Showing posts with label ပြည်တွင်းသတင်းများ. Show all posts
Showing posts with label ပြည်တွင်းသတင်းများ. Show all posts

Sunday, January 15, 2012

Photo Of Today

Read more...

Wednesday, November 30, 2011

ရန်ကုန်မြို့အား စင်ကာပူနိုင်ငံကဲ့သို့ ဖြစ်အောင် လုပ်ဆောင်ရန် နိုင်ငံတော်သမ္မတမှ လမ်းညွှန်ထားကြောင်း သိရ ၊ လှည်းတန်း၊ ရွှေဂုံတိုင်၊ ဘုရင့်နောင်နှင့် တာမွေ(၅ လမ်းခွ) လမ်းဆုံတို့အား ၄ လ အတွင်း ဂုံးကျော်တံတားများ အပြီးတည်ဆောက်သွားမည်

လူဦးရေ ၆ သန်းမှ ၇ သန်းအထိ နေထိုင်လျက်ရှိသော ရန်ကုန်မြို့အား စင်ကာပူနိုင်ငံကဲ့သို့ ဖြစ်အောင် လုပ်ဆောင်ရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်မှ လမ်းညွှန်ထားကြောင်း အမှတ်(၁)၊(၂) စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက နိုဝင်ဘာလ ၂၈ ရက်နေ့က ကျင်းပသော မီဒီယာများနှင့် တွေ့ဆုံပွဲတွင် ပြောကြားခဲ့ပါသည်။
နိုဝင်ဘာလ ၂၈ ရက်နေ့က နေပြည်တော်ရှိ အမှတ်(၂)စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည့် သတင်းမီဒီယာများနှင့် တွေ့ဆုံပွဲ၌ အမှတ်(၁)၊(၂) စက် မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ရန်ကုန်မြို့ရှိ ယာဉ်ကြောကျပ်တည်းလျက် ရှိနေသော လှည်းတန်း၊ ရွှေဂုံတိုင်၊ ဘုရင့်နောင် နှင့် တာမွေ(၅ လမ်းခွ)လမ်းဆုံများ တွင် ဂုံးကျော်တံတားများ တည်ဆောက်သွားမည် ဖြစ်ကြောင်းကိုလည်း ထည့်သွင်းပြောကြားခဲ့ပါသည်။
 ၄ လနဲ့ အပြီးဆောက်မယ့် ဂုံးကျော်များ
လှည်းတန်း၊ ရွှေဂုံတိုင်၊ ဘုရင့် နောင်နှင့် တာမွေ(၅ လမ်းခွ)လမ်း ဆုံများတွင် ဂုံးကျော်တံတားများ တည်ဆောက်ရာတွင် ၄ လအတွင်း အပြီးတည်ဆောက်မည်ဖြစ်ပြီး နိုင်ငံတော်အစိုးရ ဘတ်ဂျက်မှ ထုတ်ယူ သုံးစွဲတည်ဆောက်မည် မဟုတ်ပဲ ပြည်တွင်းရှိ ဘဏ်များငွေချေးယူ၍ လည်းကောင်း၊ တာဝန်ယူ တည်ဆောက်မည့် ကုမ္ပဏီမှ စိုက်ထုတ်သုံးစွဲ၍ လည်းကောင်း တည်ဆောက်မည် ဖြစ်သည်ဟုလည်း သိရသည်။
“နိုင်ငံတော်သမ္မတကြီးက ပြောကြားပါတယ်။ ရန်ကုန်မြို့ကြီးကို စင်ကာပူလို ဖြစ်အောင် ခင်ဗျားတို့ ကြိုးစားညှိနှိုင်းပြီး လုပ်ကြည့်ပါ။ ကိုယ့်အခြေအနေနဲ့ကိုယ် ကိုက်အောင်လုပ်ပါလို့ ပြောထားတယ်။ အခု ကျွန်တော်ပြောချင်တာက ကမာရွတ်လှည်းတန်းမှာ Traffic တွေ များလာလို့ ဂုံးကျော်တံတားကိုလာ မယ့်လေးလအတွင်းအပြီးလုပ်မယ်။ အလားတူ ရွှေဂုံတိုင်၊ တာမွေ ၅ လမ်းခွဆုံနဲ့ ဘုရင့်နောင်လမ်းဆုံမှာ လုပ်မယ်။ အကယ်၍ လေးလနဲ့အ ပြီးလုပ်မယ်ဆိုပြီး မပြီးရင်လည်း လူထုကို ကျွန်တော်တို့တောင်းပန် ရမှာပေါ့။ ခင်ဗျားတို့မြန်မြန်လေး လုပ်ပေးပါ။ Traffic သိပ်ကြပ်နေတယ်လို့ နိုင်ငံတော်သမ္မတကြီးက ပြောတယ်။ ကျွန်တော်ရန်ကုန်ကို သွားတုန်းကဆိုရင် မီးပွိုင့်မှာ သုံးလေးခါမိ အချိန်တော်တော်ကြာသွား တယ်။ ကျွန်တော်ကတော့ ဖုန်းရှိလို့ အလုပ်လုပ်လို့ရတယ်။ အလုပ်သမားတွေက အလုပ်ကပြန်ပြီး အိမ်ရောက်မှ ထမင်းချက်ရမယ့်သူမျိုး တွေအတွက်ဆိုရင်တော့ အရမ်းကြန့်ကြာနေလို့ မဖြစ်ဘူး။ အိမ်ကိုလည်း ပြန်ချင် မီးပွိုင့်ကလည်း အကြာကြီး မိမိနေတော့ အလုပ်သမားတွေ အတွက် အဆင်မပြေဘူး။ ထို့အတူ ဘုရင့်နောင်တံတားမှာလည်း ယာဉ်တွေကြပ်နေလို့ ဘုရင့်နောင်တံတားရဲ့မလှမ်းမကမ်းမှာ တံတားတစ်ခု ထပ်ထိုးမယ်။ ဒါကတော့ လေးလ နဲ့မပြီးဘူး။ တစ်နှစ်လောက်လည်း ကြာရင်ကြာမယ်။ အလားတူပဲ ရထားလမ်း ကွန်ယက်ကိုလည်း ရန်ကုန်မှာဆောင်ရွက်မယ်၊ ကားလမ်း ကွန်ယက်လည်း လုပ်မယ်။ လွတ်လပ်ရေးရပြီး ကာစကဆိုရင် စင်ကာပူက ကျွန်တော်တို့နိုင်ငံကို လာကြည့်ရတယ်။ အခုကျွန်တော်တို့က ပြန်ကြည့်ရတော့မယ်။ ကိစ္စမရှိပါဘူး။ ကောင်းတာတွေ ယူရမယ်။ အခုလက်ရှိ ရန်ကုန်မြို့ရဲ့လူဦးရေက ၆ သန်း နဲ့ ၇ သန်းရှိလာတဲ့အခါမှာ မြို့ပြင်ကနေ အလုပ်လုပ်ဖို့ သွားလိုက်ပြန်လိုက် သွားလာနေရတဲ့ အလုပ်သမားတွေ အဆင်ပြေဖို့ ကျွန်တော်တို့ကုစားနေပါတယ်။ ကုစားတဲ့အလုပ်စပြီ လို့ပြောချင်တယ်။ ဂုံးကျော်တံတား တွေ အများကြီး ဖြစ်သင့်တာပေါ့။ လတ်တလောတော့ ၄ လလောက် အတွင်းမှာ ဂုံးကျော်တံတား ၄ ခုကို အမြန်ပြီးအောင်လုပ်မယ်။ ဂုံးတံတား တွေကို Pre card  စနစ်နဲ့လုပ်ဖို့ စီစဉ်ထားတယ်”ဟု အမှတ် (၁)၊(၂) စက် မှု ၀န်ကြီးဌာနပြည်ထောင်စုဝန်ကြီး၊  မြန်မာနိုင်ငံရင်း နှီးမြှုပ်နှံမှုကော်မရှင် MIC ဥက္ကဋ္ဌ ဖြစ်သူ ဦးစိုးသိန်းက ပြောကြားခဲ့သည်။
ဆက်လက်၍ ၎င်းက “လှည်းတန်းဂုံးကျော်အတွက် ကမ္ဘောဇ ဘဏ်က ငွေချေးယူပြီး လုပ်မယ်။ တာမွေ ၅ လမ်းဆုံအတွက် ကျွန်တော်တို့ စက်မှုဘဏ်ကချေးယူပြီး လုပ်မယ်။ ရွှေဂုံတိုင်နဲ့ ဘုရင့်နောင် လမ်းဆုံဂုံးကျော်တွေ အတွက်ကတော့ တာဝန်ယူမယ့် ကုမ္ပဏီက အရင်းစိုက်ထုတ်လုပ်မယ်။ B.O.T စနစ်နဲ့ လုပ်သွားမှာပါ။ တည်ဆောက်တဲ့အခါ လမ်းတွေကို ပိတ်ပြီးမဆောက်ဘူး။ မလှမ်းမကမ်းမှာ တံတား အချပ်တွေကို အရင်လုပ်မယ်။ ပြီးရင် ဂုံးကျော်ဆောက်မယ့်နေရာမှာ ပိုင်တွေရိုက်ပြီး ကရိန်းတွေနဲ့ တပ်ဆင်မှာ ဖြစ်လို့ လမ်းလည်းမပိတ်တော့ဘူး”ဟု ပြောကြားခဲ့သည်။

မိုးပျံရထားလမ်းအတွက် စင်ကာပူနဲ့ချိတ်ပြီး ရင်းနှီးမြှုပ်နှံသူရှာ
ရန်ကုန်တွင် မိုးပျံရထားလမ်း တည်ဆောက်ရန်အတွက်လည်း စင်ကာပူနှင့် ချိတ်ဆက်ကာ ရင်းနှီးမြှုပ်နှံမည့်သူ ရှာဖွေနေပြီဖြစ်ကြောင်း၊ မြို့ပတ်ရထားလမ်း ကွန်ယက်အား တာဝန်ယူလုပ်ကိုင်မည့် လုပ်ငန်းရှင်များ ရှိပါကလည်း လာရောက်ဆွေးနွေး ရယူလုပ်ကိုင်နိုင်ကြောင်း သိရသည်။
“စင်ကာပူနဲ့ချိတ်ဆက် ပြီးတော့လည်း Sky Rail လုပ်ဖို့ Investment  လုပ်ဖို့ ရှာဖွေနေပါပြီ။ စင်ကာပူ သံအမတ်ကြီးကိုလည်း ပြောကြားထားပြီးပါပြီ။ မြို့ပတ်ရထားလမ်း လုပ်ကိုင်လိုတဲ့ လုပ်ငန်းရှင်တွေလည်း လာရောက်ဆွေးနွေးပြီး ရယူလုပ်ကိုင်မယ်ဆို ခွင့်ပြုပေးသွားဖို့ ရှိပါတယ်”ဟု အမှတ်(၁)၊(၂) စက် မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊  မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင MIC ဥက္ကဋ္ဌဖြစ်သူ ဦးစိုးသိန်းက ပြောကြားခဲ့သည်။

လမ်းပျက်တွေကိုလည်းပြင် ရေဆိုးစွန့်ထုတ်တဲ့ စနစ်ကိုလည်းပြင်၊ ကားပါကင် ပြဿနာပါ ဖြေရှင်းမယ့် ရန်ကုန်
ရန်ကုန်မြို့တွင်းအပြင် မြို့ပြင် မြို့နယ်များရှိ လမ်းပျက်များကိုလည်း ပြင်ဆင်ရန် ညှိနှိုင်းထားကြောင်း နှင့် ရေဆိုးစွန့်ထုတ်စနစ်၊ မိလ္တာစနစ်မှအစ ပြန်လည်ပြင်ဆင်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။
“ပျက်နေတဲ့ လမ်းတွေအမြန် ပြင်ဆင်မယ်။ သာကေတတို့လို မြို့ပြင်ဘက်က ပျက်နေတဲ့ လမ်းတွေကိုလည်း အမြန်ပြင်ဖို့အတွက် ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်ရယ်၊ မြို့တော်ဝန်ရယ်နဲ့ ညှိနှိုင်းပြီးအမြန်လုပ် သွားမယ်။ ကျွန်တော့်ဘက်က မြို့ တော်ဝန်ကို ညှိနှိုင်းထားတယ်။ နေ့ လည်ဘက်မှာ လမ်းတွေမပြင်ပါနဲ့  ညပိုင်းပဲပြင်ဖို့။ နေ့လည်ဘက်ပြင်တယ်ဆိုရင် ယာဉ်ကြောတွေ ပိတ်နေလို့ အလုပ်တွေတော်တော် ပျက်တယ်။ ဂျပန်၊ အင်္ဂလန်တို့ဆိုရင် ည သန်းခေါင်ကျော်မှပြင်တယ်။ ဒါတွေကိုလည်း စတင် အကောင်အထည်ဖော်မယ်။ နောက်ပြီးတော့ ရန်ကုန် မြို့အတွက် သန့်ရှင်းတဲ့ သောက်သုံးရေရရှိဖို့လည်း ဆောင်ရွက်မယ်။ နီးနီးနဲ့လွယ်လွယ်၊ ရေသန့်သန့်ရဖို့ ဆောင်ရွက်သွားမယ်။ ရန်ကုန်မြို့ ဟာ လွန်ခဲ့တဲ့ အင်္ဂလိပ်လက်ထက် ကတည်းက တည်ဆောက်ခဲ့တာဆိုတော့ အခုကျွန်တော်တို့ သန့်ရှင်း သပ်ရပ်အောင် လုပ်တော့မယ်။ ပြည်ပက အကူအညီရရင်လည်း ယူပြီး လုပ်သွားမယ်။ ရေဆိုးစွန့်ထုတ်တဲ့ စနစ်ဆိုရင် ပျက်နေတာတွေကို မပြင်တော့ဘူး အသစ်ပဲ လုပ်တော့မယ်။ ကားပါကင်ထားဖို့ အတွက်လည်း လုပ်ဆောင်ဖို့စီစဉ်ထားပါပြီ” ဟု လည်း ဆက်လက်ပြောကြားခဲ့ပါ သည်။

ပင်စင်ယူပြီး အိမ်ပိုင်မရှိသည့် ၀န်ထမ်းများ မဖြစ်စေရေး ၀န်ထမ်းအိမ်ရာသစ်များ တည်ဆောက်မယ့် အစီအစဉ်ကောင်းပါရှိ
“၀န်ထမ်းတွေ အသက် ၆၀ ကျော်လို့ ပင်စင်ယူပြီးရင် အိမ်မ၀ယ်နိုင်တာ များပါတယ်။ အဲဒီလိုမဖြစ်ဖို့တွက် ရန်ကင်းမှာလို ကျွန်တော်တို့ ၀န်ထမ်းအိမ်ရာတွေပါ တည်ဆောက် ပေးတဲ့ အစီအစဉ်လည်းပါ ပါတယ်။ မြို့ထဲမှာတော့ မရနိုင်ဘူး ဒါပေမယ့် သင့်တော်တဲ့နေရာရှာပြီး ဆောက်မှာပါ။ ၀န်ထမ်းတွေက လစဉ်ပေးရင်း ပေးရင်းနဲ့အပိုင် ဖြစ်သွားမယ့်မှာပေါ့။ အခုလိုလုပ်ရင် အိမ်ပိုင်လည်းရသွား မှာပေါ့”ဟု MIC ဥက္ကဋ္ဌ ဦးစိုးသိန်းက ပြောကြားခဲ့သည်။
ရန်ကုန်မြို့တော်တွင် နောက်ပိုင်း၌ စင်ကာပူကဲ့သို့ပင် ယာဉ်လိုင်းများနှင့် ယာဉ်စီးခပေးသည့် စနစ်များ အထိပါ တစ်ဆင့်ချင်းတစ်ဆင့်ချင်း ပြင်ဆင်လုပ်ဆောင်ရင်းဖြင့် ရန်ကုန်အား ကုစားပေးမည် ဖြစ်သည်ဟု ပြောကြားခဲ့သည်။

ရန်ကုန်အတွက် အဓိကကျတဲ့ Yangon City Development Plan ရေးဆွဲပြီး လုပ်မယ်
ရန်ကုန်မြို့ကုစားရေးအတွက် အဓိကကျသည့် Yangon City Development Plan အား ရေးဆွဲကာ အဆိုပါ Plan  အတိုင်း ပြည်တွင်း ပြည်ပ အကူအညီများဖြင့် လုပ်ကိုင်သွားမည် ဖြစ်ကြောင်း သိရသည်။
“Yangon City Development Plan  ကိုရေးဆွဲပြီး လုပ်မှာ။ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ရန်ကုန် မြို့တော်စည်ပင်တို့ ရှိပြီးဖြစ်တဲ့အတွက် သူတို့တွေနဲ့ ရေးဆွဲ လုပ်ဆောင်မှာပါ။ အဓိကျတာက Yangon City Development Plan ပါ” ဟု ၎င်းက ဆက်လက်ရှင်းပြခဲ့သည်။

Read more...

Tuesday, November 8, 2011

အကျဉ်းထောင်က ပြန်လွတ်လာတဲ့ သံဃာတွေကို သိက္ခာထပ်မည်

2011-11-07

၂၀၀၇ ခု ရွှေဝါရောင် သံဃာ့ အရေးအခင်း အတွင်း သပိတ်မှောက် ကံဆောင်ခဲ့တဲ့ အတွက် ထောင်ချခံရပြီး မကြာခင်ကမှ လွတ်မြောက်လာတဲ့ သံဃာတော်တွေကို သိက္ခာထပ်ပွဲ တစ်ခု နိုဝင်ဘာ ၁၂ ရက်မှာ ကျင်းပမယ်လို့ သိရပါတယ်။

AFP

၂ဝဝ၇ ခုနှစ် ရွှေဝါရောင် သံဃာနှင့် လူထု လှုပ်ရှားမှုကာလတွင် ငြိမ်းချမ်းစွာ မေတ္တာပို့ ဆုတောင်းသော သံဃာများ စက်တင်ဘာလ ၂၅ ရက်နေ့က ရန်ကုန်မြို့၊ ရွှေတိဂုံ စေတီတော်မှ ဆင်းလာပြီး မြို့တွင်းသို့ စီတန်းလှည့်လည် ကြွချီတော်မူနေကြပုံ ဖြစ်ပါသည်။

ဒီပွဲကို ဒဂုံမြို့သစ် အရှေ့ပိုင်း မကွေး ပရိယတ္တိ စာသင်တိုက်မှာ ကျင်းပမှာ ဖြစ်ပြီး နိုင်ငံရေး အကျဉ်းသား တစ်ဦးအဖြစ် အနှစ် ၂၀ နီးပါး ထောင်ဒဏ်ကျခံခဲ့ရတဲ့ NLD ခေါင်းဆောင် တစ်ဦး ဖြစ်သူ ဦးဝင်းတင်ကို ဒီပွဲမှာ ဆရာတော် ဦးပါမောက္ခက ရွှေသား အတိနဲ့ ထုလုပ်ထားတဲ့ သူရသတ္တိဆု ချီးမြှင့်ဖို့ စီစဉ်ထားတယ်လို့လည်း နိုင်ငံရေး အကျဉ်းသား မိသားစုများ အကျိုးဆောင် ကွန်ယက်က ကိုအောင်ဇော်ထွန်းက ပြောပါတယ်။ အဲဒီနေ့ အခမ်းအနားမှာ နိုင်ငံရေး အကျဉ်းသား မိသားစုဝင်တွေကို စာအုပ်စာတမ်းနဲ့ တခြား အထောက်အပံ့ ပစ္စည်းတွေ ပေးအပ်မယ်လို့ သိရပါတယ်။

Read more...

Friday, March 25, 2011

Myanmar quake toll rises to 75

Published: 6:05AM Friday March 25, 2011 Source: Reuters/ONE News

  • Myanmar quake toll rises to 75 (Source: Reuters)
    A villager clears his house after an earthquake in Myanmar - Source: Reuters

The 6.8 magnitude earthquake that hit Myanmar has killed at least 75 people and injured 40, with the death toll expected to rise.

At least five monasteries and 35 buildings were also destroyed.

Authorities in Thailand have also confirmed one woman was killed on the Thai side of the border.

Witnesses have said tremors were felt in Bangkok, central Myanmar and as far away as the Vietnam capital of Hanoi where people were evacuated from tall buildings.

An estimated 5.5 magnitude quake also hit northern Thailand this afternoon, but authorities reported little damage.

The quake was centered 111 km north of the town of Chiang Rai, Thailand's northernmost province.

Witnesses in northeast Myanmar and northern Thailand said they felt the earthquake strongly and tremors caused widespread panic. Ten aftershocks further jolted the area.

"In my 40 years, I never felt an earthquake this strong. A glass broke and I had to hold on to a pillar," Thanawan Sisukniyom, a retired teacher in Mai Sai, told Reuters by telephone.

Witnesses in Chiang Mai, the country's second-largest city, reported no immediate damage, but said the earthquake was felt strongly.

A witness in the Myanmar town of Tachilek, which borders Chiang Rai, said parked motorcycles fell to the ground and cracks were seen in the road.

Thai broadcaster TPBS said electricity was cut off in parts of Mae Sai. The earthquake was shallow at a depth of 10 km.

"Many people fled their homes and lay down on the ground outside, away from the buildings," said a resident of Kentung, 80 km west of the epicentre.

"We are still sitting on the ground since there are several aftershocks. In some buildings, TV sets fell off the tables and shrine altars fell down."

People also left their homes in Myanmar's capital Naypyitaw and its biggest city, Yangon, some 550 km away.

Earthquakes of magnitudes of around 5 and as high as 7 have hit northern Myanmar and Thailand several times in the past 15 years, but damage and casualties have been limited and the areas are thinly populated.

Chiang Rai province is a sparsely populated, hilly area that forms part of the famous "Golden Triangle", known for growth of illicit opium and where Myanmar, Laos and Thailand meet.

Somchai Baimuang, deputy director of the Thai meteorological department, urged the public not to panic.

Residents left their homes in the Myanmar capital Naypyitaw and the biggest city, Yangon. No deaths or injuries were reported.

Read more...

Saturday, January 29, 2011

ဒိုက်ဦးမြို့ နယ် တွင် နှစ် ၄၀ ကျော် ချုပ်နှောင် ခိုင်းစားခံရသူ အမျိုးသမီး ပြန်လွတ်ပြီ


(အေးနိုင်/DVB)
လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၃ နှစ်ခန့်က အသက် ၉ နှစ်သမီး အရွယ်သာ ရှိသေးတဲ့ မတင်တင်အေးဟာ ပဲခူးတိုင်း ဒိုက်ဦးမြို့နယ်အတွင်း လူစည်ကားရာ ဈေးရှေ့က အိမ်ကြီးတလုံးထဲမှာ အပြင်ထွက်ခွင့် မရဘဲ ချုပ်နှောင် ခိုင်းစေခံရတာကို သူ့အကိုဝမ်းကွဲက ဖော်ထုတ်နိုင်ခဲ့ပါတယ်။

အသက် ၅ဝ ကျော်တန်းကို ရောက်နေပြီ ဖြစ်တဲ့ မတင်တင်အေးကို အဲဒီအိမ်ကြီးထဲမှာ ပိတ်လှောင်ခိုင်းစေ နေသူတွေဟာ အခုအခါ အသက် ၇ဝ ကျော် အရွယ် ရှိပြီ ဖြစ်တဲ့ ပဲခူးမြို့က ပူဇော်ခံ ကျောင်းဆရာမကြီးဟောင်း ဒေါ်ကျင်လွမ်တို့ ညီအမသုံးဦးလို့ ဆိုပါတယ်။

ဒီလို နှစ်ပေါင်းများစွာ ချုပ်ခြယ် ခိုင်းစေခဲ့တာကို တရားရုံး၊ ရဲနဲ့ အမျိုးသမီးရေးရာအဖွဲ့ စတဲ့ ဌာနဆိုင်ရာ အသီးသီးက တရားစွဲဆိုတာကို လက်မခံဘဲ အမျိုးသမီးရေးရာအဖွဲ့က ကြားဝင်ဆောင်ရွက်ညှိနှိုင်းမှုနဲ့ ပြီးပြတ်အောင် ဆောင်ရွက်ခဲ့ပါတယ်။

အိမ်နီးချင်းများ လုံးဝ သတိမပြုမိ

ပြန်လည်လွတ်မြောက်လာသူ ဒေါ်တင်တင်အေးဟာ ငယ်စဉ်ဘဝ ကိုးနှစ်သမီးအရွယ်ကစပြီး အဲဒီအိမ်အိုကြီးရဲ့ နောက်ဘက်ခြမ်းမှာပဲ နေထိုင်ခဲ့ရပြီး အိမ်ပြင်ထွက်ခွင့် မရှိ၊ ပေးတာယူ၊ ကျွေးတာစား၊ ခိုင်းတာလုပ်နဲ့ နှစ်ပေါင်းများစွာ ဖြတ်သန်းခဲ့ရတာဖြစ်ပြီး ပြီးခဲ့တဲ့ နှစ် ရှစ်လပိုင်း အသက် ၅ဝ ကျော်ကျမှ သူ ဒီအိမ်မှာ ရှိနေတယ် ဆိုတာ အကိုဝမ်းကွဲ ဦးလှမြင့်က ဦးဆောင် ဖော်ထုတ်နိုင်ပြီး မိသားစုဝင်တွေနဲ့ အတူ ပြန်နေခွင့်ရတာ ဖြစ်ပါတယ်။

သူဒီအိမ်မှာ ရှိနေတယ်ဆိုတာကို အိမ်ဘေးအိမ်တွေက လုံးဝ သတိမပြုမိကြဘူး လို့ ဆိုပါတယ်။ ဒါပေမယ့် နှစ်ပေါင်း များစွာ အလုပ်လုပ်ခဲ့ရပေမယ့် ဘာလျော်ကြေးမှလည်း မရဘူးလို့ ဆိုပါတယ်။

ဒေါ်တင်တင်အေးဟာ ပုံမှန် မဟုတ်တဲ့၊ လူမြင်ရင် ကြောက်ပြီး ပုန်းကွယ်တဲ့ အကျင့် ရှိနေတုန်းပဲ လို့ ဆိုပါတယ်။ သူ့ရဲ့ ညာဘက်မျက်စိ ကွယ်နေသလို နောက်တဖက်ကိုလည်း ကူးစက်ပြီး ကွယ်မဲ့ အခြေအနေကို ရင်ဆိုင်နေရပြီး ဆရာဝန်နဲ့ ပြသဖို့ ငွေ ကြေးအကူအညီ အပူတပြင်း လိုနေပါတယ်။ သူဟာ ကလေးတယောက်လို အသိ ဉာဏ်မျိုးနဲ့ လူ့လောကကြီးရဲ့ ဖြစ်ထွန်းတိုးတက်မှု မှန်သမျှ ဘာမှ မသိတဲ့ပုံစံ ဖြစ်နေပါတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။

စတင် ပျောက်ဆုံးခြင်း

ဖြစ်ပွားပုံအစကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ ကျော်က ဒိုက်ဦးမြို့နယ် သပြေတန်းကျေးရွာက ဦးညွန့်နဲ့ ဒေါ်လှမင်းတို့ရဲ့သမီး မတင်တင်အေးဟာ ၉ နှစ် သမီး အရွယ်မှာ ဖခင် ဆုံးပါးခဲ့သလို မိခင်က နောက်အိမ်ထောင်ပြုရင်း ဘောလယ်ရွာကို အပြောင်းမှာ ဦးအာဖျံရဲ့ ဇနီး ဒေါ်အုန်း ဆိုသူက သူနဲ့ ထည့်လိုက် ထောက်ပံ့မယ် ဆိုလို့ ထည့်လိုက်တာကနေ အဆက်အသွယ် မရတော့ဘဲ ပျောက်သွားတာလို့ ဆိုပါတယ်။

ဦးအာဖျံ-ဒေါ်အုန်းတို့ကနေ သူတို့လက်ထက်ထိ ပုံစံ သွင်းထားပြီး တောက်လျှောက် ခိုင်းနေတာလို့ ဆိုပါတယ်။ မတင်တင်အေးရဲ့မိခင် ဆုံးချိန်မှာ ဆွေမျိုးတွေက သွားမေးတော့ မရှိဘူးလို့ ဖြေပြီး အစရှာလို့ မရတော့ဘူးလို့ ဆိုပါတယ်။

နှစ် ၄၀ အကြာမှာ ပြန်လည်စုံစမ်း

ဒီလိုနဲ့ နှစ်ပေါင်းကြာလာပြီးတဲ့နောက် မတင်တင်အေးရဲ့ အကိုဝမ်းကွဲ ဦးလှမြင့်နဲ့ သူ့မိတ်ဆွေတွေဟာ လွန်ခဲ့တဲ့ သုံးနှစ်လောက်ကစပြီး ပြန်လည် စုံစမ်းဖော်ထုတ်ခဲ့တာပါ။

အဲဒီအိမ်မှာ သံစည်ပိုင်းပြတ်တွေ၊ ဂုံနီအိတ်တွေ အရောင်းအဝယ် လုပ်တော့ အဝင်အထွက် လုပ်ပြီး စုံစမ်းခဲ့ပေမယ့် အိမ်အတွင်းပိုင်း ဝင်ခွင့် မသာသလို မတွေ့ခဲ့ပါဘူး။ ဦးလှမြင့်တို့က အသက် ၇ဝ ကျော် ကျောင်းဆရာမဟောင်းတွေ ဖြစ်တာကြောင့် တိုင်ကြားချက် မမှန်ရင် အသရေဖျက်မှုနဲ့ ပြန်အရေးယူခံရမှာကို စိုးရိမ်တာကြောင့် ရဲကို မတိုင်ဖြစ်ဘူးလို့ ဆိုပါတယ်။

ဒါနဲ့ အဲဒီအိမ်က အငယ်ဆုံး ဆရာမ ဒေါ်နိုင်နိုင်ဆွေက အိမ်မှာ ကျူရှင်ဖွင့်တော့ ဦးလှမြင့်က သူ့သမီး ၉ တန်း ကျောင်းသူကို ကျောင်းတက်ခိုင်းပြီး ဖော်ထုတ်ခဲ့တာလို့ ဆိုပါတယ်။

တွေ့ပြီ

ကလေးမလေးက ကျောင်းတက်ရင်း အိမ်နောက်ဘက်ကို သွားစုံစမ်းတဲ့အခါ ဒေါ်တင်တင်အေးကို မမျှော်လင့်တဲ့အချိန်မှာ အခန်းတခန်းထဲမှာ တွေ့လိုက်ရပြီး သူ့အဖေ သင်ကြားထားတဲ့အတိုင်း ငယ်နာမည် ခေါ်လိုက်ရာမှာ အဲဒီအမျိုးသမီးက သူ့ရင်ဘတ်လေး ပုတ်ပြပြီး ငါပါလို့ ဖြေတယ်လို့ ဆိုတယ်။

ဒီအကြောင်းကို ရွာသားတဦးက ခုလို ပြောပါတယ်။

“ဦးအဖြန် ဒေါ်အုန်း မိသားစု နေထိုင်ကြတဲ့ ဒေါ်ကြင်လွှမ်း၊ ဒေါ်ကြင်မြစိန်၊ ဒေါ်နိုင်နိုင်ဆွေတို့ အိမ်မှာတော့ ဒီကလေးမလေး ရှိတယ်ဆိုတာကို ထပ်မံပြီးတော့ သတင်းလေး နည်းနည်းပါးပါးပေါ့လေ တိတိကျကျလေး ရလာတယ်။ ကိုလှမြင့်ကနေပြီးတော့ အဲဒီအိမ်ကို သူ့သမီးကို ကျူရှင်တက်ခိုင်းတာ။ ကလေးမလေးက ကျောင်းသားဆိုတော့ နောက်ဖေးတွေ ဘာတွေ အပေါ့အပါး သွားတော့ အဲဒီမှာ မမျှော်လင့်ဘဲနဲ့ သူတွေ့လိုက်တဲ့ အချိန်မှာ အခန်းတခန်းမှာ တွေ့လိုက်တော့မှ အဲဒီမှာ တင်တင်အေးဆိုတဲ့ နာမည်ကို ခေါ်လိုက်တယ်။ ခေါ်လိုက်တော့မှ သူက ရင်ဘတ်ကလေး ပုတ်ပြပြီး ငါပါဆိုတော့ ဒီကလေးမကလည်း သူ့အဖေကို နည်းပရိယာယ်နဲ့ပေါ့ ခေါင်းကိုက်လို့ ဗိုက်နာလို့ ဆိုပြီးတော့ ကျောင်းချိန်မပြီးခင်လေးမှာ ပြန်သွားပြီး သူ့အဖေကို ပြောပြတယ်”

နှစ် ၄၀ ကျော် ကျွန်ပြု၊ အကျဉ်းချခံရသူ၏ လက်ရှိ အခြေအနေ


ဒေါ်တင်တင်အေးရဲ့လက်ရှိအခြေအနေနဲ့ပတ်သက်လို့လည်း သူက ခုလို ပြောပါတယ်။

“ပေတရာလမ်းပေါ် ချထားရင် ဘယ်မှ မသွားတတ်ဘူး။ ၅ဝဝ တန် တခု လက်ထဲ ထည့်ပြီးတော့ ကဲ ညီး လွတ်လွတ် လပ်လပ် သွားဝယ်စား ဆိုပြီး လွှတ်လိုက်လဲ ဘာမှ ဝယ်မစားတတ်ဘူး။ နောက် တိုတို ပြောရရင်ဗျာ မြန်မာနိုင်ငံသား တယောက်ဖြစ်ပြီး ဘုရားစင် ဆိုတာလည်း သူ အခုမှ တွေ့ဖူးတယ်။ ရှစ်တောင် မခိုးတတ်ဘူး။ ငါးပါးသီလတို့၊ ဆွမ်းကပ်တာ၊ ရေကပ်တာ၊ ဆီမီးကပ်တာ ဘာမှ မသိဘူး။ အဲဒါ အခု ညီမလေးက သင်ပေးနေရတယ်။ နောက် သူ့ကြည့်ရတာ နောက်ဆုံး ပြောရရင် ဘယ်လောက် အဖိအနှိပ် အချုပ်အချယ် ခံရတယ် မသိဘူးခင်ဗျ လူတယောက်ကို တွေ့တာနဲ့ သူက သုတ်ဆို နောက်ဖေးသွားပြီး ဟိုး ချောင်ထဲမှာ သွားထိုင်နေတယ်။ သွားတဲ့အချိန်မှာလည်း သိမ်သိမ်မွေ့မွေ့လေး လက်ကလေး နှစ်ချောင်း ပေါင်ကြားထဲ ညှပ်ပြီး ကုန်းပြီးတော့ အဲဒီလို တော်တော်ကို နှိပ်ကွပ်ခံထားရတဲ့၊ အကျပ်ကိုင်ပြီး လုပ်ထားတဲ့ ပုံစံကတော့ အခုထက်ထိ မပျောက်သေးဘူး”

ပြန်လွတ်လာတဲ့ ဒေါ်တင်တင်အေးရဲ့ ပြန်လည် ပြောဆိုချက်အရ သူ့ကို အိမ်နောက်မှာ မီးဖိုဆောင်၊ ထင်းတဲ၊ ရေတွင်း၊ အိမ်သာ အဲဒီပတ်ဝန်းကျင်မှာပဲ သူက ကြီးပြင်းလာရပြီး အပြင်ထွက်ခွင့် လုံးဝ မရှိဘူး လို့ ဆိုပါတယ်။ မနက်ကို သုံးနာရီခွဲ အိပ်ရာ ထရပြီး တနေ့ကို ပဲ ရှစ်ပြည် ပြုတ်ရတယ် လို့ ဆိုပါတယ်။ သူပြုတ်တဲ့ ပဲနဲ့ ပဲပုတ် လုပ်ပြီး ရောင်းချ စီးပွားလုပ်တာ လို့ ဆိုပါတယ်။

အကိုဦးလှမြင့်က သူ့ညီမ ဒီအိမ်မှာ ရှိမှန်းသိတဲ့အခါ ရယကရုံးကို တိုင်ကြားလို့ အဲဒီ ကျောင်းဆရာမကြီးတွေနဲ့ မတင်တင်အေးကို ရဝတ ရုံးမှာ ဆင့်ခေါ်ပြီး ဦးလှမြင့်တို့ကို ပေးတွေ့တာကြောင့် ဦးလှမြင့်ဟာ ဆယ်စုနှစ်ပေါင်း များစွာ ကွဲကွာနေတဲ့ညီမကို ပြန်တွေ့ပါတယ်။

စောင့်ရှောက်ထားတယ် ဟု ဆို

ဒီတွေ့ဆုံပွဲမှာ ဒေါ်တင်တင်အေးကို ငွေကြေးနဲ့ ဝယ်ထားတာ မဟုတ်ဘဲ မိသားစုလို ကျွေးမွေး စောင့်ရှောက်ထားတယ် ဆိုတဲ့ဘက်က ရပ်တည်ပြီး အိမ်ရှင်ဘက်က ပြောဆိုပါတယ်။

ဦးလှမြင့်ဘက်က သူ့ညီမ စာရေးစာဖတ် မတတ်ပုံ၊ မှတ်ပုံတင် လုံးဝ မရှိပုံ၊ အိမ်ထောင်စုဇယားထဲမှာ မပါပုံ၊ ပိုက်ဆံတွေကို ဘာတခုမှ မသိပုံ စတာတွေကို ထောက်ပြပြီး ကျွေးမွေး စောင့်ရှောက်တယ်လို့ ပြောတာကို လက်မခံကြောင်း ပြောဆိုပြီး တရားရုံးမှာ တရားစွဲဆိုပါတယ်။

ရဲစခန်းရဲ့ ပြောဆိုချက်

တရားရုံးမှာ ပြီးခဲ့တဲ့နှစ် ၈ လပိုင်း ၃ ရက်နေ့မှာ ဦးတိုက် လျှောက်တဲ့အခါ ရဲအရေးပိုင်ကိစ္စ ဆိုပြီး လွဲခဲ့ပါတယ်။ အဲဒီနောက် ရဲက တာဝန်ယူ မဖြေရှင်းဘဲ အမှုတွဲကို မြို့နယ် အမျိုးသမီးရေးရာ အဖွဲ့ ဥက္ကဋ္ဌက ကြားဝင် ကိုင်တွယ် ဆောင်ရွက်ခဲ့တယ်လို့ ပြောပါတယ်။

ဒီနောက် မိသားစုချင်း ပြန်တွေ့ရတာ ဝမ်းသာတယ် ဆိုတဲ့ လက်မှတ် ထိုးခိုင်းပြီး ၈ လပိုင်း ၂၆ ရက်နေ့ ၂ဝ၁ဝ မှာ မိသားစုတွေ ပြန်လည် ပေါင်းစည်းမိပါတယ်။ အိမ်ရှင်ဆရာမကြီးတွေဘက်က နှစ်ပေါင်း ၄၀ ကျော် ပြုကျင့်ခဲ့သမျှကို ဘာအရေးယူ ဆောင်ရွက်မှု၊ ဘာလျော်ကြေးမှ မပေးတော့ဘဲ ဆက်ဆံရေး ပြတ်တောက်သွားတယ် လို့ ဆိုပါတယ်။

ဒိုက်ဦးမြို့နယ် ရဲစခန်း တာဝန်ရှိသူတွေကို မေးမြန်းကြည့်ရာမှာတော့ အဲဒီကျောင်း ဆရာမဟောင်းကြီး နေအိမ်မှာ ဒေါ်တင်တင်အေး နှစ်ပေါင်း ၄၀ ကျော်ကြာ ချုပ်နှောင် ခိုင်းစေခံရတယ် ဆိုတာကို လာတိုင်ပါကြောင်း၊ ဒီအမှုကို ရဲက အမှုမဖွင့်ဘဲ ဦးလှမြင့်ဘက်က ညီမလေး ပြန်ရရင် ကျေနပ်ပါပြီလို့ ပြောလာလို့ ပြန်အပ်လိုက်ပြီးပါပြီ၊ အမှု မဖွင့်ပါဘူးလို့ ပြောပါတယ်။ ဒိုက်ဦးရဲစခန်းမှူး ဒုရဲအုပ် ဦးလှမိုးအောင်က ဒီအမှုကိစ္စကို မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ထံ လွဲပြောင်းပေးအပ်လိုက်တာ ဖြစ်တယ်လို့ ပြောပါတယ်။

“ဒီဥစ္စာက ကျနော်တို့ဆီက သူတို့က လာဦးတိုက်လျှောက်တင်တော့ ဦးတိုက် လျှောက်ချက်က သူတို့က ဒီဥစ္စာဆိုရင် ကျနော်တို့က ကျေကျေနပ်နပ် အမှုမဖွင့်တော့ဘူး ဆိုတော့ သူညီမ ရရင် ပြီးပြီ ဆိုပြီး သူ့ကို နှစ်သိမ့်တယ်။ ထိန်းထားတဲ့ ဥစ္စာပေးလိုက်တယ် သူတို့ ညီမကို”

အဲဒီကိစ္စက အမျိုးသမီးရေးရာအဖွဲ့ကနေ ပြီးတော့ ကိုင်လိုက်တယ်ဆို ဟုတ်လား။

“ဟုတ်ကဲ့ — သူတို့က ဒီလိုပဲ ကျနော်တို့ စခန်းမှာ ဒီလိုပဲ ဖြစ်သွားတာ ကျနော်တို့ ဆီမှာက။ စခန်းမှူးလည်း ဒီဥစ္စာပဲ တွေ့ပေးလိုက်တာ ဒီဥစ္စာက သူတို့ဆီမှာ”

အဲဒီတုန်းက အခြေအနေအရ ဒိုက်ဦးရဲစခန်းမှူး ဦးလှမိုးအောင်ဟာ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌထံ အမှုလွဲအပ်တာနဲ့ပတ်သက်လို့လည်း ဦးလှမြင့်တို့ဘက်က မကျေမချမ်း ဖြစ်ခဲ့ပါတယ်။ ဥပမာအားဖြင့် ဒေါ်ကျင်လွမ်းတို့ တတွေဟာ တရုတ်နွယ်ဖွားတွေဖြစ်ပါတယ်။ အမျိုးသမီးရေးရာ ဥက္ကဋ္ဌဟာ မယက ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းရဲ့ ဇနီးသည် ဒေါ်နွေမိုးအေး ဖြစ်ပြီး ဝ လူမျိုးဖြစ်တာကြောင့် တရုတ်သွေးစပ်တဲ့ ဆရာမကြီးတို့ ကိစ္စကို အရေးယူ ဆောင်ရွက်ချက်တွေ မလုပ်အောင် ဘက်လိုက် ဆောင်ရွက်တယ်လို့ ဦးလှမြင့်ဘက်က ယူဆပြီး တရားဥပဒေအတိုင်း ဖြေရှင်းစေချင်ကြပါတယ်။

အခုတော့ မယက ဥက္ကဌ ဦးထွန်းထွန်းဝင်း တာဝန် အပြောင်းအလဲနဲ့အတူ ဒီကိစ္စကို ကိုင်တွယ်ခဲ့တဲ့ဒေါ်နွေမိုးအေးလည်း ဒိုက်ဦးက အမျိုးသမီးရေးရာအဖွဲ့ဥက္ကဌ တာဝန် မရှိတော့ပါဘူး။

ဆေးကုသရန် အကူအညီ လိုသည်

ဒေါ်တင်တင်အေးဟာ ဘာကြောင့်မှန်းမသိရဘဲ ညာဘက်မျက်စိ ကွယ်နေပြီး ဘယ်ဘက်မျက်စိပါ ကွယ်မယ့် အခြေအနေ ရင်ဆိုင်နေရပါတယ်။ ဒါကြောင့် ဦးလှမြင့်က (မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေး အထူးတပ်ဖွဲ့) ရဲမှူးကြီးစစ်အေးဆီ ကိုင်တွယ် အရေးယူဖို့ တိုင်ခဲ့ပါတယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွေ၊ ILO တွေကိုလည်း မိတ္တူ ပို့ခဲ့သလို ပြည်တွင်းက ဌာနဆိုင်ရာ ၁၈ ခုစလုံးကို လူသိရှင်ကြားဖြစ်အောင် မိတ္တူပေးထားပြီး ဒီကိစ္စကို သနပ်ပင်နဲ့ ဒိုက်ဦးမှာ နှစ်ကြိမ် စစ်ဆေး ကိုင်တွယ်မေးမြန်းမှုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ဒေါ်တင်တင်အေးရဲ့ လက်ရှိအခြေအနေကို အဲဒီ ရွာသားက ခုလို ပြောပါတယ်။

“လတ်တလောမှာတော့ ဒေါ်ကျင်လွမ်းတို့ကို အရေးယူခြင်း မယူခြင်းထက် ဒေါ်တင်တင်အေးရဲ့ ဘယ်ဘက်မျက်လုံး ကုသနိုင်အောင် ငွေကြေး အကူအညီ ဦးလှမြင့်တို့မှာ အထူး လိုအပ်နေပါတယ်။ နှစ် ၄၀ ကျော်ကြာ နေအိမ်တွင်း ချုပ်နှောင် ခိုင်းစေတဲ့ လုပ်ရပ်အပေါ် ရဲမှုးကြီး စစ်အေး ဦးဆောင်တဲ့ မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေး အထူးတပ်ဖွဲ့က ဘယ်လို ကိုင်တွယ် ဆောင်ရွက်မယ် ဆိုတာကလည်း စောင့်ကြည့်ရမှာပါဗျာ”

မူရင်း – DVB အသံလွှင့်ဌာန www.dvb.no
ယခု စာစု ကို မူ မိုးမခ မီဒီယာ www.moemaka.com မှ ကူးယူဖော်ပြပါသည်

Read more...

Friday, January 21, 2011

တစ်နှစ်ထက် တစ်နှစ်၊ တစ်လထက် တစ်လ၊ တစ်ရက်ထက် တစ်ရက်၊ တစ်နာရီထက် တစ်နာရီ....


တစ်နှစ်ထက် တစ်နှစ်၊ တစ်လထက် တစ်လ၊ တစ်ရက်ထက် တစ်ရက်၊ တစ်နာရီထက် တစ်နာရီ
နာရေးကူညီမှုအသင်း(ရန်ကုန်) ၂၀၁၁ ခုနှစ် ဇန်န၀ါရီလ (၁) ရက်နေ့မှစ၍ နှစ်သစ်တွင် လူမျိုးမရွေး၊ ဘာသာမရွေး၊ ဆင်းရဲချမ်းသာမရွေးလူသားတို့၏ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ နာရေးကိစ္စအ၀၀တို့ကို အင်တိုက်အားတိုက် အရှိန်အဟုန်မြင့်စွာဖြင့် အများပြည်သူတို့အတွက် ပေးဆပ်နိုင်ရန် သင်းလုံးကျွတ် အစည်းအဝေးပွဲ ကျင်းပပြီးစီးခဲ့ပြီ ဖြစ်သည်။ ယခု နှစ်သစ် ဇန်န၀ါရီလတွင် ကလေးသူငယ်များ၏ ပညာရေးအတွက် အင်္ဂလိပ်စာအခြေခံသင်တန်းများ၊ လူငယ်မျိုးဆက်သစ်များအတွက် အဆင့်မြင့် အင်္ဂလိပ်စာ သင်တန်းများ၊ သုခအလင်းစာကြည့် တိုက်မှလည်းစာပေဗဟုသုတများ ရရှိရန်အတွက်၎င်း၊ သုခကုသိုလ်ဖြစ်ဆေးခန်းမှလည်းအများပြည် သူတို့ လှူဒါန်းထားသော မျက်စိခွဲစိတ်ခန်းသုံး အာရုံကြောစမ်းသပ်သည့် စက်ကိရိယာဖြင့် စတင်ကာ အများပြည်သူတို့၏ မျက်စိဝေဒနာများကို အချိန်တိုအတွင်းကုသပေးလျှက်ရှိသည်။ မျက်စိခွဲစိပ်ခန်း အဆောင်ကိုလည်း ဖွဲ့စည်း တည်ဆောက်လျှက်ရှိသည်။ ဂျပန်နိုင်ငံမှ မှာယူထားသော ခွဲစိတ်ခန်းသုံးကိရိယာများ ပြည့်စုံမှုရှိပါက ဧပြီလအတွင်းစတင်၍ ဖွင့်လှစ်ခွဲစိပ်မှုများကို ပြုလုပ်နိုင်တော့မည် ဖြစ်ပါသည်။ နာရေးနှင့် ပတ်သက်၍လည်း (၉၆) ပါး ရောဂါဝေဒနာများဖြင့် ဘ၀ကူးပြောင်းသွားသော ပြည်တွင်းရှိ (၇) ရက် သားသမီးတို့၏ ရုပ်အလောင်းများကို(အခမဲ့) သယ်ဆောင် သဂြိုလ်ပေးခြင်းတို့အပြင် နိုင်ငံရပ်ခြား၌ ဆုံးပါးသွားသော ရုပ်အလောင်းများကိုလည်း သယ်ဆောင် သဂြိုလ်ပေးခြင်းတို့ကို ပြုလုပ်ပေးလျှက်ရှိသည်။

ထို့အပြင် ရဲမှုခင်းဆိုင်ရာ (ရထားကြိတ်၊ ဆွဲကြိုးချ၊ ရေနစ်၊ လမ်းဘေး) အစရှိသည့် သေဆုံးမှုများကိုလည်းနာရေးကူညီမှုအသင်း(ရန်ကုန်)မှ (အခမဲ့) ထမ်းရွက် သဂြိုလ် ပေးလျှက်ရှိသည်။ ထိုသို့ အခမဲ့ ပေးဆပ်ကူညီမှုများ ရှိသလို နာရေးကူညီမှုအသင်း (ရန်ကုန်)သို့လည်း စေတနာသဒ္ဒါတရား ထက်သန်စွာဖြင့် ငွေကြေး၊ နာရေး အထောက်အကူပြု ပစ္စည်းများ၊ စာအုပ်စာပေများ၊ နာရေးကူညီမှုအသင်း (ရန်ကုန်)တွင် လိုအပ်သောရုံးသုံးပစ္စည်းပရိဘောဂများ၊ သုခကုသိုလ်ဖြစ် ဆေးခန်းတွင် အသုံးဝင်သော ဆေးဝါးကုသရေးဆိုင်ရာ ဆေးပစ္စည်းများ၊ ဆေးဝါးများ စသဖြင့် လာရောက်လှူဒါန်းမှုများလည်းရှိခဲ့ပါသည်။ ထို့ကြောင့် အများပြည်သူတို့အတွက် အများပြည်သူတို့၏ ကောင်းမှုများကြောင့် နာရေးကူညီမှု အသင်း(ရန်ကုန်)၏ ပေးဆပ်မှုများ၊ ဖေးမမှုများတို့သည် တစ်နှစ်ထက် တစ်နှစ်၊ တစ်လထက် တစ်လ၊ တစ်ရက်ထက် တစ်ရက်၊ တစ်နာရီထက် တစ်နာရီအရှိန်အဟုန်မြင့်မားစွာဖြင့် ပေးဆပ်ထမ်းဆောင် လျှက်ရှိပါသည်။

အကိုကြီး ကိုကျော်သူအား ကျေးဇူးတင်ပါသည်...။

နာရေးကူညီမှုအသင်း(ရန်ကုန်)
အမှတ် (၁၃/က)၊ ၄၂ ရပ်ကွက်၊ ဗိုလ်မှူးဗထူးလမ်း၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
၅၈၁၃၆၃၊ ၅၈၀၁၃၃၊ ၀၉ ၈၆၄ ၀၂၂၀၊ ၀၉ ၈၅၀ ၁၆၅၆
သုခကုသိုလ်ဖြစ်ဆေးခန်း
၅၈၃၅၁၄

Read more...

0 ဒေါ်အောင်ဆန်းစုကြည် နေအိမ်မှာ အင်တာနက် တပ်ဆင်ခွင့်ရ

photo create by dawnmanhon
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြည်တွင်းပြည်ပ ထောက်ခံသူတွေနဲ့ အလွယ်တကူ ဆက်သွယ်နိုင်ဖို့ အင်တာနက် တပ်ဆင်ခွင့် လျှောက်ထားခဲ့ရမှာ ဇန်န၀ါရီ (၂၀) ရက် ဒီကနေ့ ညနေမှာတော့ သူမရဲ့ နေအိမ်မှာ အင်တာနက် ဆက်သွယ် တပ်ဆင်ခွင့် ရသွားပြီလို့ သိရပါတယ်။

အင်တာနက် တပ်ဆင်ခွင့်ရနိုင်ဖို့ လွန်ခဲ့တဲ့ တစ်လ၀န်းကျင်ကတည်းက သက်ဆိုင်ရာကို လျှောက်ထားခဲ့တာ ဖြစ်ပြီး ပြီးခဲ့တဲ့ (၃) ရက်လောက်ကမှ အာဏာပိုင်တွေရဲ့ ခွင့်ပြုမိန့် ကျလာတာကြောင့် NLD ပါတီတွင်းက ကွန်ပျူတာ ကျွမ်းကျင်သူတွေရဲ့ အကူအညီနဲ့ ဒီကနေ့ ညနေမှာ တပ်ဆင်လိုက်ပြီလို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရုံးအဖွဲ့မှူး ဦးဝင်းထိန်က ပြောပါတယ်။ လက်ရှိမှာ Facebook နဲ့ Twitter အဆင့်ကို လုပ်နိုင်အုန်းမှာ မဟုတ်ဘဲ သာမန် အင်တာနက်နဲ့ ဆက်သွယ်တဲ့ စနစ်ကိုသာ လုပ်သွားမှာ ဖြစ်တဲ့အကြောင်း ဦးဝင်းထိန်က ပြောပါတယ်။

Twitter အင်တာနက် လူမှုကွန်ယက်က တဆင့် ပြည်တွင်းပြည်ပ လူငယ်တွေနဲ့ ဆက်သွယ်ပြီး လူငယ်တွေရဲ့ သဘောထားကို သိလိုကြောင်း နေအိမ်အကျယ်ချုပ်က ပြန်မလွတ်ခင်ကတည်းက ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့ဖူးပါတယ်။
(RFA)

Read more...

ပျံသန်းသွား

ဆောင်းဦးလှိုင်ရဲ့ ပျံသန်းသွား
ဂီတပညာရှင်များ သီဆိုပေးထားသော လူမှုရေး၊ ငြိမ်းချမ်းရေး သီချင်းများကို အလှူရှင်များ အတွက် (ကန့်သတ်) အခွေအဖြစ် ဂုဏ်ပြုပေးအပ်ရန်အတွက် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ လုပ်ဆောင်ချက်၊ ပေးဆပ်မှု အရုပ်မြင်ကွင်းများအပြင် အဆိုတော်များ၏ သီဆိုမှုပုံရိပ်လွှာများပါရှိရန် သီးခြားရိုက်ကူးမှုများ ပြုလုပ်လျှက်ရှိရာ ယနေ့ ၁၉.၁.၂၀၁၁ (ဗုဒ္ဓဟူးနေ့) တွင် မြောက်ဒဂုံမြို့နယ်ရှိ နာရေးကူညီမှုအသင်း(ရန်ကုန်) အဆောက်အဦးအသစ်ပေါ်တွင် တေးရေး/ဆို ဆောင်းဦးလှိုင် သီဆို တီးခတ်ထားသော “ပျံသန်းသွား” အမည်ရှိ တေးသီချင်းအား ရိုက်ကူးမှုများ ပြုလုပ်ခဲ့သည်။
“ပျံသန်းသွား”
ရေး/ဆို/တီး - ဆောင်းဦးလှိုင်
ပျံသန်းသွား/ကြမယ် မမောနိုင်ဘူး xxx ဘယ်လိုခက်ခဲ လူသားတို့အတွက် xxx သယ်ဆောင်လာခဲ့ မြင့်မြတ်တဲ့နှလုံးသားတွေနဲ့ xxx ယုံကြည်ချက်အတိုင်း xxx ခရီးဆက်လာ/နေမယ်
အမှန်တရားဘက်က ရပ်တည်နေမယ် xxx မလွယ်ကူနိုင်လည်း ဖြတ်သန်းရဲတယ် xxx ရှင်သန်ချိန် ခဏ လူ့ဘ၀ရဲ့နေ့ရက်များ xxx စာနာစိတ်ထား အများအတွက်ကူမယ်
(ငါ့လက်ကိုတွဲ ခွန်အားပေးမယ့် xxx လိုနေတာ ဂရုဏာများနဲ့ မေတ္တာတရားပဲ xxx လောကရဲ့အကျိုး တစ်ထောင့်တစ်နေရာကနေ xxx သယ်ဆောင်ကာပျံသန်းသွားစို့ လက်တွေတွဲလို့)

မေတ္တာ၊ ဂရုဏာ၊ မုဒိတာ၊ ဥပေက္ခာ ဗြဟ္မစိုရ်တရားလေးပါးကို လက်ကိုင်ပြု၍ အမှန်တရားနှင့် ငြိမ်းချမ်းရေးလမ်းကြောင်းကို ဦးတည်လျှောက်လှမ်းနေကြသော ကျွန်တော်တို့ နာရေးကူညီမှုအသင်း (ရန်ကုန်)နှင့် လူမှုရေးသမားစစ်စစ်များအတွက် ဤ “ပျံသန်းသွား” တေးသီချင်းသည် မဟာအားဆေး တစ်ခွက်ပင် ဖြစ်တော့သည်။ ဆောင်းဦးလှိုင်၏ သီချင်းစာသားထဲကအတိုင်း ကျွန်တော်တို့ လူမှုရေး သမားများ လက်ချင်းတွဲကာ အများပြည်သူလူထုဘက်မှ မားမားမတ်မတ် ရပ်တည်ဖေးမ ကူညီပေး ကြရန် လိုအပ်ပေတော့သည်။






ပေးပို့သောကိုကျော်သူအားကျေးဇူးတင်ရှိပါသည်.

Read more...

Tuesday, January 18, 2011

လူလိမ်ကြီးများ…

အခုတလော အသံဗလံတွေ ဆူညံနေတယ်။ ကုလားလိုလို ဘာလိုလို ဘုန်းကြီးတစ်ပါးက အဆိပ်ထုပ် စိတ်ဓာတ်မြှင့်တင်ရေးဆိုပြီး သင်တန်းပေးတယ်။ အဲဒီဗီဒီယိုခွေက အင်တာနက်လောကမှာ ပေါ်လာခဲ့တာကိုး။ အရှင် အဲဒါဘယ်လိုလဲ နားမလည်နိုင်ဘူး..တဲ့.. မေးသူတွေကလဲ များသား။ မေးလဲ မေးလောက်ပါရဲ့… သင်တန်းပြသူရော သင်တန်းတက်သူတွေရော ဘာတွေလဲတော့ မသိ။ တစ်စုံတစ်ယောက်ရဲ့ တွန်းအားတွေနဲ့များ သာသနာညိုးနွမ်းအောင် ဖန်တီးနေသလားလို့ တွေးမိတယ်။

သေချာတာကတော့ သင်တန်းပြသူဟာ ဘုရားစကားကို နားမထောင်တဲ့သူလို့ သတ်မှတ်နိုင်ပါတယ်။ ဘုန်းကြီးအစစ် ဟုတ်ချင်လဲ ဟုတ်မယ်။ ဟုတ်ချင်မှလဲ ဟုတ်မယ်။ လောကကြီးကလဲ အရှုပ်တွေက တယ်ပေါသကိုး။ ကိုယ့်အတွက် ဆိုတဲ့ စာတန်းရဲ့အောက်မှာ မကောင်းမှုမှန်သမျှ အကုန်လုပ်နေကြပြီပဲ။

မြတ်စွာဘုရားရှင်ရဲ့ သာသနာမှာနေတဲ့ သံဃာတစ်ပါးဟာ ဘုရားစကားကို အတတ်နိုဆုံး ဥာဏ်မှီသလောက် နားထောင်ခဲ့ကြတယ်. နားထောင်နေကြတယ်။ နားထောင်ကြလိမ့်အုံးမယ်။ ကိုယ့်သဘောနဲ့ကိုယ် ဘာမှမလုပ်ဘူး.. ဘုရားမျက်နှာ သံဃာမျက်နှာကိုကြည့်တယ်.. ဘယ်သူ့မျက်နှာမှ မကြည့်ဘူးဆိုရင် အဲဒါ သံဃာ ရဟန်းလို့ ပြောဖို့ခက်ပါတယ်။

ရဟန်းမှန်ရင် သံဃာမှန်ရင် ဘုရားစကားကို လိုက်နာချင်ချင် မနာချင်ချင် အားနားပါးနားတော့ လိုက်နာကြရတာ ဓမ္မတာပဲ။ အခုတော့ ဘုရားရှင်ရဲ့ လမ်းညွှန်ချက်မှာမပါတဲ့ ပုံစံတွေ ပို့ချချက်အသစ်တွေ ထွင်တရားတွေကို သင်တန်းပေးနေတာဆိုတော့ ဒီသင်တန်းပြသူ(အကျွန်ုပ်ကဘုန်းကြီးဟု မသုံးလို)ဟာ ဘုရားကိုစော်ကားတယ် မျက်နှာပြောင်တိုက်တာပဲ။

ကိုယ့်စိတ်ကူးထဲက တရားကိုပြနေ သင်တန်းပေးနေတယ်ဆိုတော့ ဘုရားတရားမဟုတ်ဘူးပေါ့။ ပိဋကတ်သုံးပုံ နိကာယ်ငါးရပ်က လွတ်တဲ့တရားလို့ ပြောရမယ်။ ဘုရားသားတော်တွေကတော့ ဘုရားတရားတော်ကိုပဲ ဖြန့်ဝေကြတာပါ။ ဒီနေရာမှာ သတိထားဖို့ ကောင်းတာက ဒေ၀ဒတ်လောင်းလို အရေခြုံတွေလဲ ရှိတတ်တာကို သတိပြုရပါမယ်. သင်္ကန်းဝတ်ထားတိုင်း ဘုန်းကြိးလို့တော့ ပြောလို့မဖြစ်နိုင်ပါဘူး။

ဘာလုပ်ရင်ကောင်းမလဲဆိုတော့ နိုင်ငံတော် သံဃမဟာနာယကကိုလဲ တင်ပြရမယ်(အရေးယူတာ မယူတာ အသာထား)ပေါ့။ ဗုဒ္ဓဘာသာဝင်တွေ ကိုယ်တိုင်ကလဲ ဒီသင်တန်းပြသူကို ဆန့်ကျင်ရမယ်။ သံဃာတွေ စုပေါင်းပြီး ဒီကိုယ်တော်ကို ဆန့်ကျင်ကြရမယ်။ လောလောဆယ် လုပ်နိုင်တဲ့နည်းလမ်းတွေပါပဲ။ ဒီထက်ပိုကောင်းတွေ နည်းလမ်းတွေကိုလဲ ၀ိုင်းပြီး စဉ်းစားကြရအုံးမယ်။

စိတ်မပျက်နဲ့ ဘာသာဝင်အပေါင်းတို့ !! ဗုဒ္ဓဘာသာမှာ ဒီလိုတွေ မကြာခဏကြုံခဲ့ရဖူးတယ်။ ကိုယ်တိုင်တီထွင် ယူဆထားတဲ့ အယူအဆ အသစ်တွေသွတ်သွင်းမှုတွေနဲ့ မကြာခဏ လုပ်ကြံခံနေရတယ်။ မြန်မာမှာ ထင်ရှားတဲ့ ကျောက်သင်္ဘော၊ ကြောင်ပန်း၊ မိုးပြာဂိုဏ်းနဲ့ နောက်ဆုံးပေါ်နေတဲ့ ခေတ်သစ် ပညတ်သမားကြီးများ၊ သူတို့ရဲ့ တပည့်လက်ဝေခံများ။ သာသနာပြုဆိုတဲ့ စကားလုံးကိုသုံးပြီး သာသနာကို အတွင်းကျကျ ဖျက်ဆီးနေသူများ..စတဲ့ စတဲ့ သာသနာဆူးညှေင့်တွေ များနေတယ်။ သာသနာကိုချစ်တဲ့ ဘုရားကိုယုံတဲ့ တရားကိုလေးစားတဲ့ သံဃာတော်များက ဒါတွေကို အတတ်နိုင်ဆုံး ကာကွယ်သွားကြပါမယ်။

လူလိမ်ကြီးများ http://www.yawcommunity.com/2011/01/blog-post.html
နှင့် ပတ်သက်၍

ဒီကိစ္စကို နှစ်မျိုးခေါင်းစဉ်ခွဲ စဉ်းစားကြည့်ချင်ပါတယ်။

တစ်ပိုင်းက စိတ်ဓာတ်မြှင့်တင်ရေးသင်တန်း အနေနှင့်စဉ်းစားမယ်ဆိုရင် ဒါမျိုးကတော့ ကမ္ဘာပေါ်က တိုင်းပြည်တော်တော်များများမှာ လုပ်နေကြတဲ့ ခေတ်စားနေတဲ့ သင်တန်းမျိုးတွေဖြစ်လို့မို့ အထွေအထူး ဝေဖန်ဖို့မရှိပါဘူး။ ဒီလိုသင်တန်းမျိုးကို ကြိုက်တဲ့သူတွေရှိသလို၊ မကြိုက်တဲ့သူတွေလည်း ရှိပါတယ်။ သင်တန်းတွေအနေနှင့် အောင်မြင်မှု ဘယ်လောက်အတိုင်းအတာအထိရနေတယ်၊ အောင်မြင်မှုကို ဘာစံနှင့်သတ်မှတ်တယ်ဆိုတာတွေကိုတော့ မသိနိုင်ဘူးပေါ့လေ။ ကျိန်းသေတာတော့ သင်တန်းဖွင့်စားတဲ့သူတွေတော့ အဆင်ပြေနေကြပါတယ်။

နောက်တစ်ပိုင်းအနေနှင့်ကတော့ အခုကိစ္စမှာ သင်တန်းကို ဦးစီးတဲ့သူက သံဃာတော်တစ်ပါး ဖြစ်နေတဲ့ပြဿနာပါ။ သံဃာဖြစ်တာလည်း ကိစ္စမရှိသေးဘူး။ အခုမှာ သူ့ ရဲ့  ပြောပုံဆိုပုံ၊ လုပ်ပုံတွေက သံဃာတော်တစ်ပါး ပြုသင့်ပြုအပ်၊ ပြောသင့်ပြောအပ်တာမျိုးမဟုတ်ပဲ သာသနာတော်နှင့် ဆန့်ကျင်ဘက်ဖြစ်နေတာပါ။ အမှန်က ဒီလိုသင်တန်းမျိုးကို မြတ်စွာဘုရားရဲ့ လောကီကြီးပွားကြောင်း တရားများနှင့် တွဲဖက်ပြီး သင်တန်းပေးနိုင်ခဲ့မယ်ဆိုရင် အတော် အားရကြည်နူးစရာကောင်းမယ့်အဖြစ်ပါ။ အခုတော့ ရွှေဘောင်ကွပ်လို့ရတဲ့နေရာမှာ မစင်နှင့်လူးလိုက်သလိုဘဲ ခံစားရပါတယ်။

အမှန်ကတော့ ဒီကိုယ်တော်ဟာ သူကိုယ်တိုင် သိက္ခာသုံးပါးအခံဓာတ်မကောင်းခဲ့လို့ အခြားတပါးကအယူအဆရဲ့  Brain Wash လုပ်ခြင်းကို ခံထားရတဲ့သူတစ်ဦးအဖြစ် ယူဆမိပါတယ်။ ဒါကို သူကိုယ်တိုင်သတိမမူမိဘဲ တခြားလူတွေကိုပါ သူနှင့်အတူ ရောပြီး လမ်းလွှဲကို ဦးဆောင်မှုပေးနေတယ်လို့ ယူဆမိတဲ့အတွက် အခု ဖြစ်စဉ်ကို တတ်သိနားလည်ကျွမ်းကျင်ကြသော ဆရာတော်များ၊ ပညာရှင်များ၊ မိမိတိုင်းပြည်အတွက် အကျိုးကို မျှော်ကိုးလုပ်ဆောင်နေသူများအားလုံးမှ ၀ိုင်းဝန်းကူညီ ဖြေရှင်းဆောင်ရွက်သွားကြဖို့ အနူးအညွတ် မေတ္တာရပ်ခံ ပန်ကြားလိုက်ရပါတယ်။

မေတ္တာဖြင့်
ဝိမုတ္တိသုခ
တိုကျို၊ ဂျပန်

Read more...

Saturday, December 11, 2010

Interview With Ko Htein Lin

Read more...

アウン・サン・スー・チーさんへのインタビュー(BBC,FNN,PBS,CNN)

Read more...

Friday, December 10, 2010

HIV / AIDS People with Hope

Read more...

Saturday, November 27, 2010

မိန့်ကြားခဲ့သော အမှာစကား


“ပြည်သူချစ်တဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အတွက် ဂျပန်နိုင်ငံရောက်စဉ်က ပီနန်ဆရာတော်ဘုရားကြီး၏ မိန့်ကြားချက်


ဆရာတော်ဘုရားမှ ဒေါ်အောင်ဆန်းစုကြည်အနေနှင့်.....

(၁) လက်ရှိအခြေအနေကို ကောင်းကောင်းနားလည်ဖို့ လိုအပ်တယ်။ လိမ္မာပါးနပ်မှုရှိဖို့ လိုအပ်ပါတယ်။

(၂) လုပ်စရာရှိတာတွေကို စနစ်တကျနဲ့ အစီအစဉ်ဆွဲပြီးလုပ်ပါ၊ ဒါမှအောင်မြင်မှုရမှာ။ ဟိုဘက်ကလူတွေက ဘာကိုပဲ လုပ်လုပ် သေသေချာချာ စနစ်တကျ အစီအစဉ်တကျလုပ်တဲ့အတွက် သူတို့က ဘုန်းကြီးတို့ကို အသာစီးနဲ့ အုပ်ချုပ်နေတာ ဖြစ်တယ်ဆိုတာကို သဘောပေါက်ဖို့ လိုတယ်တဲ့။

(၃) နောက်ပြီးတော့ အောင်ဆန်းစုကြည်က outspoken ဖြစ်တယ်။ တခြားဒီမိုကရေစီနိုင်ငံတွေမှာ ဒါမျိုးပြောလို့ ရှိရင် ဘာမှမဖြစ်ဘူး၊ အားလုံးက နားလည်ကြတယ်၊ နားထောင်ကြတယ်၊ ဘုန်းကြီးတို့နိုင်ငံက ငနဲတွေက ဒါမျိုး မဟုတ်ဘူး၊ ဒီတော့ နည်းနည်းလျှော့ပြီးပြောဖို့ လိုလိမ့်မယ်တဲ့။

(၄) ကိုယ့်ရဲ့အင်အားစုတွေကို organize ကောင်းကောင်းလုပ်ပါ။ ဒါမှ လိုတဲ့အချိန်မှာ စုစုစည်းစည်းနဲ့ လုပ်နိုင် မှာဖြစ်တယ်တဲ့။

(၅) audience ရဲ့အဆင့်ကို နားလည်ပါတဲ့။ ပြည်သူတွေကို ပညာပေးပါတဲ့။ ဘုန်းကြီးတို့ ပြည်သူအများစုက ဒီမိုကရေစီဆိုတာကို ကောင်းကောင်းနားလည်ကြသေးတာ မဟုတ်ဘူး၊ နောက်ပြီး လူတွေကို အသိပညာ အတွေးအခေါ်မြင့်မားလာအောင် လုပ်ပေးဖို့ လိုတယ်။

ဒါမှတိုင်းပြည်တိုးတက်မှာ........... လို့လည်း မိန့်ပါတယ်။


မြန်မာပြည်အတွက် လှုပ်ရှားလုပ်ကိုင်နေတဲ့ သူအားလုံးအတွက်လည်း ဆရာတော်ဘုရားက ထပ်မံ မိန့်ကြားခဲ့တာကတော့
(၁) တယောက်နဲ့ တယောက် ညီညီညွတ်ညွတ် ရှိကြပါ။

(၂) အဖြစ်အပျက် အကြောင်းအရာမှန်သမျှကို analyze လုပ်ပါတဲ့။ ဒါမှ ဘာကိုဆက်လုပ်ရမလဲဆိုတာ နားလည် မှာဖြစ်တယ်တဲ့။ ငွေကြေးတောင့်တင်းအောင်လုပ်ကြပါတဲ့။ အဖွဲ့အစည်းနဲ့ လုပ်ကြပြီဆိုရင် ငွေကြေးကုန်ကျမှုတွေများတာမို့ ထိထိရောက်ရောက် ရှိဖို့ဆိုရင် ငွေကြေးသုံးနိုင်ဖို့ လိုအပ်တယ်။

(၃) ကိုယ့်အား ကိုယ်ကိုးပါတဲ့။ နိုင်ငံခြားအကူအညီဆိုတာ political interest, economic interest တွေပါတယ်ကွ၊ ဘယ်သူမှ ကိုယ့်အကျိုးတခုခု မရှိပဲနဲ့တော့ အကူအညီပေးမှာမဟုတ်ဘူး၊ NGO တွေမှာ ကိုယ်ကျိုး ဆိုတာပါဝင်ကြတာပဲ။ ဥပမာ - နိုင်ငံတကာကြက်ခြေနီအဖွဲ့တို့ UNHCR တို့လည်း သူတို့ အကျိုးစီးပွားပါကြတာပဲ။ ဒါပေမဲ့ သူတို့လို အဖွဲ့တွေကိုလည်း ပစ်ပယ်လို့ မရဘူး။ ဘုန်းကြီးတို့ မလုပ်နိုင်တာတွေကို သူတို့ လုပ်နိုင်တာတွေရှိလို့ပဲ။ ဒီတော့ သူတို့လို အဖွဲ့တွေရဲ့ အကူအညီကတော့ လိုအပ်တာပဲလို့....... မိန့်မှာခဲ့ပါတယ်။

Read more...

Saturday, October 9, 2010

Medical Treatment News

Dear All,

please distribute this mail to as widely as possible as it might help many children and young adults.

On January 1 to January 10, 2011 a team of German Doctors, Dr.Heinz Schoeneich and Interplast, will be Thandwe/Ngapali to do free surgery of
- Cleft lips and cleft palates
- severe injuries from burns
- facial tumors, deformities, and fusions
- other skin tumors, e.g. on the back

The medical treatments/surgeries are organized by my friend Oliver E. (Esser) Soe Thet who lives in Yangon and his team.

Furthermore, Oliver arranges Meningocele operations in Yangon at the Neurological Department of the General Hospital. (Meningocele is a defect in the skull or spinal column forming a cyst filled with fluid which circulates around the brain or spinal cord; most visible kind of meningocele is a big cyst at the base of the nose forming a sort of "elephant nose").

If you have potential patients for the German team or for meningocele surgery please provide Oliver with

Name of the Patient (Male/Female)
Name of Father

Birthday of Patient
Village Name
Township, Area

Contact Number (Phone close by)
Description of Health Defect
Please call Oliver in Yangon at Tel 01 501123 or 09 5138411
You can also send an email to Oliver, in particular if you should have any photos of the patient (you can copy me if you want): Oliver's email address is: angel@myanmar.com.mm.

Please don't hesitate to forward this email to Bishops, priests, other men and women congregations, religious communities, Karuna, YMCA, MCC, Christian Churches, Buddhist Monks and Muslim communities. Because of the location of the medical team and transport issues preference is on patients from Rakhine State and Chin State.

I hope you can help many members of your communities..

May God bless you all.

Gerhard



Dr Gerhard Baumgard
PEOPLE IN NEED - Gerhard Baumgard Stiftung,
Sakura Residence,
9, Inya Road, Kamaryut Township,
Yangon, Myanmar
Tel. +95 1 525001
Email: gerhardbaumgard@gmail.com

Read more...

Thursday, September 30, 2010

Myanmar's Prime Minister Issues Election Warning

YANGON, Myanmar (AP) — Myanmar's prime minister warned citizens to protect the country's image during November elections and to prevent anyone from derailing the first polls in 20 years, state media reported Wednesday.



The Nov. 7 vote is a keystone of what the military-ruled country says is a transition to civilian rule after five decades under the army, although many see it as a means of prolonging its dominance.



"The success of the election is a matter of national dignity and concerns every citizen. Thus, it is necessary to prevent those who are trying to disrupt the election," Prime Minister Thein Sein was quoted saying in comments carried by Myanma Ahlin and the two other state-run newspapers.



State media often accuse "terrorists" or anti-government groups of plotting to disrupt the vote. It was first such warning from a senior official.



Thein Sein did not elaborate on any alleged threat, though the junta's biggest perceived threat is detained pro-democracy leader Aung San Suu Kyi. Her National League for Democracy opposition party is boycotting elections and Suu Kyi has said through a spokesman that dissatisfied voters have the right not to vote — stopping short of calling for a voter boycott.



The Nobel Peace Prize winner and governments around the world say that restrictive rules governing the elections show it will be unfair and undemocratic.



Suu Kyi's party won the country's last election in 1990 but the junta refused to let the party take power. Suu Kyi has been in jail or under house arrest for 15 of the past 21 years.



Thein Sein also urged voters to choose "patriotic persons and those who will prevent the Union (of Myanmar) from disintegration" when casting ballots. He made the comments at the opening ceremony of a hospital in the Irrawaddy Delta, the area hardest hit by Cyclone Nargis in May 2008, which left 140,000 people dead or missing.



Thein Sein is the leader of the junta-backed Union Solidarity and Development Party which was formed in April after he and 26 other Cabinet officials resigned their military posts to make them eligible to take part in politics.



The USDP is widely expected to win the most votes in the election because its ties with the junta give the party access to easy funding and a nationwide presence.



Source: AP

Read more...

ဧည့်သည်တော်များ


visit counter

ဝေဖန်မှုနှင့်အကြံပြုမှုကို ဖိတ်ခေါ်လျက်...

အင်တာနက် လိုင်းကောင်းလား?

© copyright 2011 by F.E.F.F
Managed By The Bliss Foundation (Tokyo, Japan)
Email: tabataprince@gmail.com
(၀၁-၁၂-၂၀၀၉) တွင် စတင်သည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP