Wednesday, November 10, 2010

ကမ္ဘာ့ဗုဒ္ဓသာသနာပြု ပီနန်ဆရာတော်ဘုရားကြီး ကြွရောက်တော်မူမည့်အကြောင်း အသိပေးအကြောင်းကြားလွှာ

ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ သဒ္ဓါကြည်လင်ပါရမီရှင် ထေရဝါဒဗုဒ္ဓဘာသာဝင် အပေါင်းတို့အား အထူး သတင်းကောင်းပါးအပ်ပါသည်။

(၂၀၁၀)ခုနှစ်၊ နိုဝင်ဘာလ (မှတ်ချက် ယခုလ) (၉)ရက်၊ အင်္ဂါနေ့မှ စတင်၍ နိုဝင်ဘာလ (၂၂)ရက်၊ တနင်္လာနေ့ တိုင်အောင် နှစ်ပါတ်တိတိ တိုကျိုမြို့၊ နာကအိတဘရှိရပ်ကွက်ရှိ၊ ထေရဝါဒပရိယတ္တိ ကျောင်းတော်ကြီး၌ ကမ္ဘာ့ဗုဒ္ဓသာသနာပြု ပီနန်ဆရာတော်ဘုရားကြီးနှင့် ထိုင်ဝမ်ဆရာတော်ဘုရားကြီး ကြွရောက်သီတင်း သုံးမည်ဖြစ်ပါသည်။

အားလုံးသော ပါရမီရှင်များ ကြွရောက်ဖူးမြော်ကြည်ညိုခြင်း၊ စုပေါင်းဆွမ်းများ ဆက်ကပ်လှူဒါန်းခြင်း၊ မိမိတို့ စေတနာသဒ္ဓါတရား အလျောက် လှူဒါန်းဖွယ် အစုစုတို့ကို လှူဒါန်းနိုင်ခြင်း၊ ကပ္ပိယကာရကတာဝန်များကို အလှည့်ကျ ကုသိုလ်ပြုခြင်းစသော ကုသိုလ် အစုစုတို့ကို အခွင့်အခါကြုံခိုက် ကုသိုလ်ပြုလုပ်နိုင်ရန် အထူးနှိုးဆော် တိုက်တွန်းအပ်ပါသည်။

အထူးသတိပြုရန်မှာ ၂၀၁၀-ခုနှစ်၊ နိုဝင်ဘာလ (၁၄)ရက်၊ တနင်္ဂနွေနေ့ နံနက် (၁၁)နာရီအချိန်တွင် ထေရဝါဒပရိယတ္တိကျောင်းတော်ကြီး၌ စုပေါင်းဆွမ်း ဆက်ကပ်လှူဒါန်းခြင်း၊ ညနေ (၆)နာရီအချိန်မှ စတင်၍ ည (၉)နာရီအချိန်ထိ ကမ္ဘာ့ဗုဒ္ဓသာသနာပြု ပီနန်ဆရာတော် ဘုရားကြီးအား စုပေါင်းပူဇော်ကန်တော့ခြင်း၊ ဆရာတော်ဘုရားကြီးထံတော်မှ သြဝါဒတရားတော်ကို စုပေါင်းနာယူခြင်း အခမ်းအနားကို စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။ သို့ပါ၍ မပျက်မကွက် ကြွရောက်နာယူမှတ်သားနိုင်ပါရန် အထူးနှိုးဆော်အပ်ပါသည်။

ပူဇော်ကန်တော့ပွဲ ကျင်းပမည့်နေရာ
Tobu Tojo Line OOYAMAဘူတာမှ၃မိနစ်
GREEN HALL (2F)
Tokyo, Itabashi Ku Sakaecho 36-1
တိုကျိုမြို့ အိတဘရှိခု ဆကအဲချော ၃၆ - ၁

ထပ်ဆင့်ဝေငှပေးပါရန် ထပ်မံမေတ္တာရပ်ခံအပ်ပါသည် အသေးစိတ်အချက်အလက်သိလိုပါက MCWA ထေရဝါဒပရိယတ္တိကျောင်းတော် ဖုံးနံပါတ် 03-3973-3348 သို့မဟုတ် 080-4171-9333 သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်

0 comments:

ဧည့်သည်တော်များ


visit counter

ဝေဖန်မှုနှင့်အကြံပြုမှုကို ဖိတ်ခေါ်လျက်...

အင်တာနက် လိုင်းကောင်းလား?

© copyright 2011 by F.E.F.F
Managed By The Bliss Foundation (Tokyo, Japan)
Email: tabataprince@gmail.com
(၀၁-၁၂-၂၀၀၉) တွင် စတင်သည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP