Saturday, October 23, 2010

ပ၀ါရဏာ နှင့် ကထိန် ဖိတ်ကြားလွှာ

အားလုံးသော ထေရဝါဒဗုဒ္ဓဘာသာ မြန်မာလူမျိုးများ အလေးနက်ထားပူဇော်လေ့ရှိသော သီတင်းကျွတ်မီးထွန်းပွဲတော်နှင့် အဘိဓမ္မာအခါတော်နေ့သည် ၂၀၁၀-ခုနှစ်၊ အောက်တိုဘာလ ၂၃-၇က်၊ စနေနေ့ဖြစ်ပါသည် (မှတ်ချက် မနက်ဖြန်တွင်ကျရောက်ပြီ ဖြစ်ပါသည်) ၄င်းနေ့တွင် ဂျပန်နိုင်ငံ၊ တိုကျိုမြို့ ထေရဝါဒ ပရိယတ္တိကျောင်းတော် (နာကအိတဘရှိ)တွင် အရပ်လေးမျက်နှာမှ ပင့်ဖိတ်၍ ကြွရောက်တော်မူလာကြကုန်သော ဆရာတော်သံဃာတော်အပေါင်းမှ နံနက် ၈း၃၀ ခန့်အချိန်တွင် သံဃာ့ပဝါရဏာကံဆောင်ခြင်း၊ ကံဆောင်သံဃာတော်တို့အား ပစ္စည်းလေးပါးများ စုပေါင်းဆက်ကပ်လှူဒါန်းခြင်း၊ ဆွမ်းအလှူရှင်များမှ နံနက် ၁၁နာရီအချိန်တွင် ဆွမ်းစသည်လှူဒါန်းခြင်း (မှတ်ချက် သီးသန့် ဆွမ်းအလှူရှင်ရှိသည်)၊ စုပေါင်းတရားနာ ရေစက်ချ အမျှပေးဝေခြင်းများပြုလုပ်ပူဇော်ကြပါမည်၊ ထို့အပြင် ညနေပိုင်း ၇နာရီမှစတင်၍ စုပေါင်းဘုရားရှိခိုးဝတ်ရွတ် ပူဇော်ခြင်းနှင့် စုပေါင်း အဘိဓမ္မာတရားတော်များ ရွတ်ဆိုပူဇော်ခြင်းများ ပြုလုပ်မည်ဖြစ်ပါသည်။ တနှစ်မှတခါကြုံရသည့် အဘိဓမ္မာအခါတော်နေ့ကို စုပေါင်းပါဝင်ပူဇော်နိုင်ကြပါရန် အလေးအနက်အသိပေးအကြောင်းကြားအပ်ပါသည်။
၂၄ရက်နေ့တွင်လည်း တိုကျိုမြို့လုံးဆိုင်ရာ စုပေါင်းမဟာဘုံကထိန်ပွဲတော်ကို ဆင်ယင်ကျင်းပမည်ဖြစ်ပါသည်။ နံနက် ၁၁-နာရီအချိန်တွင် စုပေါင်းဆွမ်း လှူဒါန်းခြင်း (မှတ်ချက် သီးသန့် ဆွမ်းလှူရှင် မရှိပါ၊ မိမိတို့ တတ်အားသမျှ ချက်ပြုတ်စီမံ၍ ကုသိုလ်ပြုကြရန်)၊ သံဃာတော်များအားဆွမ်း လှူဒါန်းအပြီးတွင် ကြွရောက်လာသော ဧည့်ပရိသတ်တို့ စုပေါင်းလက်ဆုံ နေ့လည်စာ သုံးဆောင်ခြင်း၊ နေ့လည် ၂နာရီခန့်အချိန်တွင် စုပေါင်းကထိန်လျာသင်္ကန်းတို့ကို ကိုယ်တိုင်ကိုယ်ကျ ကပ်လှူပူဇော်ခြင်း၊ ဆရာတော်များမှ ပင့်ဆောင်ထားသော ရုပ်ပွားတော်များကို အနေကဇာတင်ခြင်း၊ စုပေါင်းရေစက်ချ အမျှပေးဝေခြင်းများ ပြုလုပ်ကြပါမည်။ နိုင်ငံအသီးသီးတွင် နေထိုင်ကြသော ဗုဒ္ဓဘာသာဝင်အားလုံးဆင်နွဲလေ့ရှိသော ဘာသာရေးဆိုင်ရာပွဲတော်ဖြစ်သည့် အားလျော်စွာ မိမိတို့ ဂျပန်နိုင်ငံရှိ ဗုဒ္ဓဘာသာဝင် သူတော်စဉ်တို့အနေဖြင့်လည်း တတ်အားသမျှ ကုသိုလ်ယူနိုင်ကြပါရန် နှိုးဆော်တိုက်တွန်းခြင်းဖြစ်ပါသည်။

MCWA
Tokyo
Japan

0 comments:

ဧည့်သည်တော်များ


visit counter

ဝေဖန်မှုနှင့်အကြံပြုမှုကို ဖိတ်ခေါ်လျက်...

အင်တာနက် လိုင်းကောင်းလား?

© copyright 2011 by F.E.F.F
Managed By The Bliss Foundation (Tokyo, Japan)
Email: tabataprince@gmail.com
(၀၁-၁၂-၂၀၀၉) တွင် စတင်သည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP