Wednesday, May 25, 2011

နေရောင်အောက်မှ အလင်းမဲ့သူများ

''Burmese Beggars Children to become School Children ''


We have been considering to eliminate child beggars and to send them to school.


Now we have a web site and some volunteers to start the program name “Child beggars to Students”.


Difficult but must act, we also consider preventing them from discriminating and abusing.


We intend to provide the child beggars education including safer lives.


We welcome any kind of support for this program.


contact kyaw.kyawlay1980@gmail.com


http://myanmarchildrenhelp.blogspot.com/


ကျွန်တော်တို့ ထိုင်းနိုင်ငံ မဲဆောက်မြို့ (မြန်မာနိုင်ငံ မြ၀တီမြို့နှင့် နယ်စပ်) ကပါ


ဒီဒေသမှာ ကျွန်တော်တို့ မြန်မာလူမျိုးတွေ အရမ်းနွမ်းပါပြီး ကလေးတွေဟာ ကျောင်းမနေနိုင်တော့ဘဲ တောင်စားရတဲ့ ဘ၀ကို ရောက်ရပါတယ်


ကျွန်တော်တို့က အဲဒီကလေး တွေကို ကျောင်းပြန်ထားပေးနိုင်ဖို့ လုပ်ကိုင်နေပါတယ်


ယခုအခါ ကလေးများကျောင်းနေနိုင်ရေးအတွက် လိုအပ်ချက်များ ရှိနေပါသောကြောင့် လူကြီးမင်းတို့မှ တတ်အားသမျှ ပါဝင်ကူညီနိုင်ပါကြောင်း ရိုသေးလေးစားစွာ တင်ပြရပါတယ်


အသေးစိတ်များကို


http://myanmarchildrenhelp.blogspot.com/

တွင်လည်း ကြည့်ပါတယ်။



ရိုသေလေးစားလျှက်


ကျော်ကျော်လေး


(Forward Email ကို ထပ်ဆင့်ဝေမျှပါသည်။)

Read more...

Friday, May 20, 2011

တရားတော်နာ ဖိတ်ကြားလွှာ

(၁၁)ပါးမြောက် တိပိဋကဓရ၊ တိပိဋကကောဝိဒ
ဓမ္မဘဏ္ဍာဂါရိကဆရာတော်
ဘဒ္ဒန္တဣန္ဒပါလမထေရ်၏ ထေရုပတ္တိအကျဉ်း




တိပိဋကဓရလောင်းလျာဆရာတော်ကို ၁၃၂၂-ခုနှစ်၊ ၀ါဆိုလပြည့်ကျော်(၁၀)ရက် (၁၇-၇-၁၉၆၀)၊ တနင်္ဂနွေနေ့တွင် ခမည်းတော် ဦးငွေတင်အောင် + မယ်တော် ဒေါ်ပဲစိန်တို့မှ ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့ နယ်၊ မကျည်းကျွန်း၌ ဖွားမြင်တော်မူခဲ့ပါသည်။

ဆရာတော်သည် ၁၉၇၂-ခုနှစ်တွင် ရှင်သာမဏေပြုကာ၊ ၁၉၈၁-ခုနှစ် ကဆုန်လပြည့်ကျော် (၈)ရက်နေ့တွင် မြင့်မြတ်တင့်ဆန်း အထက်တန်းရဟန်းအဖြစ်သို့ ရောက်တော်မူခဲ့ပါသည်။ ရဟန်းဖြစ်သည့်နှစ်မှာပင် သာသနာ့ဓဇဓမ္မာစရိယဘွဲ့ တော်၊ ၁၉၈၆-ခုနှစ်တွင် သာသနာ့ဓဇသိရီပ၀ရဓမ္မာစရိယဘွဲ့တော် တို့ကို ဖြေဆိုအောင်မြင်တော်မူခဲ့ပါသည်။

မြန်မာနိုင်ငံတွင် ၁၉၄၈-ခုနှစ်မှ ၂၀၁၁-ခုနှစ်ထိ (၆၂)ကြိမ်တိုင်တိုင် ကျင်းပပြီးစီးခဲ့သော တိပိဋကဓရ ရွေးချယ်ရေး စာမေးပွဲ၌ တိပိဋကဓရ၊ တိပိဋကကောဝိဒဘွဲ့တော်ရဆရာတော် ၁၂ပါး အောင်မြင်ပေါ်ထွန်းခဲ့ရာ နံပါတ် (၁၁)ပါးမြောက် တိပိဋကဓရ၊ တိပိဋကကောဝိဒဆရာတော် ဖြစ်တော်မူခဲ့ပါသည်။ တိပိဋကဓရ၊ တိပိဋကကောဝိဒဘွဲ့တော်သည် မြန်မာနိုင်ငံနှင့် ကမ္ဘာ့နိုင်ငံအသီးသီးရှိ ဗုဒ္ဓစာပေဆိုင်ရာဘွဲ့များတွင် အခက်ခဲဆုံးနှင့် အဆင့်အတန်းအမြင့်ဆုံး ဘွဲ့တော်ဖြစ်ပါသည်။

ဆရာတော်သည် ၂၀၁၀-ခုနှစ်တွင် တရားဘဏ္ဍာတိုက်ကိုထိန်းသိမ်းစောင့်ရှောက်သူ- ဟူသော အဓိပ္ပါယ်ရသည့် တိပိဋကဓရဓမ္မဘဏ္ဍာဂါရိကဘွဲ့တော်ကိုလည်း လက်ခံရရှိတော်မူခဲ့ပါသည်။ ယခုအခါ ဆရာတော်သည် အနယ်နယ်အရပ်ရပ်တွင် ပရိယတ္တိစာသင်တိုက်များ၊ သာသနာနုဂ္ဂဟအသင်းများ တည်ထောင်ခြင်း၊ စာသင်ကျောင်းများ ဆောက်လုပ်လှူဒါန်းခြင်း၊ တံတားများကို ကမကထပြု၍ တည်ဆောက်ပေးတော်မူခြင်း၊၊ ရခိုင်ပြည်နယ်တွင် တိုက်နယ်ဆေးရုံများ ဆောက်လုပ်လှူဒါန်းခြင်း၊ ရမ်းဗြဲမြို့ နယ်အတွင်းရှိ မျက်စိဝေဒနာရှင်များကို မျက်စိခွဲစိတ်ကုသပေးခြင်းစသော လူမှုရေးလုပ်ငန်းများကို စွမ်းစွမ်းတမံ ဆောင်ရွက်ပေးတော်မူခြင်း၊ ကျေးဇူးတော်ရှင် မင်းကွန်းဆရာတော်ဘုရားကြီး၏ မင်းကွန်းတိပိဋကနိကာယကျောင်းတိုက်ကြီးကို စီမံအုပ်ချုပ်မှု မဟာနာယကတာဝန်များ ထမ်းဆောင်လျက် သာသနာပြုတော်မူဆဲဖြစ်ပါသည်။

တိပိဋကဓရ၊ တိပိဋကကောဝိဒ ဓမ္မဘဏ္ဍာဂါရိကဆရာတော် ၂၀၁၁-ခုနှစ်၊ ဧပြီလ ၃၀-ရက်နေ့တွင် ဂျပန်နိုင်ငံ၊ တိုကျိုမြို့ ၊ နာကအိတဘရှိရပ်ကွက်ရှိ ထေရ၀ါဒပရိယတ္တိကျောင်းတော်ကြီးသို့ ပြည်ပသာသနာပြုခရီး ကြွရောက်ကာ သီတင်းသုံးတော်မူလျက်ရှိနေပါသည်။ ၂၀၁၁-ခုနှစ်၊ မေလ ၂၂-ရက်နေ့တွင် “မသေဆေးရှာပုံတော်” အမည်ရ တရားတော်ကို အောက်ပါအစီအစဉ်အတိုင်း ဟောကြားချီးမြှင့်မည် ဖြစ်ပါသဖြင့် ဓမ္မမိတ်ဆွေများအနေဖြင့် ကြုံတောင့်ကြုံခဲ မြတ်ဘုရား၏သားတော် တိပိဋကဓရ၊ တိပိဋကကောဝိဒ၊ ဓမ္မဘဏ္ဍာဂါရိကဆရာတော်ကို ကြွရောက်ဖူးမြော်ကန်တော့ရင်း တရားဒေသနာတော်များ နာယူမှတ်သားနိုင်ကြပါရန် နှိုးဆော်တိုက်တွန်းအပ်ပါသည်။

  • တရားပွဲနေ့ရက် ။ ။ ၂၀၁၁-ခုနှစ်၊ မေလ (၂၂) ရက် (တနင်္ဂနွေနေ့)
  • တရားပွဲအချိန်။ ။ ဂျပန်စံတော်ချိန် ညနေ (၃) နာရီ မှ ညနေ (၅) နာရီ အထိ
  • တရားပွဲနေရာ။ ။ Toshima-Ku, Kami-Ikebukuro 2-5-1, Kenko Plaza, 7th Floor (မီးခိုးခေါင်းတိုင်အနီး)

တရားပွဲအစီအစဉ်ကို အွန်လိုင်းမှ တိုက်ရိုက်ထုတ်လွှင့်ပေးသွားပါမည်။

တိုက်ရိုက်ထုတ်လွှင့်မည့်အချိန်(CHANNEL A)

ဂျပန်စံတော်ချိန် ညနေ ၃း၀၀ နာရီ မှ ညနေ ၅း၀၀ နာရီ

စင်္ကာပူစံတော်ချိန် ညနေ ၂း၀၀ နာရီ

မြန်မာစံတော်ချိန် နေ့လည် ၁၂း၃၀ နာရီ

ရုရှားစံတော်ချိန် နံနက် ၈း၀၀ နာရီ

နယူးယောက်စံတော်ချိန် နံနက် ၂း၀၀ နာရီ


ထုတ်လွှင့်မည့် အင်တာနက်လိပ်စာ - http://www.livedhamma.com

Read more...

Saturday, May 14, 2011

မှန်းဆကြည့်ရုံဖြင့် သိနိုင်ပါသည်။

http://kohtut27.blogspot.com မှ ကူးယူဖေါ်ပြပါသည်။


Tour Sleng ဆိုတာကတော့ ကမ္ဘောဒီးယား နိုင်ငံမှာ ကွန်မြူနစ်တွေ ကြီးစိုးတဲ့ကာလ (၁၉၇၅ - ၁၉၇၉) အထိ Secret Prison 21 (S-21) ဆိုပြီး နာမည်ကြီးခဲ့တဲ့ ထောင်တစ်လုံးပါ။ အရင်ကတော့ အထက်တန်းကျောင်းပါ အဲဒါကို Khmer Rouge (ခမာကွန်မြူနစ်) တွေက Toul Sleng ဆိုပြီး ထောင်အဖြစ်ပြောင်းလဲခဲ့တယ်။
Toul Sleng ဆိုတဲ့ အဓိပယ်က “အဆိပ်ပင်များနှင့်တောင်ကုန်း” ပါ။ ခမာနီတွေရဲ့ခေါင်းဆောင်ကတော့ ပိုပေါ့(Pol Pot)ပါ။

 ထောင်သားတွေနေရန် အခန်း

အပေါ်ကအခန်းလေးထဲမှာ ဒီလိုနေရတယ်

ခမာနီ တွေဟာ ပြည်တွင်းစစ်အနိုင်ရပြီး လေးလအကြာ (၁၉၇၅) သြဂုတ်လမှာ စစ်ကြောရေးဌာနနဲ့ ထောင်အဖြစ် ကိုပြောင်းလဲခဲ့တယ်။ စာသင်ခန်းတွေဟာ အကျဉ်းခန်းနဲ့နှိပ်စက်ခန်းတွေဖြစ်လာခဲ့တယ်။ အောက်ဆုံးထပ်က စာသင်ခန်းတွေကို အင်မတန်သေးငယ် ပြီး လူတယောက် ကွေးပြီးအိပ်ရရုံ အခန်းငယ်လေးတွေ ဖြစ်အောင်ပြုပြင်ပြီး ပြုတင်းပေါက်တွေကို အဆူးတွေပါတဲ့ သံချောင်းတွေ၊သံစူးကြိုးတွေ နဲ့ကာထားခဲ့ပါတယ်။ ထွက်ပြေးလို့မရအောင် ပေါ့ဗျာ။

၁၉၇၅-၁၉၇၉ အတွင်း လူပေါင်းနှစ်သောင်းနီးပါးလောက် ထောင်ကျပြီး တခါဖမ်းရင် လူ ၁၀၀၀ ကနေ၁၅၀၀ အထိ ဖမ်းပါတယ်။ ပြီးတာနဲ့ အဖမ်းခံရသူတွေဟာ သူတိုရဲ့ ဆွေမျိုးသားချင်းတွေ၊ မိတ်ဆွေ သူငယ်ချင်းတွေ ဟာ ဘယ်သူတွေလဲ ဆိုတာကိုပြောပြရတယ်။ ပြီးတာနဲ့ ဖမ်းမယ်၊ စစ်မယ်၊ သူတို့ကို လိမ်တာနဲ့ သတ်ပစ်မယ်။ အစောပိုင်းကာလတွေ မှာအသတ်ခံခဲ့ရတဲ့ လူတွေကတော့ ပိုပေါ့ ရဲ့ ဆန့်ကျင်ဘက်ပါတီက မိသားစုတွေပါပဲ ပြီးတော့ အတတ်ပညာရှင်တွေအားလုံးနီးပါး အသတ်ခံခဲ့ရတယ်။

 အဖမ်းခံခဲ့ ရသူတွေရဲ့ ဓာတ်ပုံများ

ထောင်သားတွေ အတွက်ကတော့ တကယ်ကို အရှင်လတ်လတ် ငရဲရောက် ခဲ့ရတာပါပဲ။ အပေါ်ကအခန်းလေး ထဲမှာ စောင်မပါ၊ ခြင်ထောင်မပါ၊ အိပ်ရာခင်း မပါဘဲ အိပ်ကြရတယ်။ တနေ့ကို ဆန်ပြုတ် လေးဇွန်းနဲ့ ရေသာသာ ဟင်းချိုတစ်ခွက် ပါမယ်။ ခွင့်ပြုချက်မရဘဲရေမသောက်ရဘူး သောက်ရင် သေလုနီးပါး အရိုက်ခံရမယ်။ မနက်တိုင်း အစစ်ခံရမယ်။ အစောင့်တွေဟာ အခန်းတွေကို သေချာ စစ်ဆေး ကျတယ်။ အကျဉ်းသားတွေရဲ့ ကိုယ့်ကိုကိုယ် သတ်သေနှုန်းကမြင့်မားလာတဲ့အတွက် သတ်သေလို့ မရအောင် တင်းကျပ်လာကြတယ်။ စကားပြော ခွင့်မရှိဘူး။ ဘာပဲလုပ်လုပ် အစောင့်ရဲ့ ခွင့်ပြုချက် ယူရမယ်။ အာဟာရပြတ်မှု၊ သန့်ရှင်းရေးမရှိမှု ၊အနှိပ်စက်ခံရမှု တို့ကြောင့် လူတွေဟာ အလွယ်တကူ သေဆုံးကုန်ကျ တယ်။

လူပေါင်း နှစ်သောင်းနီးပါး အဖမ်းခံခဲ့ရပြီး နောက်ဆုံးမှာ ၇ ယောက်ပဲ အသက်ရှင် ကျန်ရစ်ပါတယ်။

စစ်ကြောနည်း၊အပြစ်ပေးနည်း ကတော့ အစုံပါပဲ။ အောက်က ဓာတ်ပုံတွေသာ ကြည့်ကြပါဗျာ။

ရေနှစ်သတ်ခြင်း



လူသတ်လက်နက်မျိုးစုံ


အပေါ်ကပန်းချီ အောက်ပုံက တကယ့်နေရာ


ကလေးတွေကို  ခြေထောက်ကနေ ကိုင်ပြီးရိုက်သတ်တဲ့သစ်ပင်





(၁၉၇၉) ခုနှစ် ခမာနီတွေကျရှုံးပြီး (၁၉၈၀) မှာ ပြတိုက်အဖြစ် သို့ပြောင်းလဲခဲ့ပါတယ်၊ ခမာနီ ကာလ  (၁၉၇၅- ၁၉၇၉)  အတွင်းမှာ လူပေါင်း ၂-သန်းကျော်သေဆုံးခဲ့ပါတယ်။ ကျနော်တော့ အဲဒီကပြန်လာတဲ့ ညကမအိပ်နိုင်ဘူးဗျာ... လူပေါင်းနှစ်သောင်းနီးပါး အသတ်ခံထားရတဲ့နေရာကို .နေ့လည်ဘက် သွားခဲ့ရသော်လည်း ကျောထဲမှာစိမ့်နေတာပဲ ပြန်ရောက်တဲ့ အချိန်ထိလည်း ရင်တွေတုန်နေတုန်းပဲဗျာ...

ဓာတ်ပုံတွေကို Google ကယူသုံးထားပါတယ် (ကျနော်ရိုက်ခဲ့တဲ့ ဓာတ်ပုံတွေက ကျနော်အဖေဆီ ပါသွားလို့ မတင်နိုင်ပါခင်ဗျာ) ပိုသိချင်ရင်တော့ google မှာရှာဖွေနိုင်ပါတယ်။ Tuol Sleng လို့ ရေးပြီးတော့ ရှာဖွေနိုင်ပါတယ်။

လေးစားစွာဖြင့်
၀၄.၀၃.၁၁


ဒီပိုစ့်လေးကို ရှာဖွေဖတ်ရှုရပြီး ကျွန်ုပ်တို့ မြန်မာနိုင်ငံထဲမှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများကို မြင်ယောင်ကြည့်ကြပါ၊ မှန်းဆကြည့်ပါ။
လူသားချင်းစာနာပေးကြပါလို့ အလေးအနက်ထား တိုက်တွန်းလိုက်ပါရစေ။

Read more...

ဧည့်သည်တော်များ


visit counter

ဝေဖန်မှုနှင့်အကြံပြုမှုကို ဖိတ်ခေါ်လျက်...

အင်တာနက် လိုင်းကောင်းလား?

© copyright 2011 by F.E.F.F
Managed By The Bliss Foundation (Tokyo, Japan)
Email: tabataprince@gmail.com
(၀၁-၁၂-၂၀၀၉) တွင် စတင်သည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP