Friday, November 12, 2010

“ဥာဏ်ပါတဲ့ အလုပ်တွေကို စည်းကမ်းရှိစွာ စနစ်တကျလုပ်ဖို့လိုတယ်”
















7-11 နဲ့ ပတ်သက်ပြီး လတ်တလော ဖြစ်စဉ်တွေအရပြောရမယ်ဆိုရင် များစွာအောင်မြင်မှုရှိတယ်လို့ သုံးသပ်လို့ရပါတယ်။ပထမဆုံးအချက်အနေနဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဆုံးဖြတ်ခဲ့တာ မှန်ကြောင်း ပြည်သူတွေ လက်တွေ့သိရှိသွားကြပြီဖြစ်ပါတယ်။

အစကနဦးပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည် မှ အမျိုးသားဒီမိုကရေစီပါတီကို ရွေးကောက်ပွဲမဝင်ဖို့ ဆုံးဖြတ်လိုက်တဲ့ အပေါ်မှာ ပြည်သူများရဲ့ သဘောထားတွေဟာ သို့လောသို့လောဖြစ်နေခဲ့ပါသေးတယ်။
သို့သော်လည်း အခုတော့ ပြည်တွင်းရှိ ပြည်သူများနဲ့ ပြည်ပရောက် ပညာတတ်လူငယ်များအပါအဝင် မြန်မာနိုင်ငံသားတွေဟာ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ဆုံးဖြတ်ချက်အပေါ် ပိုမိုလေးစားယုံကြည်မှုပိုလာတဲ့ ရွေးကောက်ပွဲဆိုရင်လည်း မမှားပါဘူး။ သူမရဲ့ သဘောထားတွေကို ပိုယုံကြည်လာတာနဲ့အမျှ အတိုက်အခံဖြစ်တဲ့ လက်ရှိ အာဏာရှင် စစ်အစိုးရဟာလည်း အနိုင်ရသောလည်း ချောက်ထဲကို ခြေတစ်ဖက်ကျွံနေတဲ့ အနေအထားကို ရောက်ရှိသွားပါပြီ။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆုံးဖြတ်ချက်ဟာ ယခုလက်ရှိ ရွေးကောက်ပွဲနဲ့ ပတ်သက်သမျှ အရှုံးတွေကို သူမအနေနဲ့ ကြိုမြင်ပြီး သူမရဲ့ပါတီဝင်တွေနဲ့ ပါတီအတွက် ကာကွယ်ပေးလိုက်နိုင်တာပဲဖြစ်ပါတယ်။ အာဏာရှင်အစိုးရကလည်း ဒေါ်အောင်ဆန်းစုကြည် ထင်မြင်ချက်မှန်ကြောင်း လုပ်ဆောင်ပြလိုက်သလို ဖြစ်နေပါတယ်။


နောက်အရေးပါတဲ့ အချက်ကတော့ ရွေးကောက်ပွဲ မဝင်ခင်နေ့များမှာ ပြည်မီဒီယာများမှ ရွေးကောက်ပွဲဟာ တရားမျှတမှုရှိမှာ မဟုတ်တဲ့အပြင် ဆိုးကျိုးတွေသာ ရလဒ်အဖြစ် ရလိမ့်မယ်ဆိုတာတွေကို တွင်တွင်ကျယ်ကျယ် လုပ်ဆောင်နိုင်ခဲ့တာဖြစ်လို့ ပြည်သူတွေဟာ ရွေးကောက်ပွဲကို ကန့်ကွက်တဲ့အနေနဲ့ မဲမပေးခြင်းအပါအဝင်၊ ဆန္ဒပြခြင်းများ၊ စာပေများ၊ မီဒီယာများနဲ့ မိမိတို့ တတ်နိုင်တဲ့ဘက်ကနေ ကန့်ကွက်ခွင့်ရနိုင်သမျှလေးတွေနဲ့ ကန့်ကွက်ခဲ့ကြတာကို တွေ့ရပါတယ်။


နောက်ဆုံးအချက်ကတော့ ရွေးကောက်ပွဲနေ့မှာ မြဝတီလို မြို့တစ်ခုကို လက်နက်ကိုင်များ ဝင်ရောက်စီးနင်း သိမ်းပိုက်နိုင်ခြင်းက နိုင်ငံတကာအလယ်မှာ အရုပ်ဆိုး အကျည်းတန်စေပါတယ်။
အာဏာရှင်အစိုးရရဲ့ ကောင်းမှုကြောင့် နိုင်ငံတကာ မီဒီယာတွေမှာ စစ်ဖြစ်ပုံတွေ အိမ်နီးချင်းနိုင်ငံကို မြန်မာပြည်သူတွေ ဖြစ်သလို ထွက်ပေးလာခဲ့ရတာတွေက ဘယ်လိုဖျောက်ဖျက်မရနိုင်တဲ့ သက်သေတွေ ဖြစ်ခဲ့ပါတယ်။
ငြိမ်းချမ်းရေးယူပြီးသားအဖွဲ့တွေက အာဏာရှင်စစ်အစိုးရကို တိုက်နိုင်တယ်ဆိုတာဟာ လွတ်လပ်ပြီး တရားမျှတမှုမရှိရင် ပြည်သူတွေ လက်ထဲမှာသာ လက်နက်ရှိရင် လက်နက်နဲ့ မတရားမှုတွေအတွက် အမှန်တရားပေါ်ပေါက်လာအောင် လုပ်ဆောင်ပြလိုက်နိုင်တဲ့ အင်မတန် ကောင်းမွန်တဲ့ ရလဒ်ကောင်းကြီးပဲဖြစ်ပါတယ်။


ဒီကြားထဲမှာ အထူးသတိထားရမှာကတော့ ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို လွတ်ပေးပြီး လူထုအုံကြွမှုဖြစ်စေခြင်းနဲ့ အာဏာပြန်သိမ်းမယ့် ဥာဏ်နီဥာဏ်နက်များဖြစ်ပါတယ်။ စနစ်တကျနဲ့ ခေါင်းဆောင်ကောင်းရဲ့ ဦးဆောင်မှုနောက်ကို နောက်လိုက်ကောင်းတွေအဖြစ် လိုက်တတ်လို့လည်း အလွန်လိုအပ်ပါတယ်။


ဒီတော့ တစ်နေ့မှာ မြန်မာပြည်သူတွေ ချစ်တဲ့ ယုံကြည်တဲ့ အားထားတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာမယ်ဆိုရင် မြန်မာပြည်သူတွေကလည်း တစ်ဦးချင်းစီရဲ့ ကောင်းမွန်တဲ့ လုပ်ရပ်တွေ ညီညွတ်တဲ့ စိတ်ဓာတ်တွေနဲ့ အနာဂတ်မှာ ခေါင်းဆောင်ကောင်းနဲ့အတူ တိုင်းပြည်ကို ပြန်လည်ထူထောင်ကြပါစို့လို့ အလေးအနက်ထား တိုက်တွန်းလိုက်ပါသည်။

ညီညွတ်မှုတွေ စိတ်ဓာတ်ကောင်းတွေနဲ့ ခေါင်းဆောင်ကောင်းရဲ့ ဦးဆောင်မှုဖြင့် နိုင်ငံသစ်ဆီ သွားကြပါစို့။

မြန်မာနိုင်ငံနဲ့ ပြည်သူတွေအတွက် အရာရာပေးဆပ်ခြင်းတွေနဲ့ ကြိုးပမ်းနေကြသူတိုင်းကို ဦးညွှတ်ပါတယ်။
The Future Expectancy For Freedom

0 comments:

ဧည့်သည်တော်များ


visit counter

ဝေဖန်မှုနှင့်အကြံပြုမှုကို ဖိတ်ခေါ်လျက်...

အင်တာနက် လိုင်းကောင်းလား?

© copyright 2011 by F.E.F.F
Managed By The Bliss Foundation (Tokyo, Japan)
Email: tabataprince@gmail.com
(၀၁-၁၂-၂၀၀၉) တွင် စတင်သည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP