Wednesday, November 30, 2011

ရန်ကုန်မြို့အား စင်ကာပူနိုင်ငံကဲ့သို့ ဖြစ်အောင် လုပ်ဆောင်ရန် နိုင်ငံတော်သမ္မတမှ လမ်းညွှန်ထားကြောင်း သိရ ၊ လှည်းတန်း၊ ရွှေဂုံတိုင်၊ ဘုရင့်နောင်နှင့် တာမွေ(၅ လမ်းခွ) လမ်းဆုံတို့အား ၄ လ အတွင်း ဂုံးကျော်တံတားများ အပြီးတည်ဆောက်သွားမည်

လူဦးရေ ၆ သန်းမှ ၇ သန်းအထိ နေထိုင်လျက်ရှိသော ရန်ကုန်မြို့အား စင်ကာပူနိုင်ငံကဲ့သို့ ဖြစ်အောင် လုပ်ဆောင်ရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်မှ လမ်းညွှန်ထားကြောင်း အမှတ်(၁)၊(၂) စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက နိုဝင်ဘာလ ၂၈ ရက်နေ့က ကျင်းပသော မီဒီယာများနှင့် တွေ့ဆုံပွဲတွင် ပြောကြားခဲ့ပါသည်။
နိုဝင်ဘာလ ၂၈ ရက်နေ့က နေပြည်တော်ရှိ အမှတ်(၂)စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည့် သတင်းမီဒီယာများနှင့် တွေ့ဆုံပွဲ၌ အမှတ်(၁)၊(၂) စက် မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ရန်ကုန်မြို့ရှိ ယာဉ်ကြောကျပ်တည်းလျက် ရှိနေသော လှည်းတန်း၊ ရွှေဂုံတိုင်၊ ဘုရင့်နောင် နှင့် တာမွေ(၅ လမ်းခွ)လမ်းဆုံများ တွင် ဂုံးကျော်တံတားများ တည်ဆောက်သွားမည် ဖြစ်ကြောင်းကိုလည်း ထည့်သွင်းပြောကြားခဲ့ပါသည်။
 ၄ လနဲ့ အပြီးဆောက်မယ့် ဂုံးကျော်များ
လှည်းတန်း၊ ရွှေဂုံတိုင်၊ ဘုရင့် နောင်နှင့် တာမွေ(၅ လမ်းခွ)လမ်း ဆုံများတွင် ဂုံးကျော်တံတားများ တည်ဆောက်ရာတွင် ၄ လအတွင်း အပြီးတည်ဆောက်မည်ဖြစ်ပြီး နိုင်ငံတော်အစိုးရ ဘတ်ဂျက်မှ ထုတ်ယူ သုံးစွဲတည်ဆောက်မည် မဟုတ်ပဲ ပြည်တွင်းရှိ ဘဏ်များငွေချေးယူ၍ လည်းကောင်း၊ တာဝန်ယူ တည်ဆောက်မည့် ကုမ္ပဏီမှ စိုက်ထုတ်သုံးစွဲ၍ လည်းကောင်း တည်ဆောက်မည် ဖြစ်သည်ဟုလည်း သိရသည်။
“နိုင်ငံတော်သမ္မတကြီးက ပြောကြားပါတယ်။ ရန်ကုန်မြို့ကြီးကို စင်ကာပူလို ဖြစ်အောင် ခင်ဗျားတို့ ကြိုးစားညှိနှိုင်းပြီး လုပ်ကြည့်ပါ။ ကိုယ့်အခြေအနေနဲ့ကိုယ် ကိုက်အောင်လုပ်ပါလို့ ပြောထားတယ်။ အခု ကျွန်တော်ပြောချင်တာက ကမာရွတ်လှည်းတန်းမှာ Traffic တွေ များလာလို့ ဂုံးကျော်တံတားကိုလာ မယ့်လေးလအတွင်းအပြီးလုပ်မယ်။ အလားတူ ရွှေဂုံတိုင်၊ တာမွေ ၅ လမ်းခွဆုံနဲ့ ဘုရင့်နောင်လမ်းဆုံမှာ လုပ်မယ်။ အကယ်၍ လေးလနဲ့အ ပြီးလုပ်မယ်ဆိုပြီး မပြီးရင်လည်း လူထုကို ကျွန်တော်တို့တောင်းပန် ရမှာပေါ့။ ခင်ဗျားတို့မြန်မြန်လေး လုပ်ပေးပါ။ Traffic သိပ်ကြပ်နေတယ်လို့ နိုင်ငံတော်သမ္မတကြီးက ပြောတယ်။ ကျွန်တော်ရန်ကုန်ကို သွားတုန်းကဆိုရင် မီးပွိုင့်မှာ သုံးလေးခါမိ အချိန်တော်တော်ကြာသွား တယ်။ ကျွန်တော်ကတော့ ဖုန်းရှိလို့ အလုပ်လုပ်လို့ရတယ်။ အလုပ်သမားတွေက အလုပ်ကပြန်ပြီး အိမ်ရောက်မှ ထမင်းချက်ရမယ့်သူမျိုး တွေအတွက်ဆိုရင်တော့ အရမ်းကြန့်ကြာနေလို့ မဖြစ်ဘူး။ အိမ်ကိုလည်း ပြန်ချင် မီးပွိုင့်ကလည်း အကြာကြီး မိမိနေတော့ အလုပ်သမားတွေ အတွက် အဆင်မပြေဘူး။ ထို့အတူ ဘုရင့်နောင်တံတားမှာလည်း ယာဉ်တွေကြပ်နေလို့ ဘုရင့်နောင်တံတားရဲ့မလှမ်းမကမ်းမှာ တံတားတစ်ခု ထပ်ထိုးမယ်။ ဒါကတော့ လေးလ နဲ့မပြီးဘူး။ တစ်နှစ်လောက်လည်း ကြာရင်ကြာမယ်။ အလားတူပဲ ရထားလမ်း ကွန်ယက်ကိုလည်း ရန်ကုန်မှာဆောင်ရွက်မယ်၊ ကားလမ်း ကွန်ယက်လည်း လုပ်မယ်။ လွတ်လပ်ရေးရပြီး ကာစကဆိုရင် စင်ကာပူက ကျွန်တော်တို့နိုင်ငံကို လာကြည့်ရတယ်။ အခုကျွန်တော်တို့က ပြန်ကြည့်ရတော့မယ်။ ကိစ္စမရှိပါဘူး။ ကောင်းတာတွေ ယူရမယ်။ အခုလက်ရှိ ရန်ကုန်မြို့ရဲ့လူဦးရေက ၆ သန်း နဲ့ ၇ သန်းရှိလာတဲ့အခါမှာ မြို့ပြင်ကနေ အလုပ်လုပ်ဖို့ သွားလိုက်ပြန်လိုက် သွားလာနေရတဲ့ အလုပ်သမားတွေ အဆင်ပြေဖို့ ကျွန်တော်တို့ကုစားနေပါတယ်။ ကုစားတဲ့အလုပ်စပြီ လို့ပြောချင်တယ်။ ဂုံးကျော်တံတား တွေ အများကြီး ဖြစ်သင့်တာပေါ့။ လတ်တလောတော့ ၄ လလောက် အတွင်းမှာ ဂုံးကျော်တံတား ၄ ခုကို အမြန်ပြီးအောင်လုပ်မယ်။ ဂုံးတံတား တွေကို Pre card  စနစ်နဲ့လုပ်ဖို့ စီစဉ်ထားတယ်”ဟု အမှတ် (၁)၊(၂) စက် မှု ၀န်ကြီးဌာနပြည်ထောင်စုဝန်ကြီး၊  မြန်မာနိုင်ငံရင်း နှီးမြှုပ်နှံမှုကော်မရှင် MIC ဥက္ကဋ္ဌ ဖြစ်သူ ဦးစိုးသိန်းက ပြောကြားခဲ့သည်။
ဆက်လက်၍ ၎င်းက “လှည်းတန်းဂုံးကျော်အတွက် ကမ္ဘောဇ ဘဏ်က ငွေချေးယူပြီး လုပ်မယ်။ တာမွေ ၅ လမ်းဆုံအတွက် ကျွန်တော်တို့ စက်မှုဘဏ်ကချေးယူပြီး လုပ်မယ်။ ရွှေဂုံတိုင်နဲ့ ဘုရင့်နောင် လမ်းဆုံဂုံးကျော်တွေ အတွက်ကတော့ တာဝန်ယူမယ့် ကုမ္ပဏီက အရင်းစိုက်ထုတ်လုပ်မယ်။ B.O.T စနစ်နဲ့ လုပ်သွားမှာပါ။ တည်ဆောက်တဲ့အခါ လမ်းတွေကို ပိတ်ပြီးမဆောက်ဘူး။ မလှမ်းမကမ်းမှာ တံတား အချပ်တွေကို အရင်လုပ်မယ်။ ပြီးရင် ဂုံးကျော်ဆောက်မယ့်နေရာမှာ ပိုင်တွေရိုက်ပြီး ကရိန်းတွေနဲ့ တပ်ဆင်မှာ ဖြစ်လို့ လမ်းလည်းမပိတ်တော့ဘူး”ဟု ပြောကြားခဲ့သည်။

မိုးပျံရထားလမ်းအတွက် စင်ကာပူနဲ့ချိတ်ပြီး ရင်းနှီးမြှုပ်နှံသူရှာ
ရန်ကုန်တွင် မိုးပျံရထားလမ်း တည်ဆောက်ရန်အတွက်လည်း စင်ကာပူနှင့် ချိတ်ဆက်ကာ ရင်းနှီးမြှုပ်နှံမည့်သူ ရှာဖွေနေပြီဖြစ်ကြောင်း၊ မြို့ပတ်ရထားလမ်း ကွန်ယက်အား တာဝန်ယူလုပ်ကိုင်မည့် လုပ်ငန်းရှင်များ ရှိပါကလည်း လာရောက်ဆွေးနွေး ရယူလုပ်ကိုင်နိုင်ကြောင်း သိရသည်။
“စင်ကာပူနဲ့ချိတ်ဆက် ပြီးတော့လည်း Sky Rail လုပ်ဖို့ Investment  လုပ်ဖို့ ရှာဖွေနေပါပြီ။ စင်ကာပူ သံအမတ်ကြီးကိုလည်း ပြောကြားထားပြီးပါပြီ။ မြို့ပတ်ရထားလမ်း လုပ်ကိုင်လိုတဲ့ လုပ်ငန်းရှင်တွေလည်း လာရောက်ဆွေးနွေးပြီး ရယူလုပ်ကိုင်မယ်ဆို ခွင့်ပြုပေးသွားဖို့ ရှိပါတယ်”ဟု အမှတ်(၁)၊(၂) စက် မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊  မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင MIC ဥက္ကဋ္ဌဖြစ်သူ ဦးစိုးသိန်းက ပြောကြားခဲ့သည်။

လမ်းပျက်တွေကိုလည်းပြင် ရေဆိုးစွန့်ထုတ်တဲ့ စနစ်ကိုလည်းပြင်၊ ကားပါကင် ပြဿနာပါ ဖြေရှင်းမယ့် ရန်ကုန်
ရန်ကုန်မြို့တွင်းအပြင် မြို့ပြင် မြို့နယ်များရှိ လမ်းပျက်များကိုလည်း ပြင်ဆင်ရန် ညှိနှိုင်းထားကြောင်း နှင့် ရေဆိုးစွန့်ထုတ်စနစ်၊ မိလ္တာစနစ်မှအစ ပြန်လည်ပြင်ဆင်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။
“ပျက်နေတဲ့ လမ်းတွေအမြန် ပြင်ဆင်မယ်။ သာကေတတို့လို မြို့ပြင်ဘက်က ပျက်နေတဲ့ လမ်းတွေကိုလည်း အမြန်ပြင်ဖို့အတွက် ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်ရယ်၊ မြို့တော်ဝန်ရယ်နဲ့ ညှိနှိုင်းပြီးအမြန်လုပ် သွားမယ်။ ကျွန်တော့်ဘက်က မြို့ တော်ဝန်ကို ညှိနှိုင်းထားတယ်။ နေ့ လည်ဘက်မှာ လမ်းတွေမပြင်ပါနဲ့  ညပိုင်းပဲပြင်ဖို့။ နေ့လည်ဘက်ပြင်တယ်ဆိုရင် ယာဉ်ကြောတွေ ပိတ်နေလို့ အလုပ်တွေတော်တော် ပျက်တယ်။ ဂျပန်၊ အင်္ဂလန်တို့ဆိုရင် ည သန်းခေါင်ကျော်မှပြင်တယ်။ ဒါတွေကိုလည်း စတင် အကောင်အထည်ဖော်မယ်။ နောက်ပြီးတော့ ရန်ကုန် မြို့အတွက် သန့်ရှင်းတဲ့ သောက်သုံးရေရရှိဖို့လည်း ဆောင်ရွက်မယ်။ နီးနီးနဲ့လွယ်လွယ်၊ ရေသန့်သန့်ရဖို့ ဆောင်ရွက်သွားမယ်။ ရန်ကုန်မြို့ ဟာ လွန်ခဲ့တဲ့ အင်္ဂလိပ်လက်ထက် ကတည်းက တည်ဆောက်ခဲ့တာဆိုတော့ အခုကျွန်တော်တို့ သန့်ရှင်း သပ်ရပ်အောင် လုပ်တော့မယ်။ ပြည်ပက အကူအညီရရင်လည်း ယူပြီး လုပ်သွားမယ်။ ရေဆိုးစွန့်ထုတ်တဲ့ စနစ်ဆိုရင် ပျက်နေတာတွေကို မပြင်တော့ဘူး အသစ်ပဲ လုပ်တော့မယ်။ ကားပါကင်ထားဖို့ အတွက်လည်း လုပ်ဆောင်ဖို့စီစဉ်ထားပါပြီ” ဟု လည်း ဆက်လက်ပြောကြားခဲ့ပါ သည်။

ပင်စင်ယူပြီး အိမ်ပိုင်မရှိသည့် ၀န်ထမ်းများ မဖြစ်စေရေး ၀န်ထမ်းအိမ်ရာသစ်များ တည်ဆောက်မယ့် အစီအစဉ်ကောင်းပါရှိ
“၀န်ထမ်းတွေ အသက် ၆၀ ကျော်လို့ ပင်စင်ယူပြီးရင် အိမ်မ၀ယ်နိုင်တာ များပါတယ်။ အဲဒီလိုမဖြစ်ဖို့တွက် ရန်ကင်းမှာလို ကျွန်တော်တို့ ၀န်ထမ်းအိမ်ရာတွေပါ တည်ဆောက် ပေးတဲ့ အစီအစဉ်လည်းပါ ပါတယ်။ မြို့ထဲမှာတော့ မရနိုင်ဘူး ဒါပေမယ့် သင့်တော်တဲ့နေရာရှာပြီး ဆောက်မှာပါ။ ၀န်ထမ်းတွေက လစဉ်ပေးရင်း ပေးရင်းနဲ့အပိုင် ဖြစ်သွားမယ့်မှာပေါ့။ အခုလိုလုပ်ရင် အိမ်ပိုင်လည်းရသွား မှာပေါ့”ဟု MIC ဥက္ကဋ္ဌ ဦးစိုးသိန်းက ပြောကြားခဲ့သည်။
ရန်ကုန်မြို့တော်တွင် နောက်ပိုင်း၌ စင်ကာပူကဲ့သို့ပင် ယာဉ်လိုင်းများနှင့် ယာဉ်စီးခပေးသည့် စနစ်များ အထိပါ တစ်ဆင့်ချင်းတစ်ဆင့်ချင်း ပြင်ဆင်လုပ်ဆောင်ရင်းဖြင့် ရန်ကုန်အား ကုစားပေးမည် ဖြစ်သည်ဟု ပြောကြားခဲ့သည်။

ရန်ကုန်အတွက် အဓိကကျတဲ့ Yangon City Development Plan ရေးဆွဲပြီး လုပ်မယ်
ရန်ကုန်မြို့ကုစားရေးအတွက် အဓိကကျသည့် Yangon City Development Plan အား ရေးဆွဲကာ အဆိုပါ Plan  အတိုင်း ပြည်တွင်း ပြည်ပ အကူအညီများဖြင့် လုပ်ကိုင်သွားမည် ဖြစ်ကြောင်း သိရသည်။
“Yangon City Development Plan  ကိုရေးဆွဲပြီး လုပ်မှာ။ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ရန်ကုန် မြို့တော်စည်ပင်တို့ ရှိပြီးဖြစ်တဲ့အတွက် သူတို့တွေနဲ့ ရေးဆွဲ လုပ်ဆောင်မှာပါ။ အဓိကျတာက Yangon City Development Plan ပါ” ဟု ၎င်းက ဆက်လက်ရှင်းပြခဲ့သည်။

Read more...

Tuesday, November 8, 2011

အကျဉ်းထောင်က ပြန်လွတ်လာတဲ့ သံဃာတွေကို သိက္ခာထပ်မည်

2011-11-07

၂၀၀၇ ခု ရွှေဝါရောင် သံဃာ့ အရေးအခင်း အတွင်း သပိတ်မှောက် ကံဆောင်ခဲ့တဲ့ အတွက် ထောင်ချခံရပြီး မကြာခင်ကမှ လွတ်မြောက်လာတဲ့ သံဃာတော်တွေကို သိက္ခာထပ်ပွဲ တစ်ခု နိုဝင်ဘာ ၁၂ ရက်မှာ ကျင်းပမယ်လို့ သိရပါတယ်။

AFP

၂ဝဝ၇ ခုနှစ် ရွှေဝါရောင် သံဃာနှင့် လူထု လှုပ်ရှားမှုကာလတွင် ငြိမ်းချမ်းစွာ မေတ္တာပို့ ဆုတောင်းသော သံဃာများ စက်တင်ဘာလ ၂၅ ရက်နေ့က ရန်ကုန်မြို့၊ ရွှေတိဂုံ စေတီတော်မှ ဆင်းလာပြီး မြို့တွင်းသို့ စီတန်းလှည့်လည် ကြွချီတော်မူနေကြပုံ ဖြစ်ပါသည်။

ဒီပွဲကို ဒဂုံမြို့သစ် အရှေ့ပိုင်း မကွေး ပရိယတ္တိ စာသင်တိုက်မှာ ကျင်းပမှာ ဖြစ်ပြီး နိုင်ငံရေး အကျဉ်းသား တစ်ဦးအဖြစ် အနှစ် ၂၀ နီးပါး ထောင်ဒဏ်ကျခံခဲ့ရတဲ့ NLD ခေါင်းဆောင် တစ်ဦး ဖြစ်သူ ဦးဝင်းတင်ကို ဒီပွဲမှာ ဆရာတော် ဦးပါမောက္ခက ရွှေသား အတိနဲ့ ထုလုပ်ထားတဲ့ သူရသတ္တိဆု ချီးမြှင့်ဖို့ စီစဉ်ထားတယ်လို့လည်း နိုင်ငံရေး အကျဉ်းသား မိသားစုများ အကျိုးဆောင် ကွန်ယက်က ကိုအောင်ဇော်ထွန်းက ပြောပါတယ်။ အဲဒီနေ့ အခမ်းအနားမှာ နိုင်ငံရေး အကျဉ်းသား မိသားစုဝင်တွေကို စာအုပ်စာတမ်းနဲ့ တခြား အထောက်အပံ့ ပစ္စည်းတွေ ပေးအပ်မယ်လို့ သိရပါတယ်။

Read more...

ပစိဖိတ်ကမ်းခြေက မုန့် ဟင်းခါး








ဂျပန်နိုင်ငံ တိုကျိုမြို့ ၊ ယောစုယ မြို့ နယ်ရဲ့  ပျော်ပွဲရွှင်ပွဲလေးမှာ ပြည်သူ့ ဂုဏ်ရည်အသင်း ( ဂျပန်ဌာနခွဲ ) မှ လှုပ်ရှားမှု ရံပုံငွေအရောင်းဆိုင်လေး ဖွင့်ခဲ့ကြတယ် ။

အားလုံးကတက်တက်ကြွကြွ နဲ့ ပေါ့ ၊ ကျွန်တော်တို့ ရောင်းတာက မြန်မာ့မုန့် ဟင်းခါးပါ ။

ဂျပန်လူမျိုးဆိုတာကလည်း အများစု Ramen ဆိုတဲ့  ဂျပန်ခေါက်ဆွဲပြုတ်နဲ့ သာတသက်လုံးရင်းနှီးခဲ့ပြီး အဲဒီခေါက်ဆွဲပြုတ်ကိုတော့ ချဉ် ၊ ငံစပ် အရသာမျိုးစုံထည့်ပြီးစားတတ်ကြတယ်လေ။

မြန်မာ့မုန့်ဟင်းခါးနဲ့  တွေ့ ကြပြီပေါ့ ။ ချဉ်၊ငံ၊စပ် အရသာစုံစိတ်ကြိုက်ထည့်စားလို့ ရအောင်အကုန်ချထားပေးတယ်၊ ပြီးတော့ သူတို့ ကိုလည်း စားပုံ စားနည်းရှင်းပြကြတယ်လေ။ ( တကယ့်စေတနာအမှန်နဲ့ ပါ ) ဒီတော့လည်း ကိုရွှေဂျပန်တို့  ရည်ရည်လည်လည်အားပေးကြပြီပေါ့ ။ အားလုံးနီးပါး ပန်းကန်ကိုပြောင်လို့ .. လိုက်ပွဲထပ်စားသူနဲ့  အိမ်အပြန် ပါဆယ် သယ်ကြသူနဲ့  ။

အံ့သြစရာကောင်းတာက ကြိုက်သလောက်ထည့်စားလို့ ရတဲ့ နံနံပင် ( ko ri an da -) နဲ့  ကြက်သွန်ဖြူကြော် ( age ninni ku ) ကတော့ တကယ့်ကိုစိတ်ကြိုက်ဆိုမှစိတ်ကြိုက်ပဲ၊ အားရပါးရစားလိုက်ကြတာပြောင်လို့ ။ (ရှေးက ဂျပန်အများစု အနံ့ နံလို့ မစားကြဘူး ၊ ကြက်သွန်ဖြူစားထားပြီး စကားပြောရင်တောင် ရိုင်းစိုင်းမှုတခုလို့ သတ်မှတ်ကြတာ)၊ အခုတော့..အခုတော့ တကယ့်ကိုပါဘဲ။

ပင်ပမ်း ၀မ်းသာပီတိတွေနဲ့  ပျော်စရာကောင်းလိုက်တာဗျာ။ မှတ်မှတ်ရရသတိရနေမယ့် ယောစုယ ( ma tsu ri ) ပျော်ပွဲရွှင်ပွဲလေး ရေ..............

ပြည်သူ့ ဂုဏ်ရည် အဓွန့် ရှည်ပါစေဗျာ..........။

ရေးသားသူ - ထွန်းအောင်ကျော်

Read more...

Sunday, November 6, 2011

အသစ်ပြုပြင်ပြဌာန်းထားသော ဂျပန်လူဝင်မှုကြီးကြပ်ရေးဥပဒေ (အမေး-အဖြေပုံစံ)








Read more...

Saturday, November 5, 2011

နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၏ နှစ် ၅ဝ ပြည့်အထိမ်းအမှတ်

နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၏ နှစ် ၅ဝ ပြည့်အထိမ်းအမှတ်အဖြစ် အလွမ်းများနှင့်ဧရာဝတီဇာတ်ကား မိတိုးမြို့တွင်ပြသ၊ ဇာဂနာအကြောင်းပါသည့် မှတ်တမ်းရုပ်ရှင်ကိုလည်း နိုဝင်ဘာ ၆ ရက်နေတွင်ပြသဖို့စီစဉ်နေ


ကမ္ဘာတစ်ဝှမ်းရှိလူပုဂ္ဂိုလ်အားလုံး မွေးရာပါကိုယ်ပိုင်လွတ်လပ်ခွင့်ရရှိဖို့နှင့် မတရားသဖြစ် ဖမ်း ဆီးနှက်စက်မှုများကင်းစင်ပပျောက်ဖို့ လုပ်ဆောင်နေသည့် နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့(Amnesty International- A.I)၏ နှစ် ၅ဝ ပြည့်အထိမ်းအမှတ်အဖြစ် ဂျပန်နိုင်ငံအခြေစိုက် A.Iဌာနခွဲမှ 'အလွမ်းများ နှင့်ဧရာဝတီ'ဇာတ်ကားကို အီဘာရာကီခရိုင်၊ မိတိုးမြို့တွင် အောက်တို ဘာလ ၁၆ ရက်(တနင်္ဂနွေနေ့)မှစ၍ ပြသခဲ့ကြောင်း သိရှိရသည်။

အဆိုပါဇာတ်ကားသည် ၂ဝဝ၈ မေလဆန်း(၂ ရက်နှင့် ၃ ရက်နေ့)က မြစ်ဝကျွန်းပေါ်ဒေသ၊ ဧရာဝတီတိုင်းတွင် နာဂစ်ဆိုင်ကလုန်းမုန်တိုင်းတိုက်ခိုက်ပြီးနောက် အုပ်ချုပ်သူအာဏာရှင်များ၏ လူသားမဆန်စွာ ဥပက္ခာပြုလျစ်လျူရှုခဲ့မှုကြောင့် ဒေသခံပြည်သူများ အတိဒုက္ခရောက်ခဲ့ရပုံ၊ ကူညီပေးခဲ့သူများကို ဖမ်းဆီးထောင်ချခဲ့ခြင်းများနှင့် ကယ်ဆယ်မှုနှေးကွေးခြင်းကြောင့် မသေသင့်ပဲသေဆုံးခဲ့ကြသည့် မုန်တိုင်းဒဏ်သင့်ပြည်သူများ၏ ဘဝအခြေအနေဖြစ်ရပ်မှန်ကို ဂျပန်ပြည်သူများနှင့်တကွ နိုင်ငံတကာကပါ သိရှိအောင် နိုင်ငံကျော်ပန်းချီဆရာကြီးဦးဘသစ်၏သား ဒါရိုက်တာသစ်သား(ခေါ်)ကိုဌေးသစ်က မှတ်တမ်းရုပ်ရှင်ဇာတ်ကားမျိုး ကြိုးစားရိုက်ကူး ခဲ့ခြင်းဖြစ်ပြီး ဂျပန်နိုင်ငံရှိအနုပညာဝါသနာပါသူများနှင့် ဝိုင်းဝန်းကူညီခဲ့ကြသူ လူ(၇ဝ)ကျော် ပါဝင်သရုပ်ဆောင်ပေးခဲ့ကြသည်။

၎င်းဇာတ်ကားကို ၂ဝ၁ဝ သြဂုတ်လ ၂၉ ရက်နေ့မှစတင်၍ တိုကျိုမြို့ တွင် စတင်ပြသခဲ့ပြီးဖြစ်သော်လည်း ဂျပန်ပြည်သူများနှင့်တကွ ဂျပန် သတင်းမီဒီယာသမားများ၊ ရုပ်ရှင်ဒါရိုက်တာများ၏ ချီးကျူးဂုဏ်ပြုခြင်း များကို ယခုအချိန်အထိအစဉ်တစ်စိုက်ဖော်ပြခံခဲ့ရသည်။

''ကျနော်တို့ ဒီလောက်အထိ ဖြစ်လာမယ်လို့ တစ်ကယ်ကိုမမျှော်လင့်ခဲ့ ပါဘူး။ ကိုယ့်နိုင်ငံမှာတစ်ကယ်ဖြစ်ပျက်သွားခဲ့တဲ့ အကြောင်းအရာတွေကို အားလုံးသိရှိအောင် မှတ်တမ်းသဘောမျိုးတင်ဆက်ခဲ့ကြတာပါ။ အားနည်းချက်တွေလည်း အများကြီးရှိပါတယ်။ စက်ပိုင်းဆိုင်ရာအားနည်းမှု၊ ရိုက်ကွင်းရိုက်ကူးရေးပိုင်းမှာအားနည်းမှု၊ ငွေကြေးပိုင်းဆိုင်ရာ အားနည်းမှု၊ အချိန်အခက်အခဲ၊ နောက်ပြီး ကျနော်တို့ရဲ့ ရပ်တည်ရေးကိစ္စနဲ့ စားဝတ်နေရေးကိစ္စ အစရှိသည်ပေါ့ဗျာ။ သို့ပေမယ့်ကျနော်တို့ အစွမ်းကုန်ကြိုးစားခဲ့ကြတယ်။ ဒါကို ဂျပန်သတင်းမီဒီယာတွေက သိရှိသွားပြီး သတင်းစာတွေ၊ တီဗွီသတင်းတွေမှာဖော်ပြကြတယ်။ သူတို့က ဂျပန်မှာ ရှိတဲ့ ကျနော်တို့မြန်မာတွေရဲ့ကြိုးစားမှုကို ချီးကျူးဂုဏ်ပြုတဲ့သဘောနဲ့ ဖော်ပြကြတာပါ။ ဂျပန်ဒါရိုက်တာတွေဆိုရင် မော်ဒယ်အောက်နေတဲ့ ကင်မရာတစ်လုံးထဲနဲ့ ဒီလိုဇာတ်ကားမျိုးရိုက်ခဲ့တာကို အခုအချိန်အထိ အံသြနေကြတယ်။ နောက်ပြီးဒီဇာတ်ကားဟာ စိတ်ကူးယဉ်ဇာတ်လမ်းလည်း မဟုတ်ဘူး။ တစ်ကယ့်အဖြစ်အပျက်လေ။ ဒါကို ကျနော်တို့ အားလုံးက ကိုယ်နိုင်တဲ့ဘက်ကနေ အစွမ်းကုန်ကြိုးစားခဲ့ကြတယ်။ ခံစား မှုအပြည့်နဲ့ သရုပ်ဆောင်ပေးခဲ့ကြတယ်။ အားလုံးရဲ့ဝိုင်းဝန်းကြိုးစားလုပ် ဆောင်မှုတွေကြောင့် အလွမ်းများနဲ့ဧရာဝတီဇာတ်ကားဟာ ယနေ့အချိန် အထိ ဂျပန်ပြည်သူတွေကြားမှာ ဆက်လက်စီးဆင်းနေဆဲဖြစ်ပါတယ်'' ဟု ဒါရိုက်တာသစ်သားမှ မိုးသောက်ကြယ်သို့ ရှင်းပြသည်။

ဆက်လက်၍ ''အခုလည်း အီဘာရာကီခရိုင်မှာရှိတဲ့ ဆုကုဘ တက္ကသိုလ်ကျောင်းသား/ကျောင်းသူတွေရယ်၊ Clover လို့ခေါ်တဲ့ အန်ဂျီအိုအဖွဲ့အစည်းနဲ့ မိတိုးမြို့မှာရှိတဲ့ A.Iဌာနခွဲမှ တာဝန်ခံတွေက A.Iနှစ် ၅ဝ ပြည့်အထိမ်းအမှတ်အဖြစ် ဒီအလွမ်းများနဲ့ ဧရာဝတီဇာတ် ကားကို ပြသချင်ပါတယ်ဆိုပြီးခွင့်တောင်းလာတယ်။ အဲဒီဘက်မှာရှိတဲ့ ဂျပန်ပြည်သူတွေကိုလည်း ကျနော်တို့နိုင်ငံမှာကျရောက်ခဲ့တဲ့ သဘာဝဘေးအန္တာရယ်ဆိုးအကြောင်းနဲ့ အုပ်ချုပ်သူတွေရဲ့ တာဝန်ကင်းမဲ့ခဲ့မှုတွေကို ကျယ်ကျယ်ပြန့်ပြန့်သိစေချင်လို့တဲ့။ ကျနော်တို့ကလည်း ခွင့်ပြုခဲ့ပါတယ်။ ပထမဦးဆုံး စတင်ပြတဲ့နေ့မှာ ကျနော်တို့ကို ဧည်သည်တော်အနေနဲ့ဖိတ်ပါတယ်။ ဒီဇာတ်ကားပြသပြီးတဲ့နောက် သတင်းစာရှင်းလင်းပွဲပါ လုပ်ထားလို့ မေးလာတဲ့မေးခွန်းတွေကို ဖြေကြားပေးခဲ့ရပါတယ်။ ''ဟု ဒါရိုက်တာကိုဌေးသစ်က ဆက်လက်ရှင်းပြခဲ့သည်။

ပြသချိန် ၂ နာရီကျော်ကြာမြင့်သည့် အလွမ်းများနှင့် ဧရာဝတီမှတ်တမ်းရုပ်ရှင်ဇာတ်ကားဖြစ်မြောက်ဖို့အတွက် အချိန်(၂)နှစ် ကျော်ယူခဲ့ရပြီး ဂျပန်ယန်းစုစုပေါင်း သောင်းတစ်ရာနှစ်ကျော် (ဒေါ်လာတစ်သောင်းနှစ်ထောင်ကျော်) ကုန်ကျခဲ့သည်။ အဆိုပါကုန်ကျငွေများကို မည် သည့်အဖွဲ့အစည်းထံမှ ငွေကြေးအရ အကူအညီတောင်းခံခြင်းမရှိပဲ ကိုယ်အိတ်ကိုယ်စိုက်ကာ လုပ်ဆောင်ခဲ့ကြခြင်းဖြစ်ပြီး ၎င်းဇာတ်ကားပြသမှုကြောင့် ရရှိခဲ့သည့် အကျိုးအမြတ်အားလုံးကို နာဂစ်ဒဏ်သင့်ဒေသများသို့ လှူတန်းခဲ့ကြောင်းလည်း သိရှိရသည်။

လာမည့် နိုဝင်ဘာ ၆ ရက်(တနင်္ဂနွေနေ့)တွင်လည်း နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့(Amnesty International)၏ နှစ် ၅ဝ ပြည့်အထိမ်းအမှတ်အဖြစ် တိုကျိုမြို့ရှိ ဂျပန်နိုင်ငံအခြေစိုက် A.Iဌာနခွဲမှ THIS PRISON WHERE I LIVE မှတ်တမ်းရုပ်ရှင်ကိုပြသမည်ဖြစ်သည်။

အဆိုပါဇာတ်ကားတွင် ၂ဝဝ၈ နာဂစ်မုန်တိုင်းသင့်ပြည်သူများကို ကူညီကယ်ဆယ်ရေးလုပ်ခဲ့မှုကြောင့် ထောင်ဒါဏ် (၃၅)နှစ်ချမှတ်ခံခဲ့ရသူ ကိုဇာဂနာအကြောင်းလည်းပါဝင်သည်ဟုသိရှိရပြီး အထူးဧည့်သည်တော်အဖြစ် ထိုင်းနိုင်ငံတွင်နေထိုင်နေသည့် နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးဖြစ်သူ ကိုထွန်းလင်းအောင်ကိုလည်း ဖိတ်ကြားထားကြောင်း A.I ဂျပန်ဌာနခွဲမှ တာဝန်ခံတစ်ဦးဖြစ်သူ Mr. Kumazawa၏ပြောပြချက်အရသိရှိရသည်

ရေးသားသူ-မောင်ရှင်






Read more...

Wednesday, November 2, 2011

ပြည်သူ့ဂုဏ်ရည်အသင်း (ဂျပန်ဌာနခွဲ) ၏ အဖွဲ့ ဝင်အသစ်များအား မိတ်ဆက်ကြိုဆိုပွဲ


ပြည်သူ့ဂုဏ်ရည်အသင်း (ဂျပန်ဌာနခွဲ) ၏ အဖွဲ့ ဝင်အသစ်များအား မိတ်ဆက်ကြိုဆိုပွဲကို ဂျပန်နိုင်ငံ၊ တိုကျိုမြို့ ၊ တကာဒါနိုဘာဘာအရပ်တွင် ၂၀၁၁ခုနှစ်၊ နိုဝင်ဘာ(၁)ရက်နေ့ အင်္ဂါနေ့ ညနေ (၆)က ကျင်းပပြုလုပ်ခဲ့သည်။

ကြိုဆိုပွဲတွင် ကိုထွန်းအောင်ကျော်မှ အသင်းဖြစ်ပေါ်လာပုံ၊ ဖွဲ့စည်းပုံနှင့် ယခုလက်ရှိလုပ်ကိုင်ဆောင်ရွက်နေမှုများ၊ ရှေ့ လုပ်ငန်းစဉ်များ၊ စည်းမျဉ်းစည်းကမ်းများအကြောင်းကို အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပြီး အဖွဲ့ ဝင်အသစ်များ၏ မေးမြန်းမှုများကို ပြန်လည် ဆွေးနွေးဖြေကြားပေးခဲ့သည်။

ကြိုဆိုပွဲအခမ်းအနားအား ညနေ (၇)နာရီခွဲအချိန်တွင် အောင်မြင်စွာကျင်းပပြီးစီးခဲ့ကြောင်း သတင်းရရှိပါသည်။


Read more...

Wednesday, October 19, 2011

ကွန်မြူနစ်တရုတ်တွေရဲ့စိတ်ဓါတ်



တရုတ်ပြည်မှာ စိတ်ဓါတ်တွေဘယ်လောက်နိမ့်ကျပြီး လူစိတ်နည်းနေလဲဆိုတာ သည်မှတ်တမ်းက သင့်ကိုသက်သေပြပါလိမ့်မယ်။ ဧရာဝတီနဲ့ မြန်မာပြည်ပျက်တာလောက်တော့ သူတို့ ကထည့်တောင်စဉ်းစားလိမ့်မှာမဟုတ်ဘူး။



မန္တလေးက သန်းရွှေလက်ထက်မှာရောက်လာတဲ့ မြန်မာစကားမတတ်တဲ့ တရုတ်တွေရိုင်းတယ်ဆိုတာ မဆန်းတော့ပါဘူး။



-----------------------------------------------------------------------------------------------



ပြီးခဲ့တဲ့ ကြာသပတေးနေ့ - အောက်တိုဘာ (၁၃) ၂၀၁၁ နေ့ က ကွန်မြူနစ်တရုတ်ပြည် ကွမ်တုံပြည်နယ်၊ ဖိုရှန်မြို့ ကလူစည်ကားတဲ့ ဈေးတခုမှာ CCTV ကင်မရာရိုက်ကူးထားတဲ့ သည်ဖြစ်ရပ်မြင်ကွင်းကို ကမ္ဘာအရပ်ရပ်ကမြင်ရသူတိုင်း တကယ့်ကိုအော့နှလုံးနာခဲ့ကြရပါတယ်။ အမေ့မျက်စေ့အောက်က ခဏလေးပျောက်ပြီး ဈေးတန်းလမ်းမပေါ် မျက်စိလည်လမ်းမှားရောက်သွားတဲ့ အသက် (၂) နှစ်အရွယ် ကလေးမလေးကို Van ကားတစင်းက ၀င်တိုက်ခဲ့ပါတယ်။ ကားအောက်ထဲကလေးမလေး ရောက်သွားတုန်းမှာ ကားက ခဏတော့ရပ်လိုက်ပါသေးတယ်။ ပြီးတော့ကလေးရဲ့ခြေတောက်တွေကို တက်ကြိတ်ပြီး မောင်းထွက်သွားပါတယ်။



သည့်နောက်မှာ လမ်းပေါ်မှာလဲကျနေတဲ့ ကလေးမလေး ဘေးကနေ လမ်းသွားလမ်းလာတွေ ဖြတ်လျှောက်သွားနေတာကိုတွေ့ ရပါတယ်၊ ထိုအထဲမှာ စက်ဘီးသမား၊ မော်တော်ဆိုင်ကယ်သမားတွေ၊ ကလေးနဲ့ လမ်းလျှောက်လာတဲ့ အမျိုးသမီးတွေအပါအ၀င်ပါ၊ ဒါပေမဲ့ လမ်းပေါ်မှာလဲနေတဲ့ ကလေးမလေးကို တွေ့ ပေမဲ့ ဘာမှမဖြစ်သလို ဂရုမစိုက်ပဲ ကျော်သွားကြပါတယ်။ နောက်ကားတွေကလည်း မရပ်ပဲ ကွေ့ ရှောင်သွားကြပါတယ်၊ ပိုဆိုးတာကလမ်းပေါ်မှာလဲနေတဲ့ သည်ကလေးကို နောက်ကားတစင်းကပါ တခါ ထပ်ပြီးကြိတ်လိုက်ပါသေးတယ်။



နောက်ဆုံးမှာ အမှိုက်သိမ်းတဲ့ အမျိုးသမီးကြီးတယောက်က ကလေးကို လမ်းဘေးဆွဲပွေ့ သွားပြီးအကူအညီတောင်းခဲ့ပါတယ်။ လောလောဆယ် တိုက်သွားတဲ့ ကားနှစ်စင်းစလုံးက ကားမောင်းသူတွေကို ဖမ်းထားလိုက်ပြီလို့ သိရပါတယ်။ သည်ဖြစ်ရပ်ကြောင့် တကမ္ဘာလုံးမှာ တအံ့တကြဖြစ်ခဲ့ကြပါတယ်။



မန္တလေးမှာ သည်လိုစိတ်ဓါတ်နဲ့ အသက်ရှင်နေတဲ့ သန်းရွှေလက်ထက်ပေါက်တရုတ်တွေကို သတိထားကြဖို့ နဲ့ မြန်မာတမျိုးသားလုံး အဘက်ဘက်က သတိရှိသင့်နေပြီဆိုတာ တင်ပြလိုက်ရပါတယ်။



Source: http://www.youtube.com/watch?v=2knyCt-vo1k




(http://www.facebook.com/notes/hlaing-bwa/ ၏ facebook စာမျက်နှာမှ ကူးယူဖော်ပြပါသည်။)

*ဗွီဒီယိုဖိုင်ကို ဒီလင့်ခ်မှာလည်း သွားကြည့်နိုင်ပါသည်။
http://www.facebook.com/photo.php?v=111540458956762

Read more...

Tuesday, October 18, 2011

ပညာရှင် ပရော်ဖက်ဆာ ဒေါက်တာချက်ကြီးနှင့် စတင်တွေ့ဆုံခဲ့ခြင်း

မောင်ရင်မေးချင်တာတွေကအများကြီး။ တစ်ခုချင်းစီဆင့်ကာဆင့်ကာဖြေဖို့ဆိုတာကလည်း ကျုပ်လိုပညာရှင် အတွက် အချိန်ကသိပ်မလုံလောက်ဘူး။ တစ်ခုတော့ကြိုပြောချင်တယ်။ ပညာရှင်ဖြစ်လေတော့ လူကြားကောင်းအောင် နှိမ့်ချတာတို့၊ နားချတာတို့ကိုတော့ လုပ်မှာမဟုတ်ဘူး။ ဘယ်သူဘယ်ဝါရဲ့  လမ်းညွန်မှုကိုခံယူအပ်ပါတယ်လို့လည်းနိဒါန်းပျိုးနေမှာမဟုတ်ဘူး။ ကဲနိဒါန်းချီးတာနဲ့တင် အချိန်အတော်လင့်သွားပြီ။



ခုတလောမြင်နေရကြားနေရတာတွေက တောင်းဆိုသံလိုလို ရာဇသံလိုလိုပဲကြားနေရတယ်။ ထားပါ။ အဲဒါကိုအချိန်ကုန်ခံပြီးလုပ်နေတဲ့လူတွေတပုံတပင်ကြီး။ အဲဒီဘက်ပိုင်းကို ကျုပ်စိတ်မ၀င်စားဘူး။ ကျုပ်စိတ်ဝင်စားတာက Prison Reform ပဲ။ Prison Reform ပဲ။ ခုယုံကြည်ချက်ကြောင့်ပဲဖြစ်ဖြစ်၊ ရာဇ၀တ်မှုကြောင့်ပဲဖြစ်ဖြစ် နရသိန်စံမြန်းနေရတဲ့သူတွေမှန်သမျှကို လူသားအရင်းအမြစ်လို့ပဲမြင်တယ်။ ဒီလူသားအရင်းအမြစ်တွေကို ပြုန်းတီးစေမယ့် စနစ်အမှားတွေကိုဖယ်ရှားစေချင်တယ်။ ကျုပ်တို့မှာက Reform လုပ်ရမှာကအများကြီး။ ခုခင်ဗျားတို့ဆီမှာ Prison ၄၂ခုနော်။ ဒီထက်ပိုရင်ပိုမှာပေါ့။ ဒီတော့ Prison နဲ့ပက်သက်ပြီး စာတွေဘာတွေရေးကြသားကြတာတွေဖတ်ဖူးပါတယ်။ အများစုက လှို့ ဝှက်သဲဖိုလိုလို။ အပေါစားဆန်လွန်းတယ်။ တစ်ချို့ ဖြစ်ရပ်မှန်မှတ်တမ်းတွေကျတော့ နားကျည်းမှုတွေပြည့်လို့နှက်လို့။ ခင်ဗျားတို့က အကယ်ဒမီပိုင်းအထိကိုမရောက်နိုင်ကြဘူး။ ရှေ့ မီနောက်မီအားလုံးဆိုပါတော့။ ဒီမှာအတိုချုပ်ပြောချင်တာက Prisoner မှန်သမျှ လူ့ စွမ်းအားအရင်းအမြစ်ပဲ။ တိရစ္ဆာန်စွမ်းအားအရင်းအမြစ်လို့ သဘောမထားကြနဲ့ပေါ့။



အခွာလား၊ အကူးလား၊ အခိုင်လား။ မောင်ရင်ကဗဟုဆရာသမားပြောတာကိုမှတ်ချက်ပေးခိုင်းတာနဲ့တူပါရဲ့ ။ တစ်ချို့ ကလည်း လစ်ဘရယ်လိုင်ဇေးရှင်းဖြစ်စဉ်လို့ ပြောတဲ့သူတွေကပြော။ ထရန်စေးရှင်းကာလလို့ ဆိုသူဆိုသနဲ့။ ဟိုဘာသာပြန်ဆရာသမားတစ်ဦးကတော့ ခပ်ပြတ်ပြတ်ပဲ။ ဆက်တင်ပြောင်းသွားတာအမြတ်ပဲတဲ့။



ကျုပ်အမြင်ကိုပြောရရင် Totalitarian ကနေ Soft Authoritarian ကိုသွားနေတယ်လို့ပဲပြောချင်တယ်။ အရိပ် ကတော့ကျန်နေမှာပဲ။ ဒါပေသိအရိပ်ဖြစ်သွားပြီဆိုတာကိုတော့ လက်ခံလိုက်ရမယ်။ အရိပ်ဟာအကောင်လောက်တော့ မစွမ်းတော့ဘူး။ နားလည်အောင်ပြောရရင် အေးအေဆေးဆေးအနားယူသွားပြီလို့ပဲမှတ်ပါ။ အခွာလား၊ အကူးလားဆိုရင် ခုမှခွာတုန်းပဲရှိသေးတယ်လို့ထင်တယ်။ အကူးတောင်ပီပီပြင်ပြင် မရောက်သေးဘူးလို့ထင်တယ်။ အကူးလို့ အတင်းစွတ်ရွတ်ပြောချင်သပဆိုရင် ခွေးကူးသလိုကူးနေရတယ်လို့ပဲ သတ်မှတ်လိုက်ပါ။



နိုင်ငံတကာဆက်ဆံရေးမှာတော့ ဘက်မလိုက်ကြားနေရေးကို ဦးတည်သွားနိုင်သလားဆိုတော့ လုံးဝပဲ။ လုံးဝမဖြစ်နိုင်တဲ့ ဟာပဲ။ အရင်ကထက်စာရင် ပိုပြီးတော့တောင် အပါးဝလာပြီလို့ပြောရမယ်။ အခြေအနေအရ အတီးတွေကိုမှီနေသေးပေမယ့် အတီးတွေဆီမှာ National Defense သွားတက်တဲ့ ခင်ဗျားတို့ ရင်းမှူးတွေတောင် သင်းတို့ကို လုံးဝမယုံကြဘူးမဟုတ်လား။ ၀ါရှင်တန်ကိုဦးလှည့်သွားနိုင်မလားဆိုရင်တော့ လှည့်နေပြီလို့တောင် ကျုပ်ထင်တယ်။ အာဆီယံဥက္ကဋ္ဌနေရာတို့၊ ဒေသတွင်းအားကစားပွဲတော်ဆိုတာတွေကတော့ over ဖြစ်လွန်းတယ်လို့ထင်တယ်။ 0verstrectch ဖြစ်သွားနိုင်တယ်လို့ထင်တယ်။ growing expectations ကသိပ်များနေသလားလို့။ no use တောင်ဖြစ်သွားနိုင်တယ်။ အကောင်းဆုံးကတော့ ခုတလောဒီမန်းများနေတဲ့ကိစ္စတွေကိုအရင်ရှင်း။ ရွှေဘုံသာအင်အားစုကို Cover ကောင်းကောင်းလုပ်ပြီး ethnic ကိစ္စကိုရှင်းစေချင်တယ်။ ရွှေဂုံတိုင်အင်အားစုကိုပြေလည်ဖို့ဆိုတာက ခုလုပ်နေတဲ့ Process ကိုပဲဆက်ပြီးလုပ်ပါ။



မီဒီယာတွေကိုအားမရဘူး။ အားမရဘူးဆိုတာကလည်းအခြေအနေအရ Struggle လုပ်ရတဲ့အပိုင်းကိုတော့ နားလည်ပေးပါတယ်။ မီဒီယာမှာအားနည်းတာတွေက research အပို်င်းပဲထင်တယ်။ ပြီးတော့ ခင်ဗျားတို့မှာက ဂျာနယ်တွေသိပ်များလွန်းတယ်။ တကယ်တော့ ဂျာနယ်ဆိုတာက ပညာရပ်ဆိုင်ရာအကယ်ဒမီစာစောင်တွေကိုပြောတာ။ အရမ်းကို limit ဖြစ်တယ်။ တကယ်တမ်းရှိသင့်တာကသတင်းစာဗျာ။ မီဒီယာတွေအနေနဲ့ သတင်းစားတွေမထုတ်နိုင်သမျှတော့ တိုးတက်မှုပြောင်းလဲမှုရှိတယ်လို့ ကျုပ်တော့ မပြောချင်ဘူး။ အားလုံးကစီးပွားဖြစ်ပဲများပါတယ်ဗျာ။



ဒီမှာသတိရလိုဖြတ်ပြောလိုက်အုံးမယ်။ ခင်ဗျားတို့ဆီမှာ ပွဲအတော်ဆူသွားတဲ့ဟာလေးကို ပြန်ပြောင်းပြောရမယ်ဆိုရင် ဥပေဒစိုးမိုးမှုကိုဦးစားပေးရမယ်။ ပြီးတော့ စီးပွားရေးတိုးတက်ပြီး စီးပွားရေးလွတ်လပ်မှုကတစ်ဆင့် အဲဒီနောက်မှ နိုင်ငံရေးလွတ်လပ်မှုကလိုက်လာလိမ့်မယ်လို့ မီဒီယာခွေးတစ်သိုက်ကြားမှာတောင် ရေပန်းစားခဲ့သေးတယ်နော်။ ဒါ့အပြင် ခင်ဗျားတို့က ဥပမာကောင်းတစ်ခုအနေနဲ့ စင်ကာပူကိုလက်ညှိုးထိုးပြတယ်။ ထိုင်ဝမ်တို့၊ တောင်ကိုးရီးယားတို့တောင်ပါသေးတယ်။ တကယ်တမ်း Case study လုပ်ပြတော့ စင်ကာပူ။ အရင်ဆုံးပြောမယ်ဗျာ။ စင်ကာပူနိုင်ငံသားတစ်ဦးချင်းရဲ့  ၀င်ငွေက တစ်လကိုဒေါ်လာ နှစ်ထောင်။ ဒါဟာအဖြူကောင်တို့ရဲ့  တိုင်းပြည်မှာဆိုရင် အနိမ့်ဆုံးအလုပ်သမားတစ်ယောက်ရဲ့ လစာသာသာပဲရှိတယ်။ စင်ကာပူကို မစားရ၀ခမန်းရှိနေတဲ့သူတွေကို ကျုပ်ပြောပြချင်တာက မစားညော်ခံပြတာကိုတော့မလုပ်စေချင်ဘူး။ ထည်ထည်ဝင်ဝင်လေးလုပ်ပြချင်တယ်။ ပညာရှင်ဆိုတာက Ph.Dရတိုင်းလည်းသတ်မှတ်လို့ မရဘူးနော်။ ကျန်တဲ့အဆင့်ဆို ဝေးလာဝေးပေါ့။ စင်ကာပူကိုရောက်နေတဲ့ မောင်ရင်တို့ နိုင်ငံသားတွေတစ်ချက်လောက် လှမ်းတောင်မေးကြည့်ပါအုံး၊ သင်းတို့တတွေ ရတဲ့ငွေကိုဖြုန်းဖို့နေနေသာသာ ကုတ်ကတ်ခြစ်ခြုတ်ပြီး စုဆောင်းနေရတာက စင်ကာပူနိုင်ငံသားအားလုံးနီးပါးပဲ။ စင်ကာပူနိုင်ငံသားတွေဆိုတာက နာမည်ကြီးထမင်းငတ်တွေချည်းပဲ။ သူတို.ရဲ. ၀င်ငွေတော်တော်များများက တစ်ဝက်လောက်ဆိုပါတော့ စုဆောင်းထားကြတာချည်းပဲ။ လီကွမ်ယုတို့ကပိုင်တယ်။



အဲဒီစုဆောင်းငွေတွေကို စက်မှုဇုန်ဆောက်တဲ့နေရာတို့၊ ကော်ပိုရေးရှင်းတွေကို အခွန်လျော့ချပေးတဲ့နေရာတွေမှာရော၊ နောက်တစ်ခုကလမ်းဖောက် အိမ်ဆောက် ခင်ဗျားတို့ မင်းအစိုးရလို လက်သရမ်းပြီးတံတားတော့မဆောက်ပေးနို်င်ရှာဘူးပေါ့။ အဲသလိုလုပ်ငန်းတွေမှာ အဲ...မေ့တော့မလို့ ပညာရေးအသုံးစရိတ်တွေမှာလည်းပြန်ပြီး investment တွေပြန်လုပ်တယ်။ ဒီတော့ လီကွမ်ယုတို့က Investment ကိုတအားဖိတွန်းလုပ်လိုက်တဲ့အခါကျတော့ နိုင်ငံသားတွေရဲ့ စုဆောင်းမှုနှုန်းကတက်လာတယ်။ ဒီတော့ ငွေကြေးသုံးစွဲမှုကျလာတယ်။ ပြောရမယ်ဆိုရင် စင်ကာပူမှာက consumption အကျင့်က သိပ်မရှိသလောက်ပဲ။ ပိုက်ဆံတော့အများကြီးဝင်တယ်။ သုံးလိုမရဘူးဖြစ်နေတယ်။ မြင်သာမြင်မကြင်ရတဲ့ဘ၀မျိုး။ စုဆောင်းငွေကလည်းများ၊ Investment ကလည်းအရမ်းကြီး၊ economic development က တကယ်ကောင်း၊ ဂျီဒီပီကလည်းအတက်ပြ။ ဒါပေသိ Income Distribution မှာတော့ အမှိုက်ကောက်တဲ့အဖြူကောင်သာသာလောက်ကိုဖြစ်နေတယ်။ ဒါအပြင် အလုပ်ချိန်ကလည်း တစ်ပတ်ကို နာရီငါးဆယ်လောက်ကိုရှိတာ။ ကဲအလုပ်ချိန်ကများလွန်းလို့ အလုပ်တွင်ကျယ်မလားလို့ သွားပြီးအထင်မကြီးလိုက်နဲ့။ total factor productivity မှာလည်းသိပ်ဟုတ်တိပတ်တိရှိလှတာမဟုတ်ဘူး။



ခင်ဗျားတို့လည်း သတိပြုကြပေါ့။ ဂျီဒီပီတက်တိုင်းလည်း ထအူမြူးပြမနေနဲ့၊ INCOME DISTRIBUTION မှာတိုင်ပတ်သွားမယ်။ သိပ်ပြီးတော့လည်းနှပ်ကြောင်းပေးပြီး advocate လုပ်တာတွေလျှော့အုံး။ တန်ဆေးလွန် ဘေးဆိုတဲ့ခင်ဗျားတို့ စကားပုံလားဆိုရိုးလားရှိသေးတာပဲ။



နောက်တစ်ခုက brain drain ကိစ္စ။ ဒါလည်းစင်ကာပူကြုံနေရတယ်။ ခင်ဗျားတို့လည်း ကြုံနေရတယ်။ ဒါပေမဲ့အားမနာတမ်းပြောရရင် ခင်ဗျားတို့ရဲ့  ဥမမည်စာမမြောက်တဲ့ so called education အင်စတီကျူတွေကနေ မွေးထုတ်ပေးလိုက်တာက မကျက်တကျက်တွေပဲများတယ်။ ဒီကြားထဲ နို့မှုန့်တိုက်ပြီး သင်ပေးတဲ့ ဟိုမရောက်ဒီမရောက် အင်စတီကျူသစ်ကိုင်းလွတ်တွေကလည်းရှိသေးတယ်။ တကယ့်Brian drain ဖြစ်တာကနည်းနည်းလေးပါ။ တကယ်ဖြစ်နေတာက population drain ပဲ။ အဝေးသင် ဒါမှမဟုတ် Day သုံးနှစ်တက်ပြီး ဂျပန်စက္ကူလက်မှတ်ရလာတဲ့ ခင်ဗျားတို့တတွေ မလေးရှားမှာပန်းကန်သွားဆေးနေတာမျိုးကိုတော့ brain drain လို့တော့ မခေါ်ကြပါနဲ့ဗျာ။ တကယ်တော်တကယ်တက်ပြီး နိုင်ငံရပ်ခြားမှာ ထိုက်သင့်တဲ့အလုပ်အကိုင်ရသွားတာကိုမှ brain drain လို့ခေါ်ကြစမ်းပါဗျာ။ ခင်ဗျားတို့ဆီမှာ မော်ဒယ်ယောင်ယောင်၊ အဆိုတော်ယောင်ယောင်လုပ်ပြီး ဖူးခက်မှာပဲဖြစ်ဖြစ်၊ ဗန်ကောက်မှာပဲဖြစ်ဖြစ် အသွေးအသားရောင်းချနေတဲ့ ကောင်မလေးတွေရဲ့ ဖြစ်စဉ်ကိုလည်း brain drain စာရင်းထဲတော့ မထည့်လိုက်ပါနဲ့။ ခင်ဗျားတို့ တော်တော်ရယ်ဖို့ကောင်းတဲ့ လူတွေဗျ။ လှည်းတန်းမှာခြောက်လတစ်နှစ် လောက် Speakingတက်၊ အဲယားကွန်သင်တန်းတက်ပြီးပင်လယ်ရပ်ခြား အလုပ်ထွက်လုပ်ရတာကိုလည်း ပညာရှင်အလုပ်လိုလို ဘာလိုလိုပြောထွက်ရဲတာကလည်း ခင်ဗျားတို့မှ ခင်ဗျားတို့ပဲ။ ဆိုတော့ ခင်ဗျားတို့နိုင်ငံအခြေအနေက စလုံးရေစအဆင့်ပဲရှိသေးတယ်။ ခင်ဗျားတို့လက်ညှိုးထိုးပြလို့ကောင်းတဲ့ စင်ကာပူတောင် brain drain ဖြစ်နေတာ။



ဒီတော့ ဥပဒေစိုးမိုးမှုဆိုတာထက် ဥပဒေအသက်ဝင်ဖို့က အရေးကြီးပါတယ်။ ပုပ်ပွနေတဲ့ရေကန်ကြီးလို တည်ငြိမ်မှုထက်စာရင် လှုပ်ရှားတက်ကြွနေတဲ့ ပင်လယ်လှိုင်းလုံးလေးတွေလို့ပဲ ဖြစ်စေချင်တယ်။ စင်ကာပူကိုအားကျပြီး လုပ်တိုင်းလည်း စင်ကာပူလိုဖြစ်ချင်မှဖြစ်တာ။ မတော်ဘေးချော်ပြီး ပြုံးယမ်းကိုရောက်သွားပါအုံးမယ်။



မောင်ရင်က သမိုင်းလေးဘာလေးစိတ်ဝင်စားတယ်ဆိုတော့ သမိုင်းကြောင်းအခြေခံပြီး အကူးအပြောင်း ကိစ္စလေးတွေကိုနည်းနည်းပြောအုံးမယ်။ ၁၉၆၂ခုနှစ် တောင်သူလယ်သမားနေ့ကစလို့ ခင်ဗျားတို့တိုင်းပြည်မှာ ဒီမိုကရက်တစ်အင်စတီကျူရှင်းအုံတစ်ခုလုံး မြောင်းထဲကိုခွေးချီခံခဲ့ရတယ်နော်။ ပြောရမယ်ဆိုရင် တစ်ပါတီစနစ်။ တည့်တိုးပြောရရင်တော့ totalitarian state ပေါ့။ ၁၉၈၈မှာ တကယ်လူထုလှုပ်ရှားမှု။ပြောရမယ်ဆိုရင်တော့ အရေးတော်ပုံလို့ပြောလို့ရနိုင်သလို သမိုင်းတကွေ့လို့တောင် ပြောရမယ်ထင်ပါတယ်။ အဲဒီနောက်ပိုင်းမှာ ခင်ဗျားတို့ဆီမှာ social movement organization တွေပေါ်လာတယ်။ အဲဒီကနေ movement အကြီးကြီးတွေနဲ့ Replacement လုပ်ခဲ့ကြတယ်။ ဒါပေသိ part of regime ဖြစ်တဲ့ military ကိုတော့ အဲဒီmovementက မကျော်နို်င်ခဲ့ဘူး။ ဒီတော့ ခင်ဗျားတို့ Revolution လုပ်ကြပြန်တယ်။ အဲဒါလည်း replacement ကိုဦးတည်တာပဲ။ အလျော်အစား အတော်လေးကိုကြီးခဲ့တယ်။ ဟုတ်တယ်နော်။ ဘာပဲဖြစ်ဖြစ် ၀မ်းနည်းစရာကောင်းလွန်းတာကတော့ အမှန်ပဲ။ အားလုံးက ညီအစ်ကိုတွေချည်းပဲ။ ၁၉၉၀မှာ တည်ဆဲအစိုးရက election လုပ်ပေးခဲ့တယ်။ ဒါကပြောရမယ်ဆိုရင် transformation လုပ်ပေးတာပဲ။ ဒါပေမဲ့တကယ်ဖြစ်သွားတာက totalitarian regime ကနေ Military authoritarian regime ကိုဦးတည်သွားတယ်။ ခုအနေအထားက procedural or minimalist conception of democracy ပဲ။ ခင်ဗျားတို့ အော်နေတဲ့ Substantive of minimalist conception of democracy ကိုရဖို့ဆိုတာက social equality တို့။ Economic Equality တွေအပေါ်မှာမူတည်တယ်။ ခုဟာက totalitarianism ကနေ authoritarianism ကိုပြောင်းနေတယ်။ ခွာနေတယ်။ ခွေးကူးသလိုကူးနေတယ်လို့ပဲ မှတ်ပါမောင်ရင်။ replacement ကတော့ လုံးဝမဖြစ်နိုင်တော့ဘူးလို့ထင်တယ်။ ခုဟာကtransplacementကိုသွားနေတယ်လို့မြင်တယ်။



လက်ရှိအနေအထားအရ process အရ အသုတ်လိုက် ခွဲလွှတ်တာကို ဘယ်လိုသဘောထားလဲဆိုတော့ အသုတ်လိုက်ပဲကောင်းတယ်။ တကယ်က deliberate လုပ်နေတာလို့ ထင်တယ်။ သူတို့မှာက withdraw လုပ်ထားရတာဖြစ်လေတော့ ယုတ်စွအဆုံး growing expectations က ပိုကြီးလာတဲ့သဘောရှိနိုင်တယ်။ ခင်ဗျားတို့ဆီမှာ gameအကြီးကြီးတွေလုပ်ကြမယ်။ ဒီအတွက် The Lady ကိုလည်းအရင်ကထက် ပိုပြီးနေရာပေးလိမ့်မယ်လို့ထင်တယ်။ ရွှေဂုံတိုင်ကိုဘောင်ခတ်မယ်ဆိုတာကတော့ မဖြစ်နိုင်ဘူးလို့ထင်တယ်။ ဘောင်ခတ်မယ်ဆိုရင် သူတို့ဘက်ကပိုပြီး အရှုံးများသွားလိမ့်မယ်။ တိုင်းပြည်အတွက်လည်း ကောင်းမှာမဟုတ်ဘူး။ ကဲမောင်ရင်လည်း ကျုပ်ကိုခွင့်ပြုအုံး။ ပင်တဂွန်မှာအစည်းအဝေး တက်စရာရှိလို့ သွားလိုက်အုံးမယ်။ နောက်တစ်ပတ်မှာပြန်ဆုံကြတာပေါ့။



(http://www.facebook.com/notes/ko-zam/ မှ ကူးယူဖော်ပြပါသည်။)

Read more...

Monday, June 13, 2011

ပြည်သူ့ဂုဏ်ရည်အသင်း ဂျပန်ဌာနခွဲ ဖွဲ့ စည်း

ပြည်သူ့ ဂုဏ်ရည်အသင်းအနေဖြင့် အမေရိကန်ပြည်ထောင်စု အတွင်း၌သာမက အခြားနိုင်ငံများရှိ စိတ်ပါဝင်စားသူ မြန်မာမိတ်ဆွေများအား ပြည်သူ့ ဂုဏ်ရည် အစီအစဉ်တွင် ပါဝင်ဆောင်ရွက်နိုင်ရန် ဖိတ်ခေါ်လျက်ရှိရာ ယခုနှစ်အတွင်း ဂျပန်နိုင်ငံအပါအ၀င် တိုင်းပြည်အချို့  စတင်ပါဝင်လာခဲ့သည်။

၂၀၁၁ ခုနှစ် ဇွန်လ ၁၂ ရက်နေ့ တွင် ဂျပန်နိုင်ငံ တိုကျိုနှင့် နာဂိုယာမြို့ ရှိ စိတ်ဝင်စားသူ မြန်မာမိတ်ဆွေများက ပြည်သူ့ ဂုဏ်ရည်အသင်း (ဂျပန်ဌာနခွဲ) ကို စတင်ဖွဲ့ စည်းနိုင်ခဲ့ပြီး စည်းရုံးရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ကြသည်။

ပြည်သူ့ ဂုဏ်ရည်အသင်း ဂျပန်ဌာနခွဲ၏ တာဝန်ခံအဖြစ် ကိုရဲငြိမ်း ကို ရွေးချယ်တာဝန်ပေးအပ်ခဲ့ကြပြီး ပြည်သူ့ ဂုဏ်ရည် အသင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ၌ ဝင်ရောက်ဆောင်ရွက်နိုင်ရန် ကိုထွန်းအောင်ကျော် နှင့် ကိုစိုးစံ တို့ အား တာဝန်ပေးအပ်ခဲ့သည်။ ကိုကျော်ကျော်စိုး၊ ကိုကို၊ ကိုအောင်နိုင် တို့ ကိုလည်း ပြည်သူ့ ဂုဏ်ရည် အသင်း၏ ဗဟိုလုပ်ငန်းကော်မတီများတွင် တာဝန်ယူပေးသွားရန် ဆုံးဖြတ်ခဲ့ကြသည်။

ဂျပန်ဌာနခွဲအနေဖြင့် ပြည်သူ့ ဂုဏ်ရည်အသင်း၏ ရည်ရွယ်ချက်နှင့် လမ်းစဉ်များအတိုင်း ကျယ်ပြန့် အောင်မြင်စွာ လုပ်ဆောင်သွားနိုင်ရန် ပြည်သူ့ ဂုဏ်ရည်မိတ်ဆွေများကို တိုးချဲ့ စည်းရုံးသွားမည်ဖြစ်ပြီး ဌာနခွဲလုပ်ငန်းများအလိုက် အမှုဆောင်ကော်မတီဝင်များ တိုးချဲ့ ဖွဲ့ စည်းသွားမည်ဖြစ်သည်။

ပြည်သူ့ ဂုဏ်ရည်အသင်း (ဂျပန်ဌာနခွဲ) သို့  ဆက်သွယ်လိုပါက အောက်ပါပုဂ္ဂိုလ်များထံ ဆက်သွယ်နိုင်ပါသည်။

ကိုရဲငြိမ်း - (၈၁) ၈၀၅၀၇၀၀၀၈၀

ကိုထွန်းအောင်ကျော် - (၈၁) ၉၀၆၇၀၁၈၀၀၁

ကိုကျော်ကျော်စိုး - (၈၁) ၉၀၆၀၃၁၄၃၉၄

ကိုစိုးစံ - (၈၁) ၈၀၆၇၉၁၇၈၈၄

ကိုကို - (၈၁) ၉၀၅၂၀၈၃၈၆၁

ကိုအောင်နိုင် - (၈၁) ၈၀၃၆၀၂၁၉၆၀

Read more...

Thursday, June 2, 2011

မဟာချိုင်ယဉ်တိုက်မှုနာရေးအလှူအတွက် ကောက်ခံရရှိသောအလှူငွေနှင့် ပေးလှူစာရင်း

Mahar Chai Car Accident

Read more...

Wednesday, May 25, 2011

နေရောင်အောက်မှ အလင်းမဲ့သူများ

''Burmese Beggars Children to become School Children ''


We have been considering to eliminate child beggars and to send them to school.


Now we have a web site and some volunteers to start the program name “Child beggars to Students”.


Difficult but must act, we also consider preventing them from discriminating and abusing.


We intend to provide the child beggars education including safer lives.


We welcome any kind of support for this program.


contact kyaw.kyawlay1980@gmail.com


http://myanmarchildrenhelp.blogspot.com/


ကျွန်တော်တို့ ထိုင်းနိုင်ငံ မဲဆောက်မြို့ (မြန်မာနိုင်ငံ မြ၀တီမြို့နှင့် နယ်စပ်) ကပါ


ဒီဒေသမှာ ကျွန်တော်တို့ မြန်မာလူမျိုးတွေ အရမ်းနွမ်းပါပြီး ကလေးတွေဟာ ကျောင်းမနေနိုင်တော့ဘဲ တောင်စားရတဲ့ ဘ၀ကို ရောက်ရပါတယ်


ကျွန်တော်တို့က အဲဒီကလေး တွေကို ကျောင်းပြန်ထားပေးနိုင်ဖို့ လုပ်ကိုင်နေပါတယ်


ယခုအခါ ကလေးများကျောင်းနေနိုင်ရေးအတွက် လိုအပ်ချက်များ ရှိနေပါသောကြောင့် လူကြီးမင်းတို့မှ တတ်အားသမျှ ပါဝင်ကူညီနိုင်ပါကြောင်း ရိုသေးလေးစားစွာ တင်ပြရပါတယ်


အသေးစိတ်များကို


http://myanmarchildrenhelp.blogspot.com/

တွင်လည်း ကြည့်ပါတယ်။



ရိုသေလေးစားလျှက်


ကျော်ကျော်လေး


(Forward Email ကို ထပ်ဆင့်ဝေမျှပါသည်။)

Read more...

Friday, May 20, 2011

တရားတော်နာ ဖိတ်ကြားလွှာ

(၁၁)ပါးမြောက် တိပိဋကဓရ၊ တိပိဋကကောဝိဒ
ဓမ္မဘဏ္ဍာဂါရိကဆရာတော်
ဘဒ္ဒန္တဣန္ဒပါလမထေရ်၏ ထေရုပတ္တိအကျဉ်း




တိပိဋကဓရလောင်းလျာဆရာတော်ကို ၁၃၂၂-ခုနှစ်၊ ၀ါဆိုလပြည့်ကျော်(၁၀)ရက် (၁၇-၇-၁၉၆၀)၊ တနင်္ဂနွေနေ့တွင် ခမည်းတော် ဦးငွေတင်အောင် + မယ်တော် ဒေါ်ပဲစိန်တို့မှ ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့ နယ်၊ မကျည်းကျွန်း၌ ဖွားမြင်တော်မူခဲ့ပါသည်။

ဆရာတော်သည် ၁၉၇၂-ခုနှစ်တွင် ရှင်သာမဏေပြုကာ၊ ၁၉၈၁-ခုနှစ် ကဆုန်လပြည့်ကျော် (၈)ရက်နေ့တွင် မြင့်မြတ်တင့်ဆန်း အထက်တန်းရဟန်းအဖြစ်သို့ ရောက်တော်မူခဲ့ပါသည်။ ရဟန်းဖြစ်သည့်နှစ်မှာပင် သာသနာ့ဓဇဓမ္မာစရိယဘွဲ့ တော်၊ ၁၉၈၆-ခုနှစ်တွင် သာသနာ့ဓဇသိရီပ၀ရဓမ္မာစရိယဘွဲ့တော် တို့ကို ဖြေဆိုအောင်မြင်တော်မူခဲ့ပါသည်။

မြန်မာနိုင်ငံတွင် ၁၉၄၈-ခုနှစ်မှ ၂၀၁၁-ခုနှစ်ထိ (၆၂)ကြိမ်တိုင်တိုင် ကျင်းပပြီးစီးခဲ့သော တိပိဋကဓရ ရွေးချယ်ရေး စာမေးပွဲ၌ တိပိဋကဓရ၊ တိပိဋကကောဝိဒဘွဲ့တော်ရဆရာတော် ၁၂ပါး အောင်မြင်ပေါ်ထွန်းခဲ့ရာ နံပါတ် (၁၁)ပါးမြောက် တိပိဋကဓရ၊ တိပိဋကကောဝိဒဆရာတော် ဖြစ်တော်မူခဲ့ပါသည်။ တိပိဋကဓရ၊ တိပိဋကကောဝိဒဘွဲ့တော်သည် မြန်မာနိုင်ငံနှင့် ကမ္ဘာ့နိုင်ငံအသီးသီးရှိ ဗုဒ္ဓစာပေဆိုင်ရာဘွဲ့များတွင် အခက်ခဲဆုံးနှင့် အဆင့်အတန်းအမြင့်ဆုံး ဘွဲ့တော်ဖြစ်ပါသည်။

ဆရာတော်သည် ၂၀၁၀-ခုနှစ်တွင် တရားဘဏ္ဍာတိုက်ကိုထိန်းသိမ်းစောင့်ရှောက်သူ- ဟူသော အဓိပ္ပါယ်ရသည့် တိပိဋကဓရဓမ္မဘဏ္ဍာဂါရိကဘွဲ့တော်ကိုလည်း လက်ခံရရှိတော်မူခဲ့ပါသည်။ ယခုအခါ ဆရာတော်သည် အနယ်နယ်အရပ်ရပ်တွင် ပရိယတ္တိစာသင်တိုက်များ၊ သာသနာနုဂ္ဂဟအသင်းများ တည်ထောင်ခြင်း၊ စာသင်ကျောင်းများ ဆောက်လုပ်လှူဒါန်းခြင်း၊ တံတားများကို ကမကထပြု၍ တည်ဆောက်ပေးတော်မူခြင်း၊၊ ရခိုင်ပြည်နယ်တွင် တိုက်နယ်ဆေးရုံများ ဆောက်လုပ်လှူဒါန်းခြင်း၊ ရမ်းဗြဲမြို့ နယ်အတွင်းရှိ မျက်စိဝေဒနာရှင်များကို မျက်စိခွဲစိတ်ကုသပေးခြင်းစသော လူမှုရေးလုပ်ငန်းများကို စွမ်းစွမ်းတမံ ဆောင်ရွက်ပေးတော်မူခြင်း၊ ကျေးဇူးတော်ရှင် မင်းကွန်းဆရာတော်ဘုရားကြီး၏ မင်းကွန်းတိပိဋကနိကာယကျောင်းတိုက်ကြီးကို စီမံအုပ်ချုပ်မှု မဟာနာယကတာဝန်များ ထမ်းဆောင်လျက် သာသနာပြုတော်မူဆဲဖြစ်ပါသည်။

တိပိဋကဓရ၊ တိပိဋကကောဝိဒ ဓမ္မဘဏ္ဍာဂါရိကဆရာတော် ၂၀၁၁-ခုနှစ်၊ ဧပြီလ ၃၀-ရက်နေ့တွင် ဂျပန်နိုင်ငံ၊ တိုကျိုမြို့ ၊ နာကအိတဘရှိရပ်ကွက်ရှိ ထေရ၀ါဒပရိယတ္တိကျောင်းတော်ကြီးသို့ ပြည်ပသာသနာပြုခရီး ကြွရောက်ကာ သီတင်းသုံးတော်မူလျက်ရှိနေပါသည်။ ၂၀၁၁-ခုနှစ်၊ မေလ ၂၂-ရက်နေ့တွင် “မသေဆေးရှာပုံတော်” အမည်ရ တရားတော်ကို အောက်ပါအစီအစဉ်အတိုင်း ဟောကြားချီးမြှင့်မည် ဖြစ်ပါသဖြင့် ဓမ္မမိတ်ဆွေများအနေဖြင့် ကြုံတောင့်ကြုံခဲ မြတ်ဘုရား၏သားတော် တိပိဋကဓရ၊ တိပိဋကကောဝိဒ၊ ဓမ္မဘဏ္ဍာဂါရိကဆရာတော်ကို ကြွရောက်ဖူးမြော်ကန်တော့ရင်း တရားဒေသနာတော်များ နာယူမှတ်သားနိုင်ကြပါရန် နှိုးဆော်တိုက်တွန်းအပ်ပါသည်။

  • တရားပွဲနေ့ရက် ။ ။ ၂၀၁၁-ခုနှစ်၊ မေလ (၂၂) ရက် (တနင်္ဂနွေနေ့)
  • တရားပွဲအချိန်။ ။ ဂျပန်စံတော်ချိန် ညနေ (၃) နာရီ မှ ညနေ (၅) နာရီ အထိ
  • တရားပွဲနေရာ။ ။ Toshima-Ku, Kami-Ikebukuro 2-5-1, Kenko Plaza, 7th Floor (မီးခိုးခေါင်းတိုင်အနီး)

တရားပွဲအစီအစဉ်ကို အွန်လိုင်းမှ တိုက်ရိုက်ထုတ်လွှင့်ပေးသွားပါမည်။

တိုက်ရိုက်ထုတ်လွှင့်မည့်အချိန်(CHANNEL A)

ဂျပန်စံတော်ချိန် ညနေ ၃း၀၀ နာရီ မှ ညနေ ၅း၀၀ နာရီ

စင်္ကာပူစံတော်ချိန် ညနေ ၂း၀၀ နာရီ

မြန်မာစံတော်ချိန် နေ့လည် ၁၂း၃၀ နာရီ

ရုရှားစံတော်ချိန် နံနက် ၈း၀၀ နာရီ

နယူးယောက်စံတော်ချိန် နံနက် ၂း၀၀ နာရီ


ထုတ်လွှင့်မည့် အင်တာနက်လိပ်စာ - http://www.livedhamma.com

Read more...

Saturday, May 14, 2011

မှန်းဆကြည့်ရုံဖြင့် သိနိုင်ပါသည်။

http://kohtut27.blogspot.com မှ ကူးယူဖေါ်ပြပါသည်။


Tour Sleng ဆိုတာကတော့ ကမ္ဘောဒီးယား နိုင်ငံမှာ ကွန်မြူနစ်တွေ ကြီးစိုးတဲ့ကာလ (၁၉၇၅ - ၁၉၇၉) အထိ Secret Prison 21 (S-21) ဆိုပြီး နာမည်ကြီးခဲ့တဲ့ ထောင်တစ်လုံးပါ။ အရင်ကတော့ အထက်တန်းကျောင်းပါ အဲဒါကို Khmer Rouge (ခမာကွန်မြူနစ်) တွေက Toul Sleng ဆိုပြီး ထောင်အဖြစ်ပြောင်းလဲခဲ့တယ်။
Toul Sleng ဆိုတဲ့ အဓိပယ်က “အဆိပ်ပင်များနှင့်တောင်ကုန်း” ပါ။ ခမာနီတွေရဲ့ခေါင်းဆောင်ကတော့ ပိုပေါ့(Pol Pot)ပါ။

 ထောင်သားတွေနေရန် အခန်း

အပေါ်ကအခန်းလေးထဲမှာ ဒီလိုနေရတယ်

ခမာနီ တွေဟာ ပြည်တွင်းစစ်အနိုင်ရပြီး လေးလအကြာ (၁၉၇၅) သြဂုတ်လမှာ စစ်ကြောရေးဌာနနဲ့ ထောင်အဖြစ် ကိုပြောင်းလဲခဲ့တယ်။ စာသင်ခန်းတွေဟာ အကျဉ်းခန်းနဲ့နှိပ်စက်ခန်းတွေဖြစ်လာခဲ့တယ်။ အောက်ဆုံးထပ်က စာသင်ခန်းတွေကို အင်မတန်သေးငယ် ပြီး လူတယောက် ကွေးပြီးအိပ်ရရုံ အခန်းငယ်လေးတွေ ဖြစ်အောင်ပြုပြင်ပြီး ပြုတင်းပေါက်တွေကို အဆူးတွေပါတဲ့ သံချောင်းတွေ၊သံစူးကြိုးတွေ နဲ့ကာထားခဲ့ပါတယ်။ ထွက်ပြေးလို့မရအောင် ပေါ့ဗျာ။

၁၉၇၅-၁၉၇၉ အတွင်း လူပေါင်းနှစ်သောင်းနီးပါးလောက် ထောင်ကျပြီး တခါဖမ်းရင် လူ ၁၀၀၀ ကနေ၁၅၀၀ အထိ ဖမ်းပါတယ်။ ပြီးတာနဲ့ အဖမ်းခံရသူတွေဟာ သူတိုရဲ့ ဆွေမျိုးသားချင်းတွေ၊ မိတ်ဆွေ သူငယ်ချင်းတွေ ဟာ ဘယ်သူတွေလဲ ဆိုတာကိုပြောပြရတယ်။ ပြီးတာနဲ့ ဖမ်းမယ်၊ စစ်မယ်၊ သူတို့ကို လိမ်တာနဲ့ သတ်ပစ်မယ်။ အစောပိုင်းကာလတွေ မှာအသတ်ခံခဲ့ရတဲ့ လူတွေကတော့ ပိုပေါ့ ရဲ့ ဆန့်ကျင်ဘက်ပါတီက မိသားစုတွေပါပဲ ပြီးတော့ အတတ်ပညာရှင်တွေအားလုံးနီးပါး အသတ်ခံခဲ့ရတယ်။

 အဖမ်းခံခဲ့ ရသူတွေရဲ့ ဓာတ်ပုံများ

ထောင်သားတွေ အတွက်ကတော့ တကယ်ကို အရှင်လတ်လတ် ငရဲရောက် ခဲ့ရတာပါပဲ။ အပေါ်ကအခန်းလေး ထဲမှာ စောင်မပါ၊ ခြင်ထောင်မပါ၊ အိပ်ရာခင်း မပါဘဲ အိပ်ကြရတယ်။ တနေ့ကို ဆန်ပြုတ် လေးဇွန်းနဲ့ ရေသာသာ ဟင်းချိုတစ်ခွက် ပါမယ်။ ခွင့်ပြုချက်မရဘဲရေမသောက်ရဘူး သောက်ရင် သေလုနီးပါး အရိုက်ခံရမယ်။ မနက်တိုင်း အစစ်ခံရမယ်။ အစောင့်တွေဟာ အခန်းတွေကို သေချာ စစ်ဆေး ကျတယ်။ အကျဉ်းသားတွေရဲ့ ကိုယ့်ကိုကိုယ် သတ်သေနှုန်းကမြင့်မားလာတဲ့အတွက် သတ်သေလို့ မရအောင် တင်းကျပ်လာကြတယ်။ စကားပြော ခွင့်မရှိဘူး။ ဘာပဲလုပ်လုပ် အစောင့်ရဲ့ ခွင့်ပြုချက် ယူရမယ်။ အာဟာရပြတ်မှု၊ သန့်ရှင်းရေးမရှိမှု ၊အနှိပ်စက်ခံရမှု တို့ကြောင့် လူတွေဟာ အလွယ်တကူ သေဆုံးကုန်ကျ တယ်။

လူပေါင်း နှစ်သောင်းနီးပါး အဖမ်းခံခဲ့ရပြီး နောက်ဆုံးမှာ ၇ ယောက်ပဲ အသက်ရှင် ကျန်ရစ်ပါတယ်။

စစ်ကြောနည်း၊အပြစ်ပေးနည်း ကတော့ အစုံပါပဲ။ အောက်က ဓာတ်ပုံတွေသာ ကြည့်ကြပါဗျာ။

ရေနှစ်သတ်ခြင်း



လူသတ်လက်နက်မျိုးစုံ


အပေါ်ကပန်းချီ အောက်ပုံက တကယ့်နေရာ


ကလေးတွေကို  ခြေထောက်ကနေ ကိုင်ပြီးရိုက်သတ်တဲ့သစ်ပင်





(၁၉၇၉) ခုနှစ် ခမာနီတွေကျရှုံးပြီး (၁၉၈၀) မှာ ပြတိုက်အဖြစ် သို့ပြောင်းလဲခဲ့ပါတယ်၊ ခမာနီ ကာလ  (၁၉၇၅- ၁၉၇၉)  အတွင်းမှာ လူပေါင်း ၂-သန်းကျော်သေဆုံးခဲ့ပါတယ်။ ကျနော်တော့ အဲဒီကပြန်လာတဲ့ ညကမအိပ်နိုင်ဘူးဗျာ... လူပေါင်းနှစ်သောင်းနီးပါး အသတ်ခံထားရတဲ့နေရာကို .နေ့လည်ဘက် သွားခဲ့ရသော်လည်း ကျောထဲမှာစိမ့်နေတာပဲ ပြန်ရောက်တဲ့ အချိန်ထိလည်း ရင်တွေတုန်နေတုန်းပဲဗျာ...

ဓာတ်ပုံတွေကို Google ကယူသုံးထားပါတယ် (ကျနော်ရိုက်ခဲ့တဲ့ ဓာတ်ပုံတွေက ကျနော်အဖေဆီ ပါသွားလို့ မတင်နိုင်ပါခင်ဗျာ) ပိုသိချင်ရင်တော့ google မှာရှာဖွေနိုင်ပါတယ်။ Tuol Sleng လို့ ရေးပြီးတော့ ရှာဖွေနိုင်ပါတယ်။

လေးစားစွာဖြင့်
၀၄.၀၃.၁၁


ဒီပိုစ့်လေးကို ရှာဖွေဖတ်ရှုရပြီး ကျွန်ုပ်တို့ မြန်မာနိုင်ငံထဲမှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများကို မြင်ယောင်ကြည့်ကြပါ၊ မှန်းဆကြည့်ပါ။
လူသားချင်းစာနာပေးကြပါလို့ အလေးအနက်ထား တိုက်တွန်းလိုက်ပါရစေ။

Read more...

Wednesday, May 11, 2011

“လက်တကမ်းဝယ်”

အပိုင်း(၁)
တစ်နေဝင်လို့ တစ်မိုးချုပ် ဒီအလုပ်ကိုပဲ တကုပ်ကုပ်။
အဟား ရီရတယ် အော် မြန်မာနိုင်ငံမှ ထွက်လာတာ တစ်နှစ်ကနေ နှစ်နှစ်ထဲကို ရောက်လာပေါ့။ လူက ပင်ပန်း၊ အစားကလည်း စားသလောက်မဝနိုင်။ သူများတွေလိုလည်း လှလှပပကလည်း မဖြစ်၊ ရည်းစား လည်း မရှိနဲ့။
စိတ်ထဲကပြောနေတာပါ။ သြော် အပြင်မှာတော့ ဘယ်ပြောရဲပါ့မလဲလေ၊ မြန်မာစကားသံကြားရင် ရဲဖမ်းမှာ စိုး ရသေး။ ထိုင်းသူဋ္ဌေးတွေက ဘတ်ဆိုတဲ့ သူတို့နိုင်ငံ မှာ နေထိုင်ခွင့်ကို လုပ်ပေးမယ်ပြောပြီး အခုထိလည်း မလုပ်ပေးသေး။ အော် ဘဝများ ဘယ်လို ခရီးဆက်ရမလဲ မသိတော့ပါဘူး၊ မတွေးတာပဲကောင်းပါတယ်၊ နောင်ခါလာ နောင်ခါ ဈေးပေါ့။ တတ်နိုင်ပါဘူးလေ။ အိမ်က အကြွေးတွေ ကြေဖို့၊ အဖေဆေးဖိုးတွေအတွက် အားမာန်တင်း ကာ လုပ်လိုက်အုံးမယ်။ နားချိန်လေးမှာ ဖုန်းလေးတစ်လုံးရှိနေလို့ တော်သေးရဲ့။
“ဟလို.....သန်းသန်းလား၊ ငါ အလုပ်ပြီးပြီ၊ စကားပြောရအောင် ငါ ဖရီးကော(free call)၊ လုပ်ထားတယ်၊ ဟင်း .....မအားဘူးလား၊ ဒါဆို ငါက ဘယ်သူနဲ့ ပြောရမှာလဲ၊ ပျင်းတယ်ဟာ ငါ့ကိုစကားပြောဖို့ တစ်ယောက်၊ ယောက်နဲ့ချိတ်ပေးလေ။ အေးရပါတယ်၊ ဘယ်သူနဲ့ ဖြစ်ဖြစ် ဖုန်းပြောနေရင်ပြီးရော ဟာ။ အေး ငါ နံပါတ်မှတ် မယ်နော်။ ကျေးဇူးပဲ ဆက်လိုက်အုံးမယ်”။

“ဟလို....ကိုဒီးလား၊ သမီးက မီးမီးလို့ခေါ်ပါတယ်၊ သန်းသန်းရဲ့ အသိလား အစ်ကိုက။ ဟုတ်ကဲ့၊ သန်းသန်းနဲ့ က ရင်းနှီးတယ် တောင်ကျော်တွေခြင်း(နယ်စပ်မှ ထိုင်းနိုင်ငံသို့ ဝင်ရောက်လာသူ)အတူတူပါပဲ။ အစ်ကိုက ရော၊ အော် အပေါ်လမ်း(passport)ကဆိုတော့ ဆရာတွေပေါ့နော်။ ဟုတ် ကိုဒီး၊ ကိုဒီးလို့ပဲ ခေါ်မယ်နော်။ ရည်းစားလား မရသေးဘူးကိုဒီး၊ ရောက်ကာစတုန်းက တစ်ယောက်နဲ့ ကွဲခဲ့တယ်၊ အခုတစ် ယောက်နဲ့က သူမိန်းမယူသွားလို့ ပြတ်သွားတယ် ကိုဒီး။ ဟုတ်...တစ်ယောက်တည်းနေပါတယ်။ ဆိုင်မှာက သူဋ္ဌေးက အခန်းပေးပါတယ်။ သမီးတို့ အလုပ်သမားတွေ စုနေကြတာပေါ့။ ဟုတ် ဆိုင်သိမ်းပြီ။ ပျင်းတာနဲ့ ဖုန်းဖရီး ကော ယူထားလို့ ဆက်နေတာပါ။ ကိုဒီးရော စကားပြောလို့ရသလား၊ အော် ဟုတ်၊ လူပျိုကြီးလား။ အော် ဟုတ်၊ ကိုဒီး ရည်းစားဘယ်နှစ်ယောက်ရှိလဲ။ မရှိဘူးလား...အော်။ မယုံဘူးနော် ဟင်း ...ဟင်း။ မရှိဘူး ဆိုတော့ အသက်က ဘယ်လောက်ရှိပြီလဲ။ အော် မီးမီးထက် သုံးနှစ်ပဲ ကြီးတာပေါ့။ အခုကိုဒီး ဘာလုပ်နေလဲဟင်၊ အော် ကိုဒီးကနောက်နေပြန်ပြီ.......ဖုန်းပြောနေမှန်းသိတာပေါ့လို့။ ကိုဒီးက ဘာအလုပ်လုပ်လဲဟင်။ အော် စက်ရုံလား။ ဒါဆို လစာကောင်းမှာပေါ့။ မီးမီးတို့ကတော့ ဘတ်ခြောက်ထောင်ပေးတယ်။ သူဋ္ဌေးကလေ ပိတ်ရက်က နှစ်ရက်ပဲပေးတယ်။ အပြင်လား အဲဒီနှစ်ရက်ဆို သူငယ်ချင်းတွေဆီလည်တယ် မိုးချုပ်ရင်တော့ အဲဒီမှာပဲ အိပ်တာလည်း ရှိတယ်။ ပြန်တာလည်း ရှိပါတယ်။ မီးမီးတို့ဆိုင်လား အော် ပသူနမ်မှာလေ။ ဟုတ် လာလည်လို့ရတာပေါ့။ တွေ့ဖူးရအောင် လာလည်ပေါ့ကိုဒီး။ အဟီး မီးမီးက ရုပ်ဆိုးတယ်၊ မလှဘူး။ ဒါကြောင့် ယောက်ျားမရသေးတာပေါ့လို့။ ရှာပေးမယ်လား ကောင်းသားပဲ။ ကိုဒီးရော တစ်ယောက်တည်းလား။ အော် ဟုတ် တူနေပြန်ပြီနော်။ အဟီး။ မီးမီး ကြားဖူးတာရှိတယ်နော် အသဲကွဲရင် ပွဲညှပ်နဲ့ ဖာရသတဲ့နော်။ ကိုဒီးကို ထားသွားတာလား၊ အော် ဖြစ်ရမယ်တော့၊ ဘာလို့တဲ့လဲ အော အဲသလိုလား။ ယူသွားပါစေပေါ့ သူထက်သာပြီး ငယ်တာလေးကို ရွေးယူလေ။ မီးမီးရှာပေးရမလား။ သူငယ်ချင်းတွေ ရှိပါတယ်။ အကူအညီလိုရင်ပြောနော်။ အခုမှ ရောက်လာတဲ့ မနူးမနပ်လေးတွေလည်း ရှိတယ်၊ အတွေ့အကြုံရှိတဲ့သူတွေလည်း ရှိပါတယ်။ ကြိုက်တာပြော။ ဒါပေါ့ သိပြီးသား ဒီမှာက မြန်မာနိုင်ငံလိုမဟုတ်တော့ အူတူတူလေးတွေကို မကြိုက်ကြဘူးဆိုတာ သိပါတယ်။ အင်း ဒါပေါ့....ဒါပေါ့။ ဟုတ်တာပေါ့။ ကောင်းပါပြီ အသက်ဘယ်လောက်လဲပြောထား တွေ့ရင် ဖုန်းချိတ်ပေးအုံးမယ်။ ကိုဒီးအကြောင်းလည်း ပြောထားအုံးနော်။ ဒါမှ ဟိုဘက် ဒီဘက် ပြောလို့ရမှာ။ အမယ် မပြောရင် သန်းသန်းကို မေးမှာပေါ့။ အင်း အင်း...ဟုတ်ပြီ။ အမယ် မီးမီးလား ပြောပြီးပြီလေ။ သန်းသန်းမေးကြည့်ပေါ့။ မီးမီးတို့က ရိုးရိုးသားသားပါနော်။ အော် ရည်းစားများ ဘာခက်တာလိုက်လို့ ဖုန်းနဲ့ ပြောကြတာပေါ့။ တခါတလေ အပြင်မှာ တွေ့တယ် မုန့်ထွက်စားကြတယ်။ အဲလောက်ပါပဲ။ မီးမီးလား ရည်းစားထားတော့ ထားချင်ပါတယ်၊ ခဏခဏ ပြတ်နေတော့ ရည်းစားမထားတော့ပဲ တခါတည်း ယူလိုက်ရင်ကောင်းမလားလို့ အင်း ဒါပေါ့ ကိုဒီးရှာပေး။ အောင်မလေး ရခဲ့ရင် ကိုဒီးကို မိုကထပ်မှာတော့ အဝ လိုက်ကျွေးနိုင်ပါတယ်လေ။ အဟီးဟီး။ ရည်းစားလား လိုချင်တာပေါ့။ ဒီအတိုင်းတော့ တစ်နေ့ တစ်နေ့ပျင်းတယ်လေ။ စားလိုက် အိပ်လိုက် အလုပ်လုပ်ကို တနေကုန်လုပ်နေရတော့။ အလုပ်ကလည်း တစ်လလုံးမှ နှစ်ရက်ပိတ်တယ်။ ပိတ်တဲ့ရက်လေးမှာ လျှောက်သွားပစ်တာပေါ့။ ဒီတစ်ခါ ပိတ်ရင် ပြောမယ်လေ။ ကိုဒီးက အိပ်တော့မလို့လား။ ဟင့်အင်း မအိပ်သေးဘူး။ ကိုဒီးပြီးရင် နောက်သူငယ်ချင်းတစ်ယောက်ကို ပြောအုံးမှာ။ မဟုတ်ဘူး မိန်းကလေးပါ။ သူက အိမ်အလုပ်လုပ်တယ်။ ဟုတ်။ ကိုဒီး အားခဲ့ရင် ဆက်မယ်လေ။ ကိုဒီးမအားမှာစိုးလို့ သိလား။ အော် ၂၄နာရီလုံးလား၊ ကိုဒီးက နောက်နေပြန်ပါပြီ။ အခုလို ညဘက်ပြောတာပေါ့နော် မီးမီးက နေ့လည် အလုပ်လုပ်ရသေးတယ်။ ဟုတ်ကဲ့ပါ။ ခေါ်လိုက်မယ်။ ဘိုင့်ဘိုင်နော် ကိုဒီး”။
အင်း........အသိတစ်ယောက်တော့ တိုးပြီ အဟိ လူပျိုးလားမသိဘူး။ သန်းသန်း ဆီကို ဆက်ပြီး မေးအုံးမယ် ဟင်း။

မီးမီးသည် ထိုင်းအစားအစာအရောင်းဆိုင်တစ်ခုတွင် တစ်နှစ်ကျော်ခန့် အလုပ်လုပ်နေခဲ့တာဖြစ်သည်။ ထိုဆိုင်တွင် အလုပ်လုပ်ရန် ပွဲစားမှ တဆင့် အလုပ်ဝင်ခဲ့တာဖြစ်၏။ မီးမီးလိုပင် မိန်းကလေး ငယ်လေးပေါင်း များစွာတို့သည် အရေးပေါင်းမြောက်များစွာဖြင့် ဘဝကို လှုပ်ရှားရုန်းကန်နေကြရလေသည်။ သမုဒ္ဒရာ ဝမ်းတစ်ထွာ အတွက် လှုပ်ရှားရုန်းကန်နေရခြင်းပါတကား
ဒီလိုနဲ့ ဝင်ငွေက နည်းပါး၊ အလုပ်က ပင်ပန်း၊ မိမိတို့ရဲ့ဘဝမှာ အပန်းဖြေစရာက ဘောင်က ကျဉ်း၊ လေ့လာစရာများနဲ့က ဝေးလို့ တဖြည်းဖြည်း အနေအထိုင်အပြောအဆိုလေး တွေကလည်း ပြောင်းလဲ လာကြပါတယ်။ ဒီလို ပတ်ဝန်းကျင်ပြောင်းလဲလာတော့ အနေအထိုင် အပြုအမှုတွေလည်း ပြောင်းလဲ လာကြတာ ကြာလာတော့ အမှားတွေသည်ပင် အမှန်ဖြစ်လာပါတော့တယ်။ အမှားကိုလည်း မှားမှန်းမသိ မှားနေကြရင်းနဲ့...........။
 စက်ရုံသို့ အလုပ်ဆင်းရန် လာနေကြသော မြန်မာရွှေ့ပြောင်းအလုပ်သမားများ
အပိုင်း(၂)
ဟိုယခင်တစ်ချိန်တုန်းက မြန်မာနိုင်ငံ၏ညနေခင်းအချိန်လေးတွေမှာ စာအုပ်အငှားဆိုင် လေးတွေသွားကြ ငှားကြတာကို မြင်ယောင်မိနေသေးတော့တယ်။ ဒီ့အပြင် မြင်ယောင်မိလေတာတွေက ယောက်ျားလေး လူငယ်ပိုင်းအုပ်စုလေးတွေက လမ်းမီးတိုင်အောက်လေးတွေမှာ သီချင်းတွေကို ဂစ်တာလေးတွေနဲ့ တေးသွား ကီးတွေချိန်၊ ညှိတဲ့အသံလေးတွေ ကြားဖူးခဲ့တာတွေလည်းပါတယ်။ မိုးရွာသီဆို လမ်းထဲမယ် ဘောလုံးတွေ ကန်ကြနဲ့။ လမ်းထိပ်တွေမှာ ခြင်းဝိုင်းလေးတွေနဲ့။ အုပ်စုတူရာမှာ ဝါသနာအလျောက် တူညီတာလေးတွေ လုပ်ကြတယ်။ ဗီဒီယိုတွေ ခေတ်မစားခင်ကပေါ့။ မြန်မာနိုင်ငံအနှံ့အပြားမှာ ရှိတဲ့လူငယ်တွေ ဘယ်လိုအရာ တွေနဲ့ ကောင်းမွန်စွာ အပန်းဖြေခဲ့ကြသလဲပေါ့။ အပန်းဖြေမှန်းမသိ စိတ်တွေကို ဘာတွေနဲ့ စေစားလာ ခဲ့ကြတာပေါ့။ ဘာသာရေးဘက်က ပြောရရင် ညနေပိုင်းမှာ ရပ်ကွက်ဓမ္မာရုံတွေမှာ ဝတ်ရွတ်ဆိုကြတယ်။ ဘုရားမှာ နေ့စဉ်အလှည့်ကျနဲ့ သန့်ရှင်းရေးတွေလုပ်ကြ၊ ဆွမ်းတော်ကြီးတင်ဖို့ ပြင်ဆင်ကြနဲ့။ လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါး သန့်ရှင်း အေးချမ်းလိုက်ပါဘိတော့တယ်နော်။ ဒါလေးတွေက လူငယ် လူလတ်ပိုင်းတွေကို အပန်းဖြေစေတာမျိုး ဖြစ်သောလည်း ဝါသနာကောင်းလေးတွေနဲ့ အကျိုးရှိတယ်လို့ ပြောရမလားပဲ။ အချို့တွေ မကောင်းတာလေးတွေ လုပ်နေကြတာကိုတော့ ထည့်မပြောတော့ပါဘူး။ ပွဲလမ်းသဘင်ဆိုလို့ ဇာတ်သဘင်တွေ ခေတ်စားစဉ် အချိန်တွေပေါ့။ မြင်ယောင်ကြည့်စမ်းပါ။ တစ်ချိန်တုန်းဆီက အတိတ်တွေသည် လှပခဲ့ နူးညံ့ခဲ့၊ အပြစ်ကင်းခဲ့ကြပါတယ်။
တိုင်းပြည်တစ်ခုမှာ နောင်တစ်ချိန် လူကြီး အရွယ်ရောက်လာကြမယ့် လူငယ်တွေရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ တွေသည် အလွန်အရေးပါတယ် မဟုတ်လား။ ဒါတွေကို ပြည့်ဝနေတဲ့ လူအနည်းစုက ပစ်ပယ်မထားထိုက် ပေဘူးနော်။ ယခုအချိန်မှာတော့ နည်းပညာတွေလည်း တိုးတက်လာကြတဲ့အခါ စာအုပ်ငှားဆိုင်သွားမယ့် အချိန်မှာ အင်တာနက်ဆိုင်သွားတတ်လာကြပြီ။ ဂစ်တာတွေတီး သီချင်းတွေ ဆိုကြမယ့်အစား အွန်လိုင်းမှာ သီချင်းတွေ နားဆင် ဒေါင်းလုပ်နိုင်ကြပြီလေ။ ကလေးငယ်လေးတွေ ဆိုရင်လည်း ဂိမ်းဆိုင်မှာ အချိန်ကုန် နေကြပြီ။ ပြေးလွှားဆော့ကစားတဲ့ ကိုယ်ကာယအားတွေ တိုးတက်ဖို့ကို မိဘတွေ စဉ်းစားမိကြရဲ့လား။ ဒီခေတ်ကြီးထဲ လူဖြစ်လာတဲ့ သူတွေက ဘယ်နေရာမှ သွားစရာမလို ပင်ပန်းစရာမလိုအောင်လည်း ကွန်ပျူ တာရှေ့မှာ ထိုင်ပြီး လုပ်နိုင်တဲ့ခေတ်ကိုလည်း ပြောင်းလဲလာကြပြီ။ ဒါပေမယ့် အားလုံးလုပ်နိုင်သလားဆို တော့ မဟုတ်သေးဘူးနော်။ မလုပ်နိုင်တဲ့သူတွေများ ဘာတွေလုပ်နေကြလဲ စဉ်းစားကြည့်ကြပါ၊ လက်တစ် ကမ်းမှာ လေ့လာကြည့်ကြပါ။ လူငယ်ပိုင်းတွေ ဘာတွေနဲ့ အချိန်တွေ ကုန်နေကြသလဲ။ အားလပ်ချိန်ကို ဘယ်လိုအသုံးချနေကြလဲ။ အားလပ်ချိန်မှာ ဘယ်လို အသုံးချမလဲဆိုတာကိုပါ လေ့လာကြပါ။ ဘယ်နိုင်ငံကိုပဲ ရောက်နေ ရောက်နေ လူငယ်တွေ အလုပ်အားရင် အနားယူကြတယ်၊ အနားယူပြီးရင်ရော လျှောက်လည် ကြမယ်။ အလည်လွန်သွားတာလေးတွေလည်း ဒီနေရာမှာ ရှိနေတယ်။ နိုင်ငံရပ်ခြား တိုင်းတစ်ပါးကို လာရောက်အလုပ်လုပ်ကိုင်နေသူတိုင်း မြန်မာနိုင်ငံလို စပ်စုတဲ့သူမများဘူး၊ နိုင်ငံရပ်ခြားမှာ ဘယ်သူသိ တာမှတ်လို့၊ သူတို့တွေ ဒီလိုနေကြလို့ ကိုယ်လည်း လိုက်နေဖြစ်တာမျိုးတွေ အစရှိသဖြင့်ပေါ့လေ မထူး ဇာတ်ခင်းတာလေးတွေလည်း ရှိနေကြတယ်။ ကိုယ့်လူမျိုးအချင်းချင်း အတွင်းလှိုက်စားတာလေးတွေလည်း ရှိပါတယ်။ အပြင်နဲ့ အဆင်ပြေတာလေးတွေလည်း ရှိကြပါတယ်။ သို့ပါသောလည်း ပြောချင်တာကတော့ ကိုယ့်ကျင့်တရားပါ။ ဘယ်သူမှ သိတာမဟုတ်ဘူး ဆိုတဲ့ အတွေး တွေနဲ့ ခပ်ရဲရဲပင်။
ဖုန်းပြောတော့လည်း စကားတွေနဲ့ လွန်လွန်ကျူးကျူး။ အပြင်တွေမှာလည်း ဘယ်သူမှာ သိပါဘူးလေ ဆိုတဲ့စိတ်က အားဆေးတစ်ခုလို။ ကိုယ့်စိတ်က သိနေတာလောက် မကောင်းမှုကို လွန်ကျူးရတာ ရှက်စရာအကောင်းဆုံးပင်။ ဘယ်သူမှတော့ မသိဘူး၊ ရောဂါအဖြစ်တော့ လက်ဆောင်အနေနဲ့ ရတတ် ပါတယ်။ ဘယ်သူမှ မသိတဲ့ ကိုယ်ရဲ့ ကိုယ်ကျင့်တရားတစ်ခု ဖောက်ပြားသွားတာက ဆုံးရှူံးခြင်း တစ်ခု။
ဒီတော့ မေးစရာရှိလာတာက အဲသလိုတွေ မဖြစ်အောင် ဘာနည်းလမ်းကောင်းတွေ ရှိသလဲပေါ့။ နိုင်ငံရပ်ခြား ကို ရောက်လာတဲ့ သူတို့တွေအတွက် ဘောလုံးစုကန်လို့ ရတဲ့နေရာမျိုးတွေရှိတယ်။ မြန်မာဘုန်းကြီးကျောင်း ရှိတဲ့နေရာတွေ သွားပြီး သန့်ရှင်းရေးလုပ်ကြမယ် (ပျော်ပျော်ပါးပါး အုပ်စုဖွဲ့ လုပ်နိုင်တာလေးတွေ)၊ သင်္ကန်း တွေ လျှော်ပေးကြလို့ပေါ့။ အင်္ဂလိပ်စာလေ့လာခြင်းနဲ့ ကိုယ်ရောက်ရှိနေတဲ့နိုင်ငံနဲ့ ပတ်သက်တာတွေ လေ့လာနိုင်တာပေါ့။ ကိုယ့်အနီးလက်တစ်ကမ်းမှာ ဘာတွေ လေ့လာလို့ရနိုင်မလဲ။ ကိုယ်ရောက်နေတာ စက်ရုံလား၊ စက်ရုံမှာ ကုန်ပစ္စည်းတွေ ဘယ်လိုထုတ်တယ်။ ဘယ်လို စီမံကြတယ်၊ အလုပ်တွေ လုပ်ရင်း သင်ကြားနိုင်တာတွေ အများကြီးရှိနေတာကို မြင်တတ်ဖို့လိုပါတယ်။ ထမင်းဆိုင်မှာ လုပ်တဲ့သူကလည်း ဟင်းချက်နည်းလေးတွေလေ့လာနိုင်မယ်။ တစ်ချိန်လုံး သူများနိုင်ငံမှာ နေကြမှာမှ မဟုတ်ကြတာ။ ကိုယ့်အိမ်ကို ပြန်တဲ့လမ်းမှာ သင်ခန်းစာတွေ အတွေ့အကြုံတွေနဲ့ ပညာရပ်တွေကိုပါ တစ်ပါးတည်း ယူဆောင်သွားနိုင်ကြပါတယ်။ ယူဆောင်တတ်ဖို့ကို ကိုယ်တိုင်စိတ်ပါဝင်စားရမယ်၊ ကြိုးစားရမယ်၊ မြင်တတ်ရမယ်၊ မမြင်တတ်ရင် မြင်တတ်သူတွေကို ချဉ်းကပ်လို့ မေးကြပါ။ မေးတတ်ခြင်းက အရည်အသွေးပါ။ သိသလိုနဲ့ မသိတာက ကျကျမ်းနော်။ ကိုယ်လုပ်နေရတဲ့နေရာမှာလည်း ကိုယ်မလုပ်ချင်တဲ့အလုပ်ကို လုပ်နေရတဲ့သူက ရာခိုင်နှုန်းတော်တော်များပါတယ်။ ဒါပေမယ့် ရောက်နေတဲ့ နေရာမှာ အကျိုးရှိအောင် နေသွားဖို့ကို အလွန်အရေးကြီးပါတယ်။ ယူတတ်ရင် ပညာတွေက နေရာတိုင်းမှ ရပါတယ်။ လူတိုင်းလည်း အဆင်မပြေမှုတွေနဲ့ တွေ့ရတယ်၊ ကိုယ်တစ်ယောက်တည်းမဟုတ်ဘူး အများနဲ့ပါ။ ဘာလို့ စိတ်ဓာတ်တွေ ထက်ကျနေမလဲ။ နှစ်ခါမရှုံးအောင် နေထိုင်ကြဖို့လိုပါတယ်။ တချို့ကလည်း ပြန်ချင်တဲ့ဇောနဲ့ ထီထိုးကြပါတယ်။ ထီကနေ ချဲဘက်ကိုလည်း လှည့်ကြတာတွေလည်း ရှိပြန်တယ်။ အဲဒါလေးတွေကို ပိုက်ဆံစုထားမယ်ဆိုရင်တောင် တစ်နှစ်ဆို အများကြီးရကြမှာပါ။ အဲဒီတော့ ကိုယ်ရှင်သန်နေတဲ့ အချိန်တိုင်းမှာ ကိုယ်က အဓိပ္ပါယ်ရှိစွာနဲ့ ရှင်သန်ဖို့လိုပါတယ်။
လမ်းညွှန်ပေးနိုင်တဲ့သူများဘက်ကလည်း တတ်နိုင်သလောက် ပစ်မထားကြပါနဲ့။ လူသားချင်း ကိုယ့်နိုင်ငံ သားချင်း စာနာစိတ်လေးတွေထားပေးကြပါ။ နိုင်ငံရပ်ခြား တိုင်းတစ်ပါးမှာ ဂုဏ်တွေ ပြိုင်နေကြမယ့် အစား၊ တစ်ဦးတစ်ယောက်ကိုပဲ ကူညီနိုင်သည်ဖြစ်စေ၊ မိမိရဲ့လက်တစ်ကမ်းရှိနေကြသော ကိုယ့်ဝန်းကျင်လေးကို မေတ္တာထားလို့ ကူညီပေးကြပါ၊ စာနာပေးကြပါလို့ ဒီဆောင်းပါးလေးက တဆင့် မေတ္တာရပ်ခံလိုက်ရပါတယ် ရှင်။
ကူညီပေးနေဆဲ၊ စောင့်ရှောက်နေဆဲရှိကြသော သူအပေါင်းတို့သည်လည်း မိမိတို့၏ တန်ဖိုးရှိလှသော စေတနာများ၊ မေတ္တာများနဲ့ ဆောင်ရွက်မှုတွေမှာ အခက်အခဲတွေ မရှိကြပါစေနဲ့၊ ရည်ရွယ်ချက်တွေလည်း အောင်မြင်ကြပါစေ။ ထိရောက်စွာ ဆောင်ရွက်အောင်မြင်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။ ဆောင်ရွက်နေကြတဲ့ အဖွဲ့များလည်း တစ်ဖွဲ့နှင့် တစ်ဖွဲ့ ညီညွတ်နိုင်ကြပါစေ၊ လိုအပ်တဲ့ဘက်က ဖြည့်နိုင်ကြစေ၊ ကိုယ်တကယ်တတ်ကျွမ်းတဲ့အပိုင်းများက ပံ့ပိုးနိုင်ကြပါစေ၊ အများအကျိုးအတွက်ဟု စိတ်ဝယ်ခံယူလို့ တိုးတက်အောင်မြင်အောင် ဆောင်ရွက်နိုင်ကြပါစေလို့ ဆန္ဒပြုရင်း။

လေးစားစွာဖြင့်
ခါဝဿန်(US)
(၂၁-ဇန်နဝါရီလ-၂၀၁၀) ၁၂း၁၂ ညပိုင်းတွင် ရေးသားမှုပြီးစီးပါသည်။

ဆောင်းပါးကို ဖတ်ခွင့်ရသော စာဖတ်သူများသည်လည်း မိမိလက်တစ်ကမ်းတွင်ရှိသော အခွင့်အရေးများကို တွေ့လျှင်လည်း မြင်တတ်ကြပါစေ၊ သင်ခန်းစာတွေလည်း ရကြပါစေ၊ ကောင်းမွန်သော ပြောင်းလဲမှုများဖြင့် လောကအလယ် တင့်တယ်နိုင်ကြပါစေလို့။ အိမ်အပြန်လမ်းမှာ ပီတိတွေ လျှမ်းနိုင်ကြဖို့ အားစိုက်ထုတ်လို့ ကြိုးစားကြပါစို့။


ဘဝရဲ့စာမျက်နှာများ မှ ထပ်ဆင့်ကူးယူဖေါ်ပြပါသည်။

Read more...

Monday, May 9, 2011

ထိုင်းနိုင်ငံရောက် ဗမာလေးတစ်ယောက်

အပိုင်း(၁)
ဒီစာရေးစဉ်မှာ စိုင်းထီးဆိုင်ရဲ့ မန္တလေးရောက် ရှမ်းတစ်ယောက် သီချင်းကို သတိယမိပြီး ဒီအကြောင်း အရာကိုလဲ ထိုင်းနိုင်ငံရောက် ဗမာလေး တစ်ယောက် ဆိုပြီး ခေါင်းစဉ် တပ်ဖြစ်သွားပါတယ်။ စိုင်းထီးဆိုင်ရဲ့ သီချင်းထဲမှာ ပါသလိုပါဘဲ၊ ထိုင်းနိုင်ငံရောက် ဗမာလေး တစ်ယောက်ရဲ့ အဖြစ်အပျက်ကတော့ သိပ်မလွယ်လှ ပါဖူး။ သို့သော်…

ပထမဆုံး ပြည်ပခရီး
မိမိဟာ ၁၉၈၅ ခုနှစ်မှာ ပထမဆုံး နိုင်ငံရပ်ခြား ခရီးလည်းဖြစ်၊ တစ်ဦးတည်း သွားရတဲ့ ခရီးလည်း အဖြစ်နဲ့ ထိုင်းနိုင်ငံကို ရောက်ရှိခဲ့ပါတယ်။ မိခင်ရဲ့ မိတ်ဆွေက လေဆိပ်မှာ လာကြိုပြီး သူ့အိမ်မှာ ခဏတာ တည်းခိုခွင့် ပြုတာမို့ ရောက်ခါစမှာ အစဉ်ပြေ ခဲ့ပါတယ်။ ထို မိတ်ဆွေက မိမိကို ကိုယ်တိုင် ရပ်တည် နေထိုင်ဖို့ စီစဉ်စေလို့ နောက် ရက်သတ္တ တပတ် အကြာမှာဘဲ ကိုယ်တိုင် အိမ်ဌားပြီး ပြောင်းရွှေ့ နေထိုင် ခဲ့ရပါတယ်။ ဒီ့နောက်တော့ မိမိ အနေနဲ့ ထိုင်းနိုင်ငံမှာ ပညာသင်ဖို့၊ ကျောင်းတက်ခွင့် ဗီဇာရဖို့၊ နေထိုင် စားသောက်ဖို့၊ စသည်တို့ကို ကိုယ်တိုင် စတင် ကြိုးစား လုပ်ကိုင် ရပါတော့တယ်။

ထိုင်းလူမျိုးများနှင့် သိကျွမ်းခြင်း
ထိုင်းလူမျိုးများဟာ လူတွေ့တွေ့ချင်း နာမည်ကို အရင်မမေးဘဲ၊ ဘယ်ကလာ သလဲဆိုတာကို အရင် မေးတတ်ကြတာ သတိထားမိပါတယ်။ အဲဒီမှာ မိမိက “I come from Burma” လို့ ပြောရင် သူတို့က သူတို့ ထိုင်းလို အခေါ်အဝေါ် အရ “ဖားမား” ဆိုပြီး ပြစ်ပြစ် နှစ်နှစ် ပြောကာ၊ မြန်မာပြည် အကြောင်းကို မေးပါတော့တယ်။ အဲဒီအချိန်က မြန်မာ လူမျိုးတွေဟာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ သိပ်ရှိပုံ မပေါ်ပါဖူး။ မြန်မာပြည်က လာတယ် ဆိုတာ သိရင်ဘဲ၊ ပထမ အရမ်းအံ့အား သင့်သွားကြပုံ ပေါ်ပါတယ်။ နောက်တော့ ထိုင်း (ဘန်ကောက်) ကို ဘာလာလုပ်သလဲ၊ ဘယ်မှာ နေသလဲ၊ ဘယ်လို နေသလဲ စသည်ဖြင့် စပ်စုကြတော့ တာပါဘဲ။ ဘာဘဲဖြစ်ဖြစ် သူတို့ဟာ သိပ်ကူညီ တတ်ကြပြီး၊ ဒီလိုနဲ့ သွားရင်း လာရင်း သိကျွမ်းသွားတဲ့ ထိုင်းလူမျိုး မိတ်ဆွေများရဲ့ အကူအညီနဲ့ ဘန်ကောက်မြို့ရှိ အမေရိကားက လာဖွင့်ထားတဲ့ ကောလိပ် တစ်ခုမှာ ဝင်ခွင့်ရပြီး ကျောင်းတက် ဖြစ်ခဲ့ပါတယ်။

ထိုင်းရဲ့ သမိုင်းကြောင်းထဲက ဗမာများ
ကျောင်းတက်တဲ့ အခါမှာ ထိုင်းနိုင်ငံ သမိုင်းဟာ မသင် မနေရ ဘာသာ တစ်ခု အဖြစ် သင်ယူကြရပါတယ်။ အဲဒီမှာ သူတို့ရဲ့ သမိုင်း စာအုပ် ထက်ဝက် ကျော်ကျော်က ရှေးဗမာမင်းများရဲ့ ယုတ်ညံ့ပုံ၊ ရိုင်းစိုင်းပုံ၊ အစ ရှိသည်ဖြင့် ထိုင်းသမိုင်းမှာ မြန်မာကို အတော်ပင် ဆိုးဆိုးဝါးဝါး ဖော်ပြထားတာ တွေ့ရပါတယ်။ ဒါကို မိမိ အနေနဲ့ အပြစ်တစ်ခု လို့တော့ မမြင်ပါဖူး။ မိမိတို့ မြန်မာ နိုင်ငံမှာလည်း ကိုယ်က ခံလိုက် ရတာတွေ ရှိတဲ့ အခါမှာ အကောင်း ရေးတာမှ မရှိတာ။ အင်္ဂလိပ်၊ ဂျပန် များရဲ့ လုပ်ရပ်များကို ဘယ် မြန်မာ့ သမိုင်းကများ ချီးကျူးပါလိမ့်မလဲ။

ကျောင်းသား ဘဝ ထိုင်းနိုင်ငံမှာ
ဒီလိုနဲ့ မိမိရဲ့ ကျောင်းသား ဘဝကို ထိုင်းနိုင်ငံမှာ ၃နှစ်ကြာ ကုန်ဆုံး ရခဲ့ပါတယ်။ ဒီလို ကုန်ဆုံးခဲ့ရတဲ့ အချိန်များမှာ ထိုင်းလူမျိုးတွေရဲ့ ဖော်ရွှေမှု၊ နွေးနွေး ထွေးထွေး ကူညီ ရိုင်းပင်းမှုများ ရခဲ့ပါတယ်။ သူငယ်ချင်း ယောက်ျားလေး များနဲ့ ဆက်ဆံတဲ့ အခါမှာ၊ အိမ်က ငွေပို့တာ နောက်ကျလို့ ငွေပြတ်တဲ့ အခါ သူတို့ အိမ်မှာ ခေါ်ပြီး ထမင်းကျွေး၊ ရုပ်ရှင် လိုက်ပို့၊ ဒစ်စကို ခေါ်သွားနဲ့ ယုတ်စွဆုံး ဒစ်စကိုမှာ တစ်ယောက်တည်း ထိုင်နေရတာ တွေ့ရင်တောင် သူတို့ ရည်းစား ကောင်မလေးနဲ့ တွဲကခိုင်းတဲ့ အထိကို အလွန် ဖော်ရွှေ ကြပါတယ်။ မိန်းကလေး သူငယ်ချင်းများ ဆိုရင်လဲ ကိုယ့်မှာ ပိုက်ဆံ မရှိတဲ့ အခါ သူတို့ စုဆောင်းထားတဲ့ ငွေကို ဘဏ်ကနေ ထုတ်ပြီး သုံးစေတာမျိုး၊ အိပ်ယာထ နောက်ကျရင် အိမ်အထိ လာနိုးပြီး သူတို့ ကားနဲ့ ကျောင်းကို ခေါ်သွားတာမျိုး၊ ကျောင်းပိတ်ရက် သူတို့ မိသားစုများနဲ့ ခရီးထွက်တဲ့ အခါမျိုးမှာလဲ မိမိကို တကူးတက လိုက်ပါစေတာမျိုး၊ စသည်ဖြင့် နွေးနွေးထွေးထွေးနဲ့ ခင်မင်မှု ပေးကြပါတယ်။ ကျောင်း ပြင်ပက အခြား မိတ်ဆွေများနဲ့ တွေ့ရ သိကျွမ်းရတဲ့ အခါမျိုးတွေမှာလည်း သူတို့ ငွေကုန်ခံ၊ အလုပ် အပျက်ခံပြီး မိမိ လိုအပ်တဲ့ အကူအညီတွေ လိုက်ပေးတာမျိုးမှာ နေရေး ထိုင်ရေး စားရေး သောက်ရေး များက အစ၊ ဗီဇာသက်တမ်း တိုးဖို့ ကိစ္စများ အဆုံး၊ အစစ အရာရာကို ဂရုစိုက်တာမျိုး ရှိခဲ့ကြပါတယ်။ ဒါကြောင့်မို့လဲ မိမိ ကျောင်းသားဘဝ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ အလွန်ကို ပျော်စရာ ကောင်းခဲ့ပါတော့တယ်။

၁၀ နှစ်ကြာသောအခါ
ကျောင်းပြီးသွားပြီး နောက်ပိုင်းမှာ မိမိ အနေနဲ့ ထိုင်း နိုင်ငံဖက်သို့ ခြေဦး မလှည့် ဖြစ်တော့ပါ။ အလုပ် စလုပ်လာတဲ့ အခါ စင်္ကာပူနဲ့ဘဲ စတင် ဆက်သွယ်မိဖြစ်ပြီး၊ စင်္ကာပူကနေ ရန်ကုန်မြို့ကို လေကြောင်း တိုက်ရိုက် ရှိတာက တစ်ကြောင်း၊ အခြား ထိုင်းနိုင်ငံ ဖက်မှာ ဘာမှ အလုပ်အကိုင်မှ ဆက်စပ်မှု မရှိတာ တစ်ကြောင်း တို့ကြောင့် ထိုင်းနိုင်ငံနဲ့ အဆက်ပြတ် နေခဲ့ပြီး၊ နောက် ၁၀ နှစ်အကြာ ၁၉၉၈ ခုနှစ်လောက် မှာတော့ ကျောင်းတုန်းက သူငယ်ချင်း များနဲ့ တွေ့ရအောင် ထိုင်းနိုင်ငံ ဖက်ကို အလည် တစ်ခေါက် ခဏ ပြန်ရောက်လာခဲ့ ပါတယ်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို လေယာဉ်က ဆင်းလိုက်တယ် ဆိုရင်ဘဲ၊ လူစဖြစ်တဲ့ အချိန်လို့ ပြောလို့ ရတဲ့ အသက် ၁၈နှစ်လောက်က စတင် ကျင်လည်ခဲ့တဲ့ နေရာကို ပြန်ရောက် လာရတဲ့ အတွက်၊ မိမိရဲ့ ဒုတိယ အိမ် တစ်ခုကို ပြန်ရောက် သွားခဲ့ သလို စိတ်မှာ အလွန်ကို ပေါ့ပါးပြီး သွက်လက် လန်းဆန်း ခဲ့ပါတယ်။

လေဆိပ်က အထွက် တက္ကစီပေါ်မှာ
သို့ဖြင့် လေဆိပ်မှ အထွက်မှာ တက္ကစီ ဌားပြီး တည်းခိုဖို့ စီစဉ်ထားတဲ့ ဟိုတယ်ကို သွားခဲ့ပါတယ်။ စစချင်း တက္ကစီ မောင်းတဲ့ လူက ထိုင်းလူမျိုးတို့ ထုံးစံ အတိုင်း နာမည် အရင် မမေးခင်မှာ ဘာလူမျိုးလဲ၊ ဘယ်က လာလဲ ဆိုတာကို စပ်စုပါတော့တယ်။ မိမိလည်း ထိုင်းလိုဘဲ ရီရီမောမောနဲ့ “ဖုမ်ဖာန် ခွန်ဖားမား” (ကျနော် မြန်မာ လူမျိုး ဖြစ်ပါတယ်) လို့လဲ ပြောလိုက်ရော တက္ကစီ မောင်းတဲ့ လူဟာ ဟန်မဆောင်နိုင်ဘဲကို မျက်နှာ အကြီးအကျယ် ပျက်သွားတာ တွေ့လိုက်ရပါတယ်။ ဒီ့နောက်မှာ မိမိက ထိုင်းလို ပြောလိုက်တဲ့ အတွက် သူက မိမိကို ထိုင်းလို နားလည်လား၊ စကား ပြောတတ်လား မေးပြီး မိမိ အနေနဲ့ ထိုင်းစကား နားလည် တယ်ကို သိတဲ့ အခါမှာ အဲဒီ တက္ကစီ သမားက မိမိကို ထိုင်းလို စကားတွေ တလမ်းလုံး မရပ်မနား ပြောပါတော့တယ်။ သူပြောတဲ့ စကားတွေက ခရီး ရောက်မဆိုက် မိမိကို ဒေါသ အတော်ဖြစ်စေပြီး၊ အဲဒီ တက္ကစီ သမားကို ကားပေါ်မှာဘဲ ဆွဲမထိုး မိအောင် စိတ်ကို အတော် ချုပ်တီး ထားခဲ့ရပါတယ်။ သူပြောတဲ့ အထဲမှာ ဗမာတွေဟာ အစုတ်ပလုပ်တွေ၊ သူတောင်းစားတွေ၊ သူခိုးတွေ ဆိုပြီး ရစရာ မရှိအောင် ထက်ပင် ပိုလို့ ဆိုးဆိုးရွားရွား တွေပြောတာတွေ ပါခဲ့ပါတယ်။

ငယ်သူငယ်ချင်းများနှင့် ပြန်တွေ့ခြင်း
ဟိုတယ်ရောက်တော့ ငယ်ငယ်တုန်းက သူငယ်ချင်းတွေဆီ ဖုန်းဆက်၊ သူတို့နဲ့ တွေ့ရအောင် ချိန်းဆိုပြီး အပြင်ထွက် စားသောက်ဖို့၊ နောက် ညဖက်မှာ လျှောက်လည် ပတ်ကြဖို့ ချိန်းဆို လိုက်ပါတယ်။ ငယ် သူငယ်ချင်း တွေနဲ့ ပြန်တွေ့တဲ့ အခါမှာတော့ အရင်က ရှေးဟောင်း နှောင်းဖြစ်တွေ ပြောကြ၊ နောက်ပိုင်း အလုပ်အကိုင် အတွေ့အကြုံတွေ ပြောကြနဲ့ မိမိကိုယ် မိမိ အသက် ပြန်ငယ်သွား သလို ခံစားရပြီး ပျော်ပျော် ရွှင်ရွင် မိမိတို့ အပေါင်း အသင်း တစ်သိုက် အတူတကွ ဘန်ကောက်မြို့ကို လျှောက်လည် ပတ်ကြပါတယ်။

ပြောင်းလဲသွားတဲ့ ထိုင်းနိုင်ငံနဲ့ ထိုင်းလူမျိုးများ
၁၀ နှစ်တာ ကာလ အတွင်းမှာ ဘန်ကောက်မြို့ဟာ အတော်ကြီးကို တိုးတက် ပြောင်းလည်း သွားပြီး၊ အချို့ နေရာတွေဆို မမှတ်မိ လောက်အောက် ဖြစ်ကုန်ကြတာ တွေ့ရပါတယ်။ သို့သော် မပြောင်းလဲတဲ့ တစ်ခု ကတော့ လူတွေ့တိုင်း ဘယ်ကလာလဲ၊ ဘာလူမျိုးလဲ မေးတဲ့ အကျင့် ပါဘဲ။ အဲဒီမှာ မိမိက အင်္ဂလိပ် လိုတစ်မျိုး၊ ထိုင်းလို တစ်ဖုံ မြန်မာပြည်က လာတယ်လို့ ဖြေတိုင်း ပထမ ပြုံးပြုံး ရွှင်ရွှင်နဲ့ မေးလာကြ သူတွေဟာ မျက်နှာပျက် သွားပြီး၊ အချို့ဆို သိသိသာသာ နှာခေါင်း ရှုံ့သွားပြ ကြပါတယ်။ မိမိလည်း ဘယ်လို ဖြစ်တာပါလိမ့် ဆိုပြီးသာ စိတ်ထဲမှာ မှတ်ထင် သော်လည်း သေသေ ချာချာတော့ ကောင်းကောင်း နားမလည် နိုင်ခဲ့ပါ။ ဒီလိုနဲ့ သူငယ်ချင်း တွေနဲ့ လမ်းသွားရင်း စားသောက်ဆိုင် တစ်နေရာ ရောက်တော့ အတူပါလာတဲ့ သူငယ်ချင်း တစ်ယောက်က မိမိကို – “ဘာလူမျိုးလဲ၊ ဘယ်ကလာလဲလို့ နောက် မေးရင် မြန်မာလို့ မဖြေနဲ့ သူငယ်ချင်း၊ ထိုင်းလို့ဘဲ ဖြေ၊ ငယ်ငယ် ကတည်းက နိုင်ငံခြား ရောက်နေလို့ ထိုင်းစကား သိပ်မကျွမ်းတာလို့ ပြောရင် မင်းကို ဘယ်သူမှ မယုံမှာ မဟုတ်ဖူး” လို့ ပြောလာပါတယ်။
အဲဒီမှာ မိမိလည်း သူပြောတာကို အတော့်ကို အံ့အား သင့်သွား ပါတော့တယ်။ မိမိ အတွေ့အကြုံ လွန်ခဲ့တဲ့ ၁၀ နှစ်တုံးက ထိုင်းနိုင်ငံမှာ နေခဲ့စဉ် ဒီလိုမျိုး တစ်ခါမှ မကြုံခဲ့ဖူးဘဲ၊ အခုမှ ဘယ်လိုက ဘယ်လို ဒီလိုမျိုး ဖြစ်ရတဲ့ အကြောင်းကို နားမလည် နိုင်ခဲ့ပါဖူး။ ဒါနဲ့ဘဲ မိမိ သူငယ်ချင်းကို သိချင်လွန်းတဲ့ စိတ်နဲ့ “ဘယ်လို ဖြစ်လို့လဲ ပြောပြပါဦး သူငယ်ချင်းရေ” လို့ မေးခဲ့ ရပါတော့တယ်။



Aung.Info ထပ်ဆင့် ကူးယူဖေါ်ပြပါသည်။

Read more...

Wednesday, May 4, 2011

ဂျပန် ဆူနာမီဒုက္ခသည်များအတွက် ဂျပန်ရောက် မြန်မာနိုင်ငံသားတို့ရဲ့  စေတနာ့ဝန်ထမ်းအလှူ

Read more...

နာဂစ်ဒေသမှ မိဘမဲ့ ကလေးတွေအကြောင်း မှတ်တမ်းတင် ရုပ်ရှင်ကား

Read more...

Monday, May 2, 2011

“လဲနေသူကို ထူပေးပါ”


(၂၀၁၁)ခုနှစ်၊ ဧပြီလ (၄) ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်၏ အနောက်တောင်ဘက်တွင်ရှိသော ရွေ့ပြောင်းမြန်မာအလုပ်သမား အများဆုံးနေထိုင်ရာ မဟာချိုင်တွင် အလုပ်သွားရန် ဖယ်ရီကားဖြင့် လိုက်ပါလာကြသော အလုပ်သမားဖယ်ရီကားကို ဆယ်ဘီးကားတစ်စီးမှ အရှိန်မထိန်းနိုင်ကာ ဝင်ရောက်တိုက်မှုဖြစ်ပွါးခဲ့ရာ သေဆုံးသူ (၇)ဦးရှိပြီး၊ အတွင်းလူနာအဖြစ် (၃)ဦးဖြစ်ပြီး ဒဏ်ရာရသူများမှာ (၆၀)ကျော်ဖြစ်ကြောင်း သိရပါသည်။ ကားတိုက်ခံရစဉ် အတိုက်ခံရသော ကားပေါ်မှ ကားလမ်းမပေါ်သို့ ဖိတ်စင်ကျရောက်ပြီး ကားခေါင်မိုးနှင့် ကားကြမ်းပြင် ထိကပ်လောက်အောင် ထိခိုက်တိုက်မိသဖြင့် ဒဏ်ရာရ မြန်မာအလုပ်သမားများသည် ဦးခေါင်းနှင့် ကိုယ်ခန္ဓာအစိတ်အပိုင်းများ ထိခိုက်ခဲ့ကြပါသည်။

သေဆုံးသူစာရင်း
၁။ ဦးသန်းမြင့် (၅၀)နှစ်
၂။ မတူးတူး(ခ) မလွင်လွင်ခိုင် (၂၄)နှစ်
၃။ မသဂီ င်္ဖြိုး (၁၈)နှစ်
၎။ မသီတာမွန် (၁၈)နှစ်
၅။ မနီနီဝင်း (၂၂)နှစ်
၆။ မ၀င်းစန္ဒာ (၂၁)နှစ်
၇။ မနွံစော (၁၆)နှစ်

ကျန်သေဆုံးသူနှစ်ဦးမှာ ထိုင်းလူမျိုးဖြစ်ပါပြီး သေဆုံးသွားသူတို့၏ ကြွင်းကျန်သော ရုပ်ကလပ်များကို ဘုန်းကြီးကျောင်း(၄)ကျောင်းခွဲပြီး သဂြိုလ်ခဲ့ပါသည်။

10-ဧပြီလ-2011ရက်နေ့ မနက်မှာ ကားတိုက်မှုဖြစ်ပွါးရာနေရာအနီးတွင် တရားနာခြင်းနှင့် အမျှဝေခြင်းများကို
ပြုလုပ်ပေးခဲ့ကြတယ်။ ထို့အပြင် ကောက်ခံရရှိသော ငွေများကိုလည်း ကာယကံရှင်များထံ ပေးအပ် လှူဒါန်းပွဲကို ပြုလုပ်ခဲ့ပါတယ်။ ဒီအခမ်းအနားကို ထိုင်းအာဏာပိုင်များဘက်မှ စမွတ်စာခွန်ခရိုင်မှုးကိုယ်တိုင် တက်ရောက်ခဲ့ကြောင်း သိရှိပါသည်။

ဆက်စပ် သတင်းလင့်များ ----
DVB သတင်း (7-4-11)

မဟာချိုင်မှ မြန်မာအလုပ်သမားအချို့ကားတိုက်ခံရပြီး သေဆုံး

ကားတိုက်မှုသတင်း http://burmese.dvb.no/news.php?id=14003
http://burmese.dvb.no/news.php?id=14015
http://www.msmointhailand.com/

http://www.naytthit.net/?p=11932






ကူညီရေးကော်မတီအဖွဲ့ဝင်ရဟန်းတော်များ
  1. ဦးသြဘာသ MSMO ashiaubasa@gmail.com (082 765 8279)
  2. ဦးဝိသုဒ္ဓ MSMO visuddhayaw@gmail.com (084 671 4772)
  3. ဦးကောဏ္ဍည MSMO condannathazi@gmail.com (084 669 0607)
  4. ဦးပညာစာရ MSMOpyinnyarlay@gmail.com (082 446 5482)
  5. ဦးရေ၀တ MSMOven.revata09@gmail.com (085 022 2013)
  6. ဦးကောဝိဒ (၀ပ်သလုံး)ashinkawwida@googlemail.com (087 703 9856)
  7. ဦးဇောတိက zawtik@gmail.com (084 646 5663)
  8. ဦးပညာသာရ ဗောဓိ ASMA pyinnyarsare@gmail.com (087 511 1275)
  9. ဦးကုဝေရ (၀ပ်သလုံး) (084 674 2634)
  10. ဦးဥတ္တမ၀ံသ ASMA ottama7@gmail.com (084 644 0859)
  11. ဦးဂန္ဓသာရ ASMA gandasara009@gmail.com (089 636 5238)
ကူညီရေးကော်မတီဝင်လူပုဂ္ဂိုလ်များ
  1. ဦးအောင်ကျော် ( MWRN) (086 755 5337)
  2. ဦးတိုး ( HRDF) (086 891 5803)
  3. ဦးဗိုလ်ဝင်း (မဟာဂရုဏာစာကြည့်တိုက်) (083 545 7457)
  4. ကိုဇော် (MWRN) (085 404 4592 )
  5. ကိုဇော် (MWRN) (089 414 2797)
  6. ဦးလှစန်း (MWRN) (088 863 1982)
  7. ကိုကျော်သူ (ဒို့မြန်မာအမျိုးဂုဏ်ပြန်လည်မြှင့်တင်ရေးအဖွဲ့) (087 943 115)
  8. ဦးမြင့်လွင် (MWRN) (089 455 3077)
  9. ဦးသီလ (MWRN) (087 764 7967)
  10. ကိုစည်သူ (MWRN) (089 7719 189)
  11. ကိုမိုးသီး (ရပ်ထိုင်းအဖွဲ့) (085 385 4481)
  12. ဦးမောင်သန်း (အနှိုင်းမဲ့နာရေးကူညီမှုအသင်း) (085 175 0648)
  13. ကိုမောင်မောင်ခိုင် (ဓမ္မပါလအဖွဲ့) (080 021 3508)
  14. ဦးမြင့်အောင် (MWRN) (083 014 3860)
  15. ဦးမောင်ဝင်း (စိတ်သုခပန်းအသင်း) (085 373 2664)
ထိုင်းနိုင်ငံသို့ ဆက်သွယ် ခေါ်ဆိုမည်ဆိုလျှင်
(ဥပမာ - 085 373 2664 ကို +668 5373 2664ပြောင်းပြီး ဆက်သွယ်နိုင်ပါသည်။ )

ဒဏ်ရာရမြန်မာအလုပ်သမားများအချို့မှာ အလုပ်ဝင်စတွင် အခုလိုဖြစ်ပွါးမှုကြောင့် ဆေးကုသရန် ငွေကြေးအခက်အခဲများဖြစ်ရခြင်း၊ ဆေးကုသမှုခံယူနေရသောကြောင့် အလုပ်ခွင်မဝင်ရောက်သဖြင့် စားသောက်ရေးမှာလည်း များစွာအခက်အခဲများဖြစ်နေကြောင်း သိရှိရပါသည်။ အတွင်းလူများတွင်လည်း နှစ်ရှည် ဆက်လက်ဆေးကုသမှု ခံယူရန်လိုအပ်သူများ ရှိနေပါသည်။

ယခုအခါ ရွေ့ပြောင်းအလုပ်သမားများသည် ယင်းကားတိုက်မှုကြောင့် အသက်သေဆုံးခြင်းများနှင့် ဒဏ်ရာရမှုများနှင့် ပတ်သက်၍ ကူညီခြင်းများကို ထိုင်းနိုင်ငံရောက်မြန်မာစာသင်သား ရဟန်းတော်များက ဦးဆောင်ပြီး မဟာချိုင်မှ ရွှေ့ပြောင်းအလုပ်သမားများကို စာနာတတ်သော မြန်မာများက ဆောင်ရွက်ပေးခဲ့ပါသည်။

သို့ပါသောကြောင့် နိုင်ငံတကာရောက်မြန်မာမိတ်ဆွေများအနေဖြင့် ဝင်ငွေနဲပါးလှသော မြန်မာရွေ့ပြောင်း အလုပ်သမားများကို စာနာသော စိတ်ထားဖြင့် တတ်စွမ်းနိုင်သမျှ ပါဝင်ကူညီပေးကြပါရန် စေတနာရှေ့ထားကာ နှိုးဆော်တိုက်တွန်းအပ်ပါသည်။

လေးစားစွာဖြင့်
The Bliss Foundation

Read more...

Friday, March 25, 2011

Myanmar quake toll rises to 75

Published: 6:05AM Friday March 25, 2011 Source: Reuters/ONE News

  • Myanmar quake toll rises to 75 (Source: Reuters)
    A villager clears his house after an earthquake in Myanmar - Source: Reuters

The 6.8 magnitude earthquake that hit Myanmar has killed at least 75 people and injured 40, with the death toll expected to rise.

At least five monasteries and 35 buildings were also destroyed.

Authorities in Thailand have also confirmed one woman was killed on the Thai side of the border.

Witnesses have said tremors were felt in Bangkok, central Myanmar and as far away as the Vietnam capital of Hanoi where people were evacuated from tall buildings.

An estimated 5.5 magnitude quake also hit northern Thailand this afternoon, but authorities reported little damage.

The quake was centered 111 km north of the town of Chiang Rai, Thailand's northernmost province.

Witnesses in northeast Myanmar and northern Thailand said they felt the earthquake strongly and tremors caused widespread panic. Ten aftershocks further jolted the area.

"In my 40 years, I never felt an earthquake this strong. A glass broke and I had to hold on to a pillar," Thanawan Sisukniyom, a retired teacher in Mai Sai, told Reuters by telephone.

Witnesses in Chiang Mai, the country's second-largest city, reported no immediate damage, but said the earthquake was felt strongly.

A witness in the Myanmar town of Tachilek, which borders Chiang Rai, said parked motorcycles fell to the ground and cracks were seen in the road.

Thai broadcaster TPBS said electricity was cut off in parts of Mae Sai. The earthquake was shallow at a depth of 10 km.

"Many people fled their homes and lay down on the ground outside, away from the buildings," said a resident of Kentung, 80 km west of the epicentre.

"We are still sitting on the ground since there are several aftershocks. In some buildings, TV sets fell off the tables and shrine altars fell down."

People also left their homes in Myanmar's capital Naypyitaw and its biggest city, Yangon, some 550 km away.

Earthquakes of magnitudes of around 5 and as high as 7 have hit northern Myanmar and Thailand several times in the past 15 years, but damage and casualties have been limited and the areas are thinly populated.

Chiang Rai province is a sparsely populated, hilly area that forms part of the famous "Golden Triangle", known for growth of illicit opium and where Myanmar, Laos and Thailand meet.

Somchai Baimuang, deputy director of the Thai meteorological department, urged the public not to panic.

Residents left their homes in the Myanmar capital Naypyitaw and the biggest city, Yangon. No deaths or injuries were reported.

Read more...

ဧည့်သည်တော်များ


visit counter

ဝေဖန်မှုနှင့်အကြံပြုမှုကို ဖိတ်ခေါ်လျက်...

အင်တာနက် လိုင်းကောင်းလား?

© copyright 2011 by F.E.F.F
Managed By The Bliss Foundation (Tokyo, Japan)
Email: tabataprince@gmail.com
(၀၁-၁၂-၂၀၀၉) တွင် စတင်သည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP