Tuesday, March 13, 2012

နှစ်ဖြာသောပညာနှင့် လူ့အရင်းအမြစ် "ဒေါက်တာနေဇင်လတ်" (HR Journal အမှတ်စဉ်- 133 မျက်နှာဖုံးဆောင်းပါး)


by HR Journal (7HR Business Group) on Monday, February 27, 2012 at 2:01pm ·
 
ဒေါက်တာနေဇင်လတ်

မြန်မာပို့စ်ဂလိုဘယ်က လူ့အရင်းအမြစ် (HR) နှင့်ပတ်သက်၍ မေးခွန်းဒါဇင် ဝက်ခန့်ပိုခဲ့၍ဖြေပေးလိုက်ရသေး သည်။ မြန်မာနိုင်ငံဘာကြောင့် HR ကျဆင်းခဲ့ရပါသနည်းဟူသည်ကအကြောင်း ရင်းဖြစ်၏။ ခြုံငုံ၍ဆိုရလျှင် စနစ်ကိုလူ တွေကဖန်တီးပါသည်။ စနစ်ဆိုသည်က သက်မဲ့သာဖြစ်၏။ လူတွေဖန်တီးလိုက်သောစနစ်ကပင် နောက်မျိုးဆက်တို့ ကိုပို၍တော်စေနိုင်သလို ပို၍လည်းညံ့ဖျင်း သွားစေနိုင်ပါ၏။ မြန်မာ့လူ့အရင်းအမြစ်ကျဆင်း သွားရခြင်း၏အကြောင်းရင်းမှာ စနစ်မှားအောက်တွင်ကြာမြင့်စွာနေထိုင်ခဲ့ရသောကြောင့်ဖြစ်သည် ဟုဆိုနိုင် ပါ၏။


ကွန်ဆက်တင့်၊ ပါဆက်တစ်


ကျွန်တော်တို့ငယ်စဉ်က သင်ကြားခဲ့ရသော ပညာရေးပုံစံသည် “ကျက်-မှတ်” ပုံစံဖြစ်သည်။ စဉ်းစား ရန်များစွာမရှိခဲ့။ ထို့ကြောင့်များစွာလည်း မစဉ်းစားနိုင်ခဲ့။ ထိုပညာမျိုးသင်ခဲ့ရပြီးသူကကြီးလာသည့် အခါတွင် သူအခြေခံခဲ့သော ဝန်းကျင်ကိုသာဖန်တီးနိုင်မည်သာဖြစ်၏။ စဉ်းစားနိုင်စွမ်းကိုအားမပေးခဲ့သော ပညာရေး တွင်ကြီး ပြင်းခဲ့သူအနေဖြင့်ကြာလာသည့်အခါ မစဉ်းစားတတ်တော့ချေ။ ပို၍သန္ဓေရင့် သွားသည်ကထိုမစဉ်းစား နိုင်ကြသော သူများဖန်တီးထားသည့် ဝန်းကျင်တွင် ကြီးပြင်းမွေးဖွားလာကြသူများမှာစဉ်းစားရကောင်း မှန်းပင် မသိကြတော့ချေ။ တီထွင်ဆန်းသစ်သော၊ တွေးခေါ်ကြံဆသော (Conception) ပျောက်ဆုံးသွားသည်။ Conception ကိုအဘိဓာန်တွင် (Conceived in mind / appreciation / imagination) စသည်ဖြင့်ဖွင့်ဆိုထား သည်။ ဆိုရလျှင် A mental product of invention ဟူသည်တီထွင်ဆန်းသစ်မှုတစ်ခုအပေါ် စိတ်ဆိုင်ရာ ထုတ်လုပ်မှုတစ်ခုပင်ဖြစ်သည်။ Conceptual Knowledge ပျောက်ဆုံးကြသူများဟုဆိုနိုင်သည်။


          အခြေခံစက်ရုံဝန်ထမ်းများသည် ကာယအားကိုး အလုပ်လုပ်ကြရသည်ဖြစ်ရာစက်တစ်ခုပေါ်မှ ပစ္စည်း ကိုနောက်စက်တစ်ခုပေါ် ရွှေ့ရသည့်အလုပ်များတွင် စဉ်းစားရန်များစွာလိုအပ်သည်မဟုတ်၊ သို့သော်လည်း စီမံ ခန့်ခွဲမှုအဆင့်ရောက် လာကြသည့်ကြီးကြပ်သူ၊ မန်နေဂျာငယ်များမှစ၍မူကား စက်ရုပ်တစ်ရုပ်လို လုပ်ကိုင်၍မရ တော့ချေ။ ပစ္စည်းများထားသိုမှု၊ လူများကိုနေရာချထားမှုစသည်တို့မှမည်မျှ များများ၊ မည်မျှကောင်းကောင်း ထုတ်လုပ်နိုင်သည်အထိစဉ်းစားလာကြရသည်။ လူနှင့်ပတ်သက်သောကျွမ်းကျင်မှု (Human Skill) ဟုဆိုသည်။ ဂဟေဆက် သမားတစ်ဦးကျွမ်းကျင်စွာဂဟေဆက်နိုင်မှုကို နည်းပညာဆိုင်ရာကျွမ်းကျင်မှု (Technical Skill) ဟုသတ်မှတ်ပါသည်၊ အခြေခံဝန်ထမ်းများ၏ အဓိကအားထားရသောကျွမ်းကျင်မှုဖြစ်သည်။


          အလယ်လွှာမန်နေဂျာများမှာ နည်းပညာ၏သဘောသဘာဝကို သိထားရမည်ဖြစ်ပြီး ကိုယ်တိုင် ကျွမ်းကျင်စရာ မလိုချေ။ စီမံခန့်ခွဲမှုပညာကသူ၏ အဓိကကျွမ်းကျင်မှုဖြစ်လာ၏။ မည်သို့စီမံခန့်ခွဲရ မည်ကို သိရမည်ဖြစ်ပြီး၊ မည်သို့ဆောင်ရွက်သင့်ကြောင်းစဉ်းစားနိုင်လျှင် Conceptual Knowledge ကောင်းသူ သို့မဟုတ် Conceptive Person ဖြစ်သည်ဟု ဆိုပါလိမ့်မည်။


အထက်လွှာသည်ဤမျှနှင့်မလုံလောက်တော့အခြေခံအားဖြင့် ကျွမ်းကျင်မှုသုံးမျိုး ရှိသည်။
          Technical Skill  ဟူသည့်နည်းပညာ ရပ်ဆိုင်ရာကျွမ်းကျင်မှု၊
          Human Skill ဟူသည့်လူတို့နှင့်ပတ် သက်သောသိနားလည်နိုင်မှု၊
          Conceptual Skill ဟူသောထိပ်တန်းစီမံခန့်ခွဲသူတို့၏ တွေးတောကြံဆ၊ တီထွင်ဆန်းသစ်ခြင်းအပေါ် ကျွမ်းကျင်မှုဟူ၍ဖြစ်သည်။


          ထိပ်တန်းစီမံခန့်ခွဲသူတို့မှာ Conceptual Skill ကိုကောင်းစွာပိုင်နိုင်ကျွမ်းကျင်သင့်ကြသည်။ ခေတ်သစ်သည် ယှဉ်ပြိုင်မှုပို၍ပြင်းထန်လာသည့်ခေတ်ဖြစ် လာသဖြင့်အတွေးအခေါ်အယူအဆများ ကတစ်နေ့ထက်တစ်နေ့ပို၍တောက် ပြောင်လာရန်လိုပါသည်။ ထို့ထက်ပို၍ ကြီးကျယ်ကြသူတို့မှာကား ရှေ့ဘာဖြစ် မည်ကို ကြိုတင်တွေးခေါ်ပုံဖော်နိုင်သည့် အရည်အချင်းပင်ဖြစ်သည်။ Perceptual Skill ဟုခေါ်သည်။ Perception ကို အတွေ့အကြုံပညာရပ်များရာမှ အာရုံမှ တစ်ဆင့်သိမှုဟု အဓိပ္ပာယ်ဖွင့်ဆိုထား သည်။ The initiative or direct recognition of a moral (or) personal quality ဟုဆိုထားပါသည်။ အနာဂတ်ဖြစ် လာမည်တို့ကိုကြိုတင်တွေးတောကြံဆနိုင် သူများကို Perceptive  ဖြစ်သည်ဟုဆိုပါ သည်။ အနည်းဆုံး မဟာဗျူဟာအဆင့်ရှိ သူတို့သာရနိုင်သောအရည်အသွေးလည်း ဖြစ်သည်။


          တစ်ချိန်တွင်လူတိုင်း ကွန်ပျူတာ မသုံးမနေရသောခေတ်ရောက်လာမည် ဟူသော Bill Gates ၏ အနာဂတ်အမြင်မျိုး၊ iPhone ? iPad တို့ရှိ လုပ်ဆောင်ချက် အသစ်အဆန်းများကိုတီထွင်ထည့်သွင်း ပေးခဲ့သည့် Steve Jobs ၏ အနာဂတ်အမြင်မျိုးများဖြစ်သည်။


မြန်မာတွေ HR အားနည်းခဲ့ရတာ


          “ကျက်-မှတ်” ပညာဖြင့်ကြီးပြင်းလာကြသူတို့သည် လက်တွေ့ဘဝတွင် Technical Skill ကိုပင် ကောင်းစွာအာမခံနိုင်ကြသည်မဟုတ်။ တီထွင်ကြံဆမှု၊ တွေးခေါ်မြော်မြင်မှုတို့သည် ကိုယ်နှင့် ဆိုင်သော အလုပ်များဟု ယူဆကြမည်လည်းမဟုတ်ချေ။ ကိုယ့်အတွက်က “ခိုင်းတာလုပ်၊ ပြန်မပြောနဲ့” ဟူသည်ကလုံ လောက်နေသည်။ ဦးနှောက်အလုပ်ပေး ခြင်း (Brain Storming) ကိစ္စအတွက် ခေါင်းခြောက်မခံနိုင်ဟု ဆိုကြ သည်။ ဦးနှောက်အလုပ်မပေးလျှင်အကြံဥာဏ်သစ်များရနိုင်မည်မဟုတ်၊ ဝေဖန်အကြံမပြုနိုင်လျှင်လည်း ဦး နှောက်ကိုအသုံးချနိုင်ခြင်းမမည်။ ကြာတော့လူတွေက အာရုံမဲ့စက်ရုပ်များ ဖြစ်မှန်းမသိဖြစ်လာကြတော့သည်။           ယှဉ်ပြိုင်ခွင့်မပေးခြင်းကပင်တိုး တက်မှုကိုဆုတ်ယုတ်စေပါသည်။ ယှဉ်ပြိုင်နိုင်မှုမညီမျှခြင်းကလည်း တိုးတက်မှုကို ဟန့်တားပါသည်။ တစ်ချိန်ကကျွန်တော်တို့ “မလုပ်-မရှုပ်-မပြုတ်” ဝန်းကျင်ဖြင့် ကြီးပြင်းလာ ခဲ့ကြရသည်။ ဝေဖန်မှုကိုလက်မ ခံနိုင်ခြင်း၊ ယှဉ်ပြိုင်မှုကင်းမဲ့ခြင်း၊ အကြံဥာဏ်ပေးပိုင်ခွင့်ဆိတ်သုဉ်းခြင်းများ သည် မြန်မာ့လူ့အရင်းအမြစ်ကိုနိမ့်ပါးစေသော အရာများဖြစ်သည်။


          ဦးနှောက်အလုပ်ကောင်းစွာ မပေးရသည့်ဝန်းကျင်တွင် မွေးဖွားကြီးပြင်းလာကြသူများမှာ ဦးနှောက် အလုပ်ပေးရခြင်းကိုပင်မလုပ်တတ်တော့ချေ။ စာများများ ကျက်လျှင်မှတ်Óဏ်အားကောင်းလာသကဲ့သို့ ဦး နှောက်အလုပ်များများပေးခြင်းဖြင့်အကြံကောင်း၊ ဥာဏ်ကောင်းများ ကိုထုတ်လုပ်နိုင်စေပါသည်။ ထို့ကြောင့် အခြေခံပညာရေးမှစ၍ “ကျက်-မှတ်” စနစ် မှ “တတ်-သိ” စနစ်သို့ပြောင်းလဲရန်လိုအပ်ပါလိမ့်မည်။ ဝေဖန်မှုကို အပြုံးဖြင့်ခံယူထားနိုင်ကြရပါလိမ့်မည်။ ဦးနှောက်ကို များများ အလုပ်ပေးကြရပါလိမ့်မည်။ အကြံဥာဏ်ပေးပိုင် ခွင့်ကိုများများ လမ်းဖွင့်ပေးရပါလိမ့်မည်။ မှန်ကန်သောယှဉ် ပြိုင်မှုကိုများများပေးရပါလိမ့်မည်။


          တစ်ချိန်ကမြန်မာ့ HR သည် ဝန်းကျင်၏ အပံ့အပိုးမရခဲ့သောကြောင့် အာရုံမဲ့စက်ရုပ်လူသားနီးပါး မျှဖြစ်ခဲ့ရ ၍လူ့အရင်းအမြစ်များစွာနိမ့်ပါးခဲ့ရခြင်း ဖြစ်ပါသည်။ မိမိတို့၏ အရည်အချင်းကောင်းများကိုစနစ်က သုံးစွဲခွင့်မပေးခဲ့ကြသောကြောင့်ဖြစ်သည်။


ဘာကြောင့်တိုးတက်ကြသလဲ


          ကုန်ထုတ်လုပ်မှုများတွင်စက်၊ စက်ရုပ်များ သုံးစွဲနေသော်လည်း လူ့လုပ်အားကို ယနေ့ထိလုံးဝပစ် ပယ်၍ မရသေးပါချေ။ ချမ်းသာသောနိုင်ငံများတွင်အခြေခံအလုပ် များ (ဦးနှောက်များများအသုံးမပြုရသည့်) ကိုသူ့နိုင်ငံမှအောက်ခြေလုပ်သားများနှင့် တတိယနိုင်ငံမှလုပ်သားများကို ခေါ်ယူဆောင်ရွက်လေ့ရှိသည်။ အလယ်လွှာနှင့် အထက်လွှာတို့အားကောင်းကြသည်။ ဆိုရလျှင် Conceptual Knowledge နှင့် Perceptual Knowledge  အားကောင်းသူ များ တစ်စုံတစ်ရာတောင့်တင်းသည်ကို တွေ့နိုင်ပါသည်။


          စစ်တုရင်ကစားနည်းတွင်ဤအခြေအနေကိုကောင်းစွာတွေ့နိုင်ပါသည်။ ကစားနည်းကောင်းစွာမကျွမ်း ကျင်သူများ အနေဖြင့်ကစားကောင်အရေအတွက် အသာစီးရရေးကိုအလေးထားတတ်ပြီး ပွဲလယ်၊ ပွဲဆုံး အသာ စီးရပြီးအောင်နိုင်မှုကို သာအလေးထားသူအတွက်ကစားကောင် အရေအတွက်ထက် “အကွက်” အသာစီးရ ရေးပေါ်တွင်သာ အာရုံထားကြောင်းတွေ့နိုင်မည်ဖြစ်ပါသည်။ သာမန်အဆင့်သာ စဉ်းစားနိုင်သူအတွက် Technical Skill ပေါ်တွင်သာအလေးထားနိုင်မည်ဖြစ်ပြီး တစ်စုံတစ်ရာ အနာဂတ်တိုးတက်မှုအတွက် ဆန္ဒကြီးသူများမှာ Conceptual Skill ကိုရအောင်ကြိုးစားကြမည်ဖြစ်သည်။


          ကြီးကြီးကျယ်ကျယ်ဖြစ်လိုသူများ၊ ရလိုသူများအတွက်မူ Perceptual Knowledge သည် မရှိမဖြစ် သော အရည်အချင်းတစ်ပါးဖြစ်ရပါလိမ့်မည်။


ပြင်ဆင်ကြရတော့မယ်


          မြန်မာ့နိုင်ငံရေး အခြေအနေ ကောင်းများရရှိခဲ့ပြီဖြစ်၍ အရေးယူပိတ်ဆို့မှုများ မကြာမီဖယ်ရှားပေး နိုင်လိမ့်မည်ဖြစ်သည်။ ပြည်ပရင်းနှီးမြှုပ်နှံသူများ အများအပြားကလည်း မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံကြရန် များစွာစိတ်အားထက်သန်နေကြပြီဖြစ်သည်။ အတိတ်ကဝန်းကျင်နှင့် လုံးဝမတူခြားနားသောဝန်းကျင်နှင့် ထိတွေ့ဆက်ဆံကြရမည်လည်း ဖြစ်သည်။ မျှတသောယှဉ်ပြိုင်မှု၊ မှန်ကန် သောယှဉ်ပြိုင်မှုကို အားပေးသည့် ဝန်းကျင်ဖြစ်၍ ကိုယ့်အရည်အသွေးစံချိန်မမီလျှင် ရှေ့ဆက်၍ရမည်မဟုတ်ချေ။ အတိတ်တွင်အမှားဖြစ်ခဲ့လျှင် မထောင်းတာလှသော်လည်း အနာဂတ်တွင်ဝေဖန်မှုများ၊ ကန့်ကွက်မှုများနှင့်ရင်ဆိုင်ရမည်ဖြစ်သည်။ ဤယဉ် ကျေးမှုမှာယခုကပင်အစပျိုးနေပြီဖြစ်၏။


          မည်မျှတီထွင်ဆန်းသစ်နိုင်မည်၊ အနာဂတ်ကို မည်မျှကြိုတင်တွေးဆပုံဖော် နိုင်မည်ဆိုသည်မှာလည်း အမှန်တိုးတက် ကြီးပွားလိုသူတို့အတွက်မေ့ထား၍ရမည့် အရည်အချင်းများမဟုတ်ချေ။ ပြင်ပရင်းနှီးမြှုပ်နှံမှုပြု လာကြမည့်သူတို့၏ အထက်နှင့်အလယ်လွှာမှသူများသည် Conceptual Knowledge နှင့် Perceptual Knowledge တစ်စုံတစ်ရာ အားကောင်း ကြသူများဖြစ်သည်ကိုမျှော်လင့်ထားနိုင် ကြရန်ဖြစ်သည်။ ဤအရည် အချင်းများသည်တစ်ရက်တစ်မနက်ဖြင့် မရနိုင်သည်မှန်သော်လည်း ဦးနှောက်အလုပ်ပေးခြင်း (Brain Storming) ကိုမှန်မှန်လုပ်ပေးသွားပါက ဝန်းကျင်၏ပံ့ပိုးမှု၊ အလုပ်ခွင်၏ ပံ့ပိုးမှုများဖြင့်တဖြည်းဖြည်းရနိုင် သည့်အရည်အချင်းများဖြစ်ပါသည်။ အနာ ဂတ်ဝန်းကျင်သည် “မလုပ်-မရှုပ်-မပြုတ်” အတွက် နေရာ ရှိမည်မဟုတ်ပါချေ။ ဝတ်ကျေတန်းကျေအလုပ်တို့ဖြင့်လည်း ကြီးပွားခွင့်ကိုပေးမည် မဟုတ်ပါချေ။


          တွန်းတွန်းတိုက်တိုက်လုပ်ကိုင်ပြီး ဦးနှောက်ခပ်ပူပူအလုပ်ပေးရမည့်ဝန်းကျင်ကို ရင်ဆိုင်နိုင်ရန် မြန်မာတို့ကောင်းစွာပြင်ဆင် ကြရမည်ဖြစ်ပါသည်။


0 comments:

ဧည့်သည်တော်များ


visit counter

ဝေဖန်မှုနှင့်အကြံပြုမှုကို ဖိတ်ခေါ်လျက်...

အင်တာနက် လိုင်းကောင်းလား?

© copyright 2011 by F.E.F.F
Managed By The Bliss Foundation (Tokyo, Japan)
Email: tabataprince@gmail.com
(၀၁-၁၂-၂၀၀၉) တွင် စတင်သည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP