်လက်ဝေခံများ။ သာသနာပြုဆိုတဲ့ စကားလုံးကိုသုံးပြီး သာသနာကို အတွင်းကျကျ ဖျက်ဆီးနေသူများ..စတဲ့ စတဲ့ သာသနာဆူးညှေင့်တွေ များနေတယ်။ သာသနာကိုချစ်တဲ့ ဘုရားကိုယုံတဲ့ တရားကိုလေးစားတဲ့ သံဃာတော်များက ဒါတွေကို အတတ်နိုင်ဆုံး ကာကွယ်သွားကြပါမယ်။

လူလိမ်ကြီးများ http://www.yawcommunity.com/2011/01/blog-post.html
နှင့် ပတ်သက်၍

ဒီကိစ္စကို နှစ်မျိုးခေါင်းစဉ်ခွဲ စဉ်းစားကြည့်ချင်ပါတယ်။

တစ်ပိုင်းက စိတ်ဓာတ်မြှင့်တင်ရေးသင်တန်း အနေနှင့်စဉ်းစားမယ်ဆိုရင် ဒါမျိုးကတော့ ကမ္ဘာပေါ်က တိုင်းပြည်တော်တော်များများမှာ လုပ်နေကြတဲ့ ခေတ်စားနေတဲ့ သင်တန်းမျိုးတွေဖြစ်လို့မို့ အထွေအထူး ဝေဖန်ဖို့မရှိပါဘူး။ ဒီလိုသင်တန်းမျိုးကို ကြိုက်တဲ့သူတွေရှိသလို၊ မကြိုက်တဲ့သူတွေလည်း ရှိပါတယ်။ သင်တန်းတွေအနေနှင့် အောင်မြင်မှု ဘယ်လောက်အတိုင်းအတာအထိရနေတယ်၊ အောင်မြင်မှုကို ဘာစံနှင့်သတ်မှတ်တယ်ဆိုတာတွေကိုတော့ မသိနိုင်ဘူးပေါ့လေ။ ကျိန်းသေတာတော့ သင်တန်းဖွင့်စားတဲ့သူတွေတော့ အဆင်ပြေနေကြပါတယ်။

နောက်တစ်ပိုင်းအနေနှင့်ကတော့ အခုကိစ္စမှာ သင်တန်းကို ဦးစီးတဲ့သူက သံဃာတော်တစ်ပါး ဖြစ်နေတဲ့ပြဿနာပါ။ သံဃာဖြစ်တာလည်း ကိစ္စမရှိသေးဘူး။ အခုမှာ သူ့ ရဲ့  ပြောပုံဆိုပုံ၊ လုပ်ပုံတွေက သံဃာတော်တစ်ပါး ပြုသင့်ပြုအပ်၊ ပြောသင့်ပြောအပ်တာမျိုးမဟုတ်ပဲ သာသနာတော်နှင့် ဆန့်ကျင်ဘက်ဖြစ်နေတာပါ။ အမှန်က ဒီလိုသင်တန်းမျိုးကို မြတ်စွာဘုရားရဲ့ လောကီကြီးပွားကြောင်း တရားများနှင့် တွဲဖက်ပြီး သင်တန်းပေးနိုင်ခဲ့မယ်ဆိုရင် အတော် အားရကြည်နူးစရာကောင်းမယ့်အဖြစ်ပါ။ အခုတော့ ရွှေဘောင်ကွပ်လို့ရတဲ့နေရာမှာ မစင်နှင့်လူးလိုက်သလိုဘဲ ခံစားရပါတယ်။

အမှန်ကတော့ ဒီကိုယ်တော်ဟာ သူကိုယ်တိုင် သိက္ခာသုံးပါးအခံဓာတ်မကောင်းခဲ့လို့ အခြားတပါးကအယူအဆရဲ့  Brain Wash လုပ်ခြင်းကို ခံထားရတဲ့သူတစ်ဦးအဖြစ် ယူဆမိပါတယ်။ ဒါကို သူကိုယ်တိုင်သတိမမူမိဘဲ တခြားလူတွေကိုပါ သူနှင့်အတူ ရောပြီး လမ်းလွှဲကို ဦးဆောင်မှုပေးနေတယ်လို့ ယူဆမိတဲ့အတွက် အခု ဖြစ်စဉ်ကို တတ်သိနားလည်ကျွမ်းကျင်ကြသော ဆရာတော်များ၊ ပညာရှင်များ၊ မိမိတိုင်းပြည်အတွက် အကျိုးကို မျှော်ကိုးလုပ်ဆောင်နေသူများအားလုံးမှ ၀ိုင်းဝန်းကူညီ ဖြေရှင်းဆောင်ရွက်သွားကြဖို့ အနူးအညွတ် မေတ္တာရပ်ခံ ပန်ကြားလိုက်ရပါတယ်။

မေတ္တာဖြင့်
ဝိမုတ္တိသုခ
တိုကျို၊ ဂျပန်

Read more...

Looking Back, Looking Forwards



Myanmar's pro-democracy leader Aung San Suu Kyi holds her dog at the entrance of her home in Yangon on Dec. 30. (Mainichi )

Following her release from house arrest this past November, Myanmar's pro-democracy leader Aung San Suu Kyi has once again begun contributing her "Letter from Burma" column to the Mainichi, ending a 13-year absence from its pages.



In her column, Suu Kyi intends to suggest how to press forward with Myanmar's pro-democracy movement, which faces major challenges in the authoritarian state.



She agreed to resume her monthly column when a Mainichi correspondent interviewed her after she was freed from house arrest.



Another reporter and a photographer met with Suu Kyi at her residence in Yangon in late December, and she handed them the first of her new "Letter from Burma" columns along with a message to the readers.



---



The beginning of the year is a time for renewal, reinvigoration, resolutions and remembrance of things past.



I look back on 2010 and find that parts of the year were so little memorable as to have disappeared wholly into the lost wastes of time. How did I spend the first day of 2010? I cannot remember.



I can say, however, that it could not have been comfortable. Renovations to my house had been started in December 2009 and stopped a few weeks later by order of the municipal authorities.



While my lawyers worked to get the order reversed, I spent several months living in the midst of cardboard boxes, thick woven blankets wrapped around unidentifiable objects, assorted suitcases and leaning towers of books.



Looking up from my bed, which was wedged between a high bookshelf, odd tables and a number of lumpy bundles, I had a good view of a peeling chunk of ceiling that afforded me many moments of contemplation on the nature of decrepitude and decay.



While the weather was cool, the jam-packed room seemed cozy, and the urban jungle camp-style of existence could be seen as something of an adventure. As the weather got hotter and hotter, however, the romance wore off, particularly as the scaffolding that had been erected against the outside walls was in such a position that the windows of the bedroom could not be opened and large parts of the night were passed in sleepless swelter. I did not feel in the best of health.



The first quarter of 2010 was not just a period of physical discomfort, it was also one of intense mental activity. My lawyers would visit me on occasion to discuss the appeal that we had lodged against the sentence that had been meted out to me at the Insein Jail court the previous year.I found the whole legal process fascinating and learnt much from my highly experienced and able lawyers.



I felt immense pride in them and in the Legal Committee of the National League for Democracy (NLD) that had been working hard since 1995 to uphold the rule of law and to defend the rights of prisoners of conscience in our country. As one of the lawyers, U Nyan Win, was a member of the Executive Committee of the NLD, I also learnt much of what was happening in the political world outside my house and was able to participate to some extent in the decision making process of the party.



This, in a year crucial to the political scene in Burma, posed intellectual challenges which, for me, were of far greater importance than health considerations.



Around the time of the Burmese New Year that falls in mid-April, the court decreed that the renovations to my house could be continued. Overnight, what had been an enclosure cut off from the sounds and movements of the world outside became a place of constant noise and action as workmen swarmed all over the place.



There was so much to be done. A major project was repairs to the roof. For some years I had spent the monsoon months moving my bed, bowls, basins and buckets around my bedroom like pieces in an intricate game of chess, trying to catch the leaks and to prevent the mattress (and myself, if I happened to be on it) from getting soaked. Now that the roof would be made sound.



I could look forward to the next rains with equanimity. In Burmese, a sound roof is a metaphor for security, a reflection of the notion that if all was well at the very top, all would be well throughout an edifice.



The repairs and renovations meant there would be greater physical convenience and comfort in the future. But much more important than the material considerations were the human contacts that were made possible.



Every day for about five months (the work on the house went on from April to September with a break of three weeks in-between), I was able to acquaint myself with the lives and concerns of our workmen, to acquire a better understanding of the difficulties with which the labor force of our country had to cope and to get a clearer idea of their hopes and aspirations.



Another consequence of the renovation project was frequent discussions with the Special Branch and other forces responsible for the security of the premises. The bringing in of men and materials had to be negotiated on an almost daily basis, and we found that obstacles could be smoothed out with reasoning and flexibility on both sides.



2010 was a year that brought many improvements to my house, but what it brought to our country, which is the home of all our people, is a much more serious tale, to be told another time.



I would like to end this, the first article I have written since my release, by expressing my deep appreciation of the support and friendship the Mainichi Shimbun has given me over two decades and by sharing with its readership an extract from a poem that had a special significance for my late husband and that I cherish for its abiding wisdom:



...yesterday is but a dream,


And tomorrow is only a vision;


But today, well lived,


Makes every yesterday a dream of happiness,


And every tomorrow a vision of hope.


Look well, therefore, to this day.


--from The Salutation to the Dawn based on a Vedic Hymn. (By Aung San Suu Kyi)


(Mainichi Japan) January 1, 2011

Read more...

အာရှခေါင်းဆောင်များရဲ့အဆင့်အတန်း

သြော်..ဖြစ်မှ၊ ဖြစ်ရလေ

မွန်ဇော်နိုင်၊ ဇန်နဝါရီ ၁၇၊ ၂၀၁၁

အာဖရိကတိုက်၊ အိုင်ဗရီကို့စ် နိုင်ငံသမ္မတ ရွေးကောက်ပွဲနဲ့ ယှက်နွှယ်ပြီး ရှုပ်ရှုပ်ထွေးထွေး ဖြစ်နေတာတွေကို ဖတ်ရှုကြားသိနေရတယ်ခင်ဗျ။ ဒီတော့မှ ကျနော်တို့ အာရှတိုက်က နိုင်ငံခေါင်းဆောင်ကြီးတွေရဲ့ အဆင့်အတန်းကို သတိပြုမိပြီး “သြော် .. ဖြစ်မှဖြစ်ရလေ” လို့ အားမလိုအားမရ၊ မအီမလည် ဖြစ်ရပါတော့တယ်ဗျာ။

ဇာတ်လမ်းက ဟောဒီလိုပါဗျ။ အိုင်ဗရီကို့စ်နိုင်ငံ သမ္မတရွေးကောက်ပွဲမှာ လက်ရှိသမ္မတက ရှုံးသွားပြီး အတိုက်အခံသမ္မတလောင်းက နိုင်သွားပါတယ်။ ရွေးကောက်ပွဲကော်မရှင်ကရော ရွေးကောက်ပွဲ စောင့်ကြည့်နေကြတဲ့ အာဖရိကနိုင်ငံများအပါအ၀င် ကုလသမဂ္ဂ၊ အမေရိကန်ပြည်ထောင်စု၊ ပြင်သစ်၊ အင်္ဂလန်တို့ကပါ အတိုက်အခံ သမ္မတလောင်း အနိုင်ရရှိကြောင်း အသိအမှတ်ပြုခဲ့ကြပါတယ်ခင်ဗျာ။

ဒါပေမယ့် လက်ရှိသမ္မတက သူရှုံးနိမ့်ကြောင်း လက်မခံဘဲ အာဏာ လွှဲပြောင်းပေးရမှာကို ငြင်းဆန်နေတယ်ခင်ဗျ။

ဒါကြောင့် အိုင်ဗရီကို့စ်နိုင်ငံရဲ့ အိမ်နီးချင်း သုံးနိုင်ငံက သမ္မတသုံးဦးဟာ ရှုံးနိမ့်သွားတဲ့သမ္မတက အနိုင်ရတဲ့သမ္မတလောင်းအား အာဏာလွှဲပြောင်းပေးဖို့ အိုင်ဗရီကို့စ်နိုင်ငံကို သွားရောက် တိုက်တွန်းပါတယ်။တိုက်တွန်းတာကို လက်မခံရင် သုံးနိုင်ငံစစ်တပ်ရဲ့ အင်အားကိုသုံးပြီး လက်ရှိသမ္မတကို ဖြုတ်ချမယ်လို့လည်း သတင်းတွေက ဆိုပါတယ်။


အနောက်အာဖရိက နိုင်ငံများအဖွဲ့ECOWASကလည်း အနိုင်ရအတိုက်အခံ ခေါင်းဆောင်သမ္မတလောင်းကို
အာဏာလွှဲပြောင်းပေးဖို့ တိုက်တွန်းနေပါတယ်။ လောလောဆယ် အိုင်ဗရီကို့စ်နိုင်ငံနဲ့ ဆက်ဆံရေးကိုလည်း ယာယီ ဖြတ်တောက်ထားပါတယ်။

ဓမ္မနဲ့အဓမ္မအပေါ် ပြတ်ပြတ်သားသား ခွဲခြားရပ်တည်ပြီး ဆုံးဖြတ်၊ အရေးယူ၊ ကူညီကြတဲ့ အာဖရိက ခေါင်းဆောင်များနဲ့ အာဖရိကပြည်သူများကို တွေ့ရတော့ ကျနော်တို့ အာရှတိုက်၊ အာရှနိုင်ငံ၊ အာရှခေါင်းဆောင်များနဲ့ မနှိုင်းယှဉ်ဘဲ မနေနိုင်တော့ပါဘူးခင်ဗျာ။

ကြည့်ကြပါဦးဗျာ။ ၁၉၉၀ ခုနှစ်က ကျင်းပခဲ့တဲ့ မြန်မာနိုင်ငံရွေးကောက်ပွဲမှာ NLD က မဲအပြတ်အသတ်နဲ့ အနိုင်ရခဲ့ပါတယ်။ သို့ပေမယ့် အာဏာသိမ်းစစ်အစိုးရကNLDကို အာဏာလွှဲပြောင်း ပေးအပ်ခြင်း မပြုခဲ့ပါဘူး။ဒါ့အပြင် ရွေးချယ်တင်မြှောက်ခံခဲ့ရတဲ့ ပြည်သူ့ကိုယ်စားလှယ်တွေကိုရော NLD ခေါင်းဆောင်တွေ အခြားအခြားသော နိုင်ငံရေးအင်အားစုများက နိုင်ငံရေးခေါင်းဆောင်တွေ၊ တက်ကြွလှုပ်ရှားသူတွေကိုပါ ဖမ်းဆီးထောင်ချခဲ့ပါတယ်။

ပြည်သူတွေရဲ့ ဆန့်ကျင်ကန့်ကွက်တဲ့ လှုပ်ရှားမှုတိုင်းကိုလည်း ဘုန်းကြီး ရဟန်းကိုတောင်မရှောင် ရက်ရက်စက်စက် မောင်းပြန်သေနတ်များနဲ့ ပစ်ခတ်သတ်ဖြတ်ပြီး ဖြိုခွဲခဲ့ပါတယ်။ ယနေ့ထက်တိုင် စစ်အာဏာရှင် ဗိုလ်ချုပ်တစုက နိုင်ငံ့အာဏာကို မတရား သိမ်းပိုက်ထားဆဲ နိုင်ငံရေးအကျဉ်းသားပေါင်း နှစ်ထောင်ကျော်ကို ဖမ်းဆီးအကျဉ်းချထားဆဲဆိုတာ တကမ္ဘာလုံး အသိပါခင်ဗျာ။

သို့ပေမယ့် ကျနော်တို့ရဲ့ အိမ်နီးချင်းများဖြစ်ကြတဲ့ ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံကြီးဆိုတဲ့ အိန္ဒိယနိုင်ငံ၊ ကမ္ဘာ့အဖိနှိပ်ခံ ပြည်သူတွေရဲ့တပ်ဦးပါတီပါလို့ ရင်ကော့ပြီး ကြီးစိုးအုပ်ချုပ်တဲ့ တရုတ်နိုင်ငံ၊ အာဆီယံအဖွဲ့ဝင် အိမ်နီးချင်း ၉ နိုင်ငံနဲ့ အခြားအာရှနိုင်ငံများဟာ မြန်မာနိုင်ငံက တရားမ၀င်တဲ့စစ်အစိုးရကို ယနေ့အထိ ဘယ်လိုတုန့်ပြန်ခဲ့ပါသလဲ။ ယနေ့အထိဘယ်လိုဆက်ဆံနေပါသလဲ။

ဒီနေရာမှာ ရွေးကောက်ပွဲရှုံးနိမ့်ပါလျက် အာဏာလွှဲပြောင်းပေးရန် ငြင်းဆန်နေတဲ့ လက်ရှိ အိုင်ဗရီကို့စ် သမ္မတကို အိမ်နီးချင်းနိုင်ငံများနဲ့ အာဖရိကတိုက်နိုင်ငံများက ဘယ်လိုတုန့်ပြန် အရးယူနေကြသလဲဆိုတဲ့ အချက်နဲ့ နှိုင်းယှဉ် ကြည့်လိုက်တော့ ကွာခြားလွန်းလှပါပကော ရပ်ကတို့။

တကယ်တော့ မြန်မာနိုင်ငံရဲ့ ပတ်ခြာလည်က နိုင်ငံ့ခေါင်းဆောင်တွေကို ကြည့်လိုက်တော့ လား..လား.. မြန်မာနိုင်ငံရဲ့ အနောက်ပိုင်းမှာက မဟတ္တမဂန္ဒီ နေရူး။ မြောက်ပိုင်းမှာက မော်စီတုန်း၊ ချူအင်လိုင်း၊ တိန်ရှောက်ပင်။ အရှေ့ဘက်မှာက ဟိုချီမင်း။ အရှေ့တောင်ဘက်မှာက ဆူကာနို၊ လီကွမ်းယု၊ မဟာသီယာ။“ဒိတ်” ဆိုတဲ့ခေတ်ပြိုင်ခေါင်း ဆောင်ကြီးတွေပါ။ ဟိုး ခေတ်နှောင်း ကမ္ဘာ့ အကျော်အမော်ကြီးတွေကလည်း မနည်းလှဘူးဗျ။ သို့ကလို ကမ္ဘာကျော်ခေါင်းဆောင်ကြီးများ ဦးဆောင်ခဲ့တဲ့ အိမ်နီးချင်းနိုင်ငံတွေရဲ့ အလယ်ခေါင်မှာ တည်ရှိတာက မြန်မာနိုင်ငံပါနော်။

ဒါပေမယ့်... ဒါပေမယ့်.. အဲ…။

ယနေ့တိုင် ဖြေရှင်းမရသေးတဲ့ မြန်မာ့အရေးအခင်းမှာ အိမ်နီးချင်းနိုင်ငံများရဲ့ လက်ရှိနိုင်ငံ့ခေါင်းဆောင်များဟာ ဓမ္မနဲ့အဓမ္မတရားအပေါ် ခွဲခြားရပ်တည်ခြင်း မပြုနိုင်သေးတာ.. အံ့ပါ့ဗျာ။ နိုင်ငံ့အာဏာကို မတရားသိမ်းထားတဲ့ စစ်အစိုးရ စစ်အာဏာရှင် ဗိုလ်ချုပ်တွေက ပြည်သူတွေကို မတရားဖမ်းဆီး အကျဉ်းချ သတ်ဖြတ်နေတာ။ ဗိုလ်ချုပ်တွေခြစား လာဘ်စားလို့ နိုင်ငံစီးပွားရေးပျက်ပြီး ပြည်သူတွေ ဒုက္ခဆင်းရဲရောက်ရတာ။ ဒါတွေကို သူတို့ကမြန်မာ့ပြည်တွင်းရေးပါ..တဲ့။ သူတို့ရဲ့တရားက “တနိုင်ငံရဲ့ ပြည်တွင်းရေးကို အခြားတနိုင်ငံက ၀င်မစွက်ရ”ပါ.. တဲ့။ ထားပါတော့..။ ထားလိုက်ပါတော့..။

အခြားတဘက်မှာကျပြန်တော့ အနောက်ဘက်၊ မြောက်ဘက်၊ အရှေ့ဘက်က အိမ်နီးချင်းကောင်းတွေပါဆိုတဲ့
နိုင်ငံတွေဟာ စစ်အာဏာရှင်ဗိုလ်ချုပ်တွေကို လူမိုက်အားပေး ပုလင်းတူဘူးဆို့ လုပ်ပြီး မြန်မာ့ရေမြေတောတောင် သယံဇာတတွေကို “သူ့ထက်ငါဦး” သယ်ထုတ်နေကြတာ မမြင်ချင့်အဆုံး၊ မကြားချင့်အဆုံး၊ မသိချင့်အဆုံးပါဗျ။ ယခုထက်တိုင် သယ်လို့ကို မ၀နိုင်၊ မဆုံးနိုင်သေးပါကလားဗျာ။

ဒီတော့ “ပြည်တွင်းရေး”၊ “ပြည်တွင်းရေး၊ ၀င်မစွတ်ရေး” ဆိုတာကို အရင်းစစ်ကြည့်လိုက်တော့ တရားတာ၊ မတရားတာ၊ အသာထား။ဓမ္မ၊ အဓမ္မဆိုတာ၊ ဘေးချိတ်။ ကိုယ်ကျိုးစီးပွားချမ်းသာဖို့သာ၊ အဓိက။ဘယ်သူသေသေ၊ ငတေမာပြီးရော..။ ဒါမျိုးတွေချည့်ဖြစ်နေလေတော့ ကျနော်တို့ အာရှတိုက် နိုင်ငံ့ခေါင်းဆောင်များရဲ့ အတွေး၊ အမြင် စိတ်နေသဘောထား ကိုယ်ကျင့်သိက္ခာ သီလ သမာဓိဆိုတာတွေဟာ မွန်မြတ်၊ သန့်စင်၊ မြင့်မားတယ်လို့ ဆိုနိုင်ပါ့မလားဗျာ။

လောလောလတ်လတ်မှာ အိုင်ဗရီကို့စ်နိုင်ငံရဲ့ အရေးအခင်းကို တွေ့နေရတော့ စစ်အာဏာရှင် စစ်ဖိနပ်အောက်မှာ ပြားပြားဝပ် ဒုက္ခခံစားနေရတဲ့ မြန်မာပြည်သား တယောက်အနေနဲ့ အဆင့်အတန်းမြင့်မားပါတယ်ဆိုတဲ့ သဘောနဲ့ အာရှယဉ်ကျေးမှု Asia Value လို့ အသံလွှင့် ၀င့်ကြွားနေကြကုန်သော အာရှတိုက် နိုင်ငံ့ခေါင်းဆောင်များရဲ့ အဆင့်အတန်းဆိုတာ “သြော်..ဖြစ်မှ၊ ဖြစ်ရလေ” လို့ ဝေဖန်သုံးသပ်သမှု ပြုရကြောင်းပါခင်ဗျား။ ကျနော်တို့ မြန်မာတွေရဲ့နေရာမှာ ကိုယ်ချင်းစာစိတ်နဲ့ ခဏကလေးမျှ ၀င်ရောက်နေရာယူ ကြည့်ကြပါလို့လည်း မေတ္တာရပ်ခံ တိုက်တွန်းရကြောင်းပါခင်ဗျား။ ။

Read more...

ဂျပန်နိုင်ငံရှိ အလှူရှင်များအားလုံးနှင့် မြန်မာပြည်သူများ အားလုံးသိစေရန်

အလှူရှင်များအားလုံးနှင့် မြန်မာပြည်သူများ အားလုံးသိစေရန်

နာရေးကူညီမှုအသင်း (ရန်ကုန်) မှ ဖွင့်လှစ်ထားသော “သုခ”ကုသိုလ်ဖြစ်ဆေးခန်း၏ မျက်စိကုသခွဲစိတ်ခန်း တွင် အသုံးပြုနိုင်ရန်အတွက် ဂျပန်နိုင်ငံတွင် ရောက်ရှိနေသော မြန်မာပြည်သူများထံမှ ပထမအကြိမ်အဖြစ် မြန်မာကျပ်ငွေ ငါးဆယ့်ခုနှစ်သိန်း၊ ခုနှစ်သောင်း၊ ငါးထောင် (၅၇,၇၅,၀၀၀ိ/) နှင့် အမေရိကန်ဒေါ်လာ ငါးရာ (USD500) ကို ၂၀၁၁ခုနှစ်၊ ဇန္န၀ါရီလ ၁၁ရက်နေ့ က ဦးကျော်သူထံသို့ ပေးအပ်လှူဒါန်းလိုက်ပြီဖြစ်ကြောင်း အလှူရှင်များအားလုံးနှင့် မြန်မာပြည်သူများအားလုံးထံ အသိပေးအကြောင်းကြားအပ်ပါသည်။

အလှူငွေများကို တာဝန်ယူကောက်ခံပေးသူများ
(၁) ဦးစန္ဒိမာ (+၈၁) ၉၀ ၈၅၁၈ ၉၁၃၈
(၂) ဦးသြဘာသ (+၈၁) ၈၀ ၄၁၇၁ ၉၃၃၃
(၃) The Bliss Foundation (+၈၁) ၈၀ ၄၁၃၃ ၃၁၂၈

ဆက်လက် လှူဒါန်းလိုသူများအနေဖြင့် အောက်ပါ လိပ်စာများအတိုင်း ဆက်သွယ် လှူဒါန်းနိုင်ကြောင်း သတင်းကောင်း ပါးအပ်ပါသည်။

ဂျပန်နိုင်ငံအတွင်းမှ လှူဒါန်းလိုသူများသို့

ဂျပန်နိုင်ငံအတွင်းမှ လှူဒါန်းလိုသူများအနေဖြင့် အောက်ပါ ပုဂ္ဂိုလ်များမှ တာဝန်ယူလက်ခံ၍ လှူဒါန်းငွေများကို ရန်ကုန်ရှိ FFSS ရုံးသို့ လွှဲပြောင်းပေးပို့ပေးပါမည်။ ပစ္စည်းတိုက်ရိုက် လှူဒါန်းလိုသူများအတွက် ရန်ကုန် FFSS ရုံးနှင့်ညှိနှိုင်းပြီး သီးခြားစီစဉ်ဆောင်ရွက်ပေးပါမည်။

(၁) ဦးစန္ဒိမာ (Ph: 090 8518 9138, email: vcdma2006@gmail.com)

(၂) ဦးသြဘာသ (Ph: 080 4171 9333, email: mcwanmtba@gmail.com)

(၃) The Bliss Foundation (Ph: 080 4133 3128, email: vimuttisukha@gmail.com)

(1) BANK NAME = SUMITOMO MITSUI BANKING CORPORATION
BRANCH NAME = SUGAMO BRANCH

BANK' S ADDRESS = 2-11-1, Sugamo Toshima-ku,Tokyo, Japan,
BANK CODE = SMBC JP JT
(=BIC CODE)=SWIFT CODE)
A/C NO. = 693 - 7194250

(2) BANK NAME = JP POSTOFFICE BANK (ゆうちょ銀行)
BRANCH NAME = TAKADANOBABA BRANCH
A/C NO. = 10050 - 8246721


ငွေမလွှဲမီနှင့် ငွေလွှဲပြီးချိန်တွင် ဖုန်း (သို့) အီးမေးလ်ပို့၍ အသိပေးအကြောင်းကြားပေးပါရန် မေတ္တာရပ်ခံပါသည်။

လေးစားစွာဖြင့်

The Bliss Foundation

Read more...

ဧည့်သည်တော်များ


visit counter

ဝေဖန်မှုနှင့်အကြံပြုမှုကို ဖိတ်ခေါ်လျက်...

အင်တာနက် လိုင်းကောင်းလား?

© copyright 2011 by F.E.F.F
Managed By The Bliss Foundation (Tokyo, Japan)
Email: tabataprince@gmail.com
(၀၁-၁၂-၂၀၀၉) တွင် စတင်သည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP