Showing posts with label ကျန်းမာရေး. Show all posts
Showing posts with label ကျန်းမာရေး. Show all posts

Tuesday, January 18, 2011

ဂျပန်နိုင်ငံရှိ အလှူရှင်များအားလုံးနှင့် မြန်မာပြည်သူများ အားလုံးသိစေရန်

အလှူရှင်များအားလုံးနှင့် မြန်မာပြည်သူများ အားလုံးသိစေရန်

နာရေးကူညီမှုအသင်း (ရန်ကုန်) မှ ဖွင့်လှစ်ထားသော “သုခ”ကုသိုလ်ဖြစ်ဆေးခန်း၏ မျက်စိကုသခွဲစိတ်ခန်း တွင် အသုံးပြုနိုင်ရန်အတွက် ဂျပန်နိုင်ငံတွင် ရောက်ရှိနေသော မြန်မာပြည်သူများထံမှ ပထမအကြိမ်အဖြစ် မြန်မာကျပ်ငွေ ငါးဆယ့်ခုနှစ်သိန်း၊ ခုနှစ်သောင်း၊ ငါးထောင် (၅၇,၇၅,၀၀၀ိ/) နှင့် အမေရိကန်ဒေါ်လာ ငါးရာ (USD500) ကို ၂၀၁၁ခုနှစ်၊ ဇန္န၀ါရီလ ၁၁ရက်နေ့ က ဦးကျော်သူထံသို့ ပေးအပ်လှူဒါန်းလိုက်ပြီဖြစ်ကြောင်း အလှူရှင်များအားလုံးနှင့် မြန်မာပြည်သူများအားလုံးထံ အသိပေးအကြောင်းကြားအပ်ပါသည်။

အလှူငွေများကို တာဝန်ယူကောက်ခံပေးသူများ
(၁) ဦးစန္ဒိမာ (+၈၁) ၉၀ ၈၅၁၈ ၉၁၃၈
(၂) ဦးသြဘာသ (+၈၁) ၈၀ ၄၁၇၁ ၉၃၃၃
(၃) The Bliss Foundation (+၈၁) ၈၀ ၄၁၃၃ ၃၁၂၈

ဆက်လက် လှူဒါန်းလိုသူများအနေဖြင့် အောက်ပါ လိပ်စာများအတိုင်း ဆက်သွယ် လှူဒါန်းနိုင်ကြောင်း သတင်းကောင်း ပါးအပ်ပါသည်။

ဂျပန်နိုင်ငံအတွင်းမှ လှူဒါန်းလိုသူများသို့

ဂျပန်နိုင်ငံအတွင်းမှ လှူဒါန်းလိုသူများအနေဖြင့် အောက်ပါ ပုဂ္ဂိုလ်များမှ တာဝန်ယူလက်ခံ၍ လှူဒါန်းငွေများကို ရန်ကုန်ရှိ FFSS ရုံးသို့ လွှဲပြောင်းပေးပို့ပေးပါမည်။ ပစ္စည်းတိုက်ရိုက် လှူဒါန်းလိုသူများအတွက် ရန်ကုန် FFSS ရုံးနှင့်ညှိနှိုင်းပြီး သီးခြားစီစဉ်ဆောင်ရွက်ပေးပါမည်။

(၁) ဦးစန္ဒိမာ (Ph: 090 8518 9138, email: vcdma2006@gmail.com)

(၂) ဦးသြဘာသ (Ph: 080 4171 9333, email: mcwanmtba@gmail.com)

(၃) The Bliss Foundation (Ph: 080 4133 3128, email: vimuttisukha@gmail.com)

(1) BANK NAME = SUMITOMO MITSUI BANKING CORPORATION
BRANCH NAME = SUGAMO BRANCH

BANK' S ADDRESS = 2-11-1, Sugamo Toshima-ku,Tokyo, Japan,
BANK CODE = SMBC JP JT
(=BIC CODE)=SWIFT CODE)
A/C NO. = 693 - 7194250

(2) BANK NAME = JP POSTOFFICE BANK (ゆうちょ銀行)
BRANCH NAME = TAKADANOBABA BRANCH
A/C NO. = 10050 - 8246721


ငွေမလွှဲမီနှင့် ငွေလွှဲပြီးချိန်တွင် ဖုန်း (သို့) အီးမေးလ်ပို့၍ အသိပေးအကြောင်းကြားပေးပါရန် မေတ္တာရပ်ခံပါသည်။

လေးစားစွာဖြင့်

The Bliss Foundation

Read more...

Friday, December 10, 2010

HIV / AIDS People with Hope

Read more...

Thursday, September 30, 2010

သိထားသင့်သော ကျန်းမာရေးဆိုင်ရာ ဗဟုသုတလေးများ


ရေးသားသူ — ဇော်လင်းမြင့် (ဆေး/မန်း)
Ref: Self-Checks before Breakfast
(Woman Health Magazine)



လူသားတို့၏ခန္ဓာကိုယ်သည် အံ့သြဖွယ်စွမ်းရည်များဖြင့် ဖွဲ့စည်းတည်ဆောက်ထားပါသည်။ ထိုစွမ်းရည်များထဲမှ တစ်ခုသည် နာမကျန်းဖြစ်နေပြီဆိုပါက ထိုအကြောင်းကို ခန္ဓာကိုယ်၏ အစိတ်ပိုင်း တစ်ခုခုက ပြသနေတတ်ခြင်းပင်ဖြစ်သည်။



နံနက်ခင်းမျက်နှာသစ်ပြီးစအချိန်တွင် လူသားတိုင်း တစ်ကြိမ်တော့ မှန်ကြည့်မိတတ်ကြပါသည်။ ထိုအချိန်မျိုးတွင် အချိန် အနည်းငယ်မျှပေး၍ ကြေးမုံပြင်တွင်ထင်ဟပ်နေသော မိမိတို့၏ ခန္ဓာကိုယ်အစိတ်အပိုင်းပုံရိပ်များကို ကြည့်ရှုစစ်ဆေးပေးခြင်းဖြင့် ကျန်းမာရေးယိုယွင်းလာမှု၏ အစောပိုင်းလက္ခဏာများကို သိမြင် လာနိုင်သည်ဟု ကျန်းမာရေးဆိုင်ရာပညာရှင်တို့ ဆိုကြပါသည်။ ထိုအချိန်မျိုးတွင် မိမိခန္ဓာကိုယ်မှ- (၁)လက်သည်း (၂)ချိုင်း (၃)မျက်ခွံ၊ ဒူးခေါင်းနှင့် တံတောင်ဆစ် (၄)ဦးရေပြား (၅)ဝမ်းဗိုက် (၆)လျှာ (၇)မျက်စိ တို့ကို ကြည့်ရှုစစ်ဆေးသင့်ကြောင်း ပညာရှင်တို့အကြံပြုထားပါသည်။




(၁)လက်သည်း လူသားတို့၏အရေပြားတွင် ခုံးထနေသောမှဲ့များ တွေ့ရ တတ်ပါသည်။ ထိုမှဲ့များသည် အရေပြားကင်ဆာ၏ ရှေးဦးသင်္ကေတ ဖြစ်နိုင်ပါသည်။ မှဲ့ကင်ဆာသည် လက်သည်း၏အောက်ဖက်တွင်လည်း ဖြစ်ပွားနိုင်ပါသည်။ လက်သည်းပေါ်မှ အဝါရောင်၊ အညိုရောင်၊ အမည်းရောင်အစင်းများသည် အရေပြားကင်ဆာ၏ ရှေးဦးပုံရိပ်ဖြစ် နေတတ်ပါသည်။ အဘယ်ကြောင့်ဆိုသော် ထိုအစင်းများသည် မှဲ့ကင်ဆာကြောင့် ဆဲလ်များထိခိုက်ပျက်စီးရာမှ ဖြစ်ပေါ်လာတတ် သောကြောင့်ဖြစ်သည်။ မှဲ့ကင်ဆာသည် အရေပြားကင်ဆာများ ထဲတွင် အသေအပျောက်အများဆုံးသောရောဂါ ဖြစ်သည်ဟု နယူးယောက်စီးတီးမှ အရေပြားအထူးကုဒေါက်တာ အေရီအော့စတိ က ဆိုပါသည်။ သို့ရာတွင် စောစီးစွာသိရှိကုသနိုင်ပါက ၉၅ရာခိုင်နှုန်းမှာ ပျောက်ကင်းနိုင်ပါသည်။ ထို့ကြောင့် လက်သည်းများကို ကြည့်ရှု စစ်ဆေးပေးခြင်းဖြင့် အထက်ပါအချက်များကို စောစီးစွာသိနိုင်မည် ဖြစ်သည်။ လက်သည်းပေါ်တွင် အဖြူအစင်းများရှိနေပြီး ပင်ပန်း နွမ်းနယ်မှုဒဏ်ကို ခန္ဓာကိုယ်ကခံစားနေရပြီဆိုပါက သတိထားသင့် ပါသည်။ အဘယ်ကြောင့်ဆိုသော် ထိုအချက်သည် ကျောက်ကပ်များ လုပ်ဆောင်မှုအားနည်းရာမှ ဖြစ်ပေါ်လာတတ်သော သင်္ကေတ ဖြစ်နိုင်သောကြောင့်ဖြစ်သည်။ ထိုအဖြူစင်းများသည် ဆီးတွင် ပါသွား သော အသားဓာတ်များကို ကျောက်ကပ်က ပြန်လည်စုပ်ယူမထား နိုင်ခြင်းသင်္ကေတဖြစ်သည်ဟု ဒေါက်တာအော့စတိကဆိုပါသည်။ ဆိုလိုသည်မှာ ခန္ဓာကိုယ်သည် အသားဓာတ်ထိန်းသိမ်းထားနိုင်မှုထက် ဆုံးရှုံးမှုကပိုများနေကြောင်း၊ ကျောက်ကပ်များလုပ်ဆောင်မှု အားနည်း နေကြောင်းကို ညွှန်ပြခြင်းဖြစ်သည်။ ထို့ကြောင့် ဆရာဝန်နှင့်ပြသကာ ဆီးစစ်ရန်လိုအပ်ကြောင်းညွှန်ပြနေသော အမှတ်အသားဟု ဆိုရ မည်ဖြစ်သည်။



(၂)ချိုင်း တစ်ခါတရံ ချိုင်းတွင် ကြမ်းတမ်းသောအမည်းကွက်များ မြင်တွေ့ရလေ့ရှိပါသည်။ နေရောင်ဒဏ်ခံအဆီ သုတ်လိမ်းထားခြင်း ကြောင့်မဟုတ်ပါက ထိုသင်္ကေတသည် ဆီးချို၊ သွေးချိုရောဂါရှိနေခြင်း သင်္ကေတဖြစ်နိုင်သည်ဟု Web MD's Chief Editor ဒေါက်တာ မိုက်ကယ်စမစ်က ဆိုပါသည်။ သွေးထဲတွင် အင်ဆူလင်အမြောက်အများရှိနေခြင်းသည် အရေပြားဆဲလ်များကို လျင်မြန်စွာကွဲပြားစေပြီး တစ်ရှုးနှင့်မယ်လနင် ဓာတ်ဖြစ်ပေါ်နှုန်း မြင့်မားစေပါသည်။ ထိုအခါ အရေပြားသည် ကြမ်းတမ်းပြီး ပိုမည်းလာပါသည်။ အများအားဖြင့် ချိုင်းကြား၊ လည်ပင်း၊ ပေါင်ခြံများတွင် အမည်းကွက်များ တွေ့ရတတ်သည်ဟု ဒေါက်တာ မိုက်ကယ်စမစ်ကဆိုပါသည်။ ထို့ကြောင့် ချိုင်းတွင် ကြမ်းတမ်းသော အမည်းကွက်များတွေ့ရပါက ဆီးချို၊ သွေးချိုရောဂါရှိမရှိကို စစ်ဆေးသင့် ကြောင်း အကြံပြုပါသည်။ ဆီးချို၊ သွေးချိုရောဂါသည် ရောဂါဖြစ်ပွား နေကြောင်းကို အများအားဖြင့် မသိရှိကြသောရောဂါဖြစ်သည်။




(၃)မျက်ခွံ၊ ဒူးခေါင်းနှင့် တံတောင်ဆစ် မျက်ခွံ၊ ဒူးခေါင်းနှင့် တံတောင်ဆစ်တို့တွင် သေးငယ် ပျော့ပြောင်းသော အဖြူရောင်(သို့မဟုတ်) ဝါကျင်ကျင်အလုံးလေးများ တွေ့ရလျှင် သတိထားသင့်သည်ဟု ဒေါက်တာစမစ်ကဆိုပါသည်။ ထိုအလုံးကလေးမျာကိုလည်းတွေ့ရ၊ တစ်ချိန်တည်းမှာပင် ခန္ဓာကိုယ်တွင် ကိုလက်စထရောပမာဏလည်း မြင့်တက်နေပါက အသက်အန္တရာယ်ရှိနိုင်သော နှလုံးရောဂါ၏ လက္ခဏာဖြစ်သည်။ ထိုလက္ခဏာကို သိရှိမြင်တွေ့ရပါက ကျွမ်းကျင်သူဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးသင့်သည်ဟုလည်း ဒေါက်တာစမစ်က ဆိုထားပါသည်။



(၄) ဦးရေပြား ဦးရေပြားအရေခွံများ ကျွတ်နေသည်ကို တွေ့ရပါက ထို လက္ခဏာသည် စိတ်ဖိစီးမှု၏လက္ခဏာဖြစ်သည်ဟု ဒေါက်တာစမစ်က ဆိုပါသည်။ ပြင်းထန်သော စိတ်ဖိစီးမှုသည် ခန္ဓာကိုယ်မှ ကော်တီဆုန်း ဟော်မုန်းကို အများအပြားထွက်စေသည်။ ကော်တီဆုန်းဟော်မုန်း သည် ကိုယ်ခန္ဓာခုခံအားနှင် ဇီဝလုပ်ဆောင်မှုတို့ကို ပျက်ပြားစေသည့် အပြင် ဦးရေပြားကိုလည်း သွေ့ခြောက်စေသည်။ ဦးရေပြားသွေ့ခြောက် ပြီး အရေခွံများကျွတ်ခြင်းသည် ဗောက်ပျောက်စေသော ခေါင်း လျှော်ရည်များသုံးစွဲခြင်းဖြင့် ခေတ္တပျောက်ကင်းစေနိုင်သော်လည်း လုံးဝပျောက်ကင်းသက်သာစေရန်မူ ဝလင်စွာအိပ်စက်ခြင်း၊ အသက် ပြင်းပြင်းရှုရှိုက်ခြင်း၊ အလုပ်မှခေတ္တအနားယူခြင်းတို့ပြုလုပ်ရန် လိုအပ် ပါသည်။



(၅)ဝမ်းဗိုက် အမျိုးသမီးများတွင် ဆီးခုံအောက်ဖက်ပိုင်း၌ အမွေးနုများ ပေါက်လေ့ရှိသည်မှာ သဘာဝပင်ဖြစ်သည်။ သို့ရာတွင် အမွေးနုများ မဟုတ်ဘဲ အမွေးကြမ်းများ ဆီးခုံတစ်လျှောက်တွင်မကဘဲ ဝမ်းဗိုက် အပေါ်ထိပါ ပေါက်လာပါက မျိုးဥအိမ်တွင် အရည်အိတ်များစွာ ဖြစ်ပေါ် ခြင်းကြောင့်ဖြစ်သော ရောဂါလက္ခဏာစုထဲမှ တစ်ခုဖြစ်နိုင်ကြောင်း တက္ကဆက်ဆေးတက္ကသိုလ် သားဖွားနှင့်မီးယပ်ဌာန ဒေါက်တာ ပါမာလဘီရင်ကဆိုပါသည်။ ကျားဟော်မုန်း အများအပြားထုတ်လုပ်မှုကြောင့် သွေးဆင်း များခြင်း၊ ကိုယ်အလေးချိန်တိုးခြင်း၊ ဝက်ခြံပေါက်ခြင်း၊ ဝမ်းဗိုက်၊ မျက်နှာ၊ ရင်ဘတ်နှင့်နောက်ကျောများတွင် အမွေးကြမ်းများပေါက်ခြင်း တို့ဖြစ်ပေါ်တတ်ပါသည်။ ထိုရောဂါလက္ခဏာများ ဖြစ်ပေါ်နေသော အမျိုးသမီး(၁ဝ)ဦးတွင် (၅)ဦးသည် မျိုးမပွားနိုင်ခြင်းနှင့် နှလုံးရောဂါ ကဲ့သို့သော ရောဂါအန္တရာယ်များ ကြုံတွေ့ရတတ်ပါသည်။ ထိုလက္ခဏာများဖြစ်ပေါ်ပါက သားဖွားနှင့်မီးယပ်ဆရာဝန်နှင့် ပြသသင့်ပြီး ဟော်မုန်းပမာဏထိန်းညှိရန် လိုအပ်ပါသည်။




(၆)လျှာ လျှာသည် ပုံမှန်အရောင်အဆင်းမဟုတ်ဘဲ အဖြူရောင် ဆေးသုတ်ထားသကဲ့သို့ ဖြူဆွတ်ဆွတ်ဖြစ်နေပါက အိပ်မောကျနေစဉ် အတွင်း အစာအိမ်မှအစာများ နောက်ပြန်ဖိတ်စင်မှုကြောင့်ဖြစ်နိုင်သည် ဟု ဒေါက်တာဖရိုင်ဟိုမာကဆိုသည်။ ပုံမှန်အားဖြင့် အစာမျိုပြွန် အောက်ခြေရှိ တစ်ဖက်ပွင့်အဆို့ရှင်သည် အစာအိမ်အတွင်းသို့ ရောက်ပြီးသောအစာများကို နောက်ပြန်မဖိတ်စင်အောင် ပြုလုပ်ပေး သည်။ ထိုအဆို့ရှင်မလုံသောအခါ အစာခြေအက်ဆစ်များ ခံတွင်း ဘက်သို့နောက်ပြန်ဖိတ်စင်သောကြောင့် လည်ချောင်းကွဲပြီး လျှာမှာ လည်း အက်ဆစ်များဖြင့် ဖုံးအုပ်နေကာ အဖြူရောင်ဖြစ်၍ ခံတွင်းနံ့ လည်း ဆိုးရွားနေပါလိမ့်မည်။ ထိုရောဂါလက္ခဏာကို ပျောက်ကင်းစေရန် အက်ဆစ် ပြေဆေးသောက်သုံးခြင်း၊ (သို့မဟုတ်)အက်ဆစ်များသော အစား အစာ၊ ပူစပ်သောအစားအစာတို့ကို ရှောင်ကြဉ်ခြင်းဖြင့် ကုသနိုင် ပါသည်။ မသက်သာပါက ဆရာဝန်နှင့်ပြသရန်လိုအပ်ပြီး ခန္ဓာကိုယ် အတွင်းမှ အက်ဆစ်ထုတ်လုပ်မှုလျှော့ချရန်ဆေးဝါးများ သောက်သုံး သင့်ပါသည်။



(၇)မျက်စိ တစ်ခါတစ်ရံတွင် ရုတ်တရက် မျက်ကွင်းညိုလာတတ်ပါ သည်။ မျက်ကွင်းညိုရခြင်းတွင် အကြောင်းအရင်းများစွာရှိတတ်ပါ သည်။ ညဥ့်နက်သန်းခေါင်တိုင်အောင် အလုပ်လုပ်ရသောအခါတွင် လည်း မျက်ကွင်းညိုတတ်ပါသည်။ ထိုသို့မဟုတ်ပါလျှင် ရုတ်တရက် မျက်ကွင်းညိုလာမှုသည် ဓာတ်မထည့်မှုကြောင့် ဖြစ်နိုင်ပါသည်။ လူ့ ခန္ဓာကိုယ်သည် ဓာတ်မတည့်ပစ္စည်းနှင့် တွေ့ဆုံပါက ဟစ္စတမင်း ဟူသည့် ဓာတုပစ္စည်းတစ်မျိုးထွက်ရှိပါသည်။ ထိုဓာတုပစ္စည်းသည် သွေးကြောများကို သွေးနှင့်အခြားအရည်များဖြင့် ဖောရောင်စေပြီး အရေပြား၏ အပါးလွှာဆုံးနေရာတွင် အမည်းကွက်များ ဖြစ်ပေါ်စေပါ သည်။ ထိုသို့ မျက်ကွင်းညိုလာပါက အရေပြားဆိုင်ရာ စစ်ဆေးမှု ပြုလုပ်ခြင်းဖြင့် မျက်ကွင်းညိုခြင်းဖြစ်စေသော ဓာတ်မတည့်သည့် ပစ္စည်းကို သိရှိကုသနိုင်ပါသည်။ တစ်ခါတစ်ရံတွင် မျက်သားအဖြူပေါ်၌ အနည်းငယ်ကြွတက် နေသော အဖုလေးတွေ့ရတတ်ပါသည်။ သာမန်အားဖြင့် အန္တရာယ်မရှိ သော မျက်သားတက်ခြင်းဖြစ်နိုင်ပါသည်။ နေရောင်၊ လေ၊ ဖုန်မှုန့်များ ကြောင့် ဆက်သွယ်တစ်ရှုးများ အလွန်အမင်းကြီးထွားလာခြင်းဖြစ် သည်ဟု မျက်စိအထူးကုဒေါက်တာ ထရေစီဂိုးစတိန်းက ဆိုပါသည်။ ထိုအဖုလေး ဆက်လက်ကြီးထွားမလာစေရန် မျက်စိစိုစွတ် နေစေမည့် မျက်စဉ်းကို အသုံးပြုရမည်ဖြစ်ပြီး အပြင်ထွက်လျှင် နေကာ မျက်မှန်တပ်ရန် လိုအပ်ပါသည်။ နံနက်ခင်းမျက်နှာသစ်ပြီးချိန်တိုင်းတွင် မျက်ခုံးမွေးနှုတ်ရုံ၊ ဝက်ခြံညှစ်ရုံသာမပြုလုပ်ဘဲ မိမိခန္ဓာကိုယ်အစိတ်အပိုင်းများကို ကြည့်ရှု စစ်ဆေးပေးခြင်းဖြင့် အရေးကြီးသော ကျန်းမာရေးဆိုင်ရာ သတင်း အချက်အလက်များကို ရှာဖွေကြည့်နိုင်ကြပါစေ။



Posted by အောင်ခိုင် (မန်း) at
http://burmainfokorea.blogspot.com/

Read more...

ကလီယိုပါထရာထက် ပိုလှသွားမယ်

Written by ၀င်းနိုင်ဦး


ဒီတစ်ပတ်မှာတော့ အလှအပရေးရာ ဘာညာသာရကာ စပ်မိရာလေးတွေကို တင်ဆက် လိုက်ပါတယ် ၊ မျက်နှာမှာလိမ်းဖို့ ဒါမှမဟုတ် မျက်နှာဖုံး (mask) လေးတွေလိုမျိုး လုပ်ပြီး ထိန်းသိမ်းတဲ့နည်းတွေကို နောက်အလျဉ်းသင့်တဲ့ အခါမှာ ဆက်တင်ပေးပါ့မယ်.. မျက်နှာသစ်ဖို့ နည်းလမ်းလေးတွေကို တင်ဆက်လိုက်ပါတယ် ။



၁. ဆန်ဆေးရေနဲ့မျက်နှာသစ်ပါ



သိပ်လွယ်ပြီး မထူးဆန်းတဲ့ ပစ္စည်းမို့ နောက်ပြောင်ပြီး ပြောနေတာလားလို့တောင် ထင်ကောင်း ထင်ပါလိမ့်မယ် ဒါပေမယ့် ဂျပန် ၊ ကိုရီးယား နဲ့ဗီယက်နမ် တို့မှာ ဒီနည်းကို သုံးနေတာ ရာစုနှစ်ပေါင်း များစွာရှိနေပြီလို့ သိရပါတယ် ၊ ဖြူဖွေးနေအောင် ဖွတ်ပြီးသားဆန်ထက် ပိုပြီး အမှေးခွံလေးတွေ ရှိနေတဲ့ ဆန်က ပိုကောင်းပါတယ် ၊ အဲဒီအမှေးခွံလေးတွေမှာ အသားအရေ အတွက်ကောင်းတဲ့ အဟာရဓါတ်တွေ ပိုပြီးပါဝင်နေလို့ပါပဲ ၊ အဲဒီမှာပါတဲ့ Phytic acid ဆိုတဲ့ဓါတ်ဟာ အသားအရေကို ကောင်းစေတဲ့ antioxidant တစ်မျိုးဖြစ်ပါတယ် ။



ဆန်ဆေးရေနဲ့ မျက်နှာသစ်တဲ့အတွက် သီတင်းပတ် အနည်းငယ်အတွင်းမှာပဲ အကျိုးကျေးဇူးတွေ ရနိုင်ပါတယ်၊ အဲဒါတွေကတော့ မျက်နှာမှာ အရေးအကြောင်းတွေ မပေါ်လာဖို့ တားဆီးပေးတယ် ၊ အစက်အပျောက်တွေကို ပျောက်ကင်းစေတယ် ၊ မွှေးညှင်းပေါက်ကလေးတွေရဲ့ အတွင်းပိုင်းအထိ သန့်ရှင်းစေတယ် ၊ အရေပြားပေါ်က အဆီဓါတ် ထုတ်လုပ်မှုကို မှန်ကန်စေတယ် ၊ ချောမွေ့ စိုပြေပြီး ဖြူဖွေးဝင်းပစေပါတယ် ( prevent wrinkles, heal blemishes, deep cleanses the pores, regulates oil secretion, and smoothes and moisturizes the complexion.) ။



ဂျပန်အမျိုးသမီးတွေက အသားအရေ ထိန်းသိမ်းဖို့ ရေချိုးတဲ့အခါ ရေစိမ်ကန်ထဲကို အ၀တ်နဲ့ ထုပ်ထားတဲ့ ဆန်အိပ်သေးသေးလေးတွေ ကြိုတင်ထည့်ထားပြီးမှ အဲဒီရေနဲ့ ရေစိမ်ချိုးကြပါတယ် ၊ ရေချိုးဖို့သုံးတဲ့ ဆန်ထုပ်ကလေးတွေကို အလွယ်တကူ ၀ယ်လို့ ရနိုင်တယ်လို့ သိရပါတယ် ။



ကိုရီးယားမလေးတွေကတော့ ဆန်ဆေးရေနဲ့ မျက်နှာသစ်ကြတယ် ၊ ကျနော် ကိုယ်တိုင်လည်း ကိုရီးယားရုပ်သံ အင်တာဗျူး တချို့မှာ ကြည့်ရပါတယ် ၊ အလှဖန်တီးရှင် တွေကလည်း ဆန်ဆေးရေနဲ့မျက်နှာသစ်တာ ကောင်းတယ်ဆိုတဲ့အကြောင်း ပြောကြတယ် ၊ အခု အနောက်နိုင်ငံတွေမှာ တောင်မှ ကိုရီးယားတွေလိုပဲ ဆန်ဆေးရေနဲ့ မျက်နှာသစ်တာ ခေတ်စားနေတယ် ၊ အံ့သြစရာ ကောင်းတာကတော့ ကျနော်တို့ အာရှ အမျိုးသမီးတွေက အနောက် နိုင်ငံတွေကနေ ထုတ်တဲ့ အလှကုန် ပစ္စည်းတွေကို မက်မက်မောမော သုံးနေကြတဲ့ အချိန်မှာ အနောက်နိုင်ငံသူတွေက အရှေ့တိုင်းရိုးရာ သဘာဝ အသားအရေ ထိန်းသိမ်းနည်းတွေကို ပြန်သုံးနေကြတယ် ။



ကိုရီးယားတွေ ကတော့ ဆန်နဲ့ထမင်းကို နေရာတိုင်းမှာ အလေးထားကြတယ် ၊ နိုင်ငံခြားသားတွေ ထမင်းစားကြတဲ့အခါ စားမကုန်လို့ ပန်းကန်ထဲမှာ ဟင်းတွေကျန်နေရင် ဘာမှမပြောတတ်ပေမယ့် ၊ ထမင်းတွေ ကျန်နေခဲ့ရင် မကြိုက်ကြဘူး ၊ အဲဒီလိုပဲ ဆန်ဆေးရေကိုလည်း ကျိုပြီးသောက်ကြတယ် ၊ ထမင်းက ပေါင်းအိုးတွေနဲ့ပဲ ချက်ကြတော့ ထမင်းရေ မရတော့တာလဲ ဖြစ်နိုင်ပါတယ် ၊ ဆန်ဆေးရေကို ပြန်ကျိုပြီး ထမင်းစေ့နည်းနည်း ထည့်လိုက်တဲ့အခါ ထမင်းရေလို ဖြစ်သွားတယ် ၊ အဲဒါကို အကောင်းထားပြီး သောက်ကြတယ် ။



ကိုရီးယားလူမျိုး လူကြီးတွေက ပြောကြတယ် ၊ တောင်မြောက်ကိုရီးယားစစ်ပွဲကာလ ( ၁၉၅၀ - ၅၃ ) နဲ့ စစ်ပွဲ အပြီးမှာ စားစရာမရှိတဲ့အတွက် စားလို့ရတဲ့ အရွက်တွေမှန်သမျှကို ခူးပြီးပြုတ်စားခဲ့ရတယ် ၊ ထမင်းကို စားချင်ပေမယ့် ဆန်လည်း မရှိခဲ့ဘူး ၊ အဲဒါကို သူတို့ ခုထိအအမှတ်ထင်ထင် ရှိနေကြတုန်းပဲ ၊ အဲဒါကြောင့် ဆန်နဲ့ထမင်းကို သူတို့သိပ်ပြီးတန်ဘိုးထားကြတယ် ၊ အဲဒီတုန်းက မြန်မာနိုင်ငံဟာ ချမ်းသာကြွယ်ဝခဲ့ပုံရတယ် ၊ ကူညီမှုပေးတဲ့အနေနဲ့ ကိုရီးယားကို ဆန်အိပ်တွေ ပေးပို့ ကူညီခဲ့တယ် ၊ လှူခဲ့တယ် ၊ အဲဒါကိုလည်း သူတို့ ခုထိ သတိရနေတုန်းပါပဲ ၊ သယံဇာတရယ်လို့ ဘာမှ မယ်မယ်ရရ မထွက် ၊ စိုက်ပျိုးစရာ မြေဧရိယာ များများစားစား မရှိတဲ့ နိုင်ငံက ခုတော့ ဖွံ့ဖြိုးတိုးတက်နေပါပြီ ၊ ကျနော့်လိုမျိုး ဘွဲ့ရလူငယ်တော်တော် များများကတော့ ဒီကိုလာပြီး အလုပ်သမားလုပ်နေကြရပါပြီ ၊ ကဲ ..ကဲ ကျနော် မဆိုင်တာတွေ ပြောနေမိသလို ဖြစ်နေပြီ ဒီမှာပဲရပ်ပြီး မျက်နှာ အသားအရေ ထိန်းသိမ်းဖို့လေးကို ဆက်ပြောမယ်နော်..



ဗီယက်နမ် မလေးတွေ ဆန်ဆေးရေကိုသုံးပြီး ဘယ်လို အသားအရေ ထိန်းသိမ်းတယ် ဆိုတာ ကျနော်မသိခဲ့ပါဘူး ဒါပေမယ့် youtube မှာ တင်ထားတဲ့ Video လေးကို ကျနော်ကြည့်လိုက်ရပါတယ် ၊ အဲဒါလေးက ကျနော့်ထက်ပိုပြီး ပြောပြနိုင်ပါလိမ့်မယ် ၊ အဲဒီမှာ မစ်ချယ်ဖန်း ဆိုတဲ့ ဗျိုင်းမလေးက ဆန်ဆေးရေကို အမျိုးမျိုး သုံးနိုင်အောင် တင်ဆက်ထားပါတယ် ၊ အောက်မှာ link လေး ပေးလိုက်ပါတယ် ။



http://www.youtube.com/watch?v=ByP2YvqfnnI



ကျနော်တို့ဆီမှာက ဗီယက်နမ် မလေးတွေကို ဗျိုင်းမလေးတွေ လို့ ခေါ်ကြတယ်ဗျ.. ဖြူလို့ရယ် ၊ ဗီယက်နမ်ဆိုတော့ ဗလယ်ချိုင့် အက္ခရာကို သုံးချင်တာကြောင့်ရယ် ဖြစ်မယ်ထင်တယ် ၊ ဖိလစ်ပင်း မလေးတွေကျတော့ ဖားမလေးတွေတဲ့ ၊ မွန်ဂိုမလေးတွေ ကိုကျတော့ မြင်းမလေးတွေ တဲ့ ( မွန်ဂိုတွေက မြင်းတွေမွေးကြလို့) ၊ ဥဇဘက် ကစ္စတန် မလေးတွေကိုတော့ ဘဲဥမလေးတွေတဲ့ ၊ ကိုယ့်မြန်မာကိုယ်ကျတော့ ရွှေမလေးတွေပေါ့ဗျာ ၊ ကိုယ့်အတွက် ကျတော့ အကောင်းကို ရွေးတတ်ကြတယ်ဗျနော ။



ကျနော်ဖတ်ခဲ့ဖူးတဲ့ ဆန်ရဲ့ အစွမ်းသတ္တိလေး အကြောင်းကို မျှဝေချင်ပါသေးတယ် ၊ တစ်ခါက ဆာကေ အရက်ချက်စက်ရုံ တစ်ခုကို ရောက်သွားတဲ့သူ တစ်ယောက်ဟာ အဲဒီစက်ရုံက အလုပ်သမား တစ်ချို့ရဲ့ လက်တွေဟာ အံ့သြလောက်အောင် နုနယ် ပျိုမြစ်နေတာကို သတိပြုမိလိုက်ပါတယ် ၊ အကြီးဆုံး အလုပ်သမားကြီးဟာ ဆိုရင် မျက်နှာပေါ်မှာ ဇရာရဲ့ အရေးအကြောင်းတွေ ကိုတောင် မြင်နေရပါပြီ ဒါပေမယ့် သူ့ရဲ့လက်ကတော့ အသက် ၃၀ အရွယ် လူရွယ် တစ်ယောက်ရဲ့ လက်လိုပဲ နုပျိုပြီး ချောမွေ့နေပါတယ် ၊ ဒါနဲ့ပဲ သူတို့အလုပ်လုပ်တဲ့ နေရာကို လိုက်ပြီးကြည့်တဲ့ အခါ အရက်ချက်တဲ့ အခါမှာ သုံးတဲ့ စိမ်ရေရဖို့ ဆန်တွေကို ရေစိမ်ရတဲ့ နေရာ ဖြစ်နေပါတယ် ၊ သူတို့ရဲ့ လက်တွေဟာ အဲဒီဆန်စိမ်တဲ့ရေတွေနဲ့ အမြဲလိုလို ထိတွေ့နေရတဲ့ အတွက် လက်တွေချည်းပဲ နုပျို ချောမွေ့နေတယ်လို့ ဖြစ်ပါတယ် ။



ဆန်ဆေးရေကို မျက်နှာသစ်ဖို့ ယူမယ်ဆိုရင် ဆန်ကို ပထမဆုံး ဆေးလိုက်တဲ့ရေမှာ ဖုန်တွေ အမှိုက်တွေ ပါနိုင်တာမို့ ဒုတိယ အကြိမ် ဆေးတဲ့ရေလောက်ကို ယူပြီး သုံးသင့်ပါတယ် ၊ လုပ်ရတာလဲ မခက်လို့ မကြာခဏ သုံးကြပါလို့ တိုက်တွန်းလိုပါတယ် ။



၂. ရေနွေးကြမ်းရေနဲ့ မျက်နှာသစ်ပါ



မထူးဆန်တဲ့ နောက်တစ်မျိုးပါ ၊ လုပ်ရတာလည်းလွယ်ပါတယ် ၊ ရေနွေးကြမ်းဟာ အသားအရေ အတွက် ကောင်းတယ်လို့ မကြာခဏ ပြောခဲ့ဖူးတဲ့ အတွက် ကောင်းကြောင်းကိုတော့ ထပ်ပြီး အရောင်မတင် တော့ပါဘူး ၊ လုပ်နည်းလေးကိုပဲ ပြောပါမယ်



ပုံမှန်အတိုင်း သောက်ဖို့ ကျိုထားတဲ့ရေနွးကြမ်းကိုပဲ ယူပြီးလုပ်လို့ ရပါတယ် ၊ အအေးခံလိုက်ပါ ၊ လက်ဖက်ခြောက်ဖတ်တွေကို ဖယ်ထုတ်လိုက်ပါ ၊ မျက်နှာသစ်လို့ရပါပြီ ။



မျက်နှာသစ်လောက်အောင် များတဲ့ ရေနွေးကြမ်းပမာဏကို မသုံးချင်ဘူးဆိုရင် ရေစုပ်တဲ့ အ၀တ်စ သန့်သန့်လေး တစ်ခုကို ယူပြီး ရေနွေးရေမှာ နှစ်လိုက် မျက်နှာမှာ ဆွတ်လိုက် နဲ့ လုပ်ပါ ၊ ရေနွေးရေဟာ အ၀တ်စကို စွန်းနိုင်ပါတယ် ၊ ဒါကြောင့် သန့်သန့်လေးထားချင်တဲ့ အ၀တ်ကို မသုံးမိပါစေနဲ့ ။



၃. နွားနို့နဲ့ မျက်နှာသစ်ပါ



နွားနို့ဟာ အသားအရေအတွက် ကောင်းတယ်ဆိုတာကိုတော့ ကြားဖူးနေကျ ဖြစ်မှာပါ ၊ ကျနော်ကြားဖူးတာ တချို့ကို လက်ဆင့်ကမ်းလိုက်ပါတယ် ၊ ကမ္ဘာပေါ်မှာ အလှနဲ့ပတ်သက်ရင် ကလီယိုပါထရာ (Cleopatra ) ကို သိသူများလှပါတယ် ၊ အလှနဲ့ ပတ်သက်လို့ တင်စားချင်ရင်လည်း သူပါပဲ ၊ ကလီယိုပါထရာရဲ့ အလှလျှို့ဝှက်ချက်ဟာ နွားနို့ ၊ ပျားရည်တို့နဲ့ ရေချိုးပါသတဲ့ ၊ အရင်က နာမည်ကြီး မြန်မာ ရုပ်ရှင်မင်းသား တစ်ယောက်ဟာလည်း နွားနို့နဲ့ ရေချိုးတယ်လို့ တိုးတိုးသတင်းလေး ကြားခဲ့ဖူးတယ် ၊ ဟုတ်တာ မဟုတ်တာတော့ မသိပါဘူး ၊ ပေါက်တတ်ကရ ဗဟုသုတ နောက်တစ်ခု ထပ်ပြောရရင် ကိုရီးယားမှာ နွားနို့နဲ့ရေချိုးပေးတဲ့ နေရာတွေ ရှိတယ်ဗျို့ ၊ ဈေးကတော့ ကြီးမှကြီး ၊ အတွေ့အကြုံ အသစ်အဆန်း လေ့လာလိုသူတွေကတော့ သွားကြတယ် ၊ ဒါပေမယ့် တော်တော်များများကတော့ မရောက်ဖူးကြပါဘူး ကျနော်လည်း မရောက်ဖူးပါဘူး ၊ ၊ သူများပြောတာကိုပဲ နားထောင်လိုက်ရတာပါ ၊ ချိုးပေးတဲ့သူလေးက ဘယ်လိုလေး ၊ ဘယ်လိုချိုးပေးတယ် စသည်ဖြင့်ပေါ့ ။



ဘယ်လိုပဲ ဖြစ်ဖြစ် နွားနို့နဲ့ ကိုယ့်ဖာသာချိုးနိုင်ရင်လည်း ကောင်းတာပါပဲ ၊ တိုင်ကီ ဒါမှမဟုတ် ပုံးကြီး တစ်ပုံးစာလောက် မသုံးလည်း ရပါတယ် ၊ ရေထဲကို နွားနို့ တစ်ပိဿာလောက် လောင်းထည့်ပြီး ချိုးရင်လည်း ရတာပါပဲ ၊ မျက်နှာ အတွက်ပဲ ဆိုရင်တော့ မျက်နှာသစ်ပါ ဒါဆိုနည်းနည်းပဲလိုမယ် ၊ ဒီထက် နည်းနည်းပဲ သုံးချင်တယ်ဆိုရင်တော့ အထက်က ရေနွေးကြမ်းမှာ လုပ်သလိုပဲ အ၀တ်စလေးနဲ့ ဆွတ်..ဆွတ်ပြီး မျက်နှာကို ပွတ်ပေးရမှာပါ ၊ နွားနို့ကို မျက်နှာပေါ်မှာ ခြောက်သွားသည်အထိ ထားပါ ၊ ပြီးမှ ရေနွေးနွေးလေးနဲ့ မျက်နှာကို ပြန်ဆေးပါ ၊ နို့မို့ဆို နွားနို့ရဲ့ အနံ့တွေ ရနေမှာပါ ၊ အိပ်ပျော်သွားရင်လည်း ကြွက်ဖြစ်စေ ပုရွတ်ဆိတ်ဖြစ်စေ လာကိုက်နိုင်ပါတယ် ၊ မအိပ်ခင်မှာ နွားနို့နဲ့ မျက်နှာသစ်ခဲ့ရင် အိပ်ယာက ထတဲ့ အခါမှာ မျက်နှာဟာ လုံးဝ နူးညံ့သန့်စင်နေတယ်လို့ သုံးဖူးသူတွေက ပြောကြပါတယ် ။



နွားနို့ကို သုံးတဲ့အခါ အဆီထုတ်ပြီးသား နွားနို့ထက် အဆီပြည့် သဘာဝ နွားနို့က ပိုကောင်းပါတယ် ၊ ဖြစ်နိုင်ရင် နို့ချဉ်က ပိုလို့တောင် ကောင်းသေးတယ်လို့ ဆိုပါတယ် ၊ ဒီလို တွေ့လို့ပါ (sour milk has a type of carboxylic acid that helps in regenerating your skin cells..helps it heals much faster..) နို့ချဉ်မှာပါတဲ့ ဘာဘိုဆိုင်လစ် အက်ဆစ် တစ်မျိုးက ပျက်စီးသွားတဲ့ အရေပြားဆဲလ်တွေကို ပိုပြီး မြန်မြန် ဆန်ဆန် ကောင်းမွန်စေပါသတဲ့ ၊ ဒါကြောင့်ပါ ၊ မျက်နှာပေါ်မှာ မလိမ်းရဲသေးရင်လည်း လက်ပေါ်ကနေရာ တစ်ခုခုမှာ စမ်းလိမ်းကြည့်ပြီး ကောင်းတယ်ဆိုမှ မျက်နှာမှာ ပွတ်လိမ်းပါ ။



နွားနို့ရဲ့ထူးခြားချက်ကတော့ သောက်ရင် ၀က်ခြံတွေကို ပိုပြီးဖြစ်တတ်ပါသတဲ့ ၊ လိမ်းရင်တော့ ပျောက်ကင်းပါသတဲ့ခင်ဗျာ ၊ သောက်ရင် ၀က်ခြံဖြစ်တတ်တာက နွားနို့မှာ ၊ အထူးသဖြင့် ကိုယ်ဝန်ဆောင် နေရတဲ့ နွားမကြီးကနေ ရတဲ့ နွားနို့မှာ androgen hormone ပါနေတဲ့အတွက် ဖြစ်ပါတယ် ၊ အဲဒီဟော်မုန်းက ၀က်ခြံကိုပွားစေပါတယ် ၊ နွားနို့ကို လိမ်းခြင်း အားဖြင့် မျက်နှာပေါ်က အမာရွတ်တွေကို ဖြည်းဖြည်းချင်း မှိန်ဖျော့စေတယ် ၊ အသားအရေကို သဘာဝအတိုင်း စိုပြေ ၀င်းလက် ချောမွေ့ စေပြီး အရွယ်တင်စေပါတယ် နို့ရောင်သန်းပြီး ဖြူဖွေးတဲ့ အသားအရေ Milky white skin ကို ရရှိနိုင်ပါတယ် ၊ ခင်ဗျားတို့ သိတဲ့အတိုင်းပဲလေ အသားအရေက စက္ကူတစ်ချပ်လို ဖြူရုံပဲ ဖြူနေရင်လည်း ကြည့်မကောင်းဘူး မဟုတ်လား ၊ Milky white , Creamy white လေးကမှ ကြည့်ကောင်းတာ မဟုတ်လား ။



ပြောဖို့ တစ်ခု မေ့ကျန်ခဲ့တယ်ဗျာ နွားနို့ စစ်စစ်ရဖို့ မလွယ်ကူရင် နို့မှုန့်ကို ရေဖျော်ပြီး သုံးရင်လည်း ရပါသတဲ့ ၊ အဲလိုသုံးတဲ့ သူတွေလည်း ရှိပါတယ် ။



၎. မုန်လာထုပ် ( ဂေါ်ဖီထုပ် ) ပြုတ်တဲ့ အရည်နဲ့ မျက်နှာသစ်ပါ



အိမ်မှာ အတို့ အမြှုပ်တွေ စားဖို့ အသီးအရွက်တွေကို ပြုတ်တဲ့အခါ ပြုတ်ပြီးသား အရည်ကို သွန်မပစ်ပါနဲ့ အဲဒီအရည်ကို အအေးခံပြီး မျက်နှာသစ်ရင် အသားအရေကို ကောင်းစေပါတယ် ၊ အထူးသဖြင့်ဂေါ်ဖီထုပ်ပေါ့ သူ့မှာပါတဲ့ sulforaphane ( C6H11NOS2 )ဆိုတဲ့ဓါတ်က အသားအရေ အတွက်ကောင်းတဲ့ antioxidant တွေကို ပွားစေတယ် ။ ဂေါ်ဖီထုပ် နဲ့ ဂေါ်ဖီပွင့် တို့မှာ Sulforaphane က မြင့်မားစွာ ပါနေတယ် ၊ ဒါပေမယ့် တခြားအသီး အရွက်တွေ ဖြစ်တဲ့ ရေကန်ဇွန်းရွက် မုန်လာဥနီတို့မှာလည်း ပါနေပါတယ် ၊ သူက အရည်ကို လိမ်းယုံတင် ကောင်းတာ မဟုတ်ပဲ စားရင်လည်း အသားအရေ ကို ကောင်းစေတာပဲ ၊ ဒါတင်မဟုတ်သေးဘူး ကင်ဆာ နဲ့ ဆီးချို ရောဂါတွေကို လည်း ကာကွယ်ပေးတယ်လို့ ဆိုပါတယ် ။ အဲဒီတော့ စားလည်းစား ၊ အရည်လဲ ညှစ်ပြီးသောက် ၊ ပြုတ်စားရင်လည်း အဲဒီအရည်နဲ့ မျက်နှာသစ်ပါ ။ ကျန်းမာရေးလည်းကောင်း အသားအရေလည်းကောင်း အားလုံးကောင်းသွားပါလိမ့်မယ် ။



၅. အစုံကောင်းတဲ့ မျက်နှာသစ်ရေ လုပ်ကြမယ်



ရေ (၈) ခွက်စာလောက်ကို ကြိုချက်လိုက်ပါ ၊ ပြီးရင် ပျားရည် နှစ်ဇွန်းလောက် ထည့်ပါ ၊ ပြီးရင် သခွားသီး လေးတွေကို အကွင်းလိုက် အ၀ိုင်းလိုက် လှီးပြီး ထည့်ပါ ၊ လက်ဖက်ခြောက် နည်းနည်းပါ ထည့်လိုက်ပါ ၊ လက်ဖက်ခြောက်က အိပ်နဲ့ဆိုရင် နှစ်အိပ်ထည့်ပါ ၊ မျက်နှာက အဆီပြန်တတ်တဲ့ သူဆိုရင် သံပုရာသီး တစ်ခြမ်း ဒါမှမဟုတ် တစ်စိတ်လောက်ကို ညှစ်ပြီး ထည့်လိုက်ပါဦး ၊ ပြီးရင် တစ်ညသိပ်ထားလိုက်ပါ ၊ မနက်ကျရင် အဲဒီ အရေနဲ့ မျက်နှာသစ်ပါ ၊ ပြီးရင် အိမ်ပြင် မထွက်ပါနဲ့ ထွက်ရင်လည်း မျက်နှာကို အုပ်ပြီးမှ ထွက်ပါ ၊ သိပ်လှပြီး သန့်သွားလို့ လူတွေ အများကြီး လိုက်ကြည့်ကြမှာမို့ပါ ။



မျက်နှာသစ်ဖို့က ဒီလောက်ဆို တော်လောက်ပြီလို့ ထင်မိပါတယ် ၊ အထက်မှာ ရေးခဲ့တဲ့ နည်းလေးတွေကို သုံးကြည့်ပြီး အတွေ့အကြုံလေးတွေ ပြန်ရေးပေးကြဖို့ မေတ္တာရပ်ခံပါတယ် ၊ ကောင်းတာချည်းပဲ ရေးရမယ်လို့ မဟုတ်ပါဘူး ၊ ကျနော်က စာထဲမှာ တွေ့တာတွေကို ရေးလိုက်တာဆိုတော့ သုံးကြည့်ပြီးတဲ့သူတွေရဲ့ ပြောစကားဟာလည်း အဖိုးတန်ပါတယ် ဒါကြောင့်ပါ ။



မြန်မာညီမငယ်များ ကလီယိုပါထရာထက် ပိုလှနိုင်ပါစေ…


Source: ဒယ်ဂူးအသံ

Read more...

Wednesday, September 29, 2010

Passive Smoking Kills 6,800 Annually

Kyodo News


Roughly 6,800 people in Japan are estimated to die every year from lung cancer or heart disease caused by passive smoking, and more than half — around 3,600 — are exposed to secondhand smoke in their workplace, a research team said Tuesday.



About 4,600 of the victims are women, according to the team, which operates under the Health, Labor and Welfare Ministry.



"Huge harm is done," said Yumiko Mochizuki, a senior researcher at the National Cancer Center. "The government and employers need to recognize it is their responsibility to protect the health of working people."



Studies by the team and international organizations have shown passive smoking increases the risk of lung cancer and heart disease by 20 to 30 percent. The team's findings are based on this increased risk.



Based on a 2005 survey, the research team estimates that among 76 million nonsmoking adults — 48 million women and 28 million men — 30 percent of the women and 6 percent of the men are exposed to passive smoking in their homes, and 20 percent of the women and 30 percent of the men in their workplaces. The figures include those exposed to secondhand smoke both at home and in the workplace.



The team found in another study that passive smoking caused some 8 percent of 18,000 female deaths and 1 percent of 49,000 male deaths from lung cancer, as well as 9 percent of 34,000 female deaths and 4 percent of 42,000 male deaths from ischemic heart disease, which reduces blood supply to the heart.



The total number of victims in this study came to 4,600 women and 2,200 men, of whom 1,800 women and the same number of men were exposed to secondhand smoke in their workplaces, according to the team.



Source: The Japan Times

Read more...

ဧည့်သည်တော်များ


visit counter

ဝေဖန်မှုနှင့်အကြံပြုမှုကို ဖိတ်ခေါ်လျက်...

အင်တာနက် လိုင်းကောင်းလား?

© copyright 2011 by F.E.F.F
Managed By The Bliss Foundation (Tokyo, Japan)
Email: tabataprince@gmail.com
(၀၁-၁၂-၂၀၀၉) တွင် စတင်သည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP