Monday, October 18, 2010

အလွမ်းများနဲ့ဧရာဝတီရုပ်ရှင်ဇာတ်ကား (ဂျပန်စာတမ်းထိုးအစအဆုံး)


အင်တာနက်ပေါ်တွင် မည်သူမဆိုလွတ်လပ်စွာကူးယူပြသရန်ခွင့်ပြုသော ဒါရိုက်တာသစ်သားနှင့် ကိုထွန်းဝေအား အထူးကျေးဇူးတင်ရှိပါသည်။

"ဗမာပြည်ထဲမှာ ၂၀၀၈ မေလ ၂ ရက်နဲ့ ၃ ရက်နေ့တုန်းက နာဂစ်မုန်တိုင်းကြောင့် လူပေါင်းများစွာ သေဆုံးခဲ့ရတယ်၊ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတယ်။ ကလေးသူငယ်တွေလည်း မိဘမဲ့ဖြစ်ခဲ့ကြရတယ်။ အဲဒီအချိန်မှာ ကျွန်တော်တို့ ဟာ ဘေးကင်းရာကို ရောက်နေခဲ့ကြတယ်။ ဒီလို ကိုယ့်လူမျိုးတွေ ဒုက္ခရောက်နေတဲ့အချိန်မှာ သူတို့ တွေအတွက်တစ်ခုခု ပေးဆပ်ချင်တဲ့ဆန္ဒရှိတယ်။ နောက်ပြီးတော့ အဲဒီ့မုန်တိုင်းကြောင့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသမှာ လူသိန်းကျော် သေဆုံးခဲ့ရတယ်။ မုန်တိုင်းဒဏ်ပြီးတဲ့အချိန်မှာတောင် နအဖစစ်အစိုးရက ကူညီပေးမယ့်အကူအညီတွေကို လက်မခံခဲ့ဘူး။ ပိတ်ပင်တယ်။ တားဆီးတယ်။ ထောက်ပံ့ခဲ့တဲ့ ကယ်ဆယ်ရေးပစ္စည်းတွေကိုလည်း သူတို့စစ်တပ်ကိုယ်ကျိုးအတွက် အသုံးပြုခဲ့တာများတယ်။ ကိုယ်တိုင်လည်း ထိထိရောက်ရောက် ဘာအကူအညီမှမပေးနိုင်ခဲ့ဘူး။ အဆိုးဆုံးက မုန်တိုင်းတိုက်ပြီးလို့ ကျန်ခဲ့တဲ့မိသားစုတွေ မိတကွဲ၊ ဖတကွဲနဲ့ဖြစ်နေချိန် အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေကို စစ်တပ်ထဲသွင်းဖို့ကြိုးစားတာကိုပဲ။ ဒါတွေကို ကမ္ဘာအရပ်ရပ်ကသိအောင်ဖော်ထုတ်လို တဲ့ဆန္ဒနဲ့ရိုက်ကူးရခြင်းဖြစ်တယ်။"


(ဒါရိုက်တာသစ်သား)


Source: http://www.dawnmanhon.com

0 comments:

ဧည့်သည်တော်များ


visit counter

ဝေဖန်မှုနှင့်အကြံပြုမှုကို ဖိတ်ခေါ်လျက်...

အင်တာနက် လိုင်းကောင်းလား?

© copyright 2011 by F.E.F.F
Managed By The Bliss Foundation (Tokyo, Japan)
Email: tabataprince@gmail.com
(၀၁-၁၂-၂၀၀၉) တွင် စတင်သည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP