Tuesday, December 28, 2010

တရားတော်နာဖိတ်ကြားလွှာ

ပြည်တွင်းပြည်ပ မဟာစည်နာယက


ဓမ္မကထိက ဗဟုဇနဟိတဓရ၊ သာသနဓဇ ဓမ္မာစရိယ


ဖြူးဆရာတော်ဘုရားကြီး ဘဒ္ဒန္တနရပတိ



တူသားတပည့်အရင်း



ပဲခူးတိုင်း၊ ဖြူးမြို့ ၊ မဟာစည်သာသနာ့ရိပ်သာနှင့်


ရန်ကုန်တိုင်း၊ လှိုင်မြို့ နယ်၊ ဓမ္မရက္ခိတ ဖြူးမဟာစည်သာသနာ့ရိပ်သာ တို့၏


ပဓာန နာယကဆရာတော်


ဘဒ္ဒန္တ အဂ္ဂ၀ရ


ဓမ္မာစရိယ၊ M.A Ph.D (Thesis) India



ဆရာတော်အရှင်သူမြတ်သည် ဂျပန်နိုင်ငံ၊ တိုကျိုမြို့၊ တကာဒါနိုဘာဘာအရပ်တွင် အောက်ပါအစီအစဉ်အတိုင်း နိဗ္ဗာန်ရောက်ကြောင်း တရားရေအေး အမြိုက်ဆေးတိုက်ကျွေးမည်ဖြစ်ပါသဖြင့် တရားတော်နာကြွရောက် ကုသိုလ်ယူကြပါရန် လေးစားစွာဖြင့် နှိုးဆော်ဖိတ်ကြားအပ်ပါသည်ခင်ဗျား။



အခမ်းအနားအစီအစဉ်



နေ့ရက် ။ ၂၀၁၁ ခုနှစ်၊ ဇန္န၀ါရီလ (၉) ရက်၊ တနင်္ဂနွေနေ့။


အချိန် ။ ဂျပန်စံတော်ချိန် ညနေ (၆း၃၀) မှ (၈း၃၀) အထိ။


နေရာ 新宿リサイクル活動センター

(Shin Juku, Recycle Centre, Takadanobaba ဘူတာအနောက်ဘက်ခြမ်း) 東京都新宿区高田馬場4丁目10-17



မှတ်ချက် ။ အောက်ပါ အင်တာနက်စာမျက်နှာများမှတဆင့် အွန်လိုင်းတိုက်ရိုက် အသံလွှင့်ဟောကြားသည်ကို ကြည်ညို နာယူနိုင်မည်ဖြစ်ပါသည်။


Saturday, December 11, 2010

Interview With Ko Htein Lin

アウン・サン・スー・チーさんへのインタビュー(BBC,FNN,PBS,CNN)

Friday, December 10, 2010

HIV / AIDS People with Hope

Sunday, December 5, 2010

ဇာဂနာ ရဲ့  မီးခြစ်

အပိုင်း (၁)



အပိုင်း (၂)



အပိုင်း (၃)

Friday, December 3, 2010

ဝိသာခါလို မိန်းမမြတ်


ဝိသာခါသတို့သမီး၏ မဟလ္လတာတန်ဆာပုံစံတူကို ဝတ်ဆင်ထားသော ထိုင်းအမျိုးသမီးငယ်

ဘုရားဟော ကျမ်းဂန်
ရှေးထုံး၏ အမှန်..
အမျိုးမတူသူ မယူရ..
တားဆီးခဲ့တာ ဘယ်မှာမှ မရှိ။

လူ့ သမိုင်းစဉ်ဆက်
လူမျိုးအယူ မတူသူ
သမီးပေး သမီးယူ
ငြိမ်းချမ်းရေး၏ အမူအကျင့်..
လူတွေ ကျင့်ခဲ့တယ်
မြန်မာ မင်းသမီးငယ် တရုတ်ထံဆက်
ရှမ်းစောမွန်လှ မြန်မာနဲ့ လက်ဆက်
သီဟိုဃ် မင်းသမီးငယ် ပုဂံနန်းတက်
အမျိုးမယှက်ရတဲ့ ဥပဒေသ.
လူ့ ဘောင်လောကမှ မတည်ရှိ။

ရဟန်းအမ ၀ိသာခါ
အမျိုးမတူသူကို ယူရပေမင့်
တက္ကဒွန်း အယူမှားသူ
ယောက္ခမ ကို ကယ်ဆယ်ချင်တာနဲ့ 
ကျမ ယောက္ခမကြီး..အဟောင်းစားသူ လို့ ရဲရဲဝံ့ဝံ့ဆိုခဲ့သူ

အမျိုးတူတူ မတူတူ အရေးမဟုတ်
အတွေးမတူ ၀ါဒမတူသူကို ကယ်ထုတ်
ဗုဒ္ဓဘာသာဝင်ကို ဖြစ်စေခဲ့တာ
သောတာပန် ရဟန်းအမ မိဂါရ မာတာ
သို့ မဟုတ် ယောက္ခမ၏ မိခင်ကြီး ၀ိသာခါ

မိမိ၏ အရွယ်၊ အလှ၊
မိန်းမသားတို့ဘ၀၊
ဣနြေ္ဒ၊ တန်ဖိုးများကို ထမ်းသိမ်းခဲ့တာ
ဒါန အရာ ဧတဒင်္ဂရ ကျောင်းအမကြီး ၀ိသာခါ

လောကဓံ၏ တရားရှစ်ပါး..
ဘုရားပင် မလွန်ဆန်နိုင်သောတရား.
ချစ်သူလည်းရှိ၊ မုန်းသူရှိ၏။
ချီးမွမ်းသူရှိ၊ ကဲ့ရဲ့ရှိ၏။
မှန်သည်မြင်၏၊ မှားသည်မြင်၏
ပဓါနသည်..မိမိ၏စေတနာ..
ပညာမရှိသူ လက်ညှိုးထိုးကဲရဲ့.
သိက္ခာ မရှိ..မရှက်သူ ပြောကြပါစေ။
အများထုချစ်..တယောက်က ဆဲဖြစ်တာ
ဒါဟာ အရှက်မရှိသော သူ့ ၏သိက္ခာ။

ဒေါ်စုကို အမျိုးမတူသူယူ၊ ဘယ်သူဝေဖန် မလည်း။
သင်လည်း..အမျိုးမတူတူတူ၊ နှစ်သက်ရင် ယူမှာပါဘဲ။
မရ၍ မေးငေါ့၊ ဒီစိတ်ဓါတ်တွေ ယုတ်ညံ့ပါဘိတော့
ဘယ်အမျိုးတူတူ အသွေးအရောင်မတူတူတူ
ကြိုက်သူ ယူခွင့်ရှိတယ်။
ပဓါန အရင်းခံ..မိမိ အယူကိုသာ ရည်သန်
အဝေးရောက်စေ ဆံပင်ရှည် ထမီဝတ် ပန်းပန်
အိနြေ္ဒ သိက္ခာ ထိုက်တန်သူသာ ယူခဲ့သူပါ။

ဗုဒ္ဓဘာသာ၏ မိခင်မှန် အလှူဒါန ထက်သန်
သားများကို ရှင်ပြု ဘာသာကို ရှင်သန်ပြုစုသူ..
သူတော်ကောင်းသာ ပြုနိုင်သောတရား..
ကြွယ်ဝသမျှ နိုဘယ် ဆုလာဘ်ငွေသား
အိပ်သွန် ဖာမှောက် မခြွင်းချန် တချပ်တပြား
နိုင်ငံ သို လှုရဲ သော ဒီမိခင်
ခေါ်တွင်ထိုက်သူ မြန်မာ၏ မိခင်
ဒီလူကိုမှ သမိုင်း မတင်
မသဒ္ဓါ တို့  ညံ့လိုက်သပါ့ ရှင်။

မြင်အောင်ကြည့်ပါ ဝေဖန်သူရယ်။
ရှင့် မျက်ချေးရေးရေး ရေစိုအ၀တ်လေးနဲ့ ဆေးပါဦး
သိပ်မကြာပါဘူးရှင်…စောင့်ကြည့်ပေါ့
အဟောင်းစားသူ လူယုတ်
ဗေဒင်ဆရာ တက္ကဒွန်းကို ကိုးကွယ်သူပုပ်
သန်းရွှေကိုပင် ငြိမ်းချမ်းစွာ မေတ္တာပြ
အယူမှားကို ချွတ်နိုင်တဲ့အချိန်ကြရင်
ငယ်သူကို သန်းရွှေက ဦးညွှတ် ဒူးထောက်
ခေါ်လောက်မဲ့ ဒီနာမည်။
မြန်မာ့မိခင် အောင်ဆန်းစုကြည် ဆိုတာ
သန်းရွှေ၏ မာတာ။

မသဒ္ဓါ (၁၁။၂၄။၂၀၁၀)

ပုံများကို google မှ ကူးယူပါသည်

နှစ်သက်သောကြောင့် ထပ်ဆင့်ကူးယူဖော်ပြသည်။

Wednesday, December 1, 2010

မြန်မာ့အရေး ကူညီဖို့ ဂျပန်ကို ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

ပြည်သူချစ်တဲ့ ခေါင်းဆောင်

စစ်အစိုးရ အုပ်ချုပ်နေတဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီကျအောင် လုပ်တဲ့ ဖြစ်စဉ်ကို ဂျပန်နိုင်ငံက ကူညီဖို့ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဂျပန်နိုင်ငံကို တောင်းဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံ ဒီမိုကရေစီ အကူးအပြောင်းအတွက် တခြား အစိုးရတွေနဲ့အတူ အလုပ်လုပ်ဖို့ ဂျပန်အစိုးရကို ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်တာ ဖြစ်ပါတယ်။ ဂျပန် ကျိုဒို သတင်းဌာနနဲ့လုပ်တဲ့ တယ်လီဖုန်း အင်တာဗျူးမှာ အင်္ဂါနေ့က အခုလို ပြောခဲ့တာ ဖြစ်ပါတယ်။

တွေ့ဆုံဆွေးနွေးရေးကို သူက ထပ်ခါ ခေါ်ခဲ့ပေမဲ့ စစ်တပ်က မတုံ့ပြန်ခဲ့ဘူးလို့လည်း ဒေါ်အောင်ဆန်းစုကြည်က ကျိုဒိုကို ပြောပါတယ်။ ဒါပေမဲ့ သူမ အနေနဲ့ ဇွဲရှိရှိ ကြိုးစားသွားမယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ လူငယ်တွေက နိုင်ငံရေးအရ ပိုအားတက်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ညီညွတ်ရေးဆိုတာ အင်အားဖြစ်ပြီး အင်အားဆိုတာ ဒီမိုကရေစီ ကူးပြောင်းရေး ပိုမြန်ဆန်စေမယ်လို့ အဓိပ္ပာယ် ထွက်တာကြောင့် နိုင်ငံရေးပါတီတွေ အားလုံးကို စည်းလုံးညီညွတ်အောင် သူကြိုးစားမယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

အနောက်နိုင်ငံတွေက ပိတ်ဆို့ အရေးယူထားတာကြောင့် နိုင်ငံရေး၊ စီးပွားရေးနဲ့ ပြည်သူတွေရဲ့ ဘ၀တွေအပေါ် ဘယ်လို၊ ဘာသက်ရောက်မှု ရှိသလဲ ဆိုတာကို သူမ အနေနဲ့ ပြန်ပြီး သုံးသပ်မယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသွားပါတယ်။

VOA

ဧည့်သည်တော်များ


visit counter

ဝေဖန်မှုနှင့်အကြံပြုမှုကို ဖိတ်ခေါ်လျက်...

အင်တာနက် လိုင်းကောင်းလား?

© copyright 2011 by F.E.F.F
Managed By The Bliss Foundation (Tokyo, Japan)
Email: tabataprince@gmail.com
(၀၁-၁၂-၂၀၀၉) တွင် စတင်သည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP