Thursday, August 9, 2012

လက်တွေ့နည်းကျ အောင်မြင်ပျော်ရွှင် ချမ်းမြေ့ စွာ နေထိုင်နည်း ပညာ (၈)


၂။ စောင့်ဆိုင်းခြင်း (WAITING FOR THINGS)
   
ကျွန်ုပ်တို့သည် တစ်ချိန် မဟုတ် တစ်ချိန်၌ ကိစ္စ တစ်ခုခုကို စောင့်ဆိုင်းဖူးကြပေမည်။ ချိန်းဆိုထားသူ တစ်ဦး ရောက်လာမည်ကို လည်းကောင်း၊ ဘတ်စ်ကားတစ်စီး ရောက်အလာကို လည်းကောင်း၊ တယ်လီဖုန်း လာမည်ကို လည်းကောင်း၊ စာတစ်စောင် လာရန်ကို လည်းကောင်း စသည်ဖြင့် ကိစ္စအမျိုးမျိုးကို သင် စောင့်ဆိုင်းဖူးကြ ပေလိမ့်မည်။ ထိုသို့ စောင့်ဆိုင်းရတိုင်း ထိုကိစ္စ ဖြစ်ပေါ်လာရန် အကြာကြီး စောင့်ဆိုင်း ရသည်ဟု ထင်ရတတ်ပေသည်။ "အချိန်များ ကုန်ခဲလိုက်တာ၊ ကြာလိုက်တာ" ဟု ကျွန်ုပ်တို့ ထင်ကြမြဲ ဖြစ်သည်။ ထို့ကြောင့် ထိုင်စောင့် နေသော ရေနွေးအိုးသည် ဆူခဲလှပေသည်ဟု အဆိုရှိခြင်း ရှိပေသည်။

ထိုသို့ စောင့်ဆိုင်းရတိုင်း သင်သည် နောင် ဖြစ်လာမည့် ကိစ္စအတွက် အချိန်ကို အလဟဿ မကုန်စေသင့်ပေ။ ဒီအတိုင်း ဘာမှမလုပ်ဘဲ စောင့်ဆိုင်းနေမည့်အစား အကျိုးရှိမည့် ကိစ္စ တစ်ခုခုကို စိတ်ဝင်တစား ထလုပ်သင့်ပေသည်။

စာအုပ် တစ်အုပ်ကို ယူဖတ်ခြင်း၊ ပစ္စည်းများ သိမ်းဆည်းခြင်း စသည်တို့ဖြင့် အလုပ်တစ်ခုခုကို ပစ္စုပ္ပန်ကာလ၌ ထလုပ်လိုက်ပါက စောင့်ဆိုင်းရသည်ကို ကြာလှသည်ဟု မထင်ရတော့ပေ။ အခြား အလုပ် တစ်ခုလဲ ပြီးမြောက်ကာ သင် စောင့်ဆိုင်း နေရသော ကိစ္စလည်း ဖြစ်ပေါ် ရောက်ရှိ လာပေလိမ့်မည်။ ထို့ကြောင့် ပစ္စုပ္ပန် ကာလ၌ ပျော်ရွှင်စွာ နေထိုင်ပါဟု ဆိုလိုခြင်း ဖြစ်ပေသည်။

Read more...

Thursday, August 2, 2012

လက်တွေ့နည်းကျ အောင်မြင်ပျော်ရွှင် ချမ်းမြေ့ စွာ နေထိုင်နည်း ပညာ (၇)


အခန်း(၂)
 
၁။ ပစ္စုပ္ပန်မှာ ပျော်ရွှင်စွာနေပါ (LIVING IN THE NOW)
   
ကျွန်ုပ်တို့၏ စိတ် ငြိမ်းချမ်းသာယာ ပျော်ရွှင်စွာ နေထိုင်နိုင်မှု နှင့် ထိရောက် အောင်မြင်အောင် ဆောင်ရွက်နိုင်မှုတို့သည် ပစ္စုပ္ပန် အချိန်ကာလကို မည်မျှ အသုံးချတတ်သည် ဟူသော အချက်ပေါ်တွင် မူတည် နေပေသည်။

သင် အမှန်တကယ် ပိုင်ဆိုင်သည့် အချိန်မှာ ပစ္စုပ္ပန်အချိန် ကာလပင် ဖြစ်သည်။ မနေ့က ဘာတွေ ဖြစ်ခဲ့ဖြစ်ခဲ့၊ မနက်ဖြန်တွင် ဘာတွေ ဖြစ်လာဖြစ်လာ သင် ယခုပိုင်ဆိုင် လုပ်ကိုင်နိုင်သည်မှာ ပစ္စုပ္ပန်ကာလပင် ဖြစ်သည်။ သင့်အဖို့ ပစ္စုပ္ပန်သည် တကယ် ပိုင်ဆိုင်ရာ ကာလ ဖြစ်သည်။ 

ပျော်ရွှင်မှုနှင့် အောင်မြင်မှုတို့ ဖြစ်ပေါ် ရရှိရန် အဓိက ကျသော အချက်များကို လေ့လာ ရှာဖွေရာဝယ် ကျွန်ုပ်တို့၏ စိတ်ကို "ပစ္စုပ္ပန် ကာလသည်သာ မိမိ အမှန်တကယ် ပိုင်ဆိုင်သည်" ဆိုသည့် အချက် ကို အခြေခံထား စဉ်းစားရမည်။

ကျွန်ုပ်တို့သည် ကလေးများကို ဦးစွာ လေ့လာ ကြည့်ကြ ပါစို့။ ကလေးများသည် ဘာအရာကိုပဲ လုပ်လုပ်၊ ဘာနှင့်ပဲ ကစား ကစား ထိုအချိန် ကာလ၌ လုပ်နေသည့် အရာပေါ်တွင်သာ လုံးဝ ဥဿုံ စိတ်ဝင်စားမှု အပြည့်အ၀ ရှိနေခြင်းကို တွေ့ရှိရပေသည်။ အရုပ်ကလေးများနှင့် ကစားနေသည် ဖြစ်စေ၊ ပုံလေးတစ်ပုံ ဆွဲနေသည်ဖြစ်စေ၊ ကြောင်ကလေး၊ ခွေးကလေးများကို ကြည့်နေသည် ဖြစ်စေ၊ ထိုအချိန်ကာလ၌ (တစ်နည်း) ပစ္စုပ္ပန် ကာလ၌ ပြုလုပ် နေသည့် ကစားခြင်း၊ ပုံဆွဲခြင်း စသည့် အလုပ်တို့၌သာ သူတို့၏ အာရုံကို အပြည့်အ၀ထား စိတ်ဝင်တစား ရှိနေကြပြီး အခြား ဘယ် အရာတွင်မှ အာရုံ မရှိကြပေ။ ဤအရာသည် များစွာ နှစ်လိုဖွယ် ဖြစ်ပြီး ကောင်းမွန်ကာ အတုယူထိုက်လှ ပေသည်။
   
ကျွန်ုပ်တို့သည် အသက်အရွယ် ကြီးလာသည်နှင့် အမျှ တွေးတောစဉ်းစား လာတတ်ကြပြီး ကိစ္စ အ၀၀တို့၌ စိုးရိမ် ပူပန်လာကြ သည်။ အာရုံ များလာကြသည်။

ကျွန်ုပ်တို့သည် တစ်ချိန်တည်းမှာပင် ဖြစ်ပြီးခဲ့သော အတိတ်က ပြဿနာများနှင့် အနာဂတ်တွင် ဖြစ်လာနိုင်သည့် ပြဿနာများကို ခေါင်းထဲတွင် စုပြုံ၍ တစ်ပြိုင်နက် ထည့်ပြီး စဉ်းစား တွေးတော ကြလာတော့သည်။ ဤသို့ဖြင့် မိမိကိုယ်မိမိ စိတ်ဆင်းရဲအောင် ပြုလုပ်နေသလို ဖြစ်နေကြ ပေသည်။ ထိုအခါ ပျော်ရွှင်မှု ကင်းမဲ့လာပြီး မိမိ၏ အစွမ်းအစ များကိုလည်း ထိထိရောက်ရောက် အသုံးမပြုနိုင်ကြတော့ပေ။
 
ကျွန်ုပ်တို့သည် ယခု လက်ရှိ ပစ္စုပ္ပန် ကာလတွင် ပျော်ပျော်ရွှင်ရွှင် စိတ်ငြိမ်းချမ်း သာယာစွာ နေနိုင်သည့် အခြေအနေ ရှိပါလျက်နှင့် မနေကြဘဲ "နောင် အနာဂတ် တွင် ယခုလက်ရှိ အခြေအဆနေထက် ပိုမို ကောင်းမွန် သာယာမည့် အချိန်ကျမှသာ ပျော်ရွှင်စွာ နေနိုင်လိမ့်မည်" ဟု ကျွန်ုပ်တို့ အများစုသည် လွဲမှားစွာ တွေးမြင် ယူဆ ထားလေ့ ရှိကြသည်။

ဤအချက်ကို ပေါ်လွင်အောင် ဥပမာ တစ်ခု ဆောင်လိုပေသည်။ အထက်တန်း ကျောင်းသား တစ်ယောက်သည် "ငါဟာ ဒီကျောင်းက ဆယ်တန်းအောင်ပြီး ကျောင်းစာ အိမ်စာတွေလဲ မလုပ်ရ၊ ဆရာတွေ ချမှတ်တဲ့ စည်းကမ်းတွေလည်း မလုပ်ရတဲ့ အခါကျယင် ဘယ်လောက် လွတ်လပ်ပြီး ပျော်စရာ ကောင်းမလဲ" ဟု တွေးမိလေသည်။ ဆယ်တန်း အောင်ပြီးသော အခါ ဤသို့တစ်ဖန် တွေးပြန်သည်။ "ငါ့အိမ်မှာ မနေရဘဲ အဆောင်မှာနေပြီး ကောလိပ် တက်ရယင် လွတ်လပ်ပြီး ပျော်စရာ တကယ်ကောင်းမှာပဲ" ဟု တွေးပြန်သည်။ ထို့ကြောင့် သူ့ ဆန္ဒအတိုင်း အဆောင်မှာနေပြီး ကောလိပ် စတက် လေသည်။ သို့သော် သူသည် ထင်သလို မပျော်ပေ။ ထိုအခါ ငါသာ ဘွဲ့ရပြီး စာတွေမကျက်ဘဲ နေရယင်တော့ တကယ့်ကို လွတ်လပ်ပြီး ပျော်စရာ ကောင်းမှာဘဲ  ဟု တွေးပြန်သည်။ ဘွဲ့ရပြီးသော အခါ၌မှု အလုပ် တစ်ခုခု ရမှသာ ပျော်စရာ ကောင်းမည်ဟု တွေးပြန်သည်။ အလုပ် ရသော အခါ၌လဲ သူ တကယ် ပျော်ရွှင် ငြိမ်းချမ်းစွာ မနေနိုင်သေးပါ။ မိမိ လက်ရှိ အခြေအနေမှ တက်လမ်းများကို ရှာဖွေ လုပ်ကိုင်ယင်းဖြင့် အလုပ် သံသရာထဲ၌ လည်ပတ်ကာ ပျော်ရွှင်မှုကို မရရှိပါ။ ဤသို့ဖြင့် "မိမိ၏ ငြိမ်းချမ်းသာယာ ပျော်ရွှင်စွာ နေနိုင်မည့် အချိန်သည် နောင်အနာဂတ်တွင် တစ်ချိန်ချိန်၌ ဖြစ်လာပေလိမ့်မည်" ဟု ခံယူ ယင်းဖြင့် နှစ်များ ကြာလာခဲ့သည်။ သို့ဖြင့် သူသည် စေ့စပ်ကြောင်းလမ်း၊ အိမ်ထောင်ကျ၊ နေထိုင်စရာ အိမ်ကိုရှာ၊ ၀င်ငွေကောင်းသည့် အလုပ်တွေရှာပြီး ပြောင်းလုပ်၊ ကလေးတွေမွေး၊ မိသားစုကြီးဖြစ်လာ၊ ကလေးတွေ ကျောင်းထား၊ အိမ်မြေ ပစ္စည်းများ ရအောင် ငွေကြိုးစားရှာဖွေ၊ မိသားစုကြီး တစ်ခုလုံး၏ တာဝန်ကို ထမ်းဆောင်ရ၊ ကလေးတွေကို မူလတန်းမှ တက္ကသိုလ်အထိ ဆက်ထား၊ ဒုက္ခပေါင်းစုံ တွေ့ကြုံရပြီး အသက်ကြီးလာ၊ နောက်ဆုံး အလုပ်မှ ပင်စင်ယူ- စသည်- စသည်ဖြင့် သူ တကယ် ငြိမ်းချမ်းပျော်ရွှင်စွာ နေနိုင်မည့် အချိန်သည် အနာဂတ် တစ်ချိန်ချိန်တွင် ရှိလာလိမ့်မည်ဟု မျှော်လင့်ယင်းဖြင့် ထိုအချိန် မတိုင်မှီ သူ ကွယ်လွန်သွား တော့သည်။ 

သူသည် နောင်အနာဂတ်တွင် ဘယ်တော့မှ လိုအင်ဆန္ဒ အတိုင်း ပြည့်စုံစွာ ဖြစ်မလာနိုင်သည့် အခြေအနေများကို စဉ်းစား တွေးတော မျှော်လင့်ယင်းဖြင့် သူ၏ အဖိုးတန် လှသော ပစ္စုပ္ပန် အချိန် အားလုံးကို ပျော်ရွှင်မှု မရှိဘဲ အလဟဿ  ကုန်ဆုံးစေခဲ့ လေသည်။

သင်ရော အထက်ပါ အဖြစ်မျိုး ဖြစ်နေပါသလား။ မိမိ ကိုယ် မိမိ သုံးသပ်ကြည့်ပါ။

ပစ္စုပ္ပန် အချိန်တွင် မိမိလုပ်သင့် လုပ်ထိုက်သည်များကို လုပ်ပြီး ပျော်ရွှင်ချမ်းမြေ့ စွာ နေထိုင် လုပ်ကိုင်ပါ။ ပြီးခဲ့သော အတိတ်ကာလက အမှားအယွင်း အပြစ်များကို စဉ်းစားတွေးတော  စိတ်မချမ်းသာ ဖြစ်နေ၍ လည်းကောင်း၊ နောင် အနာဂတ်တွင် ဖြစ်ပေါ် လာနိုင်သည့် ပြဿနာများကို တွေးတော ပူပန်နေ၍ လည်းကောင်း ဘာမျှ အကျိုး မရှိ နိုင်ပေ။ ထို့ကြောင့် ထိုကဲ့သို့ အာရုံများပြီး မနေထိုင်ဘဲ  ယခုလက်ရှိ ပိုင်ဆိုင် နေသော ပစ္စုပ္ပန် အချိန်တွင်သာ အကောင်းဆုံး၊ အမှန်ကန်ဆုံးနှင့် အကျိုး အရှိဆုံးသော အလုပ်တို့ကို အားသွန်ခွန်စိုက် ကြိုးစား လုပ်ကိုင်ယင်း စိတ်ချမ်းသာစွာဖြင့် ပျော်ပျော်ရွှင်ရွှင် နေထိုင်သင့်ပေသည်။

ပစ္စုပ္ပန် အချိန်သည် မိမိ ပိုင်ဆိုင်ပြီး ပျော်ရွှင်စွာ နေပါဟု ဆိုရာ၌ မည်သည့် ရည်ရွယ်ချက် ရှိသည့် အလုပ်ကို လုပ်လုပ် နောက်ဆုံး ရရှိလာမည့် ရလဒ်ကို မျှော်မှန်း တွေးတော စိုးရိမ် ပူပန်၍ မနေဘဲ လက်ရှိ အချိန်၌ လုပ်ကိုင်နေမှု အပေါ်တွင်သာအာရုံ စူးစိုက်၍ ပျော်ရွှင်စွာ လုပ်ကိုင်ပါဟု ဆိုလိုရင်း ဖြစ်သည်။ ဥပမာအားဖြင့် သင်သည် အခန်းတစ်ခန်းကို ဆေးသုတ်နေသည် ဆိုပါစို့။ သင်၏ စိတ်ထဲ၌ အခန်းတစ်ခန်းလုံး အချိန်မှီသုတ်လို့ ပြီးပါ့မလား၊ လှလှပပ သပ်သပ်ရပ်ရပ်ကော ဖြစ်ပါ့မလား၊ အချိန်မှီ ခြောက်ပါ့ မလား၊ သုတ်ပြီးသမျှ လှလှပပ ရှိရဲ့ လား စသည်ဖြင့် လုပ်ပြီးသည့် ကိစ္စ၊ နောင်ဖြစ်လာမည့် ကိစ္စတို့ကို တွေးတောပူပန် မနေဘဲ သင် သုတ် နေသော ဆေးစုတ်ချက်တိုင်း၌ စိတ်ကို နှစ်မြုပ်၍ စုတ်ချက်တိုင်း ညီညာ ကောင်းမွန်အောင် ကြိုးစားပြီး ပျော်ရွှင် လွတ်လပ်စွာဖြင့် ဆေးသုတ်ရန်သာ ဖြစ်ပါသည်။ ထိုအခါ စိုးရိမ်စိတ်ကင်း၍ အာရုံ မများဘဲ စုတ်ချက်တိုင်းကို မှန်မှန်ကန်ကန် ညီညီညာညာ ဖြစ်အောင် သုတ်လာနိုင်ပြီး နောက်ဆုံးတွင် လှပ သပ်ရပ်သော ဆေးသုတ်ပြီး အခန်းတစ်ခုကို သင်ရရှိလာပေလိမ့်မည်။

ကျွန်ုပ်တို့သည် တကယ်တမ်း စိတ်ညစ်စရာ၊ ပူပင်သောက ရောက်စရာ၊ စိုးရိမ်ဒုက္ခများနှင့် လက်တွေ့ ကြုံတွေ့ရသော အခါတွင် ထိုပူပင်သောကစိတ်ကို ခေါင်းထဲမှ အလွယ်တကူ ဖျောက်ဖျက် ရန်မှာ မလွယ်ကူပေ။ ဥပမာအားဖြင့် သင်အလုပ်မှ ထုတ်ပစ်ခံရခြင်း၊ စာမေးပွဲ ကျရှုံးခြင်း၊ အိမ်ထောင်ရေး ပြိုကွဲခြင်း အစရှိသည့် ကိစ္စ များနှင့် ကြုံတွေ့လာပါက ထိုပူပင်သောက စိတ်ညစ်စရာများကို ဖျောက်ဖျက်ပစ်ရန်မှာ မလွယ်ကူလှသည်မှာ အမှန်ပင် ဖြစ်သည်။ ထိုအခါ မျိုး၌ သင်သည် တစ်ခုခုကို ထ၍စိတ်ပါဝင်စားစွာ လုပ်ကိုင် လိုက်ပါ။ ဘယ်အရာကိုမဆို ထလုပ်လိုက်ပါ။ မိတ်ဆွေ တစ်ယောက်ထံ ဖုန်းထ ဆက်လိုက်ပါ။ ဒါမှမဟုတ်လျှင် ကလေးများကိုခေါ်၍ ပန်းခြံ တစ်ခုသို့ သွားလိုက်ပါ၊ သို့မဟုတ် ခြံထဲဆင်းပြီး အပင်များကို ရေလောင်းလိုက်ပါ။ ထိုသို့ တစ်ခုခု အပေါ်၌ အာရုံစိုက်ပြီး လုပ်လိုက်မှ သာလျှင် သင်၏ ခေါင်းထဲ၌ ရှိသည့် စိုးရိမ်သောက၊ စိတ်ညစ်စရာများကို ခေါင်းထဲမှ ထုတ်ပစ်နိုင်လိမ့်မည်။
   
အချိန်နာရီ ဆိုသည်မှာ အမှန်တော့ တကယ် ရှိသည် မဟုတ်။ ကျွန်ုပ်တို့ ခေါင်းထဲ၌ တွေးခေါ် ယူဆ မှတ်သား ထားချက် တစ်ခုသာ ဖြစ်သည်။ ပစ္စုပ္ပန် အချိန်သည်သာ သင် တကယ် ပိုင်ဆိုင်သော အချိန်ကာလ ဖြစ်သည်။ ထိုချိန်ကလေး အတွင်းတွင် သင်သည် အကျိုးရှိမည့် ကိစ္စ တစ်ခုခုကို ပျော်ရွှင်ချမ်းမြေ့ စွာဖြင့် အာရုံမများဘဲ ယခုပင် စတင် လုပ်ကိုင်သင့် ပေသည်။

Read more...

Thursday, July 26, 2012

လက်တွေ့နည်းကျ အောင်မြင်ပျော်ရွှင် ချမ်းမြေ့ စွာ နေထိုင်နည်း ပညာ (၆)


၆။ အောင်မြင်ကြီးပွား ချမ်းသာခြင်း (PROSPERITY)
   
အောင်မြင်ကြီးပွား ချမ်းသာခြင်းကို ကျွန်ုပ်တို့သည် များစွာ အလိုရှိကြပေသည်။ ဘယ်သို့သော အခြေအနေကို ကြီးပွား ချမ်းသာ နေသည်ဟု ဆိုရမည်နည်း။ သတ်မှတ်နိုင်မည်နည်း။
   
တစ်နေ့လုပ်မှ တစ်နေ့စားရသော ဆင်းရဲသား တစ်ယောက် အဖို့ ကြိုးစားသဖြင့် လခစား အလုပ်တစ်ခု ရရှိပြီး လစဉ် လစာလေး၊ လေးငါရာ မှန်မှန် ရရှိလာသော အခြေအနေသည် ထိုဆင်းရဲသား အဖို့ အောင်မြင်ကြီးပွား ချမ်းသာခြင်းပင် ဖြစ်သည်။ လက်ထဲ၌ ငွေလေးငါးသောင်းခန့် ရှိပြီး ကိုယ်ပိုင် စီးပွားရေး လုပ်ငန်းတစ်ခု စထောင်ကာ ကြိုးစားလုပ်ကိုင်သူ တစ်ဦးအဖို့ လုပ်ငန်းအောင်မြင်၍ ငွေလေးငါးသိန်းဖြင့် လည်ပတ်နေသည့် လုပ်ငန်းတစ်ခု ဖြစ်လာပါက ထိုသူအဖို့ ကြီးပွားချမ်းသာခြင်းပင် ဖြစ်သည်။
   
တစ်ဖန် အမွေရ၍ ငွေတစ်သိန်းခန့် ရှိနေသူသည် မိမိကိုယ် မိမိ ချမ်းသာသည်ဟု မယူဆဘဲ တိုက်နှင့် ကားနှင့်၊ တီဗွီ၊ ဗွီဒီယို နှင့်၊ရွှေနှင့်၊စိန်နှင့် နေရပြီး ငွေဆယ်သိန်းခန့် ရှိမှသာ သူ့အနေဖြင့် ချမ်းသာသည်ဟု ယူဆရပေမည်။ ထို့အတူ ဆယ်သိန်း ချမ်းသာ သူက သိန်းတစ်ရာ ရှိလာမှ ချမ်းသာသည်ဟု ယူဆပေမည်။ သိန်းတစ်ရာ ချမ်းသာသူကလဲ သိန်းတစ်ထောင် ရှိလာမှ ချမ်းသာသည်ဟု ယူဆပေလိမ့်မည်။
   
ကျွန်ုပ်တို့ အားလုံးသည် ကြီးပွားချမ်းသာ လိုကြသည်မှာ မှန်သော်လဲ "ကြီးပွားချမ်းသာသည်" ဆိုသည့် အခြေအနေမှာမူ လူတစ်ဦးစီ၏ ခံယူချက်ပေါ်၌ မူတည်လျက် ရှိနေပေသည်။ ဤနေရာတွင် ချမ်းသာသည် ဆိုရာ၌ ရုပ်ပိုင်းဆိုင်ရာ ချမ်းသာ ကြွယ်ဝမှုကိုသာ ပြောဆိုကြပေသည်။ ချမ်းသာသည်ဟု ဆိုလိုက်သည်နှင့် ပိုက်ဆံ ခေါ် ငွေကြေး များစွာ ရရှိပိုင်ဆိုင်မှုသည် အဓိက အခန်းမှ ပါဝင် လာပေသည်။

ငွေကြေးချမ်းသာသည်၊ ဆင်းရဲသည် ဆိုရာ၌ သင်၏စိတ်ပေါ်၌သာ မူတည်နေပြီး သင့်ကိုယ်သင် ချမ်းသာသည်ဟု လည်းကောင်း၊ ဆင်းရဲသည်ဟုလည်းကောင်း ခံယူသတ်မှတ်နိုင်ပေသည်။
   
"ဒီအခြေအနေ၊ ဒီငွေကြေးတို့သည် မိမိအဖို့ ချမ်းသာ နေသည်" ဟု သင်ခံယူလျှင် သင်သည် ချမ်းသာသူတစ်ဦး ဖြစ်နေပေမည်။ ဆင်းရဲနေသည်ဟု ခံယူနေလျှင်မူ သင်သည်ဆင်းရဲ နေသူတစ်ဦး ဖြစ်နေပေမည်။ ထို့ကြောင့် သင်၏ စိတ်ထဲ၌ ခံယူထားသော အချက်သည် သင့်ကိုယ်သင် ချမ်းသာနေသည်၊ ဆင်းရဲနေသည် ဟူသော အချက်ကို ပြဋ္ဌာန်းလျက် ရှိပေသည်။ တင်းတိမ် ရောင့်ရဲနိုင်သူ အဖို့ သူ၏ စိတ်၌ လက်ရှိအခြေအနေကို ချမ်းသာနေသည်ဟု ခံယူနေပေလိမ့်မည်။
   
အချုပ်ဆိုရသော် ကြီးပွား အောင်မြင် ချမ်းသာသည် ဆိုသည့် အချက်မှာ သင်၏စိတ်ထဲ၌ ခံယူထားချက် ပေါ်တွင်သာ မူတည်လျက် ရှိပေသည်။ ဤနေရာတွင် ကျွန်ုပ် သိကျွမ်းဖူးသူ တစ်ဦး အကြောင်းကို ဥပမာ ဆောင်လိုပေသည်။ သူသည် ငွေ အမြဲ လိုနေတတ်သည့် လူလတ်တန်းစား မိဘများမှ ပေါက်ဖွားလာသူ တစ်ဦး ဖြစ်သည်။ ငယ်စဉ်ကတည်းက "ငွေဆိုတာ ရှာလိုက်၊ ကုန်လိုက်၊ လိုအပ်လာလိုက် နှင့် ချမ်းသာလာရန် ဆိုသည်မှာ ဝေးစွ၊ ငွေမလိုလျှင်ဘဲ တော်လှပေ သည်" ဟူသော ခံယူချက်သည် သူ၏ စိတ်ထဲ၌ စွဲမြဲနေသည်။
   
ကြီးလာသောအခါ သူသည် လစာ အသင့်အတင့် ရသော အလုပ်တစ်ခုတွင် ၀င်ရောက် လုပ်ကိုင်၏။ ထိုအလုပ်၏ လစာငွေမှာ သူ့အဖို့ မလောက်တစ်လှည့်၊ လောက်တစ်လှည့်ပင် ဖြစ်သည်။ သို့သော်လည်း  သူသည် ထိုအလုပ်၌ပင် ကျေနပ်နေသည်။ သူ့လိုပင် ငွေအမြဲ လိုနေတတ်သည့် လုပ်ဖော်ကိုင်ဖက် များနှင့်သာ ပေါင်းသင်း၏။ ထိုမိတ်ဆွေများကလဲ "ဘ၀ ဆိုတာ ဒီလိုပါပဲ၊ ငွေဆိုတာ အမြဲ လိုနေတတ်တာပဲ" ဆိုသည့် အချက်ကို သူ့အား ပိုမိုခံယူ လာစေသည်။
   
တစ်ခါတစ်ရံ အကယ်၍ သူ့၌ ငွေပိုငွေလျှံလေး ရှိလာပါ ကလည်း သူသည် မနေတတ်ဘဲ အပြင်ထွက်ပြီး တစ်ခုခု၌ အသုံးပြု လိုက်လေ့ ရှိသည်။ စုဆောင်းရန် စိတ်မကူးပေ။ သူ၏ မသိစိတ်၌ ဤသို့တွေးတော ခံယူနေမိသည်-

"ငါ့မှာ ငွေပိုငွေလျှံလေး ရှိနေတာ ထူးဆန်းလိုက်တာ၊ ငါ တစ်ခုခုမှာ သုံးပစ်လိုက်မှပဲ။ ဒါမှ ငါအမြဲတမ်း နေခဲ့သလို၊ အမြဲတမ်း ငွေလိုနေပေလိမ့်မယ်။ ဒါဟာ ငါ့ရဲ့  ပုံမှန်ဘ၀ပဲ" ဟု မသိစိတ်၌ ခံယူနေမိလေသည်။ ငွေကြေး မပြေလည်မှု ဆိုတာ ဘ၀ရဲ့  မလွှဲ မရှောင်နိုင်တဲ့ အရာတစ်ခုဟု ယူဆထားသည်။ ထိုအခါ သူ့အဖို့ အထက်ပါ လခစား အလုပ်ကလေး တစ်ခုနှင့်သာ တင်းတိမ် ရောင့်ရဲပြီး ချမ်းသာ နေသည်ဟု ခံယူနေပေသည်။
 
ကျွန်ုပ် တွေ့ကြုံခဲ့ဖူးသူ အချို့ က "မိမိသည် ပညာကို ကောင်းမွန်စွာ မသင်ခဲ့ရ၊ မတတ်မြောက်ခဲ့ရ၍ ဆင်းရဲ နေရသည်" ဟု ဆိုလေ့ရှိကြသည်။ ပညာတတ်ခြင်းသည်သာ ချမ်းသာရမည့် အကြောင်းရင်းဟု ဆိုပါလျှင် တက္ကသိုလ်မှ ပါမောက္ခ အားလုံးသည် သန်းကြွယ် သူဋ္ဌေး ဖြစ်နေကြပေမည်။

ပညာကို တစ်ဖက်ကမ်း ရောက်အောင် တတ်မြောက်၍ ဘွဲ့များစွာ ရရှိထားပြီး ဆင်းရဲနေသူများ ရှိသလို စာပေပညာ ကောင်းစွာ မတတ်မြောက်ခဲ့ဘဲ ကြီးပွားချမ်းသာ နေသူများလည်း ရှိနေကြောင်း သင်တွေ့ရှိဖူးပေမည်။

အချို့ က "ငါ အချိန် ကောင်းကောင်း မရခဲ့လို့သာပေါ့ကွာ၊ မဟုတ်ယင် ငါ ကြီးပွား ချမ်းသာနေပြီ" ဟု ဆိုတတ်ကြ ပြန်သေးသည်။ လူတိုင်းသည် တစ်ရက် တွင် ၂၄နာရီသာ အညီအမျှ အချိန်ရကြသူချည်းပင် ဖြစ်သည်။ မည်သူမျှ တစ်နာရီ တစ်မိနစ် ပို၍လည်း မရရှိ၊ လို၍လည်း မရရှိ ကြပေ။

တစ်ဖန် ကျွန်ုပ်တို့သည် အချိန်အကြာကြီး ကြိုးစား၍ အလုပ် လုပ်သော်လည်း ဆင်းရဲနေလျက်ပင် ရှိသော သူများကို တွေ့နိုင်သလို၊ သင့်တင့်သော အချိန်တို အတွင်း၌ပင် အလုပ် လုပ်ပြီး ချမ်းသာကြွယ်ဝ လာသူများကိုလည်း တွေ့နိုင်ပေသည်၊ အလုပ် ကြိုးစား လုပ်ကိုင်မှု သည် မရှိမဖြစ် အရေးကြီးသော်လဲ ထိုကဲ့သို့ လုပ်ကိုင်တိုင်း အမြဲတမ်း ကြီးပွားချမ်းသာ လာနိုင်မည်ဟု မပြော နိုင်ချေ။ ထို့ကြောင့် အချိန် အခါကို လိုက်၍ တွေးဆ ဆင်ခြင်ပြီး အကြံဥာဏ်ကောင်း ထုတ်ကာ မိမိ၏ လုပ်ကိုင်နည်းများကို ပြောင်းလဲသင့်က ပြောင်းလဲ လုပ်ကိုင် တတ်ရန်လည်း လိုအပ်ပေသည်။ 
   
အထက်တွင် ဖော်ပြထားသည့်အတိုင်း သင်သည် တင်းတိမ် ရောင့်ရဲနိုင်သူ တစ်ဦး ဖြစ်ပါက သင်၏ လက်ရှိအခြေအနေတွင်ပင် ကျေနပ် ၀မ်းမြောက်ပြီး ချမ်းသာ နေပေလိမ့်မည်။ သို့သော် သင်သည် အမှန်တကယ် ကြီးပွား တိုးတက်ပြီး အောင်မြင် ချမ်းသာ လိုပါလျှင်မှု သင်၏ လက်ရှိခံယူချက်များကို ပြုပြင်သင့်က ပြုပြင်ရပေမည်။ ယခု အခြေအနေထက် တိုးတက် ချမ်းသာ လာရမည် ဟူသော ရည်မှန်းချက်ကို ရောက်အောင် တွေးတော ကြံဆ ကြံစည် ကြိုးစား လုပ်ကိုင်ရပေမည်။
   
သင် အမှန်တကယ် ကြီးပွားတိုးတက်ပြီး အောင်မြင်ချမ်းသာ လိုပါက လုပ်ဆောင်ရန် အချက်များကို အောက်တွင် ဖော်ပြထား ပါသည်။
၁။ ငါ မဖြစ်မနေ တိုးတက် ကြီးပွား ချမ်းသာ လာရမည်ဟု သင်၏ စိတ်ထဲ၌ ခိုင်ခိုင်မာမာ ဆုံးဖြတ်ချက်ချပါ။ ထို့နောက် ကောင်းသော ခံယူချက် ယုံကြည်ချက် အပြည့်အ၀၊ ဇွဲ လုံ့လ အပြည့်အ၀တို့ဖြင့် အားစိုက် လုပ်ကိုင်ပါ။
 
၂။ ရရှိလာသော ငွေကို ဦးစွာ စုဆောင်းပါ၊ ပိုသော ငွေကိုမှ သုံးစွဲပါ။ ကြီးပွားချမ်းသာ လာရန်မှာ သေချာ ကြံစည်၍ ရည်မှန်းချက်ကို ရောက်အောင် အကွက်ချ လုပ်ကိုင်တတ်ရန် များစွာ အရေးကြီးပြီး၊ ကြံစည်ထားသည့်အတိုင်း အတိအကျ လိုက်နာ လုပ်ကိုင်ရန် လိုပေသည်။ ဆင်းရဲနေသူများမှာ ရရှိလာသောငွေကို အရင်သုံးပြီး ပိုမှစုမည် ဆိုသည့် သူများ ဖြစ်ကြပေသည်။
 
၃။ ကြီးပွားချမ်းသာ နေသူများ၏ လုပ်ဆောင်ချက်များအား လေ့လာပါ။ မိမိနှင့် သူတို့အကြား ကွာခြားချက်များကို ရှာဖွေ နှိုင်းယှဉ် ကြည့်ပါ။ ကောင်းမွန်သော အချက်၊ အပြုအမူ၊ လုပ်ကိုင်မှုများကို မှတ်သား အတုယူပါ။ ထိုသူတို့၏ အရည်အချင်းနှင့် လုပ်ကိုင်နည်း စနစ်တို့ကို လေ့လာ သင်ယူပါ။ သူတို့၏ ခံယူချက်များ ကိုလည်း လေ့လာ ကြည့်ရှု နှိုင်းယှဉ်ပြီး မိမိ၏ မကောင်းသည့် ခံယူချက်များကို စွန့်ပယ်ပစ်ပါ။
 
၎။ အကူအညီ တောင်းခံပါ။ သင်ကသာ တကယ် လိုအပ်သော၊ အကျိုးရှိမည် ဖြစ်သော အကူအညီကို တောင်းခံပါက သင့် အား ကူညီချင်ကြသည့် မိတ်ဆွေများ၊ များစွာ ရှိလှကြောင်း သင် အံ့သြလောက်အောင်ပင် တွေ့ရှိရပေလိမ့်မည်။
 
၅။ အစဉ်သဖြင့် သင့်ကိုယ်သင် "ငါသည် ချမ်းသာ ကြွယ်ဝ လာရမည်" ဟု မိမိကိုယ်မိမိ ယုံကြည်လာအောင် ပြုလုပ်ပါ။ 
 
၆။ တစ်ခါတစ်ရံ မိမိ၏ငွေကို တန်ဖိုးရှိသော ကိစ္စများ၌ သုံးစွဲပါ။ သို့မှသာ သင်သည် သင် ပိုင်ဆိုင်သော ငွေကို သင် တန်ဖိုးရှိစွာ လွတ်လွတ်လပ်လပ် အသုံးချနိုင်ကြောင်း သိရှိ ခံစားလာပြီး နောက်ထပ်ငွေများ ပိုမို ကြိုးစား ရှာဖွေလိုစိတ် ပေါ်ပေါက် လာပေမည်။
 
၇။ ရှေ့ ဆက်လုပ်သင့်သည့် ကြီးပွား တိုးတက်ရန် အစီအစဉ်များ ကို တွေးတောကြံဆပြီး ကောင်းမွန်သော ရည်မှန်းချက်များကို ချမှတ်ထားပါ။
 
၈။ စာကောင်း ပေကောင်းများကို ရှာဖွေ လေ့လာ ဖတ်ရှုပါ။ စာကောင်း ပေကောင်း တစ်အုပ်မှ အဖိုးတန် အကြံဥာဏ်ကောင်း တစ်ခု သင်ရရှိလိုက်ပါက အချိန်နှင့် ငွေကုန်ရကျိုး နပ်လှပေမည်။
 
၉။ အမြဲတမ်း သင်နှင့်အတူ ငွေအချို့  အိတ်ထဲတွင် ရှိနေပါစေ။ သို့မှသာ သင်သည် "ငါချမ်းသာသူ တစ်ယောက်" ဟုလည်းကောင်း၊ "ငါ့မှာ ငါကိုယ်ပိုင် လွတ်လပ်စွာ အချိန်မရွေး သုံးစွဲနိုင်တဲ့ငွေ ရှိနေတာပဲ" ဟု လည်းကောင်း ယုံကြည်မှု ရှိလာပြီး မိမိချမ်းသာမှုများ ပျက်ဆီးဆုံးရှုံးမည်ကို စိုးရိမ် ပူပန် နေခြင်းများ ပပျောက်သွားလိမ့်မည်။
 
၁၀။ သင်သည် မည်သည့် အလုပ်ကို မဆို သင်၏ ကိုယ်ပိုင် ဆုံးဖြတ်ချက်နှင့် မှန်မှန်ကန်ကန် ပြုလုပ်ပါ။ မှားယွင်း ဆုံးရှုံး မှုများ ရှိပါကလည်း အားမလျော့ပါနှင့်။ သင်၏ မိဘများအား လည်းကောင်း၊ ရာသီဥတုအား လည်းကောင်း၊ အစိုးရကို လည်းကောင်း၊ သင့်အလုပ်ကို လည်းကောင်း၊ သင်၏ ပညာရေးကို လည်းကောင်း စသည်ဖြင့် မည်သည့် အပေါ်တွင်မှ အပြစ် မတင်ပါနှင့်။ မည်သူမပြု၊ မိမိမှုဟုသာ ခံယူထားပါ။
 
၁၁။ အခက်အခဲ အတားအဆီးများ ရှိပါကလဲ မိမိက မှန်မှန်ကန်ကန်၊ ဇွဲလုံ့လ အပြည့်ဖြင့် တွန်းလှန် ကျော်လွှားပါ။
 
၁၂။ ကြွယ်ဝချမ်းသာ တိုးတက် အောင်မြင်ရေး အတွက် အခြေခံ ကျသော အချက်ကြီး လေးချက်ကို သင် အမြဲတမ်း မှတ်သား ထားပါ။ 
 
(၁) မိမိ ဘာလိုချင်သည် ဆိုသည့် အချက်ကို သိရန် ဦးစွာ စဉ်းစားပါ။
(၂) မိမိ လိုချင်တာ ရရှိနေသည့် အခြေအနေ ပုံပန်းရုပ်ပုံလွှာ ကို မိမိ စိတ်ထဲမှာ ဖန်ဆင်းကြည့်ပါ။ မြင်ယောင် ကြည့်ပါ။
(၃) မိမိ လိုချင်တာ ရရှိစေနိုင်မည့် အစီအစဉ်များ ရေးဆွဲပါ။ 
(၄) ရေးဆွဲထားသည့် အစီအစဉ်များအတိုင်း မိမိ ရည်မှန်းထားသော ပန်းတိုင်သို့ ပိုမို နီးကပ်   ရောက်ရှိအောင် နေ့စဉ် အလုပ်ကို လုပ်ဆောင်ပေးပါ။

Read more...

Thursday, July 19, 2012

လက်တွေ့နည်းကျ အောင်မြင်ပျော်ရွှင် ချမ်းမြေ့ စွာ နေထိုင်နည်း ပညာ (၅)


၅။ ပတ်ဝန်းကျင် (ENVIRONMENT)

   
ကျွန်ုပ်တို့သည် မိမိ ပတ်ဝန်းကျင်၏ လွှမ်းမိုးမှုကို များစွာ ခံယူရလေ့ရှိသည်။ ကောင်းသော ပတ်ဝန်းကျင်၌ နေသော် လူကောင်း သူကောင်း  ဖြစ်လာပြီး၊ မကောင်းသော ပတ်ဝန်းကျင်၌ နေရသော် လူဆိုးသူဆိုး မကောင်းသောသူသာ ဖြစ်လာလေ့ရှိသည်။ "တံငါနားနီးတံငါ မုဆိုးနားနီးမုဆိုး"ဆိုသကဲ့သို့ ပတ်ဝန်းကျင်သည် များစွာ အရေးကြီးလှပေသည်။

ကျွန်ုပ်တို့သည် မိမိ၏ ပတ်ဝန်းကျင်ရှိ အပေါင်းအသင်း သူငယ်ချင်းများ၊ မိသားစုများ၊ လုပ်ဖော်ကိုင်ဖက်များ၊ စာအုပ် စာပေများ စသည်ဖြင့် သက်ရှိသက်မဲ့ အားလုံးတို့နှင့် မပတ်သက်ဘဲ၊ မဆက်ဆံဘဲနှင့် မည်သို့မျှနေ၍ မရနိုင်ပေ။ ထို့ကြောင့် ထိုပတ်ဝန်းကျင် နှင့် ဆက်ဆံ နေထိုင်ရသောအချိန် ကြာလာသည်နှင့်အမျှ မိမိ ပတ်ဝန်းကျင်၏ လွှမ်းမိုးမှုကို ခံယူလာရပေသည်။ မိမိ၏ ခံစားမှု၊ ယူဆတွေးခေါ်မှု၊ ရည်မှန်းချက်တို့သည်လည်း မိမိ၏ ပတ်ဝန်းကျင်နှင့် လိုက်လျော ညီထွေ ပြောင်းလဲလာရပေသည်။

ဥပမာအားဖြင့် ဆိုရသော်-ကျွန်ုပ် အလုပ်လုပ်သော ရုံး၌ မိတ်ဆွေတစ်ဦး ရှိသည်။ သူသည် အလုပ်ကို ကြိုးစားလုပ်ကိုင် တတ်သူတစ်ဦး ဖြစ်သည်။ ရုံး၌ အလုပ်စ၀င်လာစတွင် နေ့လယ်ခင်း လက်ဖက်ရည်သောက် နားချိန်၌ သူသည် ၁၀ မိနစ်သာ နားပြီး အလုပ် ပြန်လုပ် လေ့ရှိသည်။ ထိုအချိန်၌ သူ၏ လုပ်ဖော်ကိုင်ဖက် အလုပ်သမား အားလုံးက နာရီဝက် နားပြီးမှ အလုပ်ပြန်ဝင်လေ့ ရှိကြသည်။ ထိုအခါသူက သူ့လုပ်ဖော်ကိုင်ဖက်များအား "လက်ဖက်ရည်လေး တစ်ခွက်သောက်ပြီး နားတာ နာရီဝက်တောင် ကြာရသလား၊ ဘယ်လိုလူတွေပါလိမ့်"ဟု ဆိုလေ့ ရှိသည်။
   
နောက်နှစ်ပတ်ခန့် ကြာသောအခါ သူသည် လက်ဖက်ရည်သောက်နားချိန်၌ မိနစ် ၂၀နားပြီးမှ အလုပ် ပြန်လုပ်လာသည်။ နောက်တစ်လခန့် ကြာသောအခါ သူသည် နာရီဝက် နားလာတော့သည်။ ပြီးတော့ "အကုန်လုံး ကျန်တဲ့လူတွေ နာရီဝက် နားမှတော့ ငါတစ်ယောက်တည်း ဘာလို့ မနားဘဲ အလုပ် လုပ်မှာလဲ၊ သူတို့လိုပဲနေတာ အကောင်းဆုံး ပါပဲ"ဟု ကျွန်ုပ်အား ပြောလာသည်။ နောက် ၅နှစ် ကြာလာသောအခါ ကျွန်တော်တို့ ရုံး၌ သူသည် လက်ဖက်ရည်သောက် နားချိန် အကြာဆုံးသူ တစ်ဦး ဖြစ်လာပေတော့သည်။   
   
သူသည် သူ၏ လုပ်ဖော်ကိုင်ဖက် ပတ်ဝန်းကျင်၏ လွှမ်းမိုးမှုကို ခံရပြီး လိုက်လျော ညီထွေ နေလာတော့သည်။ သူ၏အလုပ်ကိုကြိုးစား လုပ်ကိုင်တတ်သော အကျင့်စရိုက်ကောင်းလေးမှာလဲ တစ်စတစ်စ ပျောက်ကွယ်သွားတော့သည်။

အံ့ဖွယ်ကောင်းသည့် အချက်မှာ ကျွန်ုပ်တို့သည် ပတ်ဝန်းကျင်ကြောင့် ကျွန်ုပ်တို့၏ စိတ်ဓာတ်၊ ခံယူချက်၊ အကျင့်စရိုက် အစ ရှိသည်တို့သည် ပြောင်းလဲလာတတ်သည့် အချက်ကို ကိုယ်တိုင် သတိ မပြုမိကြသည့် အချက်ပင် ဖြစ်သည်။
သင်သည် ပျော်ပျော် နေတတ်သည့် လူများနှင့် ပေါင်းသင်း ဆက်ဆံနေလျှင် သင်လည်း ပျော်ရွှင်စွာ နေတတ် လာပေမည်။ ရည်မှန်းချက် ကြီးမားသော လူကောင်း လူတော် များနှင့်နေလျှင် သင်လည်း လူတော် တစ်ယောက် ဖြစ်လာ ပေမည်။ လူဆိုးလူတေ လူပွေများနှင့် နေလျှင် လူဆိုး လူပေသာ ဖြစ်လာပေမည်။ တံငါနားနီးတံငါ၊ မုဆိုးနားနီး မုဆိုးပင် ဖြစ်ပေသည်။

အရေးကြီးသော အချက်မှာ သင်သည် သင်၏ ဘ၀ကို တိုးတက် ကောင်းမွန်စေလိုပါက သင်၏ ပတ်ဝန်းကျင်ကိုလည်း ကောင်းမွန်သော ပတ်ဝန်းကျင်သို့ ကြိုးစားပြုပြင် ပြောင်းလဲပစ်ရန် အထူး အရေးကြီးလှ ပေသည်။

Read more...

Thursday, July 12, 2012

လက်တွေ့နည်းကျ အောင်မြင်ပျော်ရွှင် ချမ်းမြေ့ စွာ နေထိုင်နည်း ပညာ (၄)


၎။ နာကျင်မှု (PAIN)
   
ကျွန်ုပ်တို့သည် နေ့စဉ်နှင့်အမျှ နာကျင်မှု တစ်ခုခုကိုတော့ အနည်းဆုံး ခံစား နေကြရပေသည်။ နာကျင်မှုဟု ဆိုရာ၌ ရုပ်ပိုင်းဆိုင်ရာနာကျင်မှု (Physical Pain) နှင့် စိတ်ပိုင်းဆိုင်ရာနာကျင်မှု (Emotional Pain) ဟူ၍ နှစ်မျိုး ခွဲခြား နိုင်ပေသည်။
   
ရုပ်ပိုင်းဆိုင်ရာ နာကျင်မှုကို ကျွန်ုပ်တို့သည် မခံစားလိုကြ သော်လည်း ထိုကဲ့သို့ ခန္ဓာကိုယ် နာကျင်မှုသည် ကျွန်ုပ်တို့ အတွက် မရှိမဖြစ် လိုအပ်လှပေသည်။ အဘယ်ကြောင့်ဆိုသော် ထိုနာကျင်မှုသာ မရှိပါက ကျွန်ုပ်တို့ ခန္ဓာကိုယ်အား ထိခိုက် ပျက်စီး စေနိုင်သော အကြောင်းအချက်များကို ကျွန်ုပ်တို့ ရှောင်လွှဲ နိုင်မည် မဟုတ်ပေ။ ဥပမာဆိုရသော် သင်သည် ရုပ်ပိုင်းဆိုင်ရာ နာကျင်မှုသာ မရှိပါက သင့်လက်အား ဓားဖြင့် လှီးဖြတ်နေသော်လဲ သင်သည် နာကျင်မှု မရှိ၍ ငြိမ်ခံနေပေမည်။ သို့သော် ကျွန်ုပ်တို့တွင် ထိုရုပ်ပိုင်းဆိုင်ရာ နာကျင်မှု ရှိနေသောကြောင့် ဓားနှင့်အသား ထိလိုက်သည်နှင့် တစ်ပြိုင်နက် နာကျင်မှုဝေဒနာကို ခံစားရသောကြောင့် လက်ကို ချက်ချင်း ရုတ်မိပြီး ဆက်လက်၍ မိမိလက်အား ဒဏ်ရာ အနာတရ ဖြစ်စေခြင်းမှ ကာကွယ် ပေးလေသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် ရုပ်နာကျင်မှုကို မခံစားလိုကြသော်လည်း၊ ကျွန်ုပ်တို့အတွက် မရှိမဖြစ် လိုအပ်ပေသည်။
   
တစ်ဖန်စိတ်ပိုင်းဆိုင်ရာ နာကျင်မှု ဖြစ်သည့် စိုးရိမ်ပူပန် သောကရောက်မှု၊ စိတ်ထိခိုက်မှု၊ စိတ်နာကျည်းမှု စသည်တို့ကိုလည်း ကျွန်ုပ်တို့သည် မခံစားလိုကြဘဲ ပျော်ရွှင်ချမ်းမြေ့ စွာနေလိုကြပေသည်။သို့သော်လည်း ကျွန်ုပ်တို့သည် တစ်ချိန် မဟုတ် တစ်ချိန်၌စိတ်ပိုင်းဆိုင်ရာ နာကျင်မှု တစ်ခုခုကို ခံစားရလေ့ရှိသည်။ ဤအရာကား ရှောင်လွဲ၍ မရနိုင်သော လောက သဘာဝ တစ်ခုပင်ဖြစ်ပြီး ကျွန်ုပ်တို့ ဘ၀၌ ရှိသင့်ရှိထိုက်သော နာကျင်မှု တစ်ခုပင် ဖြစ်ပေသည်။
   
စိတ်ပိုင်းဆိုင်ရာ နာကျင်မှုများ ရှိမှသာလျှင် ထိုသို့ နောက်ထပ် ဖြစ်ပေါ် မခံစားရအောင် ကျွန်ုပ်တို့သည် စဉ်းစားဆင်ခြင် သတိနှင့် ယှဉ်၍ ပြုပြင်ပြောင်းလဲမှုကို ဆောင်ရွက်ကြ ပေလိမ့်မည်။ သို့မှသာ နောက်တစ်ကြိမ် ထိုသို့သော စိတ်နာကျင်မှုများကို ကျွန်ုပ်တို့ မခံစား ရဘဲ ပျော်ရွှင်ချမ်းမြေ့ စွာ နေနိုင်ကြမည် ဖြစ်သည်။
   
အချူပ်ဆိုရသော် ရုပ်နာကျင်မှု၊ စိတ်နာကျင်မှု တို့သည် ကျွန်ုပ်တို့ဘ၀တွင် မရှိမဖြစ် လိုအပ်နေမည်ဖြစ်ပြီး ထိုနာကျင်မှုများ ဖြစ်ပေါ်စေသည့် အကြောင်းရင်းကို ချက်ချင်း ရှာဖွေကာ နောက်နောင် ထပ်မခံစားရအောင် မည်သို့ ရှောင်ရှားရမည်ကို တွေးတော ကြံဆ ဆင်ခြင်ပြီး ပြုပြင်ရန်သာ အဓိက ကျပေသည်။ သို့မှသာ ကိုယ်စိတ် နှစ်ပါး ပျော်ရွှင်စွာဖြင့် ကျွန်ုပ်တို့၏ ဘ၀ကို တိုးတက် အောင်မြင်စွာ လျှောက်လှမ်းနိုင်ကြမည် ဖြစ်ပေသည်။

Read more...

Thursday, July 5, 2012

လက်တွေ့နည်းကျ အောင်မြင်ပျော်ရွှင် ချမ်းမြေ့ စွာ နေထိုင်နည်း ပညာ (၃)




၃။ ကျန်းမာခြင်း(HEALTH)

   "အာရောဂျ ပရမာ လာဘာ "ဆိုသည့်အတိုင်း ကျန်းမာခြင်းသည် လာဘ်ကြီးတစ်ပါး ဖြစ်ပေရာ တိုးတက် အောင်မြင် ပျော်ရွှင်စွာ နေထိုင်ရန် ကျန်းမာရေးသည်လည်း များစွာ အရေး ပါလှပေသည်။
   
ကျန်းမာသည်ဆိုရာ၌ ရုပ်ခန္ဓာ ကျန်းမာခြင်း (Physical Health)နှင့် စိတ်ကျန်းမာခြင်း (Mental Health)ဟူ၍ နှစ်မျိုး ရှိပေသည်။ သင်၏စိတ် ကျန်းမာမှ သာလျှင် ကိုယ်လည်း ကျန်းမာ နိုင်ပေမည်။ စိတ်မကျန်းမာခြင်း(တနည်းအားဖြင့်) စိုးရိမ်သောက ရောက်၍ စိတ်ပျော်ရွှင်ခြင်း မရှိခြင်းကြောင့် ကျွန်ုပ်တို့ ကိုယ်ခန္ဓာတွင် ရောဂါဝေဒနာများ ဖြစ်ပေါ်လာနိုင်ပေသည်။
   
သိပံ္ပနည်းကျ လက်တွေ့ စမ်းသပ်မှုများက အထက်ပါ အချက်များကို မှန်ကန်ကြောင်း ပြသနေပေသည်။ ထိုစမ်းသပ်မှုမှာ-
ရှေးဦးစွာ ပူပင်သောကရောက်၍ စိတ်ပျော်ရွှင်မှု မရှိသူ၊ အလွန်အမင်း ကြောက်ရွံ့ နေသူ၊ ဒေါသ ထွက်နေသူတို့ထံမှ သွေးအနည်းငယ် ထုတ်ယူပြီး ဓာတ်ခွဲခန်း သုတေသန ပြုလုပ်ရာ၌ သုံးသော ပူးကလေးများ(Guinea pigs) ထဲသို့ ထိုသွေး အနည်းငယ်ကို ထိုးသွင်းလိုက်ရာ ထိုပူး ကလေးများသည် သွေးထိုးအပြီး ၂မိနစ် အတွင်း ချက်ချင်း သေဆုံး သွားကြလေသည်။ အဘယ်ကြောင့်ဆိုသော် ထိုသွေးထဲ၌ အလွန် ပြင်းထန်ပြီး သေစေနိုင်လောက်သော အဆိပ်များ ပါရှိနေသောကြောင်း ဖြစ်ကြောင်း တွေ့ရပေသည်။
ဤစမ်းသပ်ချက်ကို လေ့လာ သုံးသပ်ကြည့်ပါက စိတ် မကျန်းမာသူ(တနည်း) ပူပင်သောရောက်၍ စိတ်ပျော်ရွှင်မှု မရှိသူ၊ ကြောက်ရွံ့ နေသူ၊ ဒေါသဖြစ်နေသူ တို့၏ သွေးထဲ၌ ပူးကလေးများကိုပင် ၂ မိနစ် အတွင်း သေစေနိုင်လောက်သော အဆိပ်များ ဖြစ်ပေါ်နေရာ ပူးကလေးများ သေစေနိုင်သလို၊ ထိုသူ၏ ကိုယ်ခန္ဓာ ကျန်းမာရေးကိုလည်း အနည်းနှင့်အများ ထိခိုက် ပျက်စီး စေမည်မှာ အထင်အရှားပင် ဖြစ်သည်။



ထို့ကြောင့် စိတ်ကျန်းမာမှ (တနည်း) စိတ်ပျော်ရွှင်မှု ရှိမှသာ ကိုယ်ခန္ဓာ ကျန်းမာနိုင်ပေမည်။ စိတ်ပူပင်သောက ရောက်ပြီး ပျော်ရွှင်မှု ကင်းမဲ့၍ စိတ်မကျန်းမာ ဖြစ်နေသူ တစ်ယောက်သည် ထိုတစ်ချိန် ထဲ၌ ကိုယ်ခန္ဓာ အပြည့်အ၀ ကျန်းမာနေရန်မှာ လုံးဝ မဖြစ်နိုင်ပေ။ ထို့ကြောင့် ကျန်းမာနေရန် အတွက် စိတ်ကျန်းမာမှု၊ ပျော်ရွှင်မှုသည် အဓိက ကျလျက်ရှိပြီး စိတ်ကျန်းမာမှ ရုပ်ကိုယ်ခန္ဓာ ကျန်းမာလာပြီး ကျန်းမာ ပျော်ရွှင်မှုကို အပြည့်အ၀ ရရှိနိုင်ပေမည်။



စိတ်ဟု ဆိုရာတွင် ရှေ့ ပိုင်း၌ ဖော်ပြခဲ့သော မသိစိတ်ကို ဆိုလိုပေသည်။ စိတ်နှင့်ကိုယ် ကျန်းမာရေး ဆက်သွယ်နေပုံမှာဆန်းကြယ်လှပေသည်။ ကျွန်ုပ်တို့၏ ဦးနှောက် အတွင်းရှိ ဆဲလ်လေးများ အတွင်းရှိ မသိစိတ်က ကျွန်ုပ်တို့အား ကျန်းမာနေစေရန် လည်းကောင်း၊ နာမကျန်း ဖြစ်စေရန် လည်းကောင်း ပြုမှုနိုင်လေသည်။
   
ဥပမာအားဖြင့် ပြရသော် - ကျွန်ုပ်တို့၏ မိတ်ဆွေ၊ ဆွေမျိုး သားချင်းများထဲတွင် "ငါတစ်သက်လုံး တစ်ခါမှ မဖျားဖူးဘူး" ဟုလည်းကောင်း၊ "ငါတစ်ခါမှ ခေါင်းမကိုက်ဖူးဘူး၊ အနှိပ်ခံရ လောက်အောင် မညောင်းဖူးဘူး၊ တစ်ခါမှ နှာမစေး၊ အအေး  မမိဖူးဘူး"စသည် ဖြင့် လည်းကောင်း ပြောတတ်ကြသည်။ တကယ်လည်း ကျန်းမာရေး အမြဲကောင်းနေ တတ်သော အသက် ၇၀၊ ၈၀ အရွယ် ရှိ လူကြီး ၊သူကြီးများကို တွေ့ဖူး၊ မြင်ဖူးကြပေလိမ့်မည်။ သူတို့၏ မသိစိတ်၌ ငါ ကျန်းမာနေတယ်ဟု အမြဲ ယုံကြည် စွဲမြဲနေသဖြင့် အမှန်တကယ်လည်း ကျန်းမာနေကြပြီး အသက်ရှည်နေကြခြင်း ဖြစ်သည်။ ထို့အတူ "ငါကတော့ နှာစေးရင်စေး၊ ဖျားရင်ဖျား၊ ခေါင်းကိုက်ရင်လဲကိုက်နဲ့ အမြဲတမ်း နေကောင်း နေတယ်လို့ မရှိပါဘူး"ဟု ညည်းတွား ပြောဆို နေတတ်သော သူများကိုလည်း သင်တွေ့မြင်ဖူးပေလိမ့်မည်။ ထိုသူတို့ သည်လည်း သူတို့ ညည်းတွား ပြောဆိုနေ သလို အမြဲတမ်း ရောဂါ တစ်ခု မဟုတ် တစ်ခု အမှန်တကယ် ဖြစ်ပေါ်နေတတ် ကြသည်။ အများအားဖြင့် လူအများအား မိမိ အပေါ် ဂရုတစိုက် ရှိနေစေချင်တတ်သော အမျိုးသမီးများ၌ တွေ့ရှိရ ပေသည်။
   
ထို့ကြောင့် သင်ပျော်ရွှင် ကျန်းမာနေစေရန် သင်၏ စိတ်အမြင် ကိုယ့်ရုပ်ပုံလွှာ (Self-image)တွင် "ငါဟာ ကျန်းမာနေသူ တစ်ယောက်"ဟု စွဲမြဲယုံကြည်စွာ ထင်မြင်လာအောင်၊ သင်၏ မသိစိတ် ၌ ထင်မြင်လာအောင် သင့်ကိုယ်သင် အမြဲ ကြိုးစား ပြုပြင်လုပ်ကိုင် လေ့ကျင့်နေရန်သာ လိုပေတော့သည်။

Read more...

Thursday, June 28, 2012

လက်တွေ့နည်းကျ အောင်မြင်ပျော်ရွှင် ချမ်းမြေ့ စွာ နေထိုင်နည်း ပညာ (၂)



၂။ စိတ်အမြင် ကိုယ့်ရုပ်ပုံလွှာ(SELF-IMAGE)

   
ကျွန်ုပ်တို့ ကိုယ်စီတွင် ကိုယ်၏အရည်အသွေး၊ သဘောထား စရိုက်၊ ရုပ်ရည် အစရှိသော ကိုယ်၏ စိတ်အင်္ဂါ နှင့် စိတ်အင်္ဂါ ရပ် တို့ကို ထင်ရှားပေါ်လွင်စေသော စိတ်အမြင် ကိုယ့်ရုပ်ပုံလွှာ(self-image) တစ်ခုစီလည်း ရှိကြပေသည်။ ထိုစိတ်အမြင် ကိုယ့်ရုပ်ပုံလွှာ သည် ကျွန်ုပ်တို့ ၏ ပြုမူဆောင်ရွက် လုပ်ဆောင်ချက်များနှင့် ရုပ်အသွင်အပြင်ကို စိုးမိုး ချယ်လှယ်လျက် ရှိပေသည်။
      
သင့်တင့် လျောက်ပတ်အောင် ကျေနပ်ပျော်ရွှင်ဖွယ် ရှိသော ဘ၀တစ်ခု ရရှိရေး အတွက် သင့် "ကိုယ်" သည် သင်၏ စိတ်က ယုံကြည် ကိုးစားနိုင်သော "ကိုယ်" ဖြစ်ရပေမည်။
   
အဆိုပါ "စိတ်အမြင် ကိုယ့်ရုပ်ပုံလွှာ" သည် သင့်အဖို့ ဂုဏ်ယူဝင့်ကြွားဖွယ်ရာ တစ်ခုဖြစ်လျှင် သင့်ကိုယ်ကို ယုံကြည်မှု အပြည့် အ၀ ရှိလာပေမည်။ သင့်ကိုယ်ဟု ဖြစ်ရသည်ကိုပင် စိတ် လွတ်လွတ် လပ်လပ် ရှိပေလိမ့်မည်။ သင့်ကိုသင် လူအများအား ဖော်ထုတ်ပြသ ရသည်ကိုလည်း စိတ်လွတ်လပ် ပျော်ရွှင်စွာရှိမည်။ ထိုအခါ အကောင်းဆုံး အစွမ်းအစများထုတ်၍ သင်လုပ်ကိုင် ပြသလာပေ လိမ့်မည်။
      
သင်၏ ကိုယ်ပိုင် စိတ်အမြင်ကိုယ့်ရုပ်ပုံလွှာသည် ရှက်ဖွယ် တစ်ခု သင့်အဖို့  ဖြစ်နေလျှင် ၄င်းကို ထုတ်ဖော်ပြသဖို့ထက် ကွယ်ဝှက်ထားဖို့ သင်က ကြိုးစားလာလိမ့်မည်။ ထိုအခါ သင်၏ ကွန့်မြူးစဉ်းစားဥာဏ်သည်လည်း လမ်းပိတ် သွားပေလိမ့်မည်။ ရန်လိုစိတ် ၀င်လာပြီး ပေါင်းသင်း ဆက်ဆံဖို့ ခက်သူ တစ်ယောက် ဖြစ်လာကာ စိတ်ပျော်ရွှင်မှုလည်း ရရှိနိုင်မည် မဟုတ်ပေ။



ထိုကဲ့သို့ မိမိစိတ်က မိမိကိုယ်ကို ထင်မြင်နေသော မိမိ၏ စိတ်အမြင် ကိုယ့်ရုပ်ပုံလွှာသည် များစွာ ထူးဆန်းလှပေသည်။ ဥပမာ အားဖြင့် ပြရသော် လူတစ်ယောက်သည် မိမိကိုယ်မိမိ ဂဏန်းသင်္ချာ  များ တွက်ချက်ရာ၌ ညံ့သည်ဟု သူ၏ စိတ်၌ ထင် မြင်နေသည်ဆိုပါစို့။ ထိုသူသည် ငယ်စဉ် အတန်းကျောင်းထဲက စ၍ သင်္ချာတွက်ရာ၌ ခက်ခဲမှုရှိခဲ့ပြီး သင်္ချာဘာသာ၌ အမြဲတမ်း ကျခဲ့သောကြောင့် သူ၏ စိတ်ထဲ၌ "ဘာပဲဖြစ်ဖြစ်၊ ငါတွက်ချက် တာတွေနဲ့တော့ မဖြစ်ပါဘူး၊ တွက်နိုင်မှာ မဟုတ်ပါဘူး" ဟု စိတ်၌ စွဲမြဲလာတော့သည်။ ထိုအခါ သူ့ကိုယ်သူ "ငါ သင်္ချာ ညံ့တယ်"ဟု ထင်သော စိတ်အမြင် ကိုယ့်ရုပ်ပုံလွှာ ဖြစ်ပေါ်လာတော့သည်။ ထိုကြောင့် သူသည် အတွက် အချက် ပါသော ကိစ္စများ၌ ကြိုးစားကြည့်ခြင်း မရှိတော့ပေ။ ထိုအခါ အတွက်အချက် ပို၍ညံ့လာတော့သည်။ အကယ်၍ အတွက် အချက် တစ်ခု၌ သူ အောင်မြင်စွာ တွက်ချက်နိုင်ခဲ့သည့်တိုင် "ဟာ-ဒါ မမျှော်လင့်ဘဲ ကံကောင်းလို့ ရတာပါ" ဟု သူ့ကိုယ်သူ ထင်မြင်မိပေသည်။ အကယ်၍ မတွက်ချက်နိုင်ပါကလည်း "အင်း-ငါသိသားပဲ၊ ငါ့ကိုယ်က အတွက်အချက်ကို ညံ့ကိုညံ့ပါတယ်" ဟု ပြောပေလိမ့်မည်။ သူ၏ ပတ်ဝန်းကျင်ရှိ သူနှင့်ပေါင်းသင်း ဆက်ဆံ နေရသော ဆွေမျိုးသားချင်း၊ သူငယ်ချင်း မိတ်ဆွေ၊ လုပ်ဖော်ကိုင်ဖက် များအားလည်း သူသည် သင်္ချာ အတွက်အချက် ညံ့ကြောင်း မကြာ ခဏ ပြောပြတတ်သည်။ ထိုအခါ သူ၏ စိတ်အမြင် ကိုယ့်ရုပ်ပုံလွှာ မှာ သင်္ချာညံ့သူ တစ်ယောက် ဖြစ်သည်ဟု ပိုမိုစွဲမြဲစွာ ယုံကြည်လာတော့သည်။ နောက်ပိုင်းတွင်မူ အတွက်အချက် ဟူသမျှ ရှောင်ရှား လာကာ အများသူငါ သိမှာကိုပင် ရှက်ရွံ့ လာပြီး ကွယ်ဝှက်ဖို့ ကြိုးစားလာတော့သည်။ ထိုအခါ သူ၏ ကွန့်မြူစဉ်းစား ဥာဏ်လည်း လမ်းပိတ်သွားတော့သည်။ အတွက်အချက် တော်သူတို့ အပေါ်၌လည်း ရန်လို မနာလိုစိတ်များ ၀င်လာပြီး စိတ်ပျော်ရွှင်မှုလည်း ဆိတ်သုဉ်း လာတော့ သည်။
      
ထို့ကြောင့် Self-image ခေါ် စိတ်အမြင် ကိုယ့်ရုပ်ပုံလွှာသည် မိမိဘ၀၌ ကြီးပွားတိုးတက် ပျော်ရွှင်မှုရရှိရန် များစွာ အရေးကြီးလှပေသည်။ သို့ဆိုလျှင် ကောင်းမွန်သော စိတ်အမြင် ကိုယ့်ရုပ်ပုံလွှာ ရရန် မည်ကဲ့သို့ ပြုလုပ်ရမည်နည်း။
      
ဦးစွာပထမ အရေးကြီးဆုံး အချက်မှာ "မိမိကိုယ်မိမိ" ထင်မြင်တွေးတောမှု၊ ပြောဆိုမှုတို့ကို ပြုပြင်ပြောင်းလဲပစ်ရန် ဖြစ်ပေသည်။ ဥပမာအားဖြင့် "ငါကတော့ သင်္ချာမှာ ညံ့တာပဲ၊ ဒီအတွက်အချက် တွေပါတဲ့ အလုပ်ကို လုပ်လို့ဖြစ်မှာ မဟုတ်ပါဘူး" ဆိုသည့် စိတ် အမြင် ကိုယ့်ရုပ်ပုံလွှာမှနေ၍ "ငါ သင်္ချာမှာတော့ ညံ့ခဲ့ဘူးတယ်။ ဒါပေမယ့် ငါကြိုးစားရင် ဖြစ်နိုင်တဲ့ အစွမ်းအစ ငါ့မှာရှိတယ်။ ဒါကြောင့် ဘယ်လောက် အတွက်အချက် ကိစ္စတွေ ပါတဲ့အလုပ် ဖြစ်ပါစေ ငါ ကြိုးစားရင် လုပ်ကို လုပ်နိုင်ရမယ်" စသည့် မိမိကိုယ် မိမိ တွေးတောမှု၊ ခံယူမှု၊ ပြောဆိုမှု တို့ကို အကောင်းဖက်သို့ ရောက်အောင် ကြိုးစားပြုပြင် ပြောင်းလဲရပေမည်။
      
အချုပ်ဆိုရသော် မိမိ၌ ကောင်းမွန်သော စိတ်အမြင် ကိုယ့်ရုပ်ပုံလွှာ ရှိရန်မှာ မိမိ၏ ဆုံးဖြတ်ချက်၊ မိမိကိုယ်မိမိ ထင်မြင်ချက်၊ တွေးတော ခံယူချက်များ အပေါ်၌သာ မူတည်နေပေသည်။ ထိုသို့ ဆိုလျှင် သင်သည် ယခုအချိန်မှစ၍ သင်၏ မကောင်းသော စိတ် အမြင် ကိုယ့်ရုပ်ပုံလွှာကို စတင် ပြောင်းလဲရန်သာ ရှိပေတော့သည်။
      
ထိုသို့ ပြောင်းလဲရာတွင် ပြုပြင်ပြောင်းလဲမှုကို အစဉ်တစိုက် သတိဖြင့်ယှဉ်၍၊ အဆက်မပြတ် ကြိုးစားပြုပြင်ရန် အထူးလိုအပ်လှပေသည်။
      
အောက်တွင် ဖော်ပြထားသော စိတ်အမြင် ကိုယ့်ရုပ်ပုံလွှာများ သင့်ထံတွင် ရှိနေပါက သင့်အနေဖြင့် ကြိုးစား ပြုပြင် ပြောင်းလဲ၍ ကောင်းမွန်သော စိတ်အမြင် ကိုယ့်ရုပ်ပုံလွှာရရှိရန် လိုအပ်နေကြောင်း ပြသနေပေသည်။
မာနာလိုဝန်တိုမှု၊
ကိုယ့်ကိုယ်ကို အကောင်း မမြင်မှု၊
မိမိ၌ အပြစ်များ ရှိနေသည်ဟု ခံယူနေမှု၊
သူတစ်ပါးအား ချီးမွမ်း ဂုဏ်ပြုရန် ၀န်လေးနေမှု၊
မိမိအား ချီးကျူးပါကလည်း ဟန်ဆောင်ပြောနေသည်ဟု ထင်ကာ စိတ်ထဲက လက်မခံမှု၊
မိမိ လိုအပ်ချက်ကို ရရှိရန်လုပ်၍ မရနိုင်ပါဘူးဟု ခံယူထားမှု၊
မိမိ လိုအပ်ချက်ကို သူတစ်ပါးထံ၌ တောင်းခံရန် ၀န်လေးနေမှု၊ အောက်ကျသည်ဟု ထင်နေမှု၊
အမှန်တကယ် မလိုအပ်လှသော ဇိမ်းခံပစ္စည်းများကို အရမ်းလိုချင် တပ်မက်နေမှု၊
သူတစ်ပါး အပေါ်၌ ချစ်ခင်ကြင်နာခြင်း မထားနိုင်မှု၊
မိမိအား တစ်ခြားသူက ချစ်ခင် ကြင်နာမှု ရှိနေခြင်းကိုလည်း လိုလိုလားလား  နှစ်ချိုက်စွာဖြင့် လက်မခံနိုင်မှု၊
သူတစ်ပါး အပေါ်၌ အမြဲတမ်း ဝေဖန်ပြီး အကောင်း မမြင်တတ်မှု၊
မိမိကိုယ်မိမိ တစ်ခြားသူများနှင့် အမြဲနှိုင်းယှဉ်နေကာ အခြား သူများ၏ ကြီးပွား တိုးတက် အောင်မြင် ပျော်ရွှင်နေခြင်းကို မရှုစိမ့်နိုင်မှု စသည်တို့ ဖြစ်ကြပေသည်။



မကောင်းသည့် ခံယူချက်ကို မကောင်းမှန်း သိရှိလာသည့် တိုင်အောင် ထိုမကောင်းသည့် ခံယူချက်ကို ပြုပြင် ပြောင်းလဲရန်မှာ အမှန်ပင် ခက်ခဲလှပေသည်။ စတင်၍ ပြုပြင်ပြောင်းလဲရန် ကြိုးစားသည့်အခါ တွင် ထပ်တလဲလဲ  သတိဖြင့်ယှဉ်၍ စိတ်ထဲ၌ "ဒါမကောင်းတဲ့ ခံယူချက်ပဲ၊ ငါပြုပြင်ရမယ်" ဟု အစဉ်အမြဲ မိမိကိုယ်မိမိ ပြောဆို သတိပေး နေရပေမည်။
   
ထို့ပြင် အောက်ဖော်ပြပါ အကြံပေးချက်အချို့ ကို အသုံးပြု၍ မိမိ၏ စိတ်အမြင် ကိုယ့်ရုပ်ပုံလွှာ ပိုမိုကောင်းမွန်လာရန် အတွက် ကြိုးစားပြုပြင် နိုင်ပေသည်။



မိမိအား ချီးမွမ်းပါက ၀မ်းမြောက်ဝမ်းသာ ခံယူပါ။ ထို့နောက် ကျေးဇူးတင်ကြောင်းလည်း အမြဲပြန်ပြောပါ။
မိမိကိုယ်၌ကလည်း အခြားသူများ၏ ချီးကျူးဂုဏ်ပြုထိုက်သည် များကို လေ့လာ ကြည့်ရှု၍ ချီးမွမ်းဂုဏ်ပြုပါ။ အတုယူထိုက် သည်ကို အတုယူပါ။
အမြဲတမ်း စကားကို တန်ဖိုး ရှိအောင် ပြောပါ။ တန်ဖိုးရှိပြီး အကျိုးရှိသည့် စကားကောင်း ပြောစရာ မရှိလျှင် လုံးဝမပြောဘဲ ပါးစပ်ပိတ်ထားပါ။
လုပ်သင့်လုပ်ထိုက်၍ တန်ဖိုး ရှိသောကိစ္စတစ်ခု ပြီးမြောက် အောင်မြင်တိုင်း မိမိကိုယ်မိမိ ထိုကဲ့သို့ အောင်မြင်အောင်လုပ် နိုင်မှုကို အသိအမှတ်ပြု မှတ်သားထားပါ။
မိမိ အပြုအမူတစ်ခု မှားယွင်း ပြုမိတိုင်း စိတ်ဓာတ်ကျ စိတ် မကောင်းဖြစ်ပြီး မိမိကိုယ်မိမိ မကောင်းသော သူတစ်ယောက် အဖြစ် မသတ်မှတ်ပါနှင့်။(ဥပမာအားဖြင့် သင်က လမ်းမှားပြီး အခြားသူ၏ ကားကို မတော်တဆ တိုက်မိရုံဖြင့် သင့်ကိုယ်သင် မကောင်းသော လူတစ်ယောက်ဟု မသတ်မှတ်သင့်ပါ။)
မိမိ၏ ကျန်းမာရေးကို ဂရုစိုက်ပြီး ကျန်းမာအောင် ပြုမှုနေထိုင်ပါ။ မိမိခန္ဓာကိုယ် ကျန်းမာမှ စိတ်လည်း ကျန်းမာ ပျော်ရွှင် လာပေလိမ့်မည်။
မည်သူ့ကိုမျှ မဟုတ်မတရား မပြုလုပ်ပါနှင့်။ သို့မှသာ သင့်အပေါ်၌လည်း မည်သူကမှ မဟုတ်မတရား လုပ်ဝံ့မှာ မဟုတ်ပေ။
လူကောင်း လူတော်များနှင့်သာ ပေါင်းသင်း ဆက်ဆံပါ။ သူတို့၏ ကောင်းမွန်သော အကျင့်စရိုက်၊ ပြောဆိုလုပ်ကိုင်ပုံ တို့ကို အမြဲတမ်း လေ့လာပြီး မှတ်သား အတုယူပါ။
အတိတ်က လုပ်ရပ် အမှားများကို သင်ခန်းစာ ယူပါ။ ပြီးလျှင် ခေါင်းထဲမှ မေ့ပျောက်ပစ်ပါ။
မည်သည့် အလုပ်ကိစ္စမဆို ပျော်ပျော်ရွှင်ရွှင် တက်တက်ကြွကြွ ပြုလုပ်ပါ။ ယခင့်ယခင်က မှားယွင်းပြီး မကောင်း ဖြစ်ခဲ့သည် များကို သတိရနေပြီး ယခုပြုလုပ်ရမည့် ကိစ္စ၌ အနှောင့်အယှက် မဖြစ်ပါစေနှင့်။
အလုပ် လုပ်ရာတွင်လည်း စိတ်ဓာတ် ခိုင်ခိုင်မာမာဖြင့် ပြီးမြောက် သည်အထိ လုပ်တတ်သည့် ဓလေ့ကို မွေးယူပါ။
စာကောင်း ပေကောင်းများကို အမြဲဖတ်ရှု လေ့လာပါ။
မိမိ ဖြစ်ချင်သည့် ရည်ရွယ်ချက် ပန်းတိုင်ကို စိတ်ထဲ၌ အမြဲ သတိတရ ရှိနေအောင် လေ့ကျင့်ပါ။ လက်ရှိ အခြေအနေ၌ မည်မျှပင် အခက်အခဲ အတားမဆီးများ ရှိနေပါစေ၊ မိမိ၏ ရည်ရွယ်ချက် ပန်းတိုင်ကို စိတ်ထဲ၌ သံမှိုစွဲသကဲ့သို့ မြဲနေပါက တစ်နေ့ အောင်မြင်မှု ရရှိပေလိမ့်မည်။



ကမ္ဘာကျော် စိတ္တဗေဒ ပညာရှင်တစ်ဦး ဖြစ်သူ အိုက်ဗန်ပက်ဗလော့ သေခါနီးဆဲဆဲတွင် တပည့် သားမြေးများက အောင်မြင် ပျော်ရွှင် ကြီးပွားရေး အတွက် အကြံဥာဏ် တစ်ခု နောက်ဆုံး ပေးခဲ့ပါရန် တောင်းပန်သောအခါ "ပြင်းပြသောဆန္ဒနှင့် တဖြည်းဖြည်း မှနှ်မှန် ကန်ကန် ချဉ်းကပ် ကြိုးစားပါ" ဟု အဖြေပေးခဲ့လေသည်။



ကျွန်ုပ်တို့ တိုးတက် အောင်မြင် ပျော်ရွှင်နိုင်ရန် အတွက် ရည်ရွယ်ချက် ပန်းတိုင်သို့ ရောက်လိုသော ပြင်းပြသည့် စိတ်ဆန္ဒ ထားရှိပြီး ဆုံးခန်းတိုင် ရောက်အောင် စနစ်တကျ လုပ်ကိုင်၍ တဖြည်းဖြည်း မှန်မှန်ကန်ကန် ကြိုးစားချဉ်းကပ်လိုသော ဆန္ဒသာ ရှိပါက ကျွန်ုပ်တို့ ကိုယ်တွင်းရှိ စွမ်းအားများက ကျွန်ုပ်တို့၏ ကြိုးစားမှုနှင့် အညီ ဖြည့်ဆည်း ပေးပါလိမ့်မည်။

Read more...

Thursday, June 21, 2012

လက်တွေ့နည်းကျ အောင်မြင်ပျော်ရွှင် ချမ်းမြေ့ စွာ နေထိုင်နည်း ပညာ (၁)




အခန်း(၁)
 
၁။ အကျင့်စရိုက်များ (PATTERNS)
      
ကျွန်ုပ်တို့ကိုယ်စီတွင် ကိုယ်၏ အကျင့်စရိုက် တစ်ခုစီ ရှိကြသည်။ ထိုအကျင့်စရိုက်တို့သည် ကျွန်ုပ်တို့စိတ်၏ ဘယ်အပိုင်း၊ ဘယ်နေရာက ဖြစ်ပေါ်လာ သနည်း။ ဤအချက်ကိုသိရန် ဦးစွာ ကျွန်ုပ်တို့၏ စိတ်ကို လေ့လာ ကြည့်ရှု ခွဲခြမ်း စိတ်ဖြာ သုံးသပ် ကြည့်ရန် လိုအပ်လာပေသည်။
      
ကျွန်ုပ်တို့၏စိတ် (Mind) တွင် သိစိတ် (Conscious mind) နှင့် မသိစိတ် (Subconscious mind) ဟူ၍ နှစ်မျိုး ရှိပေသည်။

စိတ်သည် ပင်လယ်ပြင်၌ မျောနေသော ရေခဲတောင်ကြီး နှင့် တူလေသည်။ ကျွန်ုပ်တို့ မြင်နေရသော အပေါ်ဘက် ရှိ ရေခဲတောင် အစိတ်အပိုင်း အနည်းငယ်သည် သိစိတ် နှင့် တူပြီး ရေအောက်ရှိ မမြင်ရသော ပိုမို ကြီးမားသည့် အပိုင်းသည် ကျွန်ုပ်တို့၏ မသိစိတ်နှင့် တူလေသည်။

ကျွန်ုပ်တို့၏ အကျင့်စရိုက်များကြောင့် ဖြစ်ပေါ်လာမည့်လုပ်ဆောင်ချက်များ၊ ဘ၀တစ်လျှောက် အောင်မြင်တိုးတက်မှု၊ ဆုတ်ယုတ်ကျဆင်းမှုများသည် ထိုမသိစိတ်ကြောင့် အများဆုံး ဖြစ်ပေါ်လာရခြင်း ဖြစ်သည်။ ထို့ကြောင့် ထိုမသိစိတ်ကို သေချာစွာ သိရှိနားလည် ထားရန် လိုအပ်ပေသည်။ ဥပမာအားဖြင့် ကျွန်ုပ်တို့ ကားမောင်းရာတွင် စသင်စ အချိန်၌မှု ဂီယာထိုး၊ ဘရိတ်နင်း၊ လီဗာနင်း၊ လက်ကိုင် ဘယ်ညာကွေ့ခြင်း စသည်တို့ကို သိစိတ်ဖြင့် သတိထား သင်ယူခဲ့ရ ပေသည်။ သို့သော် နောက်ပိုင်းတွင်မှု ထိုအမှုကိစ္စများသည် မသိစိတ်၌ စွဲမြဲသွားသော အခါ စကားပြောရင်း ကားမောင်းခြင်းကို မသိစိတ်ဖြင့် ကိုင်တွယ် မောင်းနှင် နိုင်ကြလေသည်။

သိစိတ်ဖြင့် သတိထား မောင်းနှင်ရန် မလိုတော့ပေ။ မသိစိတ်က ကားမောင်းရာတွင် လိုအပ်သည့် ကိုင်တွယ်မှုများကို မှတ်သား ထားပြီး လိုအပ်သည့် အချိန်၌ လိုအပ်သလို အသုံးပြု ဆောင်ရွက် ပေးလေသည်။ ထိုကဲ့သို့ပင် ကျွန်ုပ်တို့ အိပ်ပျော် နေသောအခါ၌ သိစိတ်မှာ အိပ်ပျော်နေပြီး အသက်မှန်မှန် ဆက်ရှူနေစေရန် မသိစိတ်ကပင် ပြုလုပ်ပေးလေသည်။

ထိုကဲ့သို့ အမှုကိစ္စ ပြုလုပ်ခြင်း တစ်ခုခုသည် ကျွန်ုပ်တို့ မသိစိတ်၌ စွဲမြဲသွားသော အခါတွင် ကျွန်ုပ်တို့၌ အကျင့်စရိုက်များ ဖြစ်ပေါ်လာတော့သည်။ ဥပမာအားဖြင့် ပြရသော်-ကျွန်ုပ်တွင် ဘာလုပ်လုပ် အမြဲတမ်း နောက်ကျတတ်ပေသော မိတ်ဆွေ တစ်ယောက် ရှိသည်။ တစ်ခါ၌ သူနှင့်ကျွန်ုပ်သည် တင်းနစ်ကစားရန် အလုပ်မသွားမီ နံနက် (၇) နာရီတိတိ၌ ချိန်းထားကြသည်။ ကျွန်ုပ်က “ကစားရန် အားရဲ့ လား"ဟု မေးသောအခါ သူက "ရတယ်၊ မနက်- ၇နာရီတိတိ ရောက်အောင် လာခဲ့မယ်"ဟု ဆိုသည်။ နောက်နေ့တွင် တင်းနစ်ကွင်း သို့ သူ ၇နာရီ ၁၅ မိနစ် တွင်မှ ရောက်လာသည်။ ပြီးတော့ "ငါ့ သားက ငါ့ရဲ့  ရက်ကက် ကို ယူကစားပြီး နေရာတကျ ပြန်မထား တာကို ရှာနေရလို့ နောက်ကျသွားတယ်" ဟု ဆိုပါသည်။ နောက်နေ့ တွင် ၇နာရီ ၂၀မိနစ် လောက်မှ ရောက်လာပြီးလျှင် "ဖိနပ်တစ်ဖက် ပျောက်နေလို့" ဟု ဆိုပြန်သည်။ နောက်နေ့ နောက်အပတ်များတွင်လည်း ၇နာရီ ၁၅မိနစ်လောက်မှ နောက်ကျရောက်လာပြီး အကြောင်း အမျိုးမျိုး ပြလေ့ရှိသည်။ ကားသော့ပျောက်နေလို့၊ ကားဘက်ထရီ မကောင်း၍ တွန်းနှိုး နေရလို့၊ သူ့ကလေး ငိုနေလို့ စသည် စသည် ဖြင့် အကြောင်း အမျိုးမျိုးပြပြီး နောက်ကျလေ့ ရှိ၏။ နောက်ဆုံးတွင် ကျွန်ုပ်က သူ့အား တစ်မိနစ် နောက်ကျတိုင်း ငွေတစ်ဆယ်ကျပ် ပေးရမည်ဟု ပြောသောအခါ ကောင်းပြီဟု ဆိုသည်။ ထိုနေ့ တွင် ပြန်ခါနီး၌ ငါ့ပခုံး နာသွားတယ်ဟု ပြော၏။ ထိုသို့ပြောပြီး နောက်နေ့မှစ၍ သူလုံးဝ လာမကစား တော့ပေ။
      
သူသည် သိစိတ်ဖြင့် နောက်ကျအောင် ပြုလုပ်နေခြင်း မဟုတ်ပေ။ "ငါအမြဲတမ်း နောက်ကျတတ်သည်" ဆိုသည့် အချက်က သူ မသိစိတ်၌ စွဲမြဲသွားသောအခါတွင် အမှုကိစ္စ အ၀၀တို့၌ တဖြည်းဖြည်း နောက်ကျမှ ရောက်လေ့ရှိသည့် အကျင့်စရိုက်ဖြစ်ပေါ် လာပေတော့ သည်။ အကယ်၍ သူသည် စောစော အိပ်ရာမှထမိပြီး ၇နာရီတိတိ အချိန်မီရောက်အောင် လာနိုင်သည့် အခြေအနေ ပေးနေသည့်တိုင် သူ၏ မသိစိတ်၌ စွဲနေသည့် နောက်ကျတတ်သည့် အကျင့်စရိုက်က သူ့အား တစ်နည်းနည်းဖြင့် နောက်ကျမှ ရောက်အောင် စေခိုင်းပြုမူစေတော့သည်။ ဤသို့ဖြင့် အမြဲတမ်း နောက်ကျမှ ရောက်တတ်သော အကျင့်စရိုက်က သူ့၌ ဖြစ်ပေါ်လာလေ တော့သည်။
      
ထိုကဲ့သို့ပင် ကျွန်ုပ်တို့ကိုယ်စီတွင် အကျင့်စရိုက် ခေါ် ပုံစံ (pattern) တစ်ခုစီ ရှိကြပေသည်။ ကောင်းသော စရိုက်များ ရှိသလို မကောင်းစရိုက် များလည်း ရှိကြသည်။ မိမိဘ၀ကို မိမိ မကျေနပ်သည့်စရိုက်၊ အမြဲတမ်း တစ်ခု မဟုတ် တစ်ခု ရောဂါ တစ်မျိုးမျိုး ဖြစ်နေတတ်သည့် စရိုက်၊ မိမိမရှိလျှင် မဖြစ်ဟု ထင်နေတတ်သည့် စရိုက်၊ အလုပ်တစ်မျိုးကို အတည်တကျ မလုပ်ဘဲ အမြဲတမ်း အလုပ်တစ်ခုမှတစ်ခု ပြောင်းလုပ် နေတတ်သည့် စရိုက် စသည့် မကောင်းသော စရိုက်ပုံစံများ ရှိသကဲ့သို့ ကောင်းသောစရိုက် ပုံစံများလည်း ရှိပေသည်။ သို့သော် အများစု မှာ မကောင်းသော အကျင့်စရိုက်ပုံစံများ ဖြစ်နေတတ်ကြသည်။
      
ကျွန်ုပ်တို့သည် ကောင်းသော အကျင့်စရိုက်များကိုသာ ရှိချင် ကြသည်မှာ သေချာလှပေသည်။ ဤသို့ဆိုလျှင် မိမိ၌ ရှိနေသည့် မကောင်းသော အကျင့်စရိုက်များကို ဘယ်လို လုပ်ရ မည်နည်း။ ဘယ်တော့ ပျောက်သွား မည်နည်း။ အဖြေကား အရှင်းကြီးပင် ဖြစ်သည်။ ထိုမကောင်းသော အကျင့်စရိုက်များကို ကျွန်ုပ်တို့သည် ကြိုးစားပြုပြင် ပြောင်းလဲပြီး ပျောက်ပျက်သွားအောင် လုပ်ရပေမည်။ ထိုသို့လုပ်ရာ၌ ကျွန်ုပ်တို့၏ သိစိတ်ကို အသုံးပြု၍ မသိစိတ်၌ ကိန်းအောင်း နေသော အကျင့်စရိုက်ဆိုးများကို တွန်းလှန် ဖယ်ထုတ် ပစ်ရပေမည်။
   
မိမိ၌ ရှိနေပြီးသော အကျင့်စရိုက်တစ်ခုကို ပြောင်းလဲ ဖျောက်ဖျက်ရန်မှာ မလွယ်ကူလှပေ။ သို့သော် မဖြစ်နိုင်သည့် ကိစ္စလည်း မဟုတ်ပေ။ အခက်အခဲများ၊ အတားအဆီးများကို မဆုတ်မနစ်သော ဇွဲ၊ လုံ့လ ၀ိရိယ တို့ဖြင့် တွန်းလှန်ကျော်လွှား ခြင်းဖြင့် ရရှိနိုင်ပေ သည်။ မည်သည့် ကိစ္စမဆို ပြုပြင်ပြောင်းလဲရန် ကြိုးစားတိုင်း အခက်အခဲ အတားအဆီးများ အမြဲတမ်း ရှိနေကြပေသည်။ အရေးကြီးသော ပထမဆုံးအချက်မှာ "မိမိတွင် မည်ကဲ့သို့သော မကောင်းသည့် အကျင့်စရိုက်များ ရှိနေသနည်း"ဆိုသည်ကို မိမိ၏ သိစိတ်ဖြင့် သိရှိရန် ဖြစ်သည်။ ထိုသို့သိလာ သော အခါတွင် ထိုအကျင့်ဆိုးကို မည်သို့ကောင်းအောင် ပြုပြင် ရမည်ကို စဉ်းစားဆင်ခြင် ရပေမည်။ ဤကိစ္စမှာ မလွယ်ကူလှ သော်လည်း သေချာစဉ်းစား ဆင်ခြင်ပြီး ပြုပြင် ပြောင်းလဲလိုက်ပါက မိမိ၌ အကျိုးကျေးဇူးများစွာ ရရှိလာပေ လိမ့်မည်။
      
အချုပ် ဆိုရသော် ကျွန်ုပ်တို့ ကိုယ်စီ၌ အကျင့်စရိုက် တစ်ခုစီ ရှိကြသည်။ မကောင်းသော အကျင့်စရိုက်များကို သိစိတ် ဖြင့် ပြုပြင် ပြောင်းလဲရမည်။ ထိုသို့ပြောင်းလဲရာ၌ ခက်ကောင်း ခက်မည် ဖြစ် သော်လည်း လုံးဝ မပြောင်းလဲနိုင် မပြုပြင်နိုင်သည့် အရာကား မဟုတ်ပေ။ ထို့ကြောင့် နေ့စဉ် သတိနှင့်ယှဉ်၍ ကောင်းသောစကား ကို ပြောပါ။ အပြုအမူကိစ္စတိုင်းကို မိမိရှိ မကောင်းသော စရိုက်ဖြင့် ပြုမူနေခြင်း ရှိမရှိ အမြဲသတိဖြင့် ဂရုပြုကာ သိသည်နှင့် တစ်ပြိုင်နက် ချက်ချင်းပြုပြင်ပါ။ ပျော်ပျော် ရွှင်ရွှင် နေတတ်လာအောင် လေ့ကျင့်ပါ။ 
      
တိုးတက်ကြီးပွား အောင်မြင်ရန် လိုအပ်သည့် အကျင့်စရိုက် အကြောင်းများပါသည့် စာကောင်းပေကောင်းများကို ဖတ်ပါ။ အကျင့်စရိုက်ကောင်းများ ရှိသည့် လူကောင်းလူတော်များနှင့်သာ ပေါင်းသင်းဆက်ဆံပါ။
      
ဤနည်းများအားဖြင့် သင့်၌ စွဲမြဲနေသော မကောင်းသည့် အကျင့်စရိုက် ပုံစံများ တဖြည်းဖြည်း ပျောက်ပျက် သွားအောင် ပြုလုပ်ပါလေ။



Read more...

Tuesday, June 19, 2012

ပျော်ရွှင်ဖွယ်မွေးနေ့ပါ အမေ....



Read more...

မွေးနေ့လက်ဆောင်



တို့မေကြီး ခရီးသွားသခိုက် ပြည်ပသတင်းထောက်ကြီးတွေက မေးချင်တာတွေ မွှေလို့ဖွလို့အပြီးမှာ မကြာခင်မှာလာတော့မယ့် မွေးနေ့အတွက် “ဘာဆုတောင်းမလဲ မရွှေဖဲ” လို့ မေးလိုက်တဲ့အခါ မယ်ဖျားက မြန်မာထုံးစံ “နိဗ္ဗာန်ရွှေပြည် ဆုပန်သည်” လို့တောင် မဖြေနိုင်ရှာပါဘူး။ သူ့ခမျာ တွေးတွေးဆဆနဲ့ ဖြေသွားတာက “Le Bonheur pour Mon Pays” ပါတဲ့။ တိုက်ရိုက်ဘာသာပြန်လိုက်ရင်တော့ “ပျော်ရွှင်ပါစေ မြန်မာပြည်” လို့ဆိုရပေမယ့် “Bonheur” ဆိုတဲ့ ပြင်သစ်စကားလုံးမှာ အဲဒီထက်ပိုတဲ့ အနက်ပွားတွေ အများကြီးပါပါတယ်။ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာခြင်း လို့လည်း ဆိုလို့ရတယ်။ သုတိမင်္ဂလာ ကျက်သရေတိုးပွားခြင်း လို့လည်း ပြန်လို့ရတယ်။ မင်္ဂလသုတ်ထဲမှာပါတဲ့ ၃၈ဖြာ မင်္ဂလာတွေအားလုံးကိုလည်း အနက်ပေးလို့ရတယ်။ မေးတဲ့သူက ပါးစပ်ကြီးရှိလို့ အားအားယားယား အာလုပ်စကားမျှလောက် မေးသွားပေမယ့် ဖြေတဲ့သူကတော့ စဉ်းစဉ်းစားစား စိတ်ထဲမှာ တကယ်ရှိတဲ့အတိုင်း ဖြေသွားတာ အဲဒီအင်တာဗျူးကြည့်ဖူးရင် သတိထားမိပါလိမ့်မယ်။ ဘာစကားလေးတစ်ခွန်းကိုမှ လက်လွတ်စပယ် ပြောလေ့မရှိပဲကိုး လို့ သာဓုခေါ်မိပါတယ်။ ကြံဖန်ချီးမွှန်းချင်လည်း သူ့အပြင်မရှိဘူးလို့ထင်ရင် ပြည်တွင်းက သတင်းစာ ဂျာနယ်အဟောင်းတွေ ပြန်ပြန်ဖတ်ကြပေါ့ဗျာ။ သိလာလိမ့်မယ်။ သူများပြောမှ သတိထားမိလိုက်တာကတော့ ညံ့တယ်ဆိုရင်လည်း ခံရမှာပါပဲ။ ဟုတ်ပါရဲ့။ သူ့မွေးနေ့ နီးလာပါပကောလားနော့။ သူကတောင် မြန်မာပြည်သူတွေအတွက် မေတ္တာစကား လက်ဆောင်ပါးသေးတဲ့ဥစ္စာ။ ကိုယ်တွေကလည်း မွေးနေ့အမှတ်တရ မေတ္တာစာကလေး တစ်ပုဒ်တလေတော့ ဂါရ၀လက်ဆောင် ပို့ချင်တဲ့စိတ်တွေ လှိုက်လှိုက်လှဲလှဲ ဖြစ်ပေါ်လာပါတယ်။ မြင်းထိန်းငတာက သူများတာလို့ ၀င်တာတဲ့သဘောလည်း မရှိပါဘူး။ ခွေးတောဝက်ဝင် လူမမြင်သူမသိဘ၀ကနေ လမင်းကိုဟောင်တဲ့ ခွေးကလေးပါလားလို့ ကိုယ့်ကို ဟိုလူကြည့် သည်လူကြည့်လည်း အကြည့်မခံချင်ပါဘူး။ ကာယကံရှင်တောင် ဖတ်ချင်မှ ဖတ်မိမှာဖြစ်ပေမယ့်လည်း ပို့သသော မေတ္တာတွေကတော့ ရကိုရလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရေစက်တို့ အထုံတို့ဆိုတာ ဗုဒ္ဒဘာသာပီပီ သက်ဝင်ယုံကြည်ပေသကိုး။ တခါမှ မသိမကျွမ်းဖူးသော်ငြား မြင်လိုက်ရုံနဲ့ ယုံကြည်အားကိုးဖြစ်သွားတာ၊ သိဟောင်းကျွမ်းဟောင်းတွေလို တရင်းတနှီး ခင်မင်လိုစိတ်ဖြစ်သွားတာဟာ ရေစက်မပါပဲ ဘယ်ဖြစ်နိုင်ပါ့မလဲ။
          

လူမမြင်ဖူးခင် နံမယ်ကိုအလွတ်ရအောင် ကျက်ခဲ့ရတာကတော့ သုံးတန်းမှာ အာဇာနည်နေ့အကြောင်း စာစီစာကုံးပြိုင်တုန်းကပေါ့။ အောင်ဆန်းဦးရယ်။ အောင်ဆန်းလင်းရယ် အောင်ဆန်းစုကြည်ရယ် လို့ သိခဲ့ပြီး တာဝါလိန်းလမ်းကအိမ်ကြီးကို သွားကြည့်တဲ့အခါမှာလည်း ဟောသည်ရေကန်ကလေးက အောင်ဆန်းလင်းကလေး ရေတိမ်နစ်ခဲ့တာဖြစ်မယ် လို့ ဒဏ္ဍာရီထဲကလို ဆွတ်ပျံ့လွမ်းမောခဲ့မိသေးတယ်။ ကလေးဘ၀က ဆရာမတွေ သွန်သင်ပေးခဲ့လို့ အာဇာနည်နေ့ရောက်တိုင်း ၁၀ နာရီ ၃၇ မိနစ်မှာ ဥသြဆွဲတဲ့အခါ တစ်မိနစ်ငြိမ်သက်ပြီး ၀မ်းနည်းကြောင်း အလေးပြုရမယ် ဆိုတာလည်း သိခဲ့တယ်။ လမ်းသွားလမ်းလာတွေတောင် ဥသြသံကြားရင် ခနရပ်ပြီး ငြိမ်သက်နေကြတာ မှတ်မိတယ်။ ကားတွေ ခနရပ်ပြီး ဟွန်းတီးတယ်။ အစည်းအဝေးဆိုတာတွေစရင် နိုင်ငံတော်အလံအား အလေးပြု ဆိုတာပြီးရင် ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြု ဆိုတာကိုလည်း မီလိုက်သေးတယ်။ အိမ်ကမိဘကိုယ်တိုင်က အာဇာနည်နေ့ရောက်ရင် အာဇာနည်ဗိပ္မာန်ကို လိုက်ပို့ပေးတတ်တယ်။ ခုတော့ ပါးစပ်ရာဇ၀င်လေးဖြစ်ခဲ့ပြီ မဟုတ်လား။
ဦးနေ၀င်းခေတ်မှာ လူဖြစ်ခဲ့တဲ့ ကိုယ်တွေတောင် ဗိုလ်ချုပ်အောင်ဆန်းနဲ့ သိပ်မစိမ်းလှဘူးဗျ။ သို့သော်လည်း သူ့မိသားစုကိုတော့ အဝေးပို့ထားခဲ့တဲ့အတွက် တစ်နှစ်တစ်ခါတောင် မြင်ရဖို့ ခက်ခက်ပါ။ ဒါကလည်း အခုပြန်စဉ်းစားကြည့်တော့ ကျေးဇူးတောင် တင်ရဦးမလိုပါပဲ။ အာသောကရုပ်ရှင်ထဲက “ရန်သူကို မုန်းလို့ရှိရင် ကိုယ့်မျက်စိအောက်မှာပဲ ထားပါ။” ဆိုတဲ့ အဆိုအမိန့်ကို အဘိုးကြီး နားသျှမ်းသွားတယ် ထင်ပါရဲ့။ မြန်မာတစ်ပြည်လုံး ပြင်ပကမ္ဘာကြီးနဲ့ အဆက်အသွယ်ဖြတ်ပြီး သူပြောသမျှ နားထောင်နေရတဲ့အချိန်မှာ ဟိုကတော့ နိုင်ငံတကာ သံတမန်အသိုင်းအ၀ိုင်းအလယ်မှာ ကမ္ဘာ့အဆင့်မီ ပညာရေးနဲ့ ကြီးပြင်းခွင့်ရလိုက်တယ်။ (တော်ပါသေးရဲ့။ မြန်မာပြည်မှာ ကျန်ခဲ့ရင် သမီးတော်ကြီးတွေလို အလွန်ဆုံးဖြစ်မှ ဆရာဝန်လောက်ပဲ နေမှာ) ပညာရေးနဲ့အတူ ရှင်သန်ဖွံ့ဖြိုးခွင့်ရလိုက်တာကတော့ Vision လို့ ခေါ်ရမယ့် အတွေးအမြင်၊ ဆင်ခြင်တုံတရားနေလိမ့်မယ်ဗျ။ ဘိုးတော်ကြီးဟာ သူ့ရဲ့ ရင်နှစ်သည်းချာတွေကိုတောင် အဲသဟာရအောင် သွန်သင်မသွားနိုင်ရှာဘူး မဟုတ်လား။ ဗူးဆို ဘယ်သူမှ ဖရုံမသီးရဲဘူးလေ။ သူပုံသွင်းထားတဲ့ ခွက်ကလေးတွေထဲကနေ အခုချိန်အထိ ထွက်မလာနိုင်တဲ့သူတွေ အဲဒီမျိုးဆက်တစ်ခုလုံးမှာ အံ့သြစရာ မကောင်းလောက်အောင် ပေါနေသေးတယ်။ (ကိုယ်တောင် ခွက်စော်နံတုန်းပဲလား မသိ)
          

အိမ်ထောင်ရက်သားကျသွားတော့ ခုခေတ်မှာလို မီဒီယာဂျာနယ်တွေ မပေါ်သေးပေမယ့် ပါးစပ်စကား အတင်းအဖျင်းတွေ ၀မ်းသာအားရ ဖောက်သည်ချနေကြတာ မှတ်မိလိုက်ပါသေးတယ်။ ဒါပေမယ့် ဘူတန်မှာ အလုပ်သွားလုပ်တဲ့အခါ ဘူတန်လူကြီးပိုင်းတွေကတော့ ကိုယ်တွေကို မြန်မာမှန်းသိလိုက်တာနဲ့ ၀မ်းသာအယ်လဲ သူတို့နှမ မာပါစ သာပါစ။ နေကောင်းထိုင်သာရှိပါစ။ လို့ မေးကြမြန်းကြတယ်။ ဒီမှာအလုပ်လုပ်သွားတုန်းက အင်မတန်ချစ်စရာကောင်းတဲ့ မြန်မာအမျိုးသမီးကလေး တစ်ယောက်ပါ လို့  တမ်းတမ်းတတဆိုပြီး ဆုမွန်ကောင်းများ တောင်းလေ့ရှိတယ်။ ခမည်းတော်မင်းတရားကြီးရဲ့ တိဘက်ဘာသာဆရာဖြစ်သူ ခင်ပွန်းသည်နဲ့ ယောင်နောက်ဆံထုံးပါရင်း သူကိုယ်တိုင်ပါ အလုပ်ဝင်လုပ်လို့ အေးအေးချမ်းချမ်းနေခဲ့တယ် လို့ဆိုတယ်။ သူ့ဘ၀ရဲ့ ကိုယ်ပိုင်အချိန်တွေကို စိတ်ကြိုက်အသုံးချခွင့် ရနေတဲ့ကာလဟာ အမေဒေါ်ခင်ကြည်ကြီး မကျန်းမာတဲ့အထိပဲ ရှိလိမ့်မယ် ထင်ပါတယ်။ အဲသည်နောက်မှာတော့ အနာရင့်မှည့်လို့ ပြည်တွေပေါက်လာတဲ့ မြန်မာ့နိုင်ငံရေးအနာကြီးကို မျက်နှာလွှဲမထွက်သွားနိုင်တာ သူ့မိသားစုအတွက်တော့ ကံဆိုးရှာတယ်လို့ပဲ ပြောရလိမ့်မယ်။ အင်တာဗျူးထဲမှာ အဲသည်ကိစ္စကိုပြောတာတော့ သူ့ကိုယ်သူ စွန့်လွှတ်အနစ်နာခံလိုက်တယ်လို့တောင် မခံယူပါဘူးတဲ့။ “It was not a sacrifice. It was a choice.” လို့ဆိုတယ်။ အနစ်နာခံတယ်ဆိုရင် တစ်စုံတစ်ရာ ပြန်လည်မျှော်မှန်းရာ ကျမှာစိုးလို့ သူ့ဘာသာရွေးချယ်မှုတစ်ခု ပြုလုပ်လိုက်တာသာ ဖြစ်ပါတယ် တဲ့။ ရင်ထဲထိသွားလွန်းလို့ အဲဒီနားလေးပဲ နှစ်ခါ သုံးခါ ပြန်ပြန်ရစ်ပြီး နားထောင်ကြည့်တယ်။ ကိုယ်လည်းမိဘနေရာ ရောက်ခဲ့ပြီ မဟုတ်လား။ သားရေးသမီးရေးထက် အလေးထားစရာ ဘယ်မှာရှိပါ့မလဲ။ ဒါပေမယ့် လောကမှာ သားရေးသမီးရေးကို ဦးစားမပေးနိုင်တဲ့အခါကလည်း တော်တော်များများ ရှိခဲ့သားပါလေ။ တော်တော် တစ်ကိုယ်ကောင်းဆန်တယ် လို့ ထင်ချင်လည်းထင်မှာပေါ့။ ဒါပေမယ့် တစ်ကိုယ်တည်းကောင်းဖို့အတွက်တော့ မဟုတ်ပါဘူး။ လူတွေအများကြီးရဲ့ အမေနေရာကို ၀င်ရတဲ့အခါ ကိုယ့်သားသမီးတွေအတွက် နေရာကျုံ့သွားတာ အသေအချာပေါ့။ ကိုယ့်ရင်သွေးကိုပစ်ပြီး တခြားအရာတစ်ခုကို ရွေးချယ်လိုက်ရတဲ့ မိခင်တစ်ယောက်ရဲ့နှလုံးသားဟာ သံတွေသံခဲတွေနဲ့ လုပ်ထားတာမှ မဟုတ်ပဲ။ သူ့ခမျာ ခံစားရရှာပေလိမ့်မယ်။ အဲသည်တစ်ချက်တည်းနဲ့တင်ပဲ ငါ့သား ငါ့မယားတွေ ကောင်းစားဖို့၊ ငါပြုတ်ရင် ငါ့စည်းစိမ်တွေ ဘယ်သူမှ မထိနိုင်အောင် ကာကွယ်ဖို့ အပတ်တကုတ် ကြိုးစားလာခဲ့သူ ယောင်္ကျားရင့်မကြီးများနဲ့ အပြတ်အသတ်ကွာတယ် မဟုတ်ဘူးလား။
          

ပျားရည် သကာ ဆိုတာ ချစ်သူတို့ကိုမှ ချိုစေတာ မဟုတ်ဘူးဗျ။ မုန်းသူတွေကိုလည်း ချိုစေတာ အမှန်ပဲ။ တို့ပြည်မှာ တို့မေကြီး ရှိခြင်း မရှိခြင်းဟာ သူ့ကို ချစ်ခင်သူတွေကိုမှ အကျိုးစီးပွားတိုးတက်စေနိုင်တာ မဟုတ်လေဘူး။ ခါးခါးသီးသီး မုန်းတီးသူအပေါင်းတို့ကိုလည်း ရှိပြီးဥစ္စာ တန်ခိုးအာဏာတို့ ကြီးကျယ်ပြန့်ပွား များစေနိုင်သဗျ။ မယုံမရှိနဲ့။ နဂိုတုန်းက ဘယ်သူမှ မသိတဲ့ မောင်ရစ်တောင် အနားကလူ ထထောင်းတော့မှ ရှင်ဘုရင် လက်သပ်မွေးတော်မူတယ် မဟုတ်လား။ ဧရာဝတီတိုင်းတုန်းက ကလေးကလား သဗ္ဗာန်တွေငှားပြီး လော်စပီကာကြီးတွေနဲ့ သင်္ဘောနောက်က တကောက်ကောက် လိုက်ဖွင့်ခိုင်းတဲ့ ဘဘကြီးဆို မီးရှူးမီးပန်းလွှတ်သလား မှတ်ရတယ်။ ဒိုင်းကနဲ ရာထူးတွေ ထိုးတက်သွားတာ။ (ခုတော့ ဂိမ်းသွားရှာပြီ။ ပဝေသဏီကတည်းက)။ ကျုံမငေးတံတားပေါ်မှာ “ရပ်” လို့ သေနတ်ကြီးနဲ့ချိန်ပြီးကာမှ ပစ်မိန့်မပေးလို့ ပုခုံးပေါ်ကအပွင့်တွေ ဆွဲဖြုတ်ပစ်တဲ့ဗိုလ်ကလေးရော ဘယ်ရောက်သွားပါလိမ့်နော်။ ဖလ္လသမာပတ်က နိုးထလာတဲ့ရဟန္တာကိုလှူမှ လက်ငင်းအကျိုးပေးတာ မဟုတ်ဘူး။ အဲသလို အဲသလို အကုသိုလ်အမှုတွေ ပြုလိုက်ရင်လည်း ချက်ချင်းလက်ငင်း အကျိုးပေးသန်တယ်ဆိုတာ သိကုန်တော့ ဖော်စားတဲ့သူတွေ ဘယ်မှာနည်းခဲ့လို့လဲ။ ဒီပဲယင်းက သူရဲကောင်းတွေကတော့... ပြောရဲဖူး။ သားသား ကြောက်ကြောက်။ ဒါကြောင့် တချို့တွေလည်း တကယ် မမုန်းပဲနဲ့ မုန်းတယ် မုန်းတယ် မုန်းတယ် အမြှောက်တစ်သိန်းနဲ့ သရုပ်ဆောင်ပြနေတာ နေမှာပါ။ သတင်းဓါတ်ပုံထဲမှာ မြင်လိုက်ရတာကတော့ ခေါင်းဆယ်လုံးရှိရင် တစ်လုံးမှ မကျန်ဘူး။ လည်နေအောင် ငေးကြည့်နေကြတာ။ တကယ်တော့ တို့မေကြီးကို ကော့မှူးက ပြိုင်မယ့်အစား ဇေယျာသီရိတို့၊ မင်္ဂလာဒုံတို့ကနေ ပြိုင်ကြည့်စမ်းစေချင်တယ်။ သူကတော့ မနိုင်ပဲ ဘယ်နေမလဲ။ ကိုယ်တွေသာ ဟဲ ဟဲ။
          

ခုချိန်မှာတော့ ပွဲသိမ်းနေပါပြီလေ။ သူလိုချင်တဲ့နေရာ ရောက်သွားပြီ။ နိုင်ငံတကာက ခေါင်းဆောင်တွေနဲ့ ဆွေးနွေးနှီးနှောနိုင်ပြီ။ အဲဒါ အနာခံလို့ အသာစံရတာပေါ့ လို့ မထင်နဲ့ဗျ။ ဇာတ်လမ်းက ခုမှ စတာ။ နုနယ်သန်စွမ်းတဲ့ အချိန်တွေအားလုံးကို ပေးဆပ်ခဲ့ရပြီ။ အသက်အရွယ်နဲ့မမျှတဲ့ ဖိစီးမှုတာဝန်တွေကို ခေါင်းပေါ်ရွက်ပြီး နိုင်ငံရေးကြိုးတန်းပေါ် လမ်းလျှောက်နေရတာ။ ပင်ပန်းလွန်းလို့ ပုံပုံသွားတာ ခနခန။ တခါတခါကျရင် စာဖတ်ဖို့ တွေးဖို့တောင် အချိန်မရတာကြောင့် အေးအေးဆေးဆေးရှိတဲ့ နေအိမ်အကျယ်ချုပ်ကာလကလေးတွေတောင် ပြန်လွမ်းမိပါသတဲ့။ ဖြစ်မှ ဖြစ်ရလေတယ်။ အိမ်ကအမေဆို အလုပ်တွေ မလုပ်ပါနဲ့တော့။ ဘုရားတရားနဲ့ သက်သက်သာသာနေတော့လို့ အနားယူခိုင်းထားပြီ မဟုတ်လား။ အဲဒီကအမေတစ်ယောက်ကတော့ သွားများကျဲတောင် တောင်ဝှေးဆွဲထောင် ပွဲဖြစ်အောင် မယ်ရင်ကမှာ ရင်ရင်ကမှာ လေပါတီကမှ အလှူပွဲဖြစ်ကြမှာ လို့ အားတင်းထားတုန်း။ ဘာဆေးစားလို့ ဂလောက်တောင် စိတ်ဆောင်နေရသတုန်း လို့ ငေါ့မေးမေးတဲ့မေးခွန်းကိုတော့ “It is the sense of duty that makes a person straight and tall.” လို့ ဖြေပါတယ်။ တောင့်တင်းသန်မာဖို့ဆိုတာ ကြွက်သားအဖုအဖု ထုထုပြီး ခရာချင်စရာငယ် ဖြစ်နေမှ မဟုတ်ပါဘူး။ (ကြွက်သားကြီး ညှစ်ညှစ်ပြတဲ့သူတွေ မျက်စပစ်ပြရင် ဘယ်လောက်စိတ်ကုန်စရာကောင်းမှန်း မြင်ဖူးမှသိလိမ့်မယ်)။ တာဝန်သိတတ်မှု၊ တာဝန်ယူမှုရှိနေရင် လူဖလံကလေးလည်း စိတ်ဓါတ်အင်အား တောင့်တောင့်တင်းတင်း ရှိနိုင်တာပ။
          

သူတို့ဆီက သတင်းထောက်ဆိုတဲ့အစားဟာ ကိုယ်တွေဆီမှာလို ပြောချင်တာတွေ ဆုံးအောင်စောင့်၊ မတ်တပ်ရပ် လက်ညှိုးထောင်၊ စိစစ်ရေးကမေးခွင့်ပြုပြီးသား မေးခွန်းကလေးတွေကို ၀မ်း တူး သရီး အက်ရှင် ဂိုး ဆိုတော့ မှ “မေးပါရစေ အမေရယ်” လုပ်ကြတဲ့အစား မဟုတ်ဘူးဗျ။ မြင်မြင်သမျှ မိုက်ခွက်ကြီးလှမ်းထိုးပြီး “ဘယ်လိုခံစားရပါသလဲ” ကလွဲရင် မမေးတတ်တဲ့အစားထဲကလည်း မဟုတ်ဘူး။ ချွန်တတ်၊ တွန်းတတ်၊ မြှောက်တတ်၊ မတတ်၊  အရောက်ပို့တတ်ပါတယ်။ တခါတလေ သူတို့စကားတစ်လုံးမှ မပါပဲ ငုတ်တုတ်ထိုင်စောင့်နေရတဲ့ ပုံကလေးတစ်ခုတည်းနဲ့တင်ကို ပွစိတက်သွားအောင် ဖွလို့ရတယ်။ မြှောက်သလို ပင့်သလိုနဲ့ အစဆွဲထုတ်သွားတာကတော့ “နယ်ဆင်မင်ဒဲလားကြီးလိုပဲနော်” တဲ့။ မသိတဲ့လူဆို ကားကနဲမြောက်သွားဦးမှာ။ တို့တွေကို မြက်ဂါဝန်ကလေးတွေဝတ်ပြီး အူးလူးလူး အားလားလား လုပ်တတ်တဲ့သူတွေများ ထင်နေသလား မသိဘူး။ “ဘာဆိုင်လို့လဲ။ ဟိုက ယောင်္ကျား သည်က မိန်းမလေ။ ယောင်္ကျားနဲ့မိန်းမဟာ အတူတူမှ မဟုတ်ပဲ။” တဲ့။ တွေးစရာတွေ အများကြီးပဲဗျ။ နေရာတကာ တန်းတူအခွင့်အရေးတောင်းဆိုတဲ့ သူတို့ဆီမှာတောင် တန်းတူမဟုတ်တာတွေ အများကြီး မဟုတ်လား။ အရှေ့တိုင်းရဲ့ ယဉ်ကျေးမှု၊ အာရှရဲ့ ယဉ်ကျေးမှုအရ မိန်းမသားတစ်ယောက်ရဲ့ စွမ်းဆောင်ရည်နဲ့ အရေးပါမှု၊ နေရာရမှုတွေဟာ သူတို့ အနောက်တိုင်းနဲ့တော့ ခြားနားတာ အမှန်ပါ။ ဒါပေမယ့် သူတို့ဆီမှာ ဟီလာရီကလင်တန်နဲ့ မာဂရက်သက်ချာပဲ ရှိသေးတယ်။ ကိုယ့်ဘက်မှာ အင်ဒီယာဂန္ဒီ၊ ဘနာဇီဘူတို၊ ယင်လက်၊ အောင်ဆန်းစုကြည်။ တက်လာတာချင်း တူရင်တောင်  အတိုက်အခံဖိအားချင်းက သည်ဘက်က ပိုပါလိမ့်မယ်။ သည်ကနေ့သည်အချိန်မှာ ဖြစ်ပေါ်လာတဲ့ ပြုပြင်ပြောင်းလဲမှုတွေအတွက် မေတ္တာဓါတ်နဲ့ ဗုဒ္ဓံမြတ်စွာကလည်း အောင်ခြင်းတွေ ဆောင်နှင်းသွားတာ မဟုတ်ပါဘူး။ မိုးနတ်မင်းကြီး ဦးမာဃကလည်း ၀ရဇိန်ချိန်ကာရွယ်ကာ ခြိမ်းလားခြောက်လား မလုပ်ခဲ့ပါဘူး။ ကုလသမဂ္ဂကြီးတောင် ဘယ်တုန်းကမှ အားကိုးလို့ မရခဲ့ပဲနဲ့။ ပိတ်ချင်သူတွေ ပိတ်ချင်သလောက်ပိတ်ကြ။ တိုင်းပြည်သာ ဆင်းရဲချင်ဆင်းရဲမယ်။ မူဂါဘီကြီးဘုန်းကံက စိန်ကို တင်းတောင်းနဲ့ချင်နိုင်တယ် မဟုတ်ဘူးလား။      
         

ဘယ်လို ပြည်ပဖိအားပေးမှုမျိုးကမှလည်း မြန်မာပြည်ကို နေ့ချင်းညချင်း ပြောင်းလဲစေခဲ့မယ် မထင်ပါဘူး။
ဒါပေမယ့် မိန်းမတစ်ယောက်ရဲ့ ဇွဲ သတ္တိ နဲ့ ခွန်အားတွေဟာ အခေါဘဏီတပ်ကြီးကိုတောင် ပြောင်းလဲသွားစေတယ် လို့ ပြောရမလိုဖြစ်နေပြီ။ သူတို့ တော်တော်များများ ပြောလေ့ရှိတာကတော့ “အဲသည်မိန်းမ တိုင်းပြည်အတွက် ဘယ်တုန်းက ဘာလုပ်ခဲ့ဖူးသတုန်း ပြောစမ်း။” တဲ့။ ဟုတ်ကဲ့။ သူဘာမှ မလုပ်ခဲ့ပါဘူး။ လုပ်စရာလည်း မလိုပါဘူး။ သူရှိနေတယ်၊ မားမားမတ်မတ် ရပ်တည်ပေးနေတယ် ဆိုရင်ကို လုံလောက်ပါပြီ။ ဖိနှိပ်ခံလူတန်းစားတွေအတွက်၊ ဒီမိုကရေစီဆိုတာ ဘာမှန်းမသိတဲ့သူတွေအတွက်၊ မြန်မာပြည်သူတွေအတွက် သူရပ်တည်ပေးခဲ့တယ်လေ။ ငြင်းဦးမလား။ သူ့ဘ၀တစ်သက်တာရဲ့ အချိန်ကာလတွေ မိသားစုဘ၀တွေနဲ့လဲပြီး မြန်မာတွေ လွတ်လပ်တဲ့လူ့အခွင့်အရေးတွေ ရဖို့အတွက် ကြံ့ကြံ့ခံပြီး စိတ်ရှည်စွာ တိုက်ပွဲဝင်ခဲ့တယ်။ မနေဘူး။ ပြန်မယ်။ နောက်ဘယ်တော့မှ မလာဘူး။ စိတ်နာတယ်။ တစ်ခွန်းတည်းနဲ့ ရနိုင်တဲ့ လွတ်မြောက်မှု၊ မိသားစုနဲ့ ပြည်လည်ပေါင်းစည်းမှုကို သူလက်ခံခဲ့တာမှ မဟုတ်ပဲ။ သူ့အဖေရေးခဲ့တဲ့ Bloody but unvowed Head ဆိုတာ သူ့မှာ ရှိတယ်။ ငါတို့က မင်းတို့အခွင့်အရေးတွေကို ဘယ်တုန်းကများ မတရားသဖြင့် တာဆီးပိတ်ပင်ထားလို့တုန်းကွ လို့ ပြောချင်ရင်တော့ လောင်းကြေးစားကြေးဗျာ။ အခုမှတ်စုကလေးကို မြန်မာ့အလင်းထဲက ထည့်ပေးပါလား။ (အိမ်မှာ လာမဖမ်းသေးတာပဲ ကျေးဇူးတင်နေရသေး။ အရင်ပုံစံနဲ့သာဆို အထဲရောက်လို့ အရိုးတောင်ဆွေးလောက်ပြီ)။ မင်းတို့က ပုဂ္ဂိုလ်ရေး ကိုးကွယ်လွန်းအားကြီးတယ်ဆိုရင်တော့ ပြောစရာတစ်ခုရှိသဗျ။ ပုဂ္ဂိုလ်ခင်နေတာ မဟုတ်ပါဘူး။ တရားမင်နေတာသာ ဖြစ်ပါတယ်။ မတရားမှု၊ အနိုင်ကျင့်မှု၊ ဖိနှိပ်မှုတွေကို အစဉ်တစိုက် ဆန့်ကျင်လာတာ သူတစ်ယောက်သာရှိခဲ့တဲ့အတွက် အဲသလို အခါမျိုးကြုံလာလေတိုင်း ဓဇဂ္ဂသုတ်ရွတ်သလို သူ့ကို ပြေးပြေးတ လိုက်တော့ အားကိုးရာရသလိုလို ရှိလာတယ် မဟုတ်လား။
          ေ

ဝဿန္တရာဇာတ်တော်မှာ မင်းလေးပါးပြန်ဆုံကြတော့ ၀မ်းသာဝမ်းနည်း ငိုယိုမြည်တမ်းရင်း မြင်ရသူ ဆွေတော်မျိုးတော်အပေါင်းတို့ပါ မိန်းမောမေ့မျောသွားလို့ ပေါက္ခရ၀ဿမိုး ရွာသွန်းလို့ သတိပြန်လည်စေရသတဲ့။ နှစ်ဆယ့်လေးနှစ်လုံးလုံး ခွဲခွာစွန့်ထားခဲ့ရတဲ့ သားငယ်ကလေးတွေ အရွယ်လားမြောက်၊ မြေးကလေးတွေတောင် ရနေကာမှ ပြန်ဆုံကြရတဲ့အခါမှာလည်း ကာယကံရှင်တွေတင် မကပါဘူး။ ဓါတ်ပုံတွေ မြင်တဲ့သူတိုင်းက မျက်ရည်တ၀ဲဝဲ စာနာရင်နင့်မိကြပါတယ်။ သိကြားမင်းကြီး မဟုတ်လို့ စိုစွတ်စေလိုသူတို့ကိုသာ စွတ်စိုစေနိုင်တဲ့ ပေါက္ခရ၀ဿမိုး ရွာလာအောင် မတတ်နိုင်ပါဘူး။ ဒါပေမယ့်လည်း ကိုယ်နဲ့ စိတ်သဘောချင်းတိုက်ဆိုင်သူတို့ကို ဖြေသိမ့်နိုင်စိမ့်သောငှာ တွေးမိတွေးရာကလေးများ မျှဝေပါ့မယ်။ ခုနကပြောတဲ့ သူမကို စိတ်ဆောင်မာန်တင်းထားနိုင်စေတယ်ဆိုသော Sense of duty တာဝန်သိစိတ်ပါ။ သူ့အတွက် ဘာတာဝန်တွေ ဦးလည်မသုန် ထမ်းရွက်နေရလို့တုန်း။ ကိုယ့်ဘာသာမြင်မိတာကတော့ သူ့အဖေက လက်ဆင့်ကမ်းလိုက်တဲ့တာဝန်တွေပါ။ ဖတဆိုးဖြစ်ချိန်တုန်းက လူမမယ်အရွယ်ကလေးပဲ ရှိခဲ့ပေမယ့်လည်း ဖခင်ရဲ့ ပုံရိပ်ကိုတော့ သူမှတ်မိသလောက် ပြန်ဖော်လိုက်တဲ့အခါ Very Disciplined Man ပါတဲ့။ လူသာမန်မဟုတ်တဲ့ အာဇာနည်ပုဂ္ဂိုလ်ထူးတွေဟာ မွေးစကနေ သေဆုံးချိန်အထိ အများတကာနဲ့မတူတဲ့ ကိုယ်ရည်ကိုယ်သွေး၊ အကျင့်စရိုက်၊ စိတ်နေစိတ်ထားတွေ ရှိတတ်ပါတယ်။ မောင်ထိန်လင်း အဖြစ်နဲ့ကတည်းက ဆင်းရဲသားတွေဘက်က ရပ်တည်စာနာတတ်တဲ့စိတ်ထားဟာ ဗိုလ်ချုပ်ဖြစ်ချိန်မှာတောင် အ၀တ်အစားသုံးစုံ၊ ပဲပြုတ် နံပြားစားတဲ့အထိ မပြောင်းလဲခဲ့ပါဘူး။ ရှေးကလူတွေ လာဘ်မထိုးတတ်လို့ မထင်ပါနဲ့။ သူ့အနေအစားကို သနားလို့ အိမ်တိုင်ယာရောက် ရွှေချောင်းတွေ လာပေးတာတောင် ပါတီရံပုံငွေထဲလှူခိုင်းပါသတဲ့။ မင်းဘာသာ ယုံချင်ယုံ။ တို့ကတော့ မယုံဘူး လို့ ပြောမယ့်သူချည့်ပါပဲ။ ဒီခေတ်ကြီးထဲမှာ ယုံချင်စရာလည်း မကောင်း၊ ယုတ္တိလည်း မရှိဘူးမဟုတ်လား။ သူ့အဖေ သေသည်အထိ ဦးလည်မသုန် ထမ်းရွက်သွားတဲ့ သမိုင်းပေးတာဝန်ကတော့ မြန်မာပြည်လွတ်လပ်ရေးရဖို့အတွက်ပါ။ အဲဒါကလွဲရင် ပါတီနိုင်ငံရေးတွေတောင် သိပ်စိတ်မ၀င်စားခဲ့ပါဘူး။ ရှင်ဘုရင့်သားမြေးများဟာ မိဘဘိုးဘွားသေရင် မရအရ အတင်းလိုက်ဆက်ခံလေ့ရှိကြတာ တီးမွေနန်းမွေပါ။ သူဌေးသူကြွယ်သားသမီးများကျတော့ ဥစ္စာဓနအမွေပေါ့။ အာဏာရှင်သားမြေးများလည်း အာဏာကို မက်မက်စက်စက် လိုက်ဆက်ခံလေ့ရှိကြတာ မြောက်ကိုရီးယားကို ကြည့်။ ဒါပေမယ့် တာဝန်အမွေဆိုတာကတော့ ဘယ်သူကများ သိတတ်စွာ မြတ်မြတ်နိုးနိုး ဆက်ခံချင်မှာလဲ။ တို့မေကြီးဟာ သူ့အဖေစောင့်ရှောက်ကာကွယ်ခဲ့တဲ့ သားမြေးများကို သူ့ရင်သွေးလေးတွေကိုတောင် မငဲ့ကွက်ပဲ ကာကွယ်စောင့်ရှောက်ပေးခဲ့တဲ့အတွက် သမိုင်းပေးတာဝန် ကျေတယ်လို့ပဲ ပြောရတော့မှာပေါ့။ သဘောချင်းမတိုက်ဆိုင်ရင်လည်း ငြင်းနိုင်ပါတယ်။
          

သားသမီးများဆိုတာ တခါတခါ ခလုတ်ထိမှ အမိတ တဲ့အခါလည်း ရှိသဗျ။ သူများက အနိုင်ကျင့်လာခဲ့ရင် အမေ့ လို့ အားကိုးအားထား ရှာတဲ့အခါလည်း ရှာသဗျ။ ဒီအခါမျိုးမှာ အမေက အလုပ်တွေရှုပ်နေလို့ ဒေါင်းတိမောင်းတိ လိုက်မရှင်းပေးနိုင်ရင်တောင် “ငါ့သားလေး ဘယ်နာသွားသေးသလဲ။” လို့ အမေးမခံရရင် တို့အမေက တို့ကို ဂရုမစိုက်ပဲကိုးဆို ၀မ်းနည်းသွားတတ်တာ ဓမ္မတာပါ။ ဒါပေမယ့်လည်း ကိုယ်မွေးထားတဲ့ သားယောင်္ကျားလေးကို ကျားကျားယားယား ယောင်္ကျားပီသစေချင်ရင် အမေက နေရာတကာ ကြက်မကြီးလို ရင်အုပ်မကွာ လိုက်ကာနေလို့ မဖြစ်သေးဘူးဆိုတာ တွေးကြည့်ရင် သဘောပေါက်ကြပါလိမ့်မယ်။ ရခိုင်အရေးမှာ တို့အမေက ပါးစပ်ကြီးပိတ်ပြီး ဟိုဘက်က ကုလားကြီးတွေနဲ့ ဖက်လှဲတကင်း ရန်ပြေမာန်ပြေစကားတွေ ဆိုနေနိုင်လိုက်တာ လို့ ကလေးဆန်ဆန် စိတ်ကောက်မိတဲ့ သူတွေထဲမှာ ကိုယ်တောင် ပါခဲ့သလိုရှိပါတယ်။ တကယ်တော့ ဘာဆိုင်လို့လဲဗျာ။ ဒါ ယောင်္ကျားချင်း ရှင်းရမယ့်ကိစ္စ။ ကိုယ့်အမေ စိတ်ပူနေမှာစိုးလို့ အသိတောင်မပေးသင့်ဘူး။ သူက သူ့အဖေ မပေးအပ်ခဲ့တဲ့တာဝန်တွေတောင် သိသေးရင် ကိုယ်ကရော ကိုယ့်တာဝန်တွေကို ဘာလို့ မသိရမှာလဲ။ အခုချိန်မှာ တိုင်းပြည်တာဝန်တွေကို ကိုယ်တတ်တဲ့ပညာနဲ့ ရောက်ရာအရပ်က ဘယ်လိုအခြေအနေ ရှိသည်ဖြစ်စေ မကျေကျေအောင် ထမ်းတယ်ဗျာ။ မက်လောက်စရာလခ၊ စားပွဲအောက်က၀င်ငွေ၊ လူမလေးခွေးမခန့်ရာထူးကြောင့်လို့ထင်ရင် ခေါင်းလာဖြတ်ယူသွားလှည့်။ အဲဒါနဲ့မှ မလုံလောက်သေးဘူး။ တိုင်းပြည်ကို ကာကွယ်ဖို့ အရေးတကြီးလိုအပ်လာပြီဆိုရင် ဒီအသက်အရွယ်အထိ အစေးမကပ်ခဲ့တဲ့ (အမှန်အတိုင်းပြောတာ။ စိတ်တော့ မရှိနဲ့) စစ်တပ်ထဲကို ၀င်ဖို့လည်း ၀န်မလေးပေါင်ဗျာ။ မင့်ဗလနဲ့ အထုပ်ပိသေရုံအပြင် မရှိဘူးထင်ရင် စမ်းကြည့်ကြတာပ။ တာဝန်သိစိတ် Sense of duty ဆိုတာ ဘယ်လောက်စွမ်းမစွမ်း။ အဲ့တော့ ဒီနှစ်မွေးနေ့မှာ အမေ့ကို ဘာလက်ဆောင်ပေးမလဲဆိုရင် ကျွန်တော်လည်း တာဝန်သိတဲ့ ယောင်္ကျားကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားမယ်ဆိုတဲ့ ကတိကို ပျော်ပျော်ကြီး ပေးပါသဗျား။ တို့အမေ သက်တော်ရာကျော် ရှည်ပါစေ။

Credit To: Soe Min (Facebook)

Read more...

Saturday, June 16, 2012

"NOBEL PEACE PRIZE"



"NOBEL PEACE PRIZE" " ငြိမ်းချမ်းရေး နိုဘယ်ဆု "

[NOBEL PERSON : Admirable in dignity of conception, Manner of expression, Exalted/ Excellent moral or mental character, Lofty, High-minded, Principled; Magnanimous; Honorable, Worthy, Meritorious person.]

"The Nobel Peace Prize" (Norwegian and Swedish: Nobels fredspris) is one of the five Nobel Prizes bequeathed by the Swedish industrialist and inventor Alfred Nobel.

Laureates receive a heavily decorated diploma together with a gold medal and the prize money. 

Peace Prize shall be awarded to the person;

(1) who "shall have done the most or the best work for fraternity between nations, for the abolition or reduction of standing armies and for the holding and promotion of peace congresses." 

(2) "In addition to humanitarian efforts and peace movements, the Nobel Peace Prize has been awarded for work in a wide range of fields including advocacy of human rights, mediation of international conflicts, and arms control.

(The Nobel Foundation was founded on 29 June 1900 specifically to manage the finances and administration of the Nobel Prizes.)

Nomination

Each year, the Norwegian Nobel Committee specifically invites qualified people to submit nominations for the Nobel Peace Prize. The statutes of the Nobel Foundation specify categories of individuals who are eligible to make nominations for the Nobel Peace Prize.

These nominators are (ဘယ်သူတွေက ရွေးချယ်တာလဲ):

A. Members of national assemblies and governments and members of the Inter-Parliamentary Union

B. Members of the Permanent Court of Arbitration and the International Court of Justice at the Hague

C. Members of Institute de Droit International

D. University professors of history, social sciences, philosophy, law and theology, university presidents and directors of peace research and international affairs institutes

E. Former recipients, including board members of organizations that have previously won the prize

F. Present and past members of the Norwegian Nobel Committee

G. Former permanent advisers to the Norwegian Nobel Institute


Credit To: Soe Yan Naing (Facebook)

Read more...

Thursday, May 10, 2012

A Gift to My Children (4)



Dedicate yourself to what you feel passionate about

When you start something new, you simply connot hope for success by dedicating yourself to something that you don't even care for.  It's because you'll never feel any passion. 'As a student, I loved to learn about different countries.  When I was on Wall Street, I realized that some people would actually pay money for my knowledge that the price fo copper would rise due to the revolution in Chile.  Whether or not I was rewrded, I was passionate about studying history and events that were taking place over the world.  I knew I was better versed than others on the global situation and this knowledge helped me profit in my investment.

To live a worthwhile life, it is better to do what you want even if you don't get rewarded.  This is the key to becoming successful.

Attention to details differentiates success from failure

Paying attention to the finest of details makes the difference between success and failure. However trivial it may seem, you must be able to research and check each and every piece of information.  Don't leave any stone unturned.  The reason whyy most people don't succeed is because their research is faulty and limited to the confines of what is immediately available.  There is only one way to obtain more knowledge than others, and that is through meticulous researching.  It requires a lot of work and diligence, but this effort will surely give you an avantage over others.

I do not undermine or underestimate any of the steps I am required to take when I invest. If I were to invest in a business, I look through each and every financial statement including the detailed notes.  I will also find a way to verify 'financial statements or future projections that are announced by the top executives.  And I will not invest unless I can positively say that I am more knowledgeable about the particular firm than 98% of Wall Street analysts.  Without this extra effort and work, there simply can be no success.

(to be continued...)

Read more...

ဧည့်သည်တော်များ


visit counter

ဝေဖန်မှုနှင့်အကြံပြုမှုကို ဖိတ်ခေါ်လျက်...

အင်တာနက် လိုင်းကောင်းလား?

© copyright 2011 by F.E.F.F
Managed By The Bliss Foundation (Tokyo, Japan)
Email: tabataprince@gmail.com
(၀၁-၁၂-၂၀၀၉) တွင် စတင်သည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP