Tuesday, November 9, 2010

အရေးပေါ် အကူအညီတောင်းခံခြင်း.......

ယနေ့ ၈.၁၁.၂၀၁၀ တွင် နအဖ တပ်များနှင့် DKBA၊ KNU တပ်ဖွဲ့ များ မြ၀တီမြို့တွင် တိုက်ပွဲ ဖြစ်ပွားရာ မြ၀တီ မြို့ခံများ ထိုင်းနိုင်ငံ မဲဆောက်မြို့သို့  ထွက်ပြေးတိမ်းရှောင်လျက်ရှိကြပါသည်... ဒုက္ခသည်များကို ထိုင်းစစ်တပ်မှ နေရာချထား အကူအညီ ပေးသော်လည်း ဒုက္ခသည်ဦးရေ များပြားလွန်းခြင်းကြောင့် ဒုက္ခသည်များ၏ စားဝတ်နေရေး လွန်စွာ အခက်အခဲ ရှိနေပါသည်...

မဲဆောက်မြို့အခြေစိုက် မြန်မာ့ အရေးလှုပ်ရှားသူများမှ တတ်စွမ်းသမျှကူညီပေးနေကြပါသည်။ မဲဆောက်မြို့တွင် ABFSU » ABFSU-FAC - All Burma Federation of Student Unions - Foreign Affairs' Committee မလဲ့လဲ့နွယ် သည် ယနေ့  ညဦးပိုင်းတွင် ဒုက္ခသည်များအား တွေ့ မြင်ခဲ့ပြီး၊ သူကိုယ်တိုင် တတ်စွမ်းသမျှ (အ၀တ်အထည်၊ အစားအသောက်များ) သွားရောက်လှူဒါန်းခဲ့ပါသည်... ဒုက္ခသည်များသည် နေထိုင်ရန် ၀တ်စားရန် မဆိုနှင့် စားသောက်ရန်ပင် အခက် အခဲ ရှိနေကြောင်း ဖုန်းမှ တဆင့် ပြောပြ လာခဲ့ပါသည်... မနက်ဖြန်တွင်လည်း သူမနှင့် စေတနာရှင်များက ဒုက္ခသည်များအတွက် အစားအသောက်များ ကျွေးမွေးနိုင်ရန် ညတွင်းချင်းပင် ချက်ပြုတ်လျက်ရှိကြောင်း သိရပါသည်....

စေတနာရှင် အွန်လိုင်း မိတ်ဆွေ များအနေ ဖြင့် မိမိနိုင်ငံသား များအား ကူညီနိုင်စေရန် အလို့ ငှာ.. မလဲ့လဲ့နွယ် ၏ ဘဏ် အကောင့် လိပ်စာ၊ ဖုန်းနံပါတ်များအား ထည့်သွင်းဖော်ပြပေးလိုက်ရပါသည်... စေတနာရှင်များအနေဖြင့် ကူညီ လိုပါက မလဲ့လဲ့နွယ် ထံသို့  ကိုယ်တိုင် ဆက်သွယ်ပြီးလှူဒါန်းနိုင်ပါကြောင်းပါ...

Bank Account Holder Name - Lae Lae Nwe

Bank Account Number - 212-2-58492-8

Bank Name - Kasikorn Bank, Mae Sot Branch

Swift Code - KASI THBK

ဖုန်းနံပါတ်မှာ ၀၀ ၆၆ ၈၀၀၃၀၉၉၇၆ ဖြစ်ပါကြောင်း.... Gmail address မှာ discrimination2009@gmail.com ဖြစ်ပါကြောင်း... မိမိ၏ အလှူငွေ တစ်ကျပ် တစ်ပြားဟာ မြန်မာလူမျိုး စစ်ပြေးဒုက္ခသည်များ အတွက် ထမင်း တစ်နှပ်စာ ဖြစ်နိုင်ပါကြောင်း တိုက်တွန်း အလှူခံလိုက်ရပါသည် ဗျား....

(စစ်ပြေးဒုက္ခသည်သတင်းများအား မည်သည့် ပြည်ပ မီဒီယာ တွင်မဆို ကြည့်ရှုနိုင်ပါကြောင်း)












နောက်ဆုံးရသည့် ဗွီဒီယို သတင်းကို တင်ပေးလိုက်ပါသည်......




အင်္ဂလိပ် သတင်းပါ တင်ပေးလိုက်ပါတယ်ဗျာ....




Justice999Burma Tun (justice999burma@googlemail.com)မှ အီးမေးလ်ပေးပို့ လာခြင်းကို ပြန်လည်ဖော်ပြပါသည်။

0 comments:

ဧည့်သည်တော်များ


visit counter

ဝေဖန်မှုနှင့်အကြံပြုမှုကို ဖိတ်ခေါ်လျက်...

အင်တာနက် လိုင်းကောင်းလား?

© copyright 2011 by F.E.F.F
Managed By The Bliss Foundation (Tokyo, Japan)
Email: tabataprince@gmail.com
(၀၁-၁၂-၂၀၀၉) တွင် စတင်သည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP